book

Index 2

oxygen flow တွက်နည်း

အောက်စီဂျင်ကို ဘယ်လောက်ပေးရမလဲဆိုတာ အလွယ်နည်း တွက်ဖို့က

Pulse Oximeter မှာပေါ်တဲ့ဂဏာန်းကို 94 ထဲကနှုတ် ပြီးရင် 4 နဲ့စား၊ ရလာတဲ့ ရလဒ်အတိုင်း ဒိုင်ခွက်မှာချိန်ပေး.. 

(အကြွင်း0ဆိုရင်)


ရလာတဲ့ရလဒ်ကို 1ထည့်ပေါင်းပြီး ဒိုင်ခွက်မှာချိန်ပေး (အကြွင်းရှိခဲ့ရင်) 


ဥပမာတွက်ပြမယ်..


Pulse Oximeter မှာ 84 ဖြစ်နေရင်

94-84=10 

10 ကို 4နဲ့စားရင် ရလဒ်က 2 အကြွင်းရှိတာမို့လို့ ရလဒ်ကို 1 ပေါင်းရင် 3

လူနာကို Oxygen 3L/min နဲ့ပေးရမယ်

ဒိုင်ခွက်မှာ 3 အထိရောက်အောင် ဖွင့်..


Pulse Oximeterမှာ 70 ဖြစ်နေရင်

94-70= 24

24ကို4နဲ့စားရင် ရလဒ်က 6 အကြွင်းက0မို့ ရလဒ်အတိုင်း 6L/min နဲ့ပေးရမယ် ဒိုင်ခွက်မှာ 6 အထိရောက်အောင်လှည့်..


မလိုအပ်ဘဲ အောက်စီဂျင်တွေအများကြီးပေးနေရင်အောက်စီဂျင်လဲကုန်တယ်။ အခန့်မသင့်ရင် အဆုတ်ကိုပါဒဏ်ဖြစ်စေတယ်။


အခုကအိမ်မှာပဲ ကုကြမှာဆိုတော့ oxygen ဘယ်လောက်ပေးရမယ်ဆိုတာ ကိုယ်တိုင်တွက်ပြီးပဲ ပေးရမှာ။


source - Hein Zaw Nyo


rate now: