book

Index 9

chapter 9

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

မုန့်ဟောက်စဉ်းစားလေလေသူ့အတွေးကိုမှန်တယ်ထင်လေဘဲ,ဒါပေမဲ့အခုချိန်မှာသူစမ်းသပ်ဖို့စွမ်းအားကျောက်တုံးမရှိဘူး...


စာအုပ်ကိုထုတ်ပြီးပြန်ဖတ်ကြည့်လိုက်တယ်......

"စွမ်းအားအဆင့်၂ဆိုတာနဲ့နတ်အတတ်တွေကိုလေ့ကျင့်လို့ရပြီဆိုတော့....." 


စွမ်းအားစုထားတဲ့လက်ကိုလေပေါ်ဆန့်ထုတ်ပြီး​လက်သီးဆုတ်ဖမ်းကြည့်လိုက်တော့,မုန့်ဟောက်သူ့လက်ထဲမှာမီးတောက်ရှိနေတာကိုခံစားလိုက်ရတယ်,ဆုပ်ထားတဲ့လက်ဘေးကလည်းမီးစတွေထွက်နေတာကိုလည်းသူမြင်လိုက်တယ်..


သူတော်တော်ပျော်သွားပြီးဆက်လေ့ကျင့်နေတော့တာဘဲ,ဒါပေမဲ့မီးတောက်ကနေမတက်တော့ဘူး....


အဲ့ဒီအချိန်မှာဓာတ်လုံးကိုမုန့်ဟောက် ပါးစပ်ထဲပစ်သွင်းလိုက်တယ်​, ပြီးနောက်သေချာအာရုံစိုက်ပြီးလေ့ကျင့်နေလိုက်တယ်...အချိန်တစ်ဖြည်းဖြည်းကုန်ဆုံးသွားပြီးနောက်,မုန့်ဟောက်နောက်တစ်ခေါက်ထပ်စမ်းကြည့်လိုက်တယ်.... အဲ့ဒီအချိန်မှာမုန့်ဟောက်လက်ထဲကမီးတောက်ဟာမြွေလိုပုံစံဖြစ်လာတယ်....

သူချက်ချင်းဂူအပြင်ကိုထွက်သွားပြီးလက်ထဲကမီးမြွေကိုသစ်ပင်တစ်ပင်ပေါ်ပစ်လိုက်တယ်, တစ်ဖြည်းဖြည်းပြာကျသွားတဲ့သစ်ပင်ကိုကြည့်ပြီးမုန့်ဟောက်တော်တော်ကိုပျော်သွားတယ်......


လဝက်လောက်ကြာပြီးနောက်မုန့်ဟောက်တောထဲမှာဓာတ်လုံးရယူဖို့အတွက်အကောင်ထွက်ရှာမယ်လို့ဆုံးဖြတ်လိုက်တယ်....

ဒီရက်ပိုင်းအတောအတွင်းမှာလည်းမုန့်ဟောက်ကြေးမှန်ကိုဝိုက်ကျုံးကတစ်ခြားလူတွေနဲ့စမ်းကြည့်တယ်,ဒါပေမဲ့ဘာမှမထူးခြားဘူး, ကြေးမှန်ကအမွှေးရှိတဲ့အရာတွေကိုဘဲတုံ့ပြန်မှုရှိတယ်......


တောထဲမှာရှာနေတဲ့အချိန်မှာဝက်ဝံလိုစွမ်းအားအကောင်ကိုမုန့်ဟောက်သွားတွေ့တယ်, အဲ့ဒီအကောင်ကလည်းမုန့်ဟောက်ရဲ့ကြေးမှန်အောက်ကမလွှတ်ဘူး

"ပေါက်.....ပေါက်.....ပေါက်...." ဆိုပြီးသေဆုံးသွားရှာတယ်, အကောင်ရဲ့ဓာတ်လုံးကိုယူပြီးမုန့်ဟောက်ခပ်သွက်သွက်ဂူထဲကိုပြန်လိုက်တယ်..... ဒါပေမဲ့အခုရလာတဲ့ဓာတ်လုံးကိုမုန့်ဟောက်မမျိုချဘူး,ပစ္စည့်ထည့်အိတ်ထဲမှာသေချာသိမ်းထားလိုက်တယ်.....


အချိန်ဟာစွမ်းအားဆေးလုံးနဲ့စွမ်းအားကျောက်တုံးဝေတဲ့ရက်ကိုရောက်လာခဲ့တယ်.... စည်ကြီးသံမြည်တာနဲ့အတူမုန့်ဟောက်ဂူကထွက်ပြီးဝိုက်ကျုံးကိုရောက်လာတယ်.,

ဒီတစ်ခေါက်မှာတော့အရင်လိုတန်ခိုးကြီးမားတဲ့ဆေးလုံးမပါတော့ဘဲစွမ်းအားဆေးလုံးနဲ့စွမ်းအားကျောက်တုံးဘဲပါတယ်..

စွမ်းအားကျောက်တုံးနဲ့ဆေးလုံးကိုယူပြီးအပြန်မှာလုယက်မှုတွေကိုမုန့်ဟောက်မြင်တော့ဂူသို့မြန်မြန်လျှောက်ပြန်လာလိုက်တယ်,ဒါပေမဲ့ဂူရောက်ဖို့အလိုမှာသစ်တောထဲကနေအစိမ်းရောင်ဝတ်စုံဝတ်ထားပြီးအသက်၂၄,၂၅လောက်ရှိတဲ့လူတစ်ယောက်ကမုန့်ဟောက်ဆီတစ်ဖြည်းဖြည်းချဉ်းကပ်လာတယ်....


"အကိုကျောက်ဝူကန်း"

 ဒီလူကအဆင့်၃ဆင့်,ခေါက်ရှန််းဂိုဏ်းမှာသူ့ရဲ့ရက်စက်ကြမ်းကြုတ်မှုကတော်တော်နာမည်ကြီးတယ်,အဆင့်နှိမ့်တဲ့ဂိုဏ်းသားတော်တော်များများသူ့လက်ထဲမှာသေဆုံးခဲ့ကြတယ်..


"ငါ့ကိုသိတယ်ပေါ့,အဲ့တော့ငါ့အကြောင်းကိုကြားဖူးမှာပါ,အပိုမပြောတော့ဘူးစွမ်းအားကျောက်တုံးနဲ့စွမ်းအားဆေးလုံးငါ့ကိုပေးစမ်း,ပြီးတော့မင်းနေတဲ့ဂူကိုလည်းငါဝင်နေမယ်"


 "အကိုကို့ကျွန်တော်မလွန်ဆန်ချင်ပါဘူးဒါပေမဲ့ဂူကရွှီအမပေးထားတာဆိုတော့အကိုကိုပေးလို့မရပါဘူး,စွမ်းအားကျောက်တုံးနဲ့စွမ်းအားဆေးလုံးရောဘဲ"


မုန့်ဟောက်ပြောရင်းလက်ကိုနောက်ကျောမှာဖွက်ထားပြီးစွမ်းအားစုထားလိုက်တယ်...


"အဲ့ဒါဆိုလည်းငါ့အဆိုးမဆိုနဲ့!"

ကျောက်ဝူကန်းမျက်နှာအမူအရာတစ်ဖြည်းဖြည်းကြမ်းကြုတ်လာပြီးမုန့်ဟောက်ဆီလက်လမ်းလာတော့,မုန့်ဟောက်လည်းချက်ချင်းအနောက်ဆုတ်ပြီးဖွက်ထားတဲ့လက်ကိုကျောက်ဝူကန်းဆီပစ်ထုတ်လိုက်တယ်...

ထိုအချိန်မှာကျောက်ဝူကန်းရှေ့ကိုမီးမြွေတစ်ကောင်ပျံတက်လာတယ်


"မီးမြွေအတတ်?"  ကျောက်ဝူကန်းတော်တော်အံ့သြသွားပြီး,နောက်ကိုချက်ချင်းဆုတ်လိုက်တယ်,ဘယ်ဘက်လက်ကပစ္စည်းထည့်အိတ်ကိုချက်ချင်းရိုက်လိုက်ပြီးအိတ်ထဲကဓားဖြူလေးတစ်ချောင်းကမီးမြွေဆီပျံတက်သွားပြီး

"ဗုန်းခနဲ" ဆိုတဲ့အသံနဲ့အတူမီးမြွေပျောက်ဆုံးသွားပြီးဓားလေးလည်းဘေးကို "ခွမ်းခနဲ" ကျသွားတယ်.......


 သစ်ပင်တွေကြားထဲထွက်ဲပြေးသွားတဲ့မုန့်ဟောက်ကိုကြည့်ပြီး


"သူဒီလောက်အချိန်အတောအတွင်းမှာအဆင့်၂ကိုရောက်တယ်ပေါ့,ကြည့်ရတာဂူထဲကရှိတဲ့စွမ်းအားတွေကြောင့်ဖြစ်မယ်,ငါဂူကိုရအောင်ယူရမယ်!!!"

            --------------- 

Ps: Ratingပေးတဲ့အခါကြယ်၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်,💓 ကြိုက်နှစ်သက်ရင်လည်းbuy a cup of coffee for me ကိုနှိပ်ခြင်းဖြင့်donation ပြုလုပ်နိုင်ပါတယ်နော်💖💕


rate now:

1 Reviews
  • reader Wai lin ko 18.10.2019, 12:28 5

    ayan read loe kg dr pl 💓💓💓

    reply