book

Index 8

chapter 8

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

မုန့်ဟောက်သွားရာလမ်းတစ်လျှောက်လုံးသွေးသံရဲရဲနဲ့အကောင်တွေရဲ့အလောင်းတွေကြီးဘဲ...... မုန့်ဟောက်တော်တော့်ကိုစိတ်လှုပ်ရှားနေပုံရတယ်....

"ဒီကြေးမှန်ကအစွမ်းကြီီးမားတယ်ဆိုပေမယ့်ကြေးအခွံရှိတဲ့စပါးကြီးမြွေနဲ့ငါးနဲ့ကြတော့ဘာမှမဖြစ်ဘူး.." 


နေလုံးကြီးတဖြည်းဖြည်းကျသွားတာနဲ့အတူမုန့်ဟောက်လည်းပြန်ဖို့ဆုံးဖြတ်လိုက်တယ်...ဒီလိုမျိုးတောတောင်နေရာတွေမှာစွမ်းအားကျင့်ကြံတဲ့အကောင်တွေပါရှိတယ်ဆိုတာကိုမုန့်ဟောက်သတိရမိလိုက်တော့ခြေလှမ်းကိုခပ်သွပ်သွပ်လျှောက်လိုက်တယ်... ဂူကိုရောက်ဖို့သိပ်မလိုတော့တဲ့အချိန်မှာဘဲညှီနံ့ပါတဲ့လေပူဟာမုန့်ဟောက်မျက်နှာကိုတိုက်ရိုက်တိုက်ခတ်လာတယ်......

မုန့်ဟောက်ချက်ချင်းအနောက်ဆုတ်လိုက်တဲ့အချိန်မှာ​လူတစ်ကိုယ်စာလောက်ရှိတဲ့မျောက်လိုအကောင်ကြီးဟာမုန့်ဟောက်အနောက်ဆုတ်လိုက်တာနဲ့သူ့ရှေ့မှာပေါ်လာတယ်...... 


" ဝေါင်း...!!! "  မုန့်ဟောက်ချက်ချင်းမျက်နှာပျက်သွားတယ်.

"ဒါ....စွမ်းအားအဆင့်နှစ်ရှိတဲ့အကောင်!" 


မုန့်ဟောက်စဉ်းစားချိန်တောင်မရလိုက်ဘူး,အကောင်ကြီးဟာသူ့ဆီမီးတောက်များနဲ့အတူခုန်ပျံလာတယ်. , မုန့်ဟောက်လည်းချက်ချင်းကြေးမှန်ကိုထုတ်လိုက်တဲ့အခါ , အကောင်ကြီးကလေထဲမှာဘဲ

 "ပေါက်..ပေါက်...ပေါက်..." ဆိုပြီးတစ်ကိုယ်လုံးပေါက်ထွက်သွားတယ်.....

မြေပေါ်မှာသွေးတွေနဲ့အပိုင်းပိုင်းအစစဖြစ်နေတဲ့အကောင်ကိုကြည့်ပြီး

"ဒီမှန်ကစွမ်းအားရှိတဲ့အကောင်ကိုပါတိုက်ခိုက်နိုင်တယ် !!! "

မှန်ကိုစိတ်လှုပ်ရှားစွာနဲ့ကိုင်ပြီးမုန့်ဟောက်အော်မိလိုက်တယ်.....

"ဒါနဲ့ဒီလိုမျိုးအကောင်တွေမှာစွမ်းအားဓာတ်လုံးရှိသလိုဘဲ "

အပိုင်းပိုင်းအစစဖြစ်နေတဲ့အကောင်နားမှာသေချာလိုက်ရှာကြည့်တော့လက်သည်းအခွံလောက်ရှိတဲ့အလုံးလေးတစ်လုံးကိုမုန့်ဟောက်သွားရှာတွေ့တယ်​ , ညှီလွန်းလှတဲ့အကောင်ရဲ့အလောင်းကြားမှာဓာတ်လုံးလေးဟာထူးခြားတဲ့မွှေရနံ့လေးသင်းနေတယ်....


မုန့်ဟောက်ဂူထဲပြန်ရောက်သွားတော့စားပွဲပေါ်မှာကြေးမှန်နဲ့ဓာတ်လုံးနဲ့စွမ်းအားကျောက်တုံးကိုတင်ထားပြီးအရင်ကရထားတဲ့စွမ်းအားဆေးလုံးကိုအရင်မျိုချလိုက်တယ်, ပြီးနောက်မျက်လုံးမှိတ်ပြီး​ကောင်းကောင်းကျင့်ကြံလိုက်တယ်...


အချိန်အနဲငယ်ကြာပြီး,အကောင်ဆီကရတဲ့ဓာတ်လုံးကိုပါးစပ်ထဲပစ်သွင်းလိုက်တယ်...

အဲ့ဒီအချိန်မှာမုန့်ဟောက်ခန္ဓာကိုယ်ရုတ်တရက်တုန်လှုပ်သွားပြီး, ခန္ဓာကိုယ်ထဲကနေအညစ်ကြေးတစ်ချို့အရေပြားမှတစ်ဆင့်စိမ့်ထွက်လာပြီးတစ်ကိုယ်လုံးကစွမ်းအားတွေ,စမ်းရေကဲ့သို့ပေါ့ပါးပြီးခန္ဓာကိုယ်ထဲမှာလည်ပတ်နေတာကိုသိသိသာသာခံစားလိုက်ရတယ်....


"အညစ်အကြေးအပြင်ထွက်,စွမ်းအားစမ်းရေသဖွယ်ဖြစ်...ဒါ..ဒါစွမ်းအားအဆင့်နှစ်!..., ငါလည်းစွမ်းအားအဆင့်နှစ်ရှိတဲ့လူဖြစ်ပြီဟေ့!!! "

မုန့်ဟောက်တော်တော်ကိုပျော်နေချိန်မှာဘဲစားပွဲပေါ်ကိုကြည့်မိလိုက်တဲ့အခါမှာသူ့မျက်လုံးကိုသူမယုံနိုင်ဖြစ်သွားတယ်...​ 

စားပွဲပေါ်မှာတင်ထားတဲ့စွမ်းအားကျောက်တုံးမရှိတော့ဘဲဲကြေးမှန်အပြင်နောက်ထပ်ဓာတ်လုံးတစ်လုံးရှိနေတယ်!! 

သူမျက်လုံးကိုပွတ်ပြီးသေချာပြန်ကြည့်လိုက်တယ်, ကြေးမှန်နဲ့ဓာတ်လုံးတစ်လုံးစားပွဲပေါ်မှာရှိနေဆဲပါ......


"ဒါ...ဒါ...ဘယ်လိုဖြစ်ရတာလဲ?အကောင်ဆီကရဲ့ဓာတ်လုံးကတစ်လုံးဘဲလေ,ခုနကငါမျိုချလိုက်တာစွမ်းအား​ကျောက်တုံးများလား?"

ဓာတ်လုံးကိုယူပြီးနှာခေါင်းနားကပ်ရှူကြည့်လိုက်တော့,ဟုတ်ပါတယ်ခုနကသူမျိုလိုက်တာဒီအနံ့ပါဘဲ,ဓာတ်လုံးပါ.... 


သေချာစဉ်းစားကြည့်လိုက်တော့......


"ဒါမှမဟုတ်ကြေးမှန်ကစွမ်းအားကျောက်တုံးကိုစုပ်ယူပြီးနောက်ထပ်ဓာတ်လုံးထုတ်ပေးတာများလား!!" ​

              -------------​

Ps: Ratingပေးတဲ့အခါကြရင်ကြယ်၅ပွင့်ကိုနှိပ်ပေးပါရန်တာင်းဆိုအပ်ပါတယ်💓 , ကြိုက်နှစ်သက်တဲ့အခါ Buy a cup of cofffee for me ကိုနှိပ်ချင်းဖြင့်donation ပြုလုပ်နိုင်ပါတယ်နော်...​💖💕


rate now:

1 Reviews
  • reader Wai lin ko 17.10.2019, 14:34 5

    ayan read loe kg 💓

    reply