book

Index 7

chapter 7

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

ရွှီအမလည်းမုန့်ဟောက်ကိုသူမစွမ်းအားကျင့်ကြံတဲ့ဂူကိုခေတ္တငှားပေးခြင်းဖြင့်ပြန်လည်ကျေးဇူးတုံ့ပြန်လိုက်တယ်,မုန့်ဟောက်ဟင်းလင်းပြင်ကထွက်တာနဲ့ချက်ချင်းရွှီအမပေးတဲ့ကျောက်စိမ်းပြားရဲ့လမ်းညွှန်မှုအတိုင်းဂူဆီတန်းပြေးတော့တာဘဲ.....


 ဂိုဏ်းရဲ့မြောက်ဘက်တောင်ပေါ်မှာရှိနေတဲ့ဂူလေးဟာပတ်ဝန်းကျင်တစ်ခုလုံးစိမ်းစိုနေတာဘဲ,ဂူရဲ့ကျောက်တံခါးမှာချုံနွယ်တွေနဲ့လိမ်ယှက်နေပြီး , ပတ်ဝန်းကျင်တစ်ခုလုံးလေတိုက်လိုက်တာနဲ့စိတ်ထဲကိုအေးချမ်းစေတယ်...မုန့်ဟောက်ဒီနေရာကိုတော်တော်သဘောကျနေပြီ...


 သူဘယ်ဘက်လက်ကိုဆန့်ထုတ်လိုက်တာနဲ့လက်ထဲကကျောက်စိမ်းပြားကကျောက်တံခါးကို "ဗုန်းခနဲ..." သွားထိပြီးတံခါးဟာတဖြည်းဖြည်းပွင့်သွားတယ်.....


ဂူအထဲမှာကျောက်အကန့်နဲ့အခန်းနှစ်ခန်းရှိတယ်,မုန့်ဟောက်အထဲဝင်သွားတဲ့အချိန်မှာအနောက်ကကျောက်တံခါးကြီးပိတ်သွားပြီးကျောက်စိမ်းပြားလေးလည်းမုန့်ဟောက်လက်ထဲပြန်ရောက်လာတယ်,

အခန်းနှစ်ခန်းထဲကကျောက်တံခါးနဲ့ပိတ်နေတဲ့အခန်းကိုမုန့်ဟောက်ကြည့်ပြီးလက်ထဲကကျောက်စိမ်းပြားကိုတံခါးပေါ်မှာဖိကပ်လိုက်တယ်...,တံခါးတဖြည်းဖြည်းပွင့်သွားပြီးအထဲကိုတွေ့တော့မုန့်ဟောက်မျက်လုံးပြူးသွားတယ်....


စွမ်းအားငွေ့တွေနဲ့ပြည့်လျှံနေတဲ့ရေပူစမ်းလိုနေရာလေးတစ်ခုမှစွမ်းအားငွေ့တွေဟာမုန့်ဟောက်နှာခေါင်းပေါက်ထဲတိုးဝင်လာတယ်.... 


"ရွှီအမပေးတဲ့လက်ဆောင်က.....အရမ်းတန်ဖိုးကြီးတာဘဲ!!" 


ချက်ချင်းထိုင်ချလိုက်ပြီးစွမ်းအားငွေ့တွေကိုစုပ်ယူတော့တာဘဲ.., နာရီပိုင်းလောက်ကြာပြီးနောက်....


"ဒီလောက်လေးအချိန်အတွင်းမှာဘဲငါ့ရဲ့စွမ်းအားက၁လလုံးစာမြင့်တက်သွားတယ်!!" မုန့်ဟောက်တော်တော်လေးကိုစိတ်လှုပ်ရှားပြီးတစ်နေကုန်လုံးဆက်ကျင့်ကြံနေလိုက်တယ်......


နောက်နေ့မနက်ရောက်တော့ဆာလောင်နေတဲ့ဗိုက်ကလေးကိုပွတ်သက်ပြီးအစာထွက်ရှာဖို့မုန့်ဟောက်ဆုံးဖြတ်လိုက်တယ်...

တောတောင်ကြားထဲမှာအစာရှာနေတဲ့မုန့်ဟောက်ကပစ္စည်းထည့်အိတ်ထဲကကြေးမှန်လေးကိုထုတ်ကြည့်လိုက်တယ်... ဟိုလူကြီးဆီကလိမ်တာခံလိုက်ရပြီလို့ယုံကြည်ပြီးသူနှမြောနေချိန်မှာဘဲသူ့ရှေ့ကတောကြက်တစ်ကောင်ဖြတ်သွားတာကိုမြင်လိုက်တော့ကြေးမှန်ကိုရင်ခွင်ထဲပစ်ထည့်ပြီးတောကြက်ကိုလိုက်ဖမ်းတော့တာဘဲ....


အဲ့ဒီအချိန်မှာသူ့ရင်ခွင်ထဲကထည့်ထားတဲ့ကြေးမှန်ကအပူတွေထွက်လာပြီးမုန့်ဟောက်ဖမ်းလိုက်တဲ့ကြက်ကလေးအသေကုန်ရုံးကန်ပြီးချက်ချင်းတစ်ကိုယ်လုံးပေါက်ထွက်သွားတယ်....


မုန့်ဟောက်လည်းခဏကြောင်သွားပြီးကြေးမှန်ကိုထုတ်လိုက်တယ်....


"ဒီကြေးမှန်....." 


သူစိတ်ထဲမှာအကြံတစ်ခုပေါ်လာတယ်....

တောထဲမှာတစ်ခြားအကောင်တွေကိုလိုက်ရှာပြီးသမင်လိုအကောင်တစ်ကောင်တွေ့တော့ , မုန့်ဟောက်ကိုသွားဖြဲပြီးကိုက်မယ်လုပ်တဲ့အကောင်ဟာ (ခေါက်ရှန်းဂိုဏ်းကအကောင်တွေဟာအပြင်လောကကအကောင်တွေနဲ့မတူပါဘူး) 

မုန့်ဟောက်ကြေးမှန်ထုတ်ပြလိုက်တာနဲ့ချက်ချင်းတစ်ကိုယ်လုံးပေါက်ထွက်သွားတယ်.....


"ဒါ...ဒါ...စွမ်းအားတော်တော်ကြီးမားတဲ့ကြေးမှန်ဘဲ !!!!" 

            ----------------

Ps:Ratingပေးတဲ့အခါကြယ်၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်....💓 ကြိုက်နှစ်သက်တဲ့အခါကြရင်buy a cup of coffee for me ကိုနှိပ်ပေးခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်.. 💖💕


rate now:

2 Reviews
  • reader Wai lin ko 17.10.2019, 14:27 5

    nice nice 💓

    reply

  • reader Si Thu Yan Naing 17.10.2019, 12:23 4.9

    😦😯

    reply