book

Index 5

Chapter 5

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

မုန့်ဟောက်စိတ်ထဲမှာမကျေမနပ်ဖြစ်နေပေမဲ့ဘာမှမတတ်နိုင်ဘူးအခန်းထဲဘဲပြန်လိုက်ရတယ်.. 

နောက်နေ့မနက်ရောက်တော့ "ဒုံး.....ဒုံး..." ဆိုတဲ့အသံကတရားထိုင်နေတဲ့မုန့်ဟောက်နားထဲဝင်လာတယ်

"ဒါစည်တီးသံ..... စွမ်းအားဆေးလုံးပေးတော့မှာဘဲ!!!."

မုန့်ဟောက်ချက်ချင်းအပြင်ထွက်သွားပြီးသူ့လိုဘဲတခြားလူတွေလဲစိတ်လှုပ်ရှားတဲ့အမူအရာတွေနဲ့ဟင်းလင်းပြင်တစ်နေရာဆီစုသွားကြတယ်...

အလွန်ကြီးမားတဲ့ရွှေရောင်အလင်းတွေထွက်နေတဲ့နဂါးပုံစံကျေက်တိုင်ကြီး၉တိုင်ဝန်းရံထားတဲ့ဟင်းလင်းပြင်ဘဲဖြစ်တယ်....


ထိပ်ဆုံးကကျောက်တိုင်ပေါ်မှာရှိတဲ့ရွှေရောင်ဝတ်စုံနဲ့အဘိုးအိုနဲ့ သူ့ဘေးကယောကျာ်းတစ်ယောက်နဲ့မိန်းမပျိုနှစ်ယောက်ကိုကြည့်ပြီးအောက်ကဟင်းလင်းပြင်ပေါ်မှာစုနေတဲ့ဂိုဏ်းသားတပည့်တွေတီးတီးတိုးတိုးပြောနေကြတယ်...

အဘိုးအိုကအသက်အရွှယ်အိုနေပေမဲ့စူးရှတဲ့မျက်ဝန်းနဲ့ဟန်ပန်အမူအရာတွေကသြဇာရှိဆဲပါဘဲ.. မိန်းမပျိုနှစ်ယောက်ထဲကတစ်ယောက်ကိုမုန့်ဟောက်ကြည့်လိုက်တော့ ...... "ဒီမိန်းမပျို...သူ့ကိုဖမ်းလာတဲ့တစ်ယောက်ဘဲ...."


"ကြည့်စမ်း, ရှန့်ကွင်းဆရာတော်ကိုယ်တိုင်စွမ်းအားဆေးလုံးလာပေးတယ်, ပြီးတော့တွေ့ရခဲတဲ့ရွှီအမနဲ့ချိန်အကိုလည်းဒီနေ့တူတူလာကြတယ်."


"ဒီခါတော့ကြည့်လို့ကောင်းပြီ,အမြဲတမ်းဒီလိုဆိုစွမ်းအားကြီးမားတဲ့ဆေးလုံးပါတော့မှာဘဲ, အဲ့လိုဆေးလုံးဆို၁၂နာရီတိုင်တိုင်အလင်းရောင်ထွက်တယ် , တခြားလူတွေလည်းလာလုယက်ကြအောင်လို့, ၁၂နာရီအတောအတွင်းမှာလည်းဆေးလုံးကိုမြိုချလို့မရဘူး.,ရတဲ့လူကတော့လုယက်သတ်ဖြတ်ခံရတော့မှာဘဲ" 


ဘေးကလူတွေပြောနေတာကိုကြားတဲ့မုန့်ဟောက်ကဒီလိုမျိုးပွဲကိုပထမဆုံးအကြိမ်ပါဝင်တယ်ဆိုပေမဲ့ ဆေးလုံးပေးတိုင်းအလုအယက်ရှိမယ်ဆိုတာသူကြိုသိပြီးသားပါ...

                 ------------

Ratingပေးတဲ့အခါကြယ်၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ် 💓, ကြိုက်နှစ်သက်ရင်လည်းbuy a cup of coffee for meကိုနှိပ်ခြင်းဖြင်းdonationပြုလုပ်နိုင်ပါတယ်နော်💖


rate now:

1 Reviews
  • reader Wai lin ko 16.10.2019, 10:35 5

    nout chapter twy wait nay pr dl 😍💓💓

    reply