book

Index 4

chapter 4

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

မုန့်ဟောက်အထဲကိုဆက်လျောက်သွားတော့၃ထပ်အမဲရောင်အဆောက်အုံတစ်ခုနားကိုရောက်လာတယ် , အမဲရောင်ဆိုပေမဲ့ကျောက်စိမ်းနဲ့ပြုလုပ်ထားသလိုဘဲပြောင်လက်တောက်ပနေတယ်... ထိုအဆောက်အုံရှေ့ရောက်သွားတော့တံခါးကသူ့အလိုလိုပွင့်သွားပြီးအထဲကနေအကျီအစိမ်းနက်ဝတ်စုံဝတ်ထားတဲ့ခန္ဓာကိုယ်ပိန်ပါးတဲ့အသက်၃၀လောက်ရှိတဲ့လူကြီးတစ်ယောက်ထွက်လာတယ်.. ထိုလူဘယ်ဘက်လက်ကအားနဲ့တစ်ချက်ဆန့်ထုတ်လိုက်တာနဲ့မုန့်ဟောက်ရဲ့ကျောက်စိမ်းပြားလေးသူ့လက်ထဲရောက်သွားတယ်..


"မုန့်ဟောက် -ဂိုဏ်းတပည့်အဆင့်၁.. ,ဟုတ်ပြီ, မင်းကိုအခန်းသီးသန့်ရယ် အစိမ်းရောင်ဝတ်စုံ, စွမ်းအားကပ်ပြားရယ်ပစ္စည်းထည့်တဲ့အိတ်ရယ်ပေးမယ် , စွမ်းအားကပ်ပြားနဲ့ရတနာသိုက်ကပစ္စည်းတစ်ခုလဲယူလို့ရတယ်"ပြောပြီးမီးခိုးရောင်အိတ်လေးကိုမုန့်ဟောက်လက်ထဲအပ်လိုက်တယ်...

"နင့်စွမ်းအားဒီအိတ်ထဲရောက်တာနဲ့အရာအားလုံးဘယ်လောက်ကြီးမား,များပြားသည်ဖြစ်စေထည့်လို့ရတယ်,အထဲမှာနင့်ရဲ့အစိမ်းရောင်ဝတ်စုံနဲ့စွမ်းအားကပ်ပြားတို့ရှိတယ်.." 


အိတ်ကိုရင်ခွင်ထဲမှာသေချာထည့်လိုက်ပြီးမျက်စိရှေ့ကဖွင့်နေတဲ့တံခါးကြီးထဲသို့မုန့်ဟောက်ဝင်လိုက်တယ်.. ရတနာသိုက်စစဝင်ချင်းမှာဘဲမုန့်ဟောက်မျက်လုံးပြူးသွားတယ်, ရတနာအရောင်တွေဖြာထွက်နေတော့မုန့်ဟောက်မနဲကိုကြည့်ယူရတယ် , ကျောက်စိမ်းအကန့်လေးတွေနဲ့ကျောက်စိမ်းပုလင်း, ဓား, ခါးချိတ်ကျောက်စိမ်းပြား,အစရှိတဲ့ကျောက်မြတ်ရတနာတွေကိုစနစ်တကျသူ့နေရာနှင့်သူထားထားတယ်... ထိုချိန်မှာသံကြေးတက်နေတဲ့ဘာရတနာအရောင်မျှဖြာထွက်မနေတဲ့ကြေးမှန်လေးတစ်ခုကိုမုန့်ဟောက်သွားပြီးသတိထားမိတယ် , သူကြေးမှန်ကိုယူပြီးသေချာကြည့်လိုက်တယ်,ဘာမှထူးခြားမှုမရှိဘူး...


"ညီအမြင်တော်လိုက်တာ." ခုနကလူကြီးကဘယ်ချိန်ကရောက်နေမှန်းမသိ,မုန့်ဟောက်အနောက်ကနေအသံထွက်လာတယ်..

"ညီဒီမှန်ကိုယူကြည့်လိုက်တယ်ဆိုတော့ညီနဲ့ကံဆုံလို့ဘဲဖြစ်မယ်, ဒီမှန်နဲ့ပတ်သက်ပြီးရာဇဝင်အများကြီးရှိတယ်,သူ့ကိုကောင်းကောင်းအသုံးချနိုင်ရင်ညီ့ရဲ့အနာဂတ်လမ်းတော့အောင်မြင်တော့မှာဘဲ"


"ဒါမဲ့,ဒီမှန်......" လက်ထဲကသံကြေးတက်နေတာကလွဲလို့ဘာအဆင်တန်ဆာမှမရှိတဲ့မှန်ကိုကြည့်ပြီးမုန့်ဟောက်တွေဝေသွားတယ်...


" ညီအထင်မသေးနဲ့ဒီမှန်ကို, တန်းခိုးကြီးမားတဲ့အရာတွေကအမြဲသူတို့ရဲ့စွမ်းအားကိုဖုံးကွယ်တတ်တယ်" မုန့်ဟောက်မှန်ကိုပြန်ထားတော့မှာတွေ့တော့ချက်ချင်းတားပြီးမုန့်ဟောက်ကိုသေချာပြောပြတယ်...


"ညီဒီမှန်ကိုယူလိုက်ပြီဆိုတော့မင်းနဲ့ကံပါလို့ပေါ့,သူ့ရဲ့အပြင်ပန်းကိုကြည့်ပြီးစွန့်လွှတ်တော့မလို့လား? ဒီကြေးမှန်ကရှေးတစ်ခါကကျောက်နိုင်ငံတစ်နိုင်ငံလုံးကိုတုန်လှုပ်စေခဲ့တယ်.ယူသွားပြီးလေ့လာကိုင်တွယ်ကြည့်,မရမှပြန်လာလဲပေါ့"

သူကမုန့်ဟောက်ကိုမှန်အကြောင်းလျောက်ပြောတာတော့မဟုတ်ဘူး,ဒါမဲ့သူဒီမှန်ကိုအသုံးချပြီး မှန်ကိုပြန်လာလဲတဲ့အခါကျရင်စွမ်းအားကျောက်တုံးတွေတောင်းပြီးမှတစ်ခြားအရာနဲ့လဲပေးတာ, လူတိုင်းကဒီမှန်ကိုကိုင်တွယ်နိုင်မှာမဟုတ်ဘူးလို့သူယုံကြည်တယ်...


"ဒါပေမဲ့...."မုန့်ဟောက်ဒီလူကိုသိပ်မယုံဘူး,ဒါမဲ့အခုလိုပုံစံနဲ့ဆိုသူ့ကိုမှန်ပြန်ပေးထားမှာမဟုတ်ဘူး...စိတ်ထဲမှာတော့ဒီကြေးမှန်ကိုယူခဲ့တာတော်တော်နောင်တရမိနေတယ်....


"ညီပထမရက်ဂိုဏ်းကိုဝင်တာနဲ့စည်းကမ်းကိုမချိုးဖောက်နဲ့,ရတနာသိုက်ကပစ္စည်းဆိုတာနင်ယူချင်တိုင်းယူပြီးပြန်ချလို့မရဘူး" ထိုလူရဲ့အသံမှာတစ်ဖြည်းဖြည်းမာလာပြီးမုန်းဟောက်ကိုစွမ်းအားနဲ့အပြင်ကိုတွန်းထုတ်လိုက်တယ်... တံခါးကြီးမှာလည်းမုန်းဟောက်အပြင်ကိုလွင့်ထွက်သွားတာနဲ့အတူ "ဝုန်းခနဲ" ပိတ်သွားတယ်..


Ps:ratingပေးတဲ့အခါကြယ်ပွင့်၅ပွင့်လေးပေးပါလို့တောင်းဆိုအပ်ပါတယ်,💓💕 ကြိုက်နှစ်သက်တဲ့အခါA cup of coffee for me ကိုနှိပ်ပြီး donationပြုလုပ်နိုင်ပါတယ်နော်.💖💞


rate now:

3 Reviews
  • reader Su Ming Yuan 06.01.2020, 15:46 4

    Nice. Keeps going

    reply

  • reader Wai lin ko 16.10.2019, 06:55 5

    well 💓💓

    reply

  • reader Si Thu Yan Naing 15.10.2019, 15:07 4.9

    ✊🏻📝

    reply