book

Index 3

chapter 3

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

နောက်တစ်နေ့မနက်

မုန့်ဟောက်တို့နှစ်ယောက်အထက်ကပေးတဲ့ပုဆိန်ကိုမနိုင်တစ်နိုင်နဲ့မပြီးသစ်ပင်ခုတ်တဲ့တောင်လေးပေါ်တက်သွားကြတယ်...

မုန့်ဟောက်မှာတော့ခုတ်တာတောင်မကြာသေးဘူး,ဘေးကသစ်ပင်အပြတ်လေးပေါ်မှာချွေးတစ်စီးစီးနဲ့အမောဖြေနေရတယ်....


အနားယူတဲ့အချိန်ကိုအသုံးချပြီးစာအုပ်ကိုပြန်ထုတ်ကြည့်လိုက်တယ်, စာပေါ်မှာပြောထားတဲ့အတိုင်းသဘာဝကပေးစွမ်းတဲ့စွမ်းအင်ကိုအာရုံစိုက်ပြီးခံစားကြည့်လိုက်တယ်...

ဒီလိုနဲ့ဘဲမုန့်ဟောက်ရဲ့တစ်နေ့တာဟာနားရင်းစွမ်းအားလေ့ကျင့်လိုက်,အလုပ်လုပ်လိုက်နဲ့ဘဲကုန်ဆုံးသွားတယ်...


တစ်နေ့ညရောက်တော့မုန့်ဟောက်အားထုတ်လေ့ကျင့်နေတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်ထဲမှာစွမ်းအားတစ်စိတ်တစ်စလောက်လည်ပတ်နေတာကိုခံစားလိုက်ရတယ်, ခဏလေးဆိုပေမဲ့မုန့်ဟောက်တော်တော်လေးကိုပျော်နေရှာတယ်

"ဒီတစ်လလုံးအစားလျှော့အအိပ်လျှော့ပြီးလေ့ကျင့်တာတန်သွားပြီ! " ....


အချိန်တွေဟာမုန့်ဟောက်စွမ်းအားအဆင့်၁သို့တက်နိုင်ခဲ့တာနဲ့အတူနောက်သုံးလကုန်ဆုံးသွားခဲ့ပြီ....

နောက်နေ့မနက်ရောက်တောမုန့်ဟောက်ဟာလူတွေရဲ့အားကျတဲ့မျက်ဝန်းတွေနဲ့အတူအပြာနုအကျီနဲ့လူငယ်ဆီရောက်လာတယ် , "လေးလနဲ့အဆင့်တစ်ရောက်တာတော်တယ်လို့လည်းပြောလို့မရဘူး,ဒါမဲ့လည်းမညံ့ဘူးပေါ့,ဆက်ကြိုးစား.."


"မင်းအခုသွားမှာဝိုက်ကျုံး(ဂိုဏ်းအပြင်)ဆိုတော့ ငါအဲ့နေရာရဲ့စည်းမျဉ်းတွေမင်းကိုပြောပြထားမယ် , အဲ့ဒီမှာလတိုင်းစွမ်းအားကျောက်တုံး,စွမ်းအားဆေးလုံးတွေပေးပေမယ့်ဂိုဏ်းသားအချင်းချင်းလုတာကိုမကန့်ကွက်ဘူး.. တရားဝင်လူသတ်လို့ရတယ့်နယ်မြေလည်းရှိတယ်, အဲ့မှာအသတ်ခံရရင်သတ်တဲ့လူသိရင်တောင်ဘယ်သူကဘာမှမပြောဘူး, မင်းသတိထားပေတော့...." ပြောပြီးတာနဲ့မုန့်ဟောက်လက်ထဲကိုကျောက်စိမ်းပြားလေးတစ်ခုအပ်လိုက်တယ်


"မင်းကိုဒီကျောက်စိမ်းပြားလေးကဝိုက်ကျုံးရဲ့ရတနာသိုက်ကိုခေါ်သွားလိမ့်မယ်,အဲ့နေရာကအသစ်ရောက်တဲ့ဂိုဏ်းသားတွေစာရင်းသွင်းတဲ့နေရာဘဲ..." 


မုန့်ဟောက်လည်းအခုလိုသေချာမှာတဲ့အပြာနုအကျီနဲ့လူငယ်ကိုရိုရိုသေသေနဲ့နှုတ်ဆက်လိုက်တယ် , လက်ထဲကကျောက်စိမ်းပြားလေးကိုကျပ်ကျပ်ဆုပ်ကိုင်မိလိုက်တယ်,ချက်ခြင်းဘဲကျောက်စိမ်းပြားလေးမှအစိမ်းရောင်အလင်းတန်းတွေထွက်လာပြီးအရှေ့ကိုပျံတက်သွားတယ်....


(ခေါက်ရှန်းဂိုဏ်းမှာအဓိကဂိုဏ်းငယ်လေး၄ဂိုဏ်းရှိတယ်,ရှေ့နောက်တောင်မြောက်အရပ်မျက်နှာတစ်ခုစီတိုင်းမှာတစ်တောင်စီနဲ့ဂိုဏ်းငယ်လေးတွေတည်ရှိတယ်,တောင်တိုင်းရဲ့အလယ်လောက်မှာတော့အလုပ်ကြမ်းနေရာရှိတယ် , မုန့်ဟောက်အခုသွားမဲ့ဝိုက်ကျုံးကတောင်၄တောင်ရဲ့အလယ်ကမြေပြန့်နေရာလေးပါ..)


မုန့်ဟောက်ကိုကျောက်စိမ်းပြားလေးခေါ်သွားတဲ့နေရာကတော့မြူခိုးတွေဆိုင်းနေတဲ့နေရာလေးဘဲဖြစ်တယ်, အထဲကိုဆက်ဝင်သွားတော့မြူတွေမရှိတော့ဘဲမုန့်ဟောက်မျက်ကွင်းထဲဝင်လာတာကတော့နေရာတိုင်းကိုကျောက်စိမ်းတွေနဲ့တန်ဆာဆင်ထားတဲ့၃, ၄ထပ်ရှိတဲ့အဆောက်အအုံတွေဘဲဖြစ်တယ် ,လမ်းကိုတောင်ကျာက်စိမ်းနဲ့ခင်းထားတယ်,ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်လူတွေအကုန်လုံးကအစိမ်းရောင်လက်ရှည်ဝတ်စုံနဲ့လူတွေချည်းဘဲ....


Ps:Ratingပေးတဲ့အခါကြယ်၅ပွင့်လေးကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓ကြိုက်နှစ်သက်တဲ့အခါ Buy me a cupကိုနှိပ်ပြီးလည်း Donationပြုလုပ်နိုင်ပါတယ်နော်💗💖


rate now:

3 Reviews
  • reader YarhtooAung 19.02.2020, 08:47 5

    ကြိုက်တယ်

    reply

  • reader Si Thu Yan Naing 15.10.2019, 15:04 5

    ကောင်းပါတယ်ဗျ

    reply

  • reader Wai lin ko 15.10.2019, 09:03 5

    Next chapters😍😍 I am waiting😍😍

    reply