ဒီနောက်ပိုင်းနေ့တွေမှာတော့မုန့်ဟောက်ဆိုင်ခင်းတာကလွဲလို့ဓားအများကြီးကိုတစ်ခါထဲဘယ်လိုအသုံးပြုရမလဲဆိုတာကိုလေ့ကျင့်တာဘဲဖြစ်သည် ..
နှိပ်ကျုံးဂိုဏ်းကိုဝင်ပြိုင်ဖို့၂ရက်ဘဲလိုတော့သည်..
ဒီကနေ့မှာမုန့်ဟောက်ခါတိုင်းလိုဘဲအဆင့်နိမ့်လူသတ်ကွင်းအပြင်မှာစောင့်နေတဲ့အချိန်, အဝေးကနေအသက် ၂၇လောက်ရှိတဲ့လူတစ်ယောက်မုန့်ဟောက်ဆီရောက်လာတယ်.. ထိုလူကတော့ဟန်ကျုံးဘဲဖြစ်တယ် “မုန့်ဟောက်, ရှန့်ကွင်းဦးလေးနင့်ကိုခေါ်နေတယ် ငါနဲ့လိုက်ခဲ့”
မုန့်ဟောက်စိတ်ထဲဒုန်းခနဲဖြစ်သွားတယ်
မုန့်ဟောက်စိတ်ထဲ:"နဂါးကုတိုက်ခိုက်တဲ့နေ့ကရှန့်ကွင်းဦးလေးလဲရှိတယ် သူတစ်ခုခုများသိသွားလို့လား….”
သူလည်းအမိန့်ကိုမလွန်ဆန်နိုင်တာနဲ့လိုက်သွားလိုက်တယ်..
ဟန်ကျုံးရဲ့ခေါ်ဆောင်မှုအောက်မှာမုန့်ဟောက်လိုက်သွားပြီးနောက်သိပ်မကြာမီမှာဘဲမုန့်ဟောက်တို့၃ထပ်အဆောက်အအုံတစ်ခုရှေ့ရောက်လာတယ်... ဟန်ကျုံးရပ်လိုက်ပြိးမုန့်ဟောက်ကိုကြည့်လိုက်တယ်.. ထိုအချိန်မှာတံခါးကြီးတစ်ဖြည်းဖြည်းပွင့်သွားပြီးအထဲကနေရှန့်ကွင်းရှံးရဲ့အသံ
“မုန့်ဟောက်နင်ဝင်လာခဲ့”....
မုန့်ဟောက်ဝင်သွားပြီးချက်ချင်းဘဲအပ်တစ်ချောင်းရှန့်ကွင်းရှံးလက်ထဲကထွက်သွားပြီးမုန့်ဟောက်လက်ကိုသွားစိုက်တယ်.. ချက်ချင်းအပ်ကမုန့်ဟောက်လက်ကသွေးတစ်စက်နဲ့အတူရှန့်ကွင်းရှံးဆီပြန်ရောက်လာတယ်... မုန့်ဟောက်ရဲ့ပစ္စည်းထည့်အိတ်အကုန်ဟာလည်းရှန့်ကွင်းရှံးအရှေ့ရောက်သွားတယ်
အပ်ပေါ်ကသွေးကိုရှန့်ကွင်းရှံးလျှာနဲ့လျက်လိုက်ပြီး “ဘာမှမထူးဆန်းသလိုဘဲ…” တစ်ပြိုင်နက်ရှန့်ကွင်းရှံးမျက်လုံးတစ်စုံဟာမုန့်ဟောက်တစ်ကိုယ်လုံးကိုကြည့်လိုက်ပြီးမုန့်ဟောက်ခန္ဓာကိုယ်အတွင်းပိုင်းကိုသူအကုန်မြင်နေရသည်.....
အဲ့ချိန်မှာမုန့်ဟောက်လည်းသူ့ခန္ဓာကိုယ်ထဲကဓာတ်လုံးတွေကိုပရိယာယ်နဲ့ဖုန်းကွယ်လိုက်တယ်... မုန့်ဟောက်ရဲ့ပစ္စည်းထည့်အိတ်တစ်ခုပြီးတစ်ခုဖွင့်ကြည့်ပြီးနောက်ဓားအများအပြားကိုတွေ့တာကလွဲလို့ဘာမှရှာမတွေ့တဲ့ရှန့်ကွင်းရှံးက
“ပြော.., မင်းစွမ်းအားအဆင့်တွေကတွေကိုအချိန်တိုတိုအတွင်းမှာတက်နိုင်တာဘာကြောင့်လဲ?”
မုန့်ဟောက်: “ရွှီအမနဲ့အုန်းရန်ဆရာတော်ကျွန်တော့ကိုထောက်မလို့ဆေးလုံးအချို့ပေးလို့ပါ…”
ရှန့်ကွင်းရှံးလည်းသိတယ် အုန်းရန်ဆရာတော်ကမုန့်ဟောက်ကိုသဘောကျတယ်ဆိုတာ ..
ဟန်ကျုံးဝင်လာပြီး “ရှန့်ကွင်းဦးလေးမုန့်ဟောက်ဂူမှာဘာမှမတွေ့ခဲ့ဘူး.."
ရှန့်ကွင်းရှံးစိတ်မရှည်စွာနဲ့ “တော်ပြီ၂ယောက်လုံးထွက်သွားတော့”
မုန့်ဟောက်တို့ထွက်သွားပြီးနောက်အပ်အပေါ်ကသွေးကိုရှန့်ကွင်းရှံးထပ်စမ်းကြည့်လိုက်တယ်..
“မမှန်ဘူး..သူ့သွေးထဲမှာဓာတ်လုံးအများကြီးရှိတယ်..!! အလုံးတစ်ရာလောက်..!!ခုနကသူပရိယာယ်ကြောင့်သတိမထားမိလိုက်ဘူး... မုန့်ဟောက်ဘယ်လိုလို့ဒီလောက်များတဲ့ဓာတ်လုံးရတာလဲ သူ့မှာလျှို့ဝျက်ချက်ရှိကိုရှိ၇မယ် !.” ချက်ချင်းမုန့်ဟောက်နောက်လိုက်သွားသည်...
ပြန်ရောက်သွားတဲ့မုန့်ဟောက်ကိုဝတုတ်လေးစောင့်နေတာကြာပြီ
ဝတုတ်လေး: “မုန့်ဟောက်ရေ နင်ကိုခေါ်သွားတာကြာတော့ငါစိတ်တောင်ပူတယ် ဒီမှာနင့်ပစ္စည်းထည့်အိတ်, နင်ခေါ်သွားခံရပြီးတော့ငါလည်းချက်ချင်းနင့်အိတ်ကိုဂူထဲကနေယူပြီးငါသိမ်းထားလိုက်တယ် တော်သေးတယ် ဘယ်သူမှမတွေ့လို့.”
မုန့်ဟောက်ဝတုတ်လေးလက်ထဲကအိတ်ကိုယူတော့မလို့အချိန်မှာဘဲ အဝေးကနေရှန့်ကွင်းရှံးဒီဘက်ကိုပျံလာပြီး တစ်ဖြည်းဖြည်းနီးတော့မှာတွေ့တာနဲ့မုန့်ဟောက်ချက်ချင်းဝတုတ်လေးကိုဆွဲပြိးပြေးတော့တာဘဲ ...
တစ်ဖြည်းဖြည်းနဲ့ရှန့်ကွင်းရှံးမုန့်ဟောက်တို့နဲ့နီးတော့မယ်…...
အဲ့ဒီအချိန်မှာမုန့်ဟောက်သူ့မျက်သိရှေ့ပေါ်လာတဲ့ဝိုက်ကျုံးကိုတွေ့ပြီးချက်ချင်းအကြံတစ်ခုရသွားပြီးဝိုက်ကျုံးထဲမြန်မြန်ပြေးဝင်လိုက်တယ် ….
မုန့်ဟောက်ရဲ့ဦးတည်နေရာကတော့ကျောက်တိုင်၉တိုင်ရှိတဲ့ဟင်းလင်းပြင်ဘဲဖြစ်တယ်.... ကျောက်တိုင်၉တိုင်ရဲ့အမြင့်ဆုံးတစ်တိုင်မှာအုန်းရန်ဆရာတော်ထိုင်နေပြီးအောက်မှာဝမ်ထိန်ဖိန်းတမင်ခွေထိုင်နေတယ်... ဒီနေရာကတော့နှိပ်ကျုံးတပည့်ခေါ်တဲ့ရဲ့နာမည်ပေးသွင်း,ပြိုင်တဲ့နေရာဘဲဖြစ်တယ်..
မုန့်ဟောက်: “ကျွန်တော်နာမည်ပေးမယ်” ဝတုတ်လေးလည်းမြန်မြန် “ကျွန်တော်ရောဘဲ”
ထိုအချိန်မှရှန့်ကွင်းရှံးသိတယ် မုန့်ဟောက်ဘာကြောင့်ဝိုက်ကျုံးထဲကိုဝင်ပြေးလည်းဆိုတာ
အုန်းရန်ဆရာတော် :“ ပြိုင်မယ်ဆိုတော့ဒီအထဲမှာဘဲနေနေ ဘယ်မှလျှောက်မသွားနဲ့တော့..နောက်၂ရက်ဆိုတာနဲ့ပြိုင်ပွဲစတော့မယ်”
အုန်းရန်ဆရာတော်ကမုန့်ဟောက်ကိုချီးကျူးတဲ့အကြည့်နဲ့ကြည့်ပြီးကွင်းအပြင်ကရှန့်ကွင်းရှံးကိုကြည့်တော့, နဂိုကမုန့်ဟောက်ကိုသတ်ချင်နေတဲ့လူကချက်ချင်းမူန့်ဟောက်ကိုလည်းချီးကျူးတဲ့အကြည့်နဲ့ကြည့်နေသည်..
တဖြည်းဖြည်းနဲ့ဝငိပြိုင်တဲ့လူတွေက မုန့်ဟောက်,ဝတုတ်လေး,ဝမ်ထိန်ဖိန်းပြင် ဟန်ကျုံးနဲ့အရင်ကမုန့်ဟောက်ကိုလိုက်တဲ့အဆင့်၅ နှစ်ယောက် ရိထျိန်းလုံ နဲ ကျုံးခိုင် , နောက် အဆင့်၅ နှစ်ယောက် , တစ်ယောက်ကထောင်ထောင်ထွားထွား, နောက်တစ်ယောက်ကမျက်နှာမှာအမာရွတ်နဲ့..... ၈ယောက်ရှိလာခဲ့ပြီ..
နော်နှစ်ရက်ကြာပြီးနောက်........
အုန်းရန်ဆရာတော်ကတစ်ယောက်ကိုကျောက်စိမ်းအပြားလေးတစ်ပြားစီဝေပေးလိုက်တယ်,ကျောက်စိမ်းပြားပေါ်မှာ ၁ကနေ၈ အထိနံပါတ်တွေဖြစ်သည်...
အုန်းရန်ဆရာတော် :" ပြိုင်ပွဲကအနိုင်လည်းရှိသလိုအရှံး,အသေလည်းရှိတယ်... မနိုင်ဘူးဆိုအရှံးပေးလို့ရတယ်..အခု ,နံပါတ် ၁နဲ့၈ စမယ်.."
------------
Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖💕