book

Index 24

chapter 24

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

အရှေ့တောင်ရဲ့တောင်အောက်ကဂူမှာဝမ်ထိန်ဖိန်းနဲအစိမ်းရင့်ရောင်ဝတ်စုံကောင်လေးတစ်ယောက်နဲ့စကားပြောနေတယ် 


ဝမ်ထိန်ဖိန်း: " ရှာလို့ရလား, ဘယ်ကောင်လဲဆိုတာ"


ကောင်လေး :" အတိအကျတော့ရှာမထွက်ဘူး, ဒါပေမဲ့,မုန့်ဟောက်မဟုတ်ရင်ဟန်ကျုံးဘဲ.." 


ထိုအချိန်မှာဝမ်ထိန်ဖိန်းလက်ကသွေးတစ်စက်ဟာလုံးဝပျောက်ကွယ်သွားတယ်... ဝမ်ထိန်ဖိန်းမျက်နာှအမူအရာတစ်ဖြည်းဖြည်းကြမ်းကြုတ်လာပြီး..

"ထွက်သွား..!!!" ဆိုပြီးဟိုကောင်လေးကိုအော်လွှတ်လိုက်သည်..


ပြီးနောက်သူ အရပ်ရှစ်မျက်နှာသိုင်းကွက်ဆိုတဲ့ဘယ်နေ့မှာဖြစ်ဖြစ်,ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုထိုသိုင်းကွက်မှတစ်ဆင့်ကြည့်ရှုနိုင်တဲ့သိုင်းကွက်တစ်ခုကိုသူပစ်ည်းထည့်အိတ်ထဲကနေထုတ်လိုက်တယ်. ဒါပေမဲ့ဒီသိုင်းကွက်ကစွမ်းအားအရမ်းကုန်စေတယ်....


ဟိုးတစ်နေ့ကဖြစ်ပျက်ခဲ့တာတွေကိုပြန်ကြည့်တဲ့အခါမှာသူမုန့်ဟောက်ရဲ့အရိပ်အရောင်သွားတွေ့တော့မုန့်ဟောက်လို့သူထင်တော့မဲ့အချိန်မှာဘဲမုန့်ဟောက်အပြင်စွမ်းအားကြီးမားတဲ့လူတစ်ယောက်ရှိတာကိုသူခံစားလိုက်ရတယ်, ထိုလူကဘယ်သူလည်းဆိုပြီးဆက်ကြည့်မလို့အချိန်မှာဘဲထိုလူရဲ့ဖျက်တောက်ခြင်းကိုခံလိုက်ရပြီးဝမ်ထိန်ဖိန်းချက်ချင်းသွေးအန်ထွက်ကာ ဗုန်းခနဲဂူနရံဆီကိုသူ့တစ်ကိုယ်လုံးလွှင့်ထွက်သွားတယ်....


ဒီဘက်မှာတော့မုန့်ဟောက်​လည်းအိပ်မက်မက်နေရာမှနိုးလာပြီ... သူရဲ့အာရုံခံအစိတ်အပိုင်းတွေကလည်းနဂိုကထက်၁၀လောက်ခံစားနိုင်လာတယ်.. သူ့ဂူအပြင်ကနေဝတုတ်လေးထိုင်ငိုနေတာကိုလည်းသူကြားလိုက်သည်..


ဝတုတ်လေး:"ဝူးဝူးဝူး.....မုန့်ဟောက်နင်သေရင်လည်းငါ့ကိုအရိပ်အရောင်လာပြပါဦး...... အဲ့နေ့ကဟက်လင်ဆေးလုံးကိုနင်မယူခဲ့သင့်ရမှာ..နင်မရှိတော့ငါတို့စီးပွားရေးလည်းစွမ်းအားကျောက်တုံးတစ်လုံးမှမရတော့ဘူး....ဝူးဝူးဝူး....."

 ဝတုတ်လေးငိုပြောတာကြားပြီးမုန့်ဟောက်လည်းငိုရမလိုလိုရီရမလိုလိုဖြစ်သွားတယ်...

ဝတုတ်လေးကိုသူတစ်ကိုယ်လုံးအကျီမပါဘဲအမဲရောင်အညစ်အကြေးတွေနဲ့​သူကိုယ်ထင်ပြလိုက်တဲ့အခါမှာဝတုတ်လေးမျက်နှာအမူအရာကငိုနေတာကနေ...မယုံကြည်တဲ့အမူအရာ..တစ်ဖြည်းဖြည်းကြောက်ရွံ့တဲ့အမူအရာကိုပြောင်းသွားသည်.....

မုန့်ဟောက်လည်းသူ့ကိုမစတော့ဘူး, ဂူအနောက်ကမြစ်မှာညစ်အကြေးတွေကိုသန့်စင်လိုက်ပြီးအကျီသန့်သန့်ပြန့်ပြန့်လေးလဲဝတ်လိုက်တယ်..


 ဝတုတိလေးလည်းမုန့်ဟောက်ကိုတွေ့တော့မုန့်ဟောက်ကိုပြေးဖက်ပြီးထပ်ငိုတော့တာဘဲ... ဝတုတ်လေးရဲ့တကယ်စိတ်ရင်းနဲ့သူ့ကိုစိတ်ပူ....., သူ့ကိုခင်တဲ့အမူအရာကြည့်ပြီးမုန့်ဟောက်စိတ်ထဲမှာနွေးထွေးသွားတယ်..... 

မုန့်ဟောက်ဝတုတ်လေးကိုသူတို့လမ်းကွဲသွားပြီးနောက်ဖြစ်ပျက်တာတွေကိုပြောပြလိုက်တယ်...


ဝတုတ်လေး:" မုန့်ဟောက်နင်အဆင့်၆ရောက်ပြီဆိုတော့နှိပ်ကျုံးကတပည့်ခေါ်တာမင်းဝင်ပြိုင်လို့ရပြီလေ!!!"

 ဂိုဏ်းတစ်ဂိုဏ်းလုံး​မှာနှိပ်ကျုံးကတပည့်ခေါ်တာကိုယှဉ်ပြိုင်ဖို့အခွင့်အရေးရှိတာကတော့အဆင့်၆ရှိတဲ့မုန့်ဟောက်,ဝမ်ထိန်ဖိန်း,ဟန်ကျုံး၃ယောက်ဖြစ်သည်..


 မုန့်ဟောက်လည်းပြိုင်ချင်တယ်,ဒါပေမဲ့သူကခုမှအဆင့်၆ရောက်တာဆိုတော့ဝမ်ထိန်ဖိန်းနဲ့ဟန်ကျုံးရဲ့ပြိုင်ဖက်မဟုတ်ဘူးဆိုတာမုန့်ဟောက်သိတယ်..

စွမ်းအားကျောက်တုံးအတုံးနှစ်ထောင်ကိုတောင်သူနှမြောလာတယ်, မဟုတ်ရင်သူဒီစွမ်းအားအတုံးနှစ်ထောင်နဲ့စွမ်းအားလက်နက်ကောင်းကောင်းအများကြီးလဲလို့ရမှာ......


ဒီလိုနဲ့ဘဲမုန့်ဟောက်စွမ်းအားကျောက်တုံးတွေကိုစုဆောင်းဖို့သူ့စီးပွားရေးကိုပြန်စလိုက်တယ်... အဆင့်မြင့်လူသတ်ကွင်းမှာ​သူ့စီးပွားရေးကိုချဲ့ထွင်လိုက်တယ်.... အဆင့်မြင့်လူသတ်ကွင်းဆိုတော့ရတဲ့လက်နက်တွေကလည်းအကောင်းစားတွေကြီးပါဘဲ... 

အဆင့်နိမ်းလူသတ်ကွင်းမှာတော့အရင်လိုဘဲဝတုတ်လေးနဲ့ပူးပေါင်းပြီးလုပ်တဲ့အခါ မုန့်ဟောက်စွမ်းအားလက်နက်တွေတော်တော်များများစုမိပြန်ရော.....​

                -------------

​Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖💕​


rate now:

1 Reviews
  • reader Wai lin ko 27.10.2019, 16:16 5

    💗💗

    reply