“ဒီဓားကတကယ်အဖိုးတန်ဘဲ,…”ပြောပြီးစိတ်လှုပ်ရှားစွာနဲ့ဓားကိုမြေကြီးထဲစိုက်လိုက်တယ်... ထိုအချိန်မှာဂူထဲကစွမ်းအားအငွေ့တွေတဖြည်းဖြည်းလျော့နည်းသွားတယ်
“ဒါဘယ်လိုဖြစ်တာလဲ..?” မြေကြီးထဲစိုက်ဝင်နေတဲ့ဓားကိုမုန့်ဟောက်ကြည့်ပြီး
“ဒီဓားကြောင့်…. ဒီဓားက…စွမ်းအားအငွေ့စုပ်ယူနိုင်စွမ်းရှိတာဘဲ!!. .” ပြီးနောက်ဓားနဲ့သူ့လက်ကိုရှလိုက်တဲ့အခါမှာမုန့်ဟောက်သူ့ခန္ဓာကိုယ်ထဲကနေစွမ်းအားတွေကိုဓားကစုပ်ယူတေတာကိုသူခံစားလိုက်ရတယ်... ချက်ချင်းလက်ကိုမြန်မြန်ပါးစပ်ထဲစုပ်ပြီးသွေးတိတ်လိုက်တယ်
“ဟားဟားဟား….. တိုက်ခိုက်တဲ့အခါကြရင်ဒီဓားနဲ့တစ်ဖက်လူကိုယ်ပေါ်မှာထိုးလိုက်ရင်ဘယ်လောက်ဒဏ်ရာသေးသေး သူ့စွမ်းအားကတော့တစ်ဖြည်းဖြည်းစုပ်ယူတာခံရတော့မှာ... အချောင်းတစ်ရာလောက်ရှိရင်ပိုမိုက်ပြီ..” မုန့်ဟောက်သူဓားအချောင်းတစ်ရာနဲ့ဝမ်ထိန်ဖိန်းကိုယ်ပေါ်မှာထိုးနေတာကိုစိတ်ကူးယဉ်မိနေတယ်……
“ဒီဓားကိုထုတ်ဖို့ဆိုစွမ်းအားကျောက်တုံးဘယ်နှတုံးလိုမလဲမသိဘူး…” ဓားကိုကြေးမှန်ပေါ်တင်တင်ချင်းမှာဘဲဓားကကြေးမှန်ထဲနစ်ဝင်သွားတယ်… မုန့်ဟောက်လည်းတစ်ခါမျှဒီလိုမျိုးမကြုံဘူးတော့လန့်သွားတယ်... ကြေးမှန်ပေါ်ကိုစွမ်းအားကျောက်တုံးတစ်တုံးတင်လိုက်တော့စွမ်းအားကျောက်တုံးလည်းအထဲထဲနစ်ဝင်သွားတယ်
“ထုတ်လုပ်ခြင်းစနေပြီပေါ့” မုန့်ဟောက်လည်းစိတ်လှုပ်ရှားစွာနဲ့စွမ်းအားကျောက်တုံးတစ်လုံးပြီးတစ်လုံးထည့်တော့တာဘဲ တစ်ဖြည်းဖြည်းနဲ့အတုံးနှစ်ရာ….၃ရာ… အတုံးတစ်ထောင်ထိထည့်တာတောင်ဘာမှမပေါ်လာဘူး.. မုန့်ဟောက်တော်တော့်ကိုငိုချင်နေပြီ. ဒါပေမဲ့စွမ်းအားကျောက်တုံးထည့်တာရပ်လိုက်တာနဲ့ဓားကိုဆုံးရှံးသွားတဲ့အပြင်စွမ်းအားကျောက်တုံးလည်းအလကားဖြစ်သွးမှာ….
စွမ်းအားကျောက်တုံးအတုံး၂ထောင်လောက်ထည့်ပြီးတဲ့အခါမှကြေးမှန်ပေါ်ကနေဓားနှစ်ချောင်းထွက်လာတယ်
“ကိစ္စမရှိဘူး ကစ္စမရှိဘူး စွမ်းအားကျောက်တုံးအတုံး၂ထောင်ထဲကို… ဒီလိုဓားကောင်းမျိုးနှစ်ချောင်းရတာဘဲ..တန်ပါတယ် တန်ပါတယ်…” မုန့်ဟောက်လည်းကိုယ့်ကိုကိုဒီလိုဘဲဖြေသိမ့်ရတယ်…
ပြီးနောက်မုန့်ဟောက်ဓာတ်လုံးကိုကိုင်ပြီး “ဒီဓာတ်လုံးနဲ့ဆိုအဆင့်ဘယ်လောက်ထိရောက်လောက်မလဲမသိဘူး…” ဓာတ်လုံးကိုချက်ချင်းမျိုချပြီးတမြေခွေ,မျက်လုံးမှိတ်ပြီးထိုင်လေ့ကျင့်တော့တာဘဲ…
အချိန်အနည်းငယ်ကြာပြီးတော့မုန့်ဟောက်ခန္ဓာကိုယ်ထဲကစွမ်းအားတွေဟုန်းခနဲသူ့တစ်ကိုယ်လုံးကသွေးကြောတွေဆီရောက်သွားတယ် တစ်ခါရောက်လေမုန့်ဟောက်တော်တော်နာကျင်လေဖြစ်တယ်.....
မုန့်ဟောက်တစ်ကိုယ်လုံးအကျီတွေပေါက်ပေါက်ပြဲထွက်ကုန်တယ်.. သူ့ကိုကြည့်လိုက်ရင်တစ်ကိုယ်လုံးမှာအမည်းရောင်အညစ်အကြေးတွေနဲ့ပြည့်နက်နေတာဘဲ.... ဒါပေမဲ့မုန့်ဟောက်ရဲ့ခန္ဓာကိုယ်ဟာတစ်ဖြည်းဖြည်းပေါ့ပါ့လာပြီးအသားအရည်တွေလည်းတစ်ဖြည်းဖြည်းကြည်လင်လာတယ် ,ဆံပင်လည်းနဂိုကထက်ပိုရှည်လာတယ်, ခန္ဓာကိုယ်ကလည်းပိန်ပိန်ပါးပါးမဟုတ်တော့ဘဲပိုပိုပြီးတောင့်တင်းလာတယ် …. သူ..စွမ်းအားအဆင့်၆ကိုရောက်ပြီဖြစ်တယ် .. စွမ်းအားအဆင့်၆တောင်အစပိုင်းမဟုတ်ဘဲ အလယ်ပိုင်းလောက်ရောက်ပြီးဖြစ်တယ်…
ထိုအချိန်မှာမုန့်ဟောက်မူးမေ့လဲသွားပြီးအိပ်မက်တစ်ခုမက်တယ်....
မုန့်ဟောက်ဟာသူမိုးပေါ်မှာပျံသန်းနေတယ်... မိုးပေါ်ကအကောင်တွေကမုန့်ဟောက်ကိုတွေ့ပြီးကြောက်ရွံ့ကုန်ကြပြီးသူလာရာလမ်းကိုဖယ်ပေးကြတယ်.... မြစ်တစ်မြစ်ပေါ်ဖြတ်သန်းတဲ့အခါသူ့ကိုယ်သူရေမျက်နှာပြင်ပေါ်မှတွေ့လိုက်တယ်, သူဟာနဂါးတစ်ကောင်ဘဲဖြစ်တယ်..!!!
မုန့်ဟောက်ဒီလိုမျိုးအိပ်မက်မက်ရခြင်းအကြောင်းကသူမျိုလိုက်တဲ့နဂါးဓာတ်လုံးနဲ့လည်းဆိုင်တယ်.. ထိုနဂါးလေးဟာမိုးရဲ့အရိုက်အရာကိုဆက်ခံတဲ့နဂါးအနွယ်ဆက်ဘဲဖြစ်တယ်... သူမသေခင်မှာသူ့စွမ်းအားနဲ့မှတ်ဉာဏ်အကုန်လုံးကိုဓာတ်လုံးထဲထည့်လိုက်တယ်,ဒါကြောင့်မုန့်ဟောက်ကအဲ့လိုအိပ်မက်မျိုးမက်တာဖြစ်တယ်... တစ်နည်းအားဖြင့်မုန့်ဟောက်ကနဂါးရဲ့မျိုးဆက်ဖြစ်သွားသလိုပါဘဲ..
ဝမ်ထိန်ဖိန်းဟာငယ်ငယ်တုန်းကမိုးပေါ်ကနေသွေးတစ်စက်သူ့လက်မောင်းပေါ်ကျရောက်လာတယ် ,တစ်ဖြည်းဖြည်းနဲ့သူလည်းနဂါးရဲ့မှတ်ဉာဏ်တွေကိုနည်းည်းခံစားမိပြီးအချက်အလက်တွေသွားရှာကြည့်တော့တကယ်ရှိတယ်လို့သူသိခဲ့တယ်, အဲ့ချိန်ကစပြီးသူ့ကိုယ်သူမိုးရဲ့အရိုက်အရာကိုဆက်ဆံထိုက်တန်သူအဖြစ်ခံယူပြီးခေါက်ရှန်းဂိုဏ်းကိုလည်းဒီနဂါးဓာတ်လုံး, ဓား တွေကိုရယူဖို့အတွက်ဝင်ခဲ့တာဖြစ်တယ်....
-------------
Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖💕