book

Index 22

chapter 22

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

မုန့်ဟောက်တောင်မဲမှာဂူပိတ်ပြီးလေ့ကျင့်နေချိန်မှာဂိုဏ်းမှာဟက်လင်ဆေးလုံးကိုဘယ်သူရသွားလဲဆိုတာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေရှိကြတယ်.. မုန့်ဟောက်တောင်ပေါ်ကဆင်းလာတာမတွေ့တော့တချို့ကမုန့်ဟောက်သေသွားပြီလည်းပြောကြတယ်....


 အရှေ့တောင်ရဲ့တောင်အောက်ကဂူအပြင်မှာဝမ်ထိန်ဖိန်းတစ်ယောက်စိတ်လှုပ်ရှားစွာရပ်နေသည်... သူဒီအချိန်ကိုစောင့်လာခဲ့တာတော်တော်ကိုကြာနေပါပြီ . ဂိုဏ်းကိုဝင်ရခြင်းအကြောင်းကသူ့မှာရည်ရွယ်ချက်နှစ်မျိုးဘဲရှိတယ်., ရည်ရွယ်ချက်တစ်ခုကိုသူမကြာမီအကောင်အထည်ဖော်တော့မှာဖြစ်တယ်... နောက်တစ်ခုကိုတော့နှိပ်ကျုံးရောက်မှသူအကောင်ထည်ဖော်မည်ဖြစ်သည်…. 


 ထိုအချိန်တွင်တောင်မဲပေါ်ကမုန့်ဟောက်ဟက်လင်ဆေးလုံးတစ်လုံးကိုမျိုချပြီးလေ့ကျင့်တာသိပ်မထူးလိုနောက်ထပ်ဟက်လင်ဆေးလုံး၈လုံးလုံးကိုမျိုချလိုက်တယ်... အချိန်အနည်းငယ်ကြာပြီးနောက်မုန့်ဟောက်ခန္ဓာကိုယ်ကချွေးတွေဟာအညစ်အကြေးတွေနဲ့အတူစီးကျလာတယ်.. သူ့သွေးကြောတွေဟာတစ်ဖြည်းဖြည်းကြည်လင်လာပြီးခန္ဓာကိုယ်ထဲက.စွမ်းအားတွေကလည်းတစ်ဖြည်းဖြည်းကြည်လင်လာတယ်.. ကျွတ်ကျွတ်ကျွတ်ဆိုတဲ့အသံနဲ့အတူမုန့်ဟောက်ကိုယ်ထဲကအရိုးတွေဟာပြောင်းလဲမှုဖြစ်သွားပြီးသူ့ခန္ဓာကိုယ်လည်းနဂိုကထက်ပိုပြီးတောင့်တင်းလာတယ်..

 သူစွမ်းအားအဆင့်၅ကိုရောက်ပြီဖြစ်တယ်


.

 အဲ့အချိန်မှာမြွေကြီးဟာတစ်တောင်လုံးအက်ကွဲသွားအောင်အော်သံကိုကြားတော့မုန့်ဟောက်ချက်ချင်းထွက်ကြည့်လိုက်တယ်, အရေခွံလဲနေတဲ့မြွေကြီးဟာလုံးဝအရေခွံကျွတ်ကြသွားပြီး သူ့ဘေးမှာတော့ဝမ်ထိန်ဖိန်းအပါအဝင်စွမ်းအား၇အထက်လူတွေကမြွေကြီးနဲ့တိုက်ခိုက်နေကြသည်, ရှန့်ကွန်းရှံးဆရာတော်လည်းပါသည်.. သူတို့ကမုန့်ဟောက်ကိုတော့သတိမထားမိဘူး.. ဝမ်ထိန်ဖိန်ကိုကြည့်နေတဲ့မုန့်ဟောက်မျက်ဝန်းဟာတစ်ဖြည်းဖြည်းကြောက်စရာကောင်းလာတယ်......


မြွေကြီးအရေခွံကျွတ်ပြီးချင်းအချိန်ဟာမြွေကြီးအားအနည်းဆုံးအချိန်ဘဲဖြစ်တယ်, ဤအခွင့်ရေးကိုကောင်းကောင်းအသုံးချပြီးဝမ်ထန်ဖိန်းတို့စွမ်းအားအကုန်ထုတ်သုံးလိုက်တဲ့အခါ‌မြွေကြီးဟာဒဏ်ရပေါင်းစုံနဲ့နာကျင်စွာအော်လိုက်ပြီးသူ့ခေါင်းပေါ်မှာနဂါးလိုမျိုးအကောင်ရဲ့ပုံရိပ်ပေါ်လာတယ်.. ထိုအရိပ်ကိုကြည့်ပြီးဝမ်ထိန်ဖိန်းမျက်နှာဟာတစ်ဖြည်းဖြည်းပိုပိုပြိိးလှုပ်ရှားလာတယ်.. ဒါပေမဲ့အရိပ်ဟာမကြာမီအတွင်းမှာဘဲပျောက်ကွယ်သွားသည် .. ပြီးနောက်မြွကြီးလည်းတစ်ဖြည်းဖြည်းသေဆုံးကာလုံးဝပျောက်ကွယ်သွားသည်..


 ထိုအချိန်မှာမုန့်ဟောက်လည်း ခပ်မြန်မြန်မြွေကြီးအရင်ကညှပ်နေတဲ့ချိုင့်လေးထဲမြန်မြန်ဝင်သွားလိုက်တယ် မြွေအခွံထဲသူလိုချင်နေတဲ့ဓားရှိတယ်ဆိုတာကိုသူသိလို့ဖြစ်တယ်...


 ချိုင့်ထဲကိုရောက်သွားတော့မုန့်ဟောက်‌တော်တော်အံ့သြသွားတယ်... ခုနကကျွတ်သွားတာမြွေအခွံမဟုတ်ဘဲခုနကနဂါးလိုလိုအကောင်ကြီးရဲ့အမြီးပိုင်းအရေခွံဘဲဖြစ်တယ်... အဲ့ဒီအမြီးပိုင်းဟာခုနကနဂါးလိုလိုအကောင်ရဲ့ခေါင်းနဲ့တစ်ဆက်ထဲဖြစ်တယ်..

 “ဒါဆိုဒီမြွေကခုနကထွက်ပေါ်လာတဲ့နဂါးလိုမျိုးအကောင်ရဲ့အမြီးပေါ့.... အမြီးတောင်အကောင်ဖြစ်တယ်ဆိုတော့ဒီအကောင်ကြီးမသေခင်က ဘယ်လိုစွမ်းအားကြီးမားတဲ့အကောင်ပါလိမ့်…..” 


မုန့်ဟောက်ဓားကိုယူပြီးနောက်

 “‌နေပါ ဒီအကောင်မှာဓာတ်လုံးရှိလိမ့်တယ် .” အရေခွံကိုကြည့်တော့ဘာမှမရှိဘူး, ခေါင်းဘဲကျန်တော့,ဓားနဲ့ခေါင်းကိုခွဲလိုက်တဲ့အခါမုန့်ဟောက်ထင်သလိုဘဲ., ဓာတ်လုံးလေးတစ်လုံးပေါ်လာတယ်...

 ဓားရဲ့အစွမ်းထက်ပုံကိုလည်းမုန့်ဟောက်တော်တော်လန့်သွားတယ် ဓားကရိုးရိုးသစ်သားနဲ့ဘဲလုပ်ထားပေမဲ့ဒီလောက်မာတဲ့ခေါင်းကိုအလွယ်တကူခွဲနိုင်တယ်...


 ပြီးနောက်အကောင်ရဲ့ခေါင်းအောက်မှာအရိုးတစ်စုသွားတွေ့တယ်, ထိုအရိုးတစ်စုရဲ့ဘေးနားမှာရွှေရောင်ပစ္စည်းထည့်အိတ်ကိုလည်းထပ်တွေ့တော့မုန့်ဟောက်ချက်ချင်းကောက်ယူပြီးပြေးတော့တာဘဲ “ထောပြီဟေ့ ထောပြီဟေ့…” မုန့်ဟောက်စိတ်လည်းလှုပ်ရှား.. တော်တော်လည်းပျော်နေရော...


 မုန့်ဟောက်ထွက်သွားပြီး အချိန်ခဏအတွင်းမှာဘဲဝမ်ထိန်ဖိန်းရောက်လာတယ်.. သူ့ကိုကြည့်ရတာတော်တော်ကိုစိတ်လှုပ်ရှားနေပုံရတယ်.... တခြားလူတွေသူ့ရဲ့အခုပုံကိုကြည့်ပြီးတော်‌တော်အံ့သြကုန်ကြမှာ... ခါတိုင်းဆိုဝမ်ထိန်ဖိန်းကဘာလုပ်လုပ်အေးဆေးဆေးအမြဲပြုံးပြုံးပါဘဲ... အခုလိုမျိုးတစ်ခါမှမဖြစ်ဖူးဘူး.. ဒါပေမဲ့တစ်ဖြည်းဖြည်းနဲ့ဝမ်ထိန်ဖိန်းမျက်နှာကစိတ်လှုပ်ရှားမှုကနေအံသြစရာ.... ကြောက်ဖို့ကောင်းစရာဖြစ်လာတယ်...


 "ဓာတ်လုံးရော, နှစ်ပေါင်းရာချီနတ်ဓားရော..?" 


"ဘယ်ရောက်သွားပြီလဲ,ဘယ်ရောက်သွားပြီလဲ....!! "

 အကောင်ခေါင်းကခွဲခံထားတဲ့အရာကိုတွေ့တော့သူသိလိုက်တယ်.. တစ်ယောက်ယောက်ဒီအရာတွေကိုယူသွားပြီဆိုတာ....


"ဘယ်ကောင်လဲ,ဘယ်ကောင်လဲ,...ငါသုံးနှစ်လုံးလုံးဂိုဏ်းမှာနေလာတာဒီဟာတွေကြောင့်ဘဲ, ​ဘယ်ကောင်ယူသွားတာလဲ...အား........!!!."

 အခုချိန်မှာဝမ်ထိန်ဖိန်းဟာဆံပင်ဖားလျားနဲ့အရူးကြီးတစ်ယောက်လိုပါဘဲ.......


ဂူကိုပြန်ရောက်တဲ့မုန့်ဟောက်ကရွှေရောင်ပစ္စည်းထည့်အိတ်ကိုထုတ်ကြည့်လိုက်တယ်, "ဒီအိတ်ကတော်တော်ကြီးတဲ့ပုံ..." ပြောရင်းနဲ့အိတ်အထဲကိုကြည့်ပြီးမုန့်ဟောက်စကားထစ်သွားတယ်,အိတ်ထဲမှာစွမ်းအားကျောက်တုံးအတုံးနှစ်ထောင်ကျော်ရှိတယ်!!!! 


"ဟားဟားဟားဟား....... အလုံးနှစ်ထောင်ကျော်တောင်!!!!" 


စိတ်လှုပ်ရှားလို့ဝပြီးနောက်သူဓာတ်လုံး​ကိုအများကြီးရအောင်ထုတ်လုပ်ဖို့ကြေးမှန်ပေါ်တင်လိုက်တယ်.. အဲ့ဒီအချိန်မှာကြေးမှန်အထဲကနေစွမ်းအားတစ်ခုပေါ်လာပြီးဓာတ်လုံးကိုပေါက်ခနဲကွဲထွက်တော့မဲ့အချိန်မှာမုန့်ဟောက်ချက်ချင်းဓာတ်လုံးကိုဝေးဝေးထားပြီးကြေးမှန်ကိုလက်ထဲမှာသေချာထားလိုက်တယ် ,ကြေးမှန်ကိုကြည့်ပြီး 

မုန့်ဟောက် :" ဒါဓာတ်လုံး!! အမွှေးတစ်မျှင်မှမရှိဘူး,ဒီကြေးမှန်ဘာတွေများစိတ်ရှပ်ရှားနေလည်းမသိဘူး"

ကြေးမှန်လုံးဝငြိမ်ကျသွားပြီးမှဘေးမှာချထားလိုက်ပြီးဓာတ်လုံးကိုအမြတ်တနိုးနဲ့ကိုင်ပြီးဘာများဖြစ်သွားလဲလိုကြည့်လိုက်တယ် 

"တော်သေးတယ်,ဓာတ်လုံးကနဂိုထဲကခြောက်ကပ်ကပ်လေးမို့လို့,ဒါပေမဲ့ဓာတ်လုံးကနဲနဲလေးတော့အက်ကွဲသွားတယ်....."  မုန့်ဟောက်ကြည့်နေချိန်မှဘဲထိုအက်ကွဲနေတဲ့နေရာလေးကနေပြစ်ညက်နေတဲ့စွမ်းအားအလင်းရောင်တွေဟာဂူတစ်ခုလုံးကိုဟိန်းထွက်သွားအောင်လင်းသွားတယ်..!!

မုန့်ဟောက်ကစိတ်လည်းလှုပ်ရှား..တော်တော်ကိုလည်းပျော်နေတယ်...

 ထို့နောက်ဓာတ်လုံးကိုသူအမြတ်တနိုးသေချာထိန်းသိမ်းထားလိုက်သည်...


သူရလာတဲ့နောက်ထပ်၃ခုမြောက်အဖိုးတန်ဓားလေးကိုသူထုတ်ကြည့်လိုက်သည် ....

"ဒီဓားကမာလွန်းလှတဲ့အခွံကိုထိုးနိုင်ပြီးအကောင်ခေါင်းကိုလည်းခွဲနိုင်တယ်ဆိုတော့သူ့အစွမ်းထက်ပုံကမလွယ်ဘူး.." ဓားကသစ်သားဓားဖြစ်ပေမဲ့ဓားမျက်နှာပြင်ပေါ်မှာတောက်ပတဲရွှေအချောင်းလေးတွေရှိနေတယ်...

                --------------

​​Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖


rate now:

1 Reviews
  • reader Wai lin ko 27.10.2019, 16:14 5

    😍😍

    reply