တောင်မဲလို့ခေါ်ရခြင်းမှာတစ်တောင်လုံးကသစ်ပင်တွေဟာမိစ္ဆာအငွေ့အသက်တွေနဲ့မဲနက်နေခြင်းကြောင့်ဖြစ်တယ်..
တစ်လမ်းလုံးကအကောင်တွေကိုမုန့်ဟောက်ကြေးမှန်နဲ့အလွယ်တကူတိုက်ခိုက်နိုင်ခဲ့တယ်, ဒါပေမဲ့သူတွေ့ခဲ့တဲ့အကောင်တွေကလည်းစွမ်းအားအဆင့်၃အောက်အကောင်တွေကြောင့်လည်းဖြစ်တယ်..
စွမ်းအားအဆင့်၅ရှိတဲ့နှစ်ယောက်ကမုန့်ဟောက်လိုအကောင်တွေကိုအလွယ်တကူချေမှုန်းနိုင်တဲ့ကြေးမှန်မရှိတော့မုန့်ဟောက်ကိုအချိန်တိုအတွင်းမှာမလိုက်နိုင်ဘူး...
မုန့်ဟောက် :" ဘာ....!!ဆက်လိုက်လာသေးတယ်..!!"
သူ့ဆီကိုမြန်မြန်ပြေးလာတဲ့တစ်ကိုယ်လုံးမှာအကောင်သွေးတွေနဲ့ပေလျှံနေတဲ့စွမ်းအားအဆင့်၅နှစ်ယောက်ကိုကြည့်ပြီးမုန့်ဟောက်အံ့သြစွာနဲ့အော်လိုက်သည်…
စွမ်းအားအဆင့်၅အထက်အကောင်တွေရှိတဲ့တောင်ထိပ်ကိုကြည့်ပြီးအံကြိတ်ကာမုန့်ဟောက်ဝင်သွားလိုက်သည်...
တောင်ထိပ်ကိုရောက်ရောက်ချင်းဘဲမုန့်ဟောက်ကစွမ်းအားအဆင့်၅ရှိတဲ့မြေခွေး၅ကောင်တွေရဲ့ဝန်းရံခြင်းကိုခံလိုက်ရတယ်.
မုန့်ဟောက်လည်းချက်ချင်းကြေးမှန်ကိုထုတ်လိုက်တဲ့အခါ၅ကောင်ထဲကအကောင်သေးလေးတစ်ကောင် ပေါက်ခနဲ မျက်လုံးတစ်ဖက်ပေါက်သွားတယ်... ခုနကဘဲသွားဖြဲပြီးမုန့်ဟောက်ကိုကိုက်သတ်မယ်လုပ်နေတဲ့မြေခွေးတွေကလည်းထိုမြင်ကွင်းကိုကြည့်ပြီးလန့်သွားကြသည်..
ထိုအချိန်မျာစွမ်းအားအဆင့်5 နှစ်ယောက်ရောက်လာတယ်..
သူတို့ရောက်လာတာနဲ့ချက်ချင်းမုန့်ဟောက်ပျံဓားကိုစီးနင်းပြီးပြေးတော့တာဘဲ... မြေခွေးတွေကခုနကမြင်ကွင်းကြောင့်မုန့်ဟောက်ကိုအနဲငယ်ကြောက်ရွံ့ပြီးမုန့်ဟောက်ကိုဆက်မလိုက်ဘဲ, ယခုသူတို့ရှေ့ကသူတို့နယ်မြေကိုကျူးကျော်လာတဲ့စွမ်းအားအဆင့်၅ရှိတဲ့နှစ်ယောက်ဆီလှည့်လာသည် ….
မုန့်ဟောက်ပြေးနေတဲ့အချိန်မှာဟက်လင်ဆေးလုံးက၁၂နာရီမတိုင်ခင်အထိတစ်နာရီတစ်ခါမိုးပေါ်အလင်းပြန်တက်တယ်.. အခုဆို၁၂နာရီပြည့်ဖို့အချိန်ပိုင်းအနည်းငယ်သာလိုတော့သည်...
အချိန်အနည်းငယ်ကြာတော့သစ်ပင်ကြားထဲတွင်ဝင်နေသောမုန့်ဟောက်ကတစ်လှမ်းချင်းအနောက်ဆုတ်ထွက်လာပြီးသူ့အရှေ့မှာတော့ဒေါသထွက်နေတဲ့မျောက်ဝံတစ်အုပ်စုဘဲဖြစ်တယ်.. အကြောင်းရင်းကတော့မုန့်ဟောက်လက်ထဲကကြေးမှန်ဟာသူ့အလိုအလျောက်ပျံတက်သွားပြီးအမွှေးအရှည်ဆုံးမျောက်ဝံတစ်ကောင်ကိုပေါက်လိုက်တဲ့အတွက်ကြောင့်ဖြစ်တယ်..
ထိုမျောက်ဝံတွေဟာစွမ်းအားမြင့်မားတဲ့အပြင်လူစကားနားလည်နိုင်ပြီးလူလိုလည်းစဥ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်.. မျောက်ဝံအရေအတွက်အရမ်းများတဲ့အတွက်ကြေးမှန်လည်းမပေါက်နိုင်တော့မှာဆိုးလို့မုန့်ဟောက်တန်းပြေးတော့တာဘဲ..
ထိုအချိန်မှာစွမ်းအားအဆင့်၄တို့တစ်အုပ်စု,ရှန့်ကွင်းဆုန့်ပါတဲ့အုပ်စု, ကိုသွားတွေ့တော့မုန့်ဟောက်ချက်ခြင်းအကြံတစ်ခုသွားတယ်...
မုန့်ဟောက် : “အကိုတို့အမိန့်အတိုင်းဒီမျောက်ဝံတွေကိုပေါက်ပြီးအကိုတို့ဆီခေါ်လာခဲ့တယ်နော်"..
သူ့အနောက်ကလူစကားနားလည်တဲ့မျောက်ဝံတွေမကြားမှာဆိုးလို့အကျယ်ကြီးအော်ပြောလိုက်တယ်.. ပြောပြီးတာနဲ့တစ်ချက်မျှစောင့်ဆိုင်းမနေဘဲတန်းပြေးတော့တာဘဲ... မျောက်ဝံတွေကလည်းထိုစကားကိုကြားတော့မုန့်ဟောက်ကိုဆက်မလိုက်တော့ဘဲရှန့်ကွင်းဆုန့်တို့အဖွဲ့ဆီဦးခိုက်လာကြသည်..
ထိုအချိန်မှာတစ်တောင်လုံးကိုတုန်လှုပ်စေတဲ့အကောင်အော်ကြွေးသံထွက်ပေါ်လာသည်.. မုန့်ဟောက်စွမ်းအားလည်းထိုအကောင်မြည်ကြွေးသံကြောင့်ပျက်မလိုဖြစ်သွားသည်... မုန့်ဟောက်အခုရပ်ရှိနေတဲ့တောင်ထိပ်ရဲ့တစ်နေရာမှာကျောက်က်ကမ်းပါးနှစ်ခုကြားမှာလူ၃ယောက်စာလောက်ရှိတဲမြွေကြီးတစ်ကောင်ကသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကျောက်ကမ်းပါးနှစ်ခုကြားထဲမှာညှပ်နေတယ်.... သူ့အရေခွံကခန္ဓာကိုယ်တစ်ဝက်လောက်မှာကျွတ်နေပြီးနာကျင်စွာသူအော်နေသည်.. သူအရေခွံကျွတ်ပြီးဖြစ်တဲ့အလယ်ပိုင်းမှာဓားတစ်ချောင်းစိုက်ဝင်နေတယ်..
“ဒီမြွေကရွှီအမစွမ်းအားအဆင့်ထက်တောင်မြင့်မယ်ထင်တယ်.. ပြောလို့မရရင်စွမ်းအားအထွတ်အထိပ်၉လောက်ရှိတော်ရှိမယ်, သူဒီလောက်နာကျင်စွာရုံးကန်တဲ့ပုံကိုကြည့်တာတော့အရေခွံကွာတဲ့အချိန်တော်တော်ကြာနေပြီထင်တယ် .."
မုန့်ဟောက်ထိုဓားကိုတွေ့တော့
“ဒီလောက်စွမ်းအားကောင်းတဲ့မြွေကိုထိုးနိုင်တယ်ဆိုတော့ဒီဓားတော်တော်စွမ်းအားထက်လို့ဖြစ်မယ်.." မုန့်ဟောက်စ်တ်ထဲမှာတော်တော်လိုချင်နေပမေဲ့သူတော်ရုံယူလို့မရဘူးဆိုတာ နဲ့အခုအရေးကြီးတာကတော့ဟက်လင်ဆေးလုံးကိုမျိုချဖို့ကအရေးကြီးတယ်ဆိုတာကိုလည်းသူသိနေတဲ့အတွက်ကြောင့်ကြောင့်ဖြစ်တယ် ...
၁၂နာရီအချိန်ပြည့်သွားပြီ ဟက်လင်ဆေးလုံးကအလင်းရောင်ထပ်မထွက်တော့ဘဲ ဆေးလုံးကိုမျိုချလို့လည်းရပြီဖြစ်သည်..
အကောင်တွေနဲ့တိုက်ခိုက်ပြီးတဲ့လူတွေကလည်းဟက်လင်ဆေးလုံးက၁၂နာရီပြည့်တာနဲ့သူတို့ဘာမှလုပ်လို့မရတော့ဘူးဆိုတာသိလို့လက်လျှော့လိုက်ကြတယ်...
မုန့်ဟောက်လည်းချက်ချင်းဟက်လင်ဆေးလုံးကိုကြေးမှန်ပေါ်တင်ပြီးဟက်လင်ဆေးလုံးအများကြီးရအောင်ထုတ်လုပ်တော့တာဘဲ.. ၁၀လုံးလောက်ပေါ်လာတဲ့ဟက်လင်ဆေးလုံးကိုကြည့်ပြီးမုန့်ဟောက်တော်တော်ကိုကျေနပ်အားရနေတယ်..
“စွမ်းအားကျောက်တုံးတွေကိုနှမြောတယ်ကွာ.... ဟက်လင်ဆေးလုံးထုတ်လုပ်တာနဲ့ ဒီတစ်ခေါက်လမ်းမှာသုံးလိုက်တာနဲ့.. အတုံး၁၀၀ကျော်လောက်ကုန်သွားပြီ… ဓားတွေကိုလည်းနှမြောလိုက်တာ...”
ဟက်လင်ဆေးလုံးကတခြားဆေးလုံးတွေနဲ့မတူပါဘူး ,တစ်လုံးထုတ်လုပ်ဖို့အတွက် ကြေးမှန်ထဲကိုစွမ်းအားကျောက်တုံးအများကြီးထည့်မှရတယ်..
နှမြောပြီးနောက်မုန့်ဟောက်ဟက်လင်ဆေးလုံးတစ်လုံးကိုယူပြီးပါးစပ်ထဲတန်းထည့်လိုက်တယ်..
“ငါစွမ်းအားအဆင့်၅ကိုရအောင်ရောက်ရမယ် !!!"
-----------------
Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖💕