book

Index 20

chapter 20

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

အချိန်ကကုန်တာတော်တော်မြန်တယ်.. တစ်နှစ်ရဲ့လေးလပိုင်းကိုရောက်လာခဲ့ပြီ မုန့်ဟောက်ဂိုဏ်းကိုရောက်တာတစ်နှစ်တိတိရှိပါပြီ..

 ဝတုတ်လေးလည်းမုန့်ဟောက်ရဲ့ကူညီမှုကြောင့်အဆင့်၂သို့တက်နိုင်ခဲ့သည်.. ဒါပေမဲ့မုန့်ဟောက်ကတော့အဆင့်၄ကနေမတက်တော့ဘူး သူ့စွမ်းအားအဆင့်တက်ခြင်းဟာအခက်ခဲဆုံးကာလကိုရောက်လာတယ်.. စွမ်းအားလေ့ကျင့်သူတိုင်းဟာအထူးသဖြင့်စွမ်းအားအဆင့်မြင့်လေ,စွမ်းအားတက်ဖို့အခက်ခဲဆုံးကာလဆိုတာရှိတယ်... မုန့်ဟောက်အခုလိုကြုံတွေ့နေရသလိုမျိုးပေါ့.. အရမ်းစွမ်းအားကြီးပြီးအလွန်ရှားတဲ့ဆေးလုံးနဲ့မှသာကျော်လွှားနိုင်မည်ဖြစ်သည်..


 နှစ်တိုင်းရဲ့လေးလပိုင်းဆိုနှိပ်ကျုံးကရွှီအမနဲ့အကိုချိန်တို့ကဂိုဏ်းကဆင်းရတယ်,သူတို့ပြန်လာတဲ့အချိန်ဆိုအခြခံကောင်းတဲ့ကောင်လေး၂ယောက်၃ယောက်ပါလာတယ် .....


ဒီတစ်နေ့ကတော့တစ်နှစ်တစ်ခါရဲ့စွမ်းအားဆေးလုံးနဲ့စွမ်းအားကျောက်တုံးဝေငှတဲ့နေ့ဘဲဖြစ်တယ်.. ဟင်းလင်းပြင်ကိုရောက်တဲ့အခါ ရှန့်ကွင်းဆရာတော်, ရွှီအမနဲ့ချိန်အကိုကိုတွေ့တဲ့အခါမုန့်ဟောက်မျက်လုံးချက်ချင်းအရောင်လက်သွားတယ်.. ဒီလိုမျိုးဆိုထူးခြားတဲ့စွမ်းအားဆေးလုံးပါတော့မယ်ဆိုတာမုန့်ဟောက်သိတယ်…. သူထင်တဲ့အတိုင်းပါဘဲ, ရှန့်ကွင်းဆရာတော်ရဲ့လက်ပေါ်မှာခရမ်းရောင်သန်းနေတဲ့ဆေးလုံးတစ်လုံးပေါ်လာတယ် “ဟန့်လင်ဆေးလုံး!!! .”

ဟက်လင်ဆေးလုံးကစွမ်းအားအဆင့်၆ထိပ်ဆုံးရောက်နေတဲ့ဝမ်ထိန်ဖိန်း အတွက်ဆိုဘာမှအသုံးမဝင်ဘူး, ဝမ်ထိန်ဖိန်းအောက်ကအဆင့်၆ရှိတဲ့ ဟန်ကျုံးအတွက်လည်းတူတူပါဘဲ... သူတို့နှစ်ယောက်ဆိုဆေးလုံးကိုကြည့်တောင်မကြည့်ဘူး... သူတို့ထက်အဆင့်နိမ့်တဲ့လူတွေအတွက်ဆိုရင်တော့တော်တော်အသုံးဝင်တယ်.. ဂိုဏ်းမှာအဆင့်၅ရောက်နေပြီဖြစ်တဲ့လူလေးယောက်ရှိတယ်, သူတို့ထက်နိမ့်ရင်တော့မုန့်ဟောက်အပါအဝင်အဆင့်၄ရောက်နေတဲ့လူ၇ရောက်ရှိတယ်… ကျန်တာတွေကတော့လူဦးရေများပြားလွန်းတဲ့အဆင့်၄အောက်တွေပေါ့.... သူတို့ဟာဟက်လင်ဆေးလုံးကိုရအောင်ယူမယ်ဆိုတဲ့စိတ်တွေနဲ့ဆေးလုံးကိုမျှော်မှန်းနေကြသည်....


ထိုအချိန်မှာရှန့်ကွင်းဆရာတော်ကဟက်လင်ဆေးလုံးကိုသူနဂိုထဲကရွေးချယ်ထားတဲ့လူကိုပေးမလိုရှိတုန်းအချိန်မှာမုန့်ဟောက်ဘေးကကြေးခွံဓားနဲ့သွားပွတ်နေတဲ့ဝတုတ်လေးရဲ့ပုံကိုတွေ့တော့ “ဖွတ်ခနဲ.” ရီထွက်ပြီးဆေးလုံးကိုဝတုတ်လေးဆီပစ်လိုက်တယ်…  ဝတုတ်လေးလည်းသူ့လက်ထဲရောက်လာတဲ့ဟက်လင်ဆေးလုံးကိုကြည့်ပြီးတော်တော်ကိုငိုချင်နေပြီ.. သူ့လက်ကဆေးလုံးကိုသူအသေကုန်ခါတယ် ,ဒါပေမဲ့ဘယ်လိုခါခါသူခါချလို့မရဘူး,…


 ဝတုတ်လေး : “မုန့်ဟောက်ရေ…ကယ်ဦး...”


 ထိုအချိန်မှာကျောက်တိုင်၉တိုင်လုံးအရောင်မှိန်ကျသွားသည်.. တစ်ပြိုင်နက်ထဲမုန့်ဟောက်ဝတုတ်လေးကိုဂုတ်ကဆွဲပြီးသူ့စွမ်းအားတွေနဲ့အစွမ်းကုန်ပြေးတော့တာဘဲ..


မုန့်ဟောက် :"နင့်လက်ထဲကဆေးလုံးငါ့ကိုပေး!!နင်ဂူထဲမြန်မြန်ဝင်ပြေးနေ..”


 အနောက်ကလိုက်လာတဲ့အုပ်စုလိုက်လူကိုကြည့်ပြီးမုန့်ဟောက် ဝတုတ်လေးနဲ့မတူတဲ့နောက်တစ်လမ်းကိုရွေးပြီးပြေးတော့တာဘဲ.. ဝတုတ်လေးလည်းမအရှာဘူး..ချက်ချင်း “ဆေးလုံးကိုမုန့်ဟောက်လုသွားပြီဟေ့...” လို့အော်ပြီးမုန့်ဟောက်ဂူထဲတန်းပြေးတော့တာဘဲ….


 မုန့်ဟောက်နောက်ကိုအကုန်လိုက်သွားတဲ့လူတွေထဲမှာ မုန့်ဟောက်ရဲ့ပြေးတာကိုမှီတာကတော့စွမ်းအားအဆင့်၅ရောက်နေတဲ့လူနှစ်ယောက်ဘဲဖြစ်တယ် သူတို့ကမုန့်ဟောက်ကိုတစ်ဖက်လိုက်ရင်းနဲ့လူတစ်ကိုယ်စာလောက်ရှိတဲ့မီးမြွေတွေကိုမုန့်ဟောက်ဆီတိုက်ခိုက်တော့တာဘဲ, မုန့်ဟောက်လည်းသူ့အိတ်ထဲကဓားနှစ်ချောင်းဆီကိုဆက်တိုက်ထုတ်ပြီးအနောက်ကိုအစွမ်းကုန်တိုက်ခိုက်ပေမဲ့သူ့ထက်စွမ်းအားမြင့်တဲ့လူတွေဆို‌တော့မုန့်ဟောက်ရဲ့ထုတ်သမျှစွမ်းအားတွေ,ဓားတွေကိုအလွယ်တကူရှောင်နိုင်တယ်...


 မုန့်ဟောက်ရဲ့အကြံကတော့သူ့ကိုလိုက်တဲ့လူတွေအကုန်လုံးကိုအန္တရာယ်များတဲ့အကောင်တွေနဲ့ပြည့်နှံ့နေတဲ့နာမည်ကြီးတဲ့ တောင်မဲထဲကိုခေါ်သွားမှာဖြစ်တယ်,သူ့မှာအမြဲတန်းတောင်တွေထဲမှာအကောင် ဖမ်းတဲ့တွေ့အကြုံရှိပြီးကြေးမှန်လည်းရှိတော့တောင်မဲထဲဝင်သွားချင်းဟာသူ့အတွက်နိုင်ကိန်းများတယ်...


 ထိုအချိန်မှာသူ့အနောက်လိုက်နေတဲ့လူနှစ်ယောက်ကလေပေါ်သိုင်းအတတ်နဲ့တစ်ယောက်ကမိုးပေါ်မှာသိန်းငှက်သဖွယ် လက်ဘေးနှစ်ဖက်မှာမီးမြွေနဲ့, နောက်တစ်ယောက်က‌တော့မြေပြင်ပေါ်ကနေပြီး , တစ်ယောက်အပေါ် တစ်ယောက်အောက်နဲ့မုန့််ဟောက်ကိုအစွမ်းကုန်လိုက်သတ်တော့တာဘဲ.. မုန့်ဟောက်လည်းသွားအံကြိတ်ပြီးဓား၆ချောင်းလုံးကိုတစ်ပြိုင်ထဲထုတ်လိုက်တယ်... အဲ့ဒီအချိန်မှာ "ဗုန်း!!" ဆိုတဲ့အသံနဲ့အနောက်ကလိုက်နေတဲ့နှစ်ယောက်ရှေ့မှာဓား၆ချောင်းလုံးရဲ့စွမ်းအားတွေဟာသွားပေါက်တယ်.. စွမ်းအားအဆင့်၅ရောက်နေပြီဖြစ်တဲ့ထိုနှစ်ယောက်ကိုဘာမှမထိခိုက်စေပေမဲ့မုန့်ဟောက်ပြေးဖို့အတွက်အချိန်တော့ရလိုက်တယ်,မုန့်ဟောက်လည်းဓား၆ချောင်းလုံးကိုတစ်ပြိုင်ထဲသုံးတဲ့အတွက်သွေးအန်ခဲ့တယ်....


 မကြာမီမှာဘဲသူ့မျက်စိရှေ့ပေါ်လာတဲ့လုံးဝအမှောင်စိုက်နေတဲ့တောင်ကိုကြည့်ပြီး “နောက်ဆုံးတော့ရောက်ပြီ....” တွေဝေခြင်းမရှိဘဲချက်ချင်းဝင်သွားလိုက်တယ်။ ခဏလေးမှာဘဲဟိုနှစ်ယောက်ရောက်လာပြီးအလားတူတွေဝေခြင်းမရှိဘဲတောင်မဲထဲဝင်သွားသည််...

တစ်အောင့်နေကြာတော့အဆင့်၄တစ်ယောက်.,ရှန်းကွင်းဆုန့် (ဒီရှန့်ကွင်းဆုန့်ကစွမ်းအားဝေပေးတဲ့အဖိုးအရှန့်ကွင်းဆရာတော်နဲ့တူဘူးနော်) ဟိုးတစ်နေ့ကဝမ်ထိန်ဖိန်းရဲ့အမိန့်ကိုလာကြေညာပေးတဲတစ်ယောက်ဖြစ်သည်, သူနဲ့တခြားစွမ်းအားအဆင့်၃လောက်ရှိတဲ့လူတွေကတောင်မဲကိုတွေ့ပြီးခဏတွေဝေသွားပေမဲ့အထဲကိုဝင်သွားကြတယ်​...

                   ---------

​Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖💕​


rate now:

1 Reviews
  • reader Wai lin ko 25.10.2019, 02:19 5

    💓💓💓

    reply