ထိုအချိန်မှာအစိမ်းရောင်အကျီရှည်နဲ့လူငယ်တစ်ယောက်ကမုန့်ဟောက်ကိုတစ်နေရာကိုခေါ်သွားဖို့လုပ်တယ် .
"ဒါဘယ်နေရာလဲ?"
"ခေါက်ရှန်းဂိုဏ်း..."
ခေါက်ရှန်းဂိုဏ်းဆိုတာသိုင်းလောကဂိုဏ်းကြီးလေးဂိုဏ်းရဲ့ခေါင်းဆောင်, ခေါက်ရှန်းဂိုဏ်းဆိုတဲ့နာမည်ကလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ကခေါက်ရှန်းဘိုးဘေးလို့ခေါ်တဲ့တလောကလုံးကိုတုန်လှုပ်သွားစေတဲ့သိုင်းဆရာတစ်ပါးကြောင့်ဘဲဖြစ်တယ်..အခုတော့ခေါက်ရှန်းဘိုးဘေးပျောက်ဆုံးတာလည်းနှစ်လေးရာကျော်ရှိနေပါပြီ..
အစိမ်းရောင်အကျီနဲ့လူ ခေါ်ရာနောက်လိုက်သွားတဲ့မုန့်ဟောက်ကပတ်ဝန်းကျင်ကိုသေချာစပ်စုကြည့်တော့တာဘဲ.. သူနဲ့အတူပါလာတဲ့ဝတုတ်လေးက "ဝူးဝူးဝူး.....သွားပါပြီ...သွားပါပြီ... ငါအိမ်ပြန်ချင်တယ် , အိမ်မှာပေါက်စီကြီးတွေရှိတယ်.. ဝူးဝူး... " တစ်လမ်းလုံးငိုတော့တာဘဲ..
အတော်တန်ကြာလျောက်သွားပြီးတော့မြူခိုးတွေနဲ့ဆိုင်းနေတဲ့လှေကားထစ်တွေရှိတဲ့တစ်နေရာလေးဟာမုန့်ဟောက်မြင်ကွင်းထဲရောက်လာတယ်.. ထိုနေရာနဲ့ခပ်ဝေးဝေးမှာရှိတဲ့ကျောက်တုံးကြီးပေါ်မှာထိုင်နေတဲ့အပြာနုလက်ရှည်နဲ့လူငယ်ကအစိမ်းရောင်အကျီနဲ့လူငယ်ကိုတွေတော့ချက်ချင်းထပြီးနုတ်ဆက်လိုက်တယ်..
"ဒီနှစ်ယောက်ကအသစ်ရောက်လာတဲ့အလုပ်ကြမ်းလုပ်မဲ့လူတွေ,မင်းနေရာစီစဉ်ပေးလိုက်." အစိမ်းရောင်အကျီနဲ့လူငယ်စိတ်မရှည်တဲ့လေသံနဲ့ပြောပြီးချက်ချင်းလှည့်ထွက်သွားတယ်..
"ဒါကတောင်ဘက်အလုပ်ကြမ်းလုပ်တဲ့နေရာ , ဂိုဏ်းမှာလူ့ပေါက်ပန်းတွေမမွေးဘူး, မင်းတို့နှစ်ယောက်အလုပ်ကြမ်းလုပ်တာနှစ်၃၀ပြည့်တာနဲ့တောင်အောက်ဆင်းလို့ရပြီ.ဒီအတောတွင်းထွက်ပြေးလို့ကတော့သေမှာဧကန်မလွဲဘဲ!! " အပြာနုအကျီနဲ့လူငယ်ကသူတို့ကိုလေသံမာမာနဲ့ပြောလိုက်တယ်...
ဝတုတ်လေးတစ်ကိုယ်လုံးတုန်နေတာနဲ့ဆိုင်ရင်မုန့်ဟောက်ရဲ့တည်ငြိမ်မှုကသူ့ကိုအံ့သြစေတယ်..
" စိတ်ဓာတ်ကြံ့ခိုင်မှုမဆိုးဘူးဘဲ,မင်းအလုပ်ကြမ်းလုပ်တဲ့အားတဲ့အချိန်မှာသိုင်းစွမ်းအားလေ့ကျင်းလို့ရတယ်,လေ့ကျင့်တာ အဆင့်၁ရောက်တာနဲ့ အလုပ်ကြမ်းလုပ်စရာမလိုတော့ဘူး, ဂိုဏ်းရဲ့ပညာသင်တပည့်အဆင့်ကိုတက်လို့ရပြီ " သူပြောပြီးချင်းဘဲမုန့်ဟောက်တို့ရှေ့မှာအဝတ်ကြမ်းဝတ်စုံနှစ်ထည်ပေါ်လာတယ်, ဝတ်စုံအပေါ်မှာအလုပ်ကြမ်းဆိုတဲ့စာလေးနဲ့သစ်သားပြားလေးရယ် , စွမ်းအားလေ့ကျင့်ဖို့စာအုပ်လေးတစ်အုပ်တို့ဖြစ်တယ်...
"အနောက်ကအခန်း၇ခန်းရဲ့ထိပ်ဆုံးအခန်းကမင်းတို့ရဲ့အခန်းဘဲ, မနက်ဖြန်ကစပြီးမင်းတို့တစ်ယောက်ကိုသစ်ပင်၁၀ပင်ခုတ်ရမယ် , မပြီးရင်ထမင်းမစားရဘူး ! "
သူတို့အခန်းမှာကုတင်နှစ်လုံးနဲ့စားပွဲတစ်လုံးဘဲရှိတယ်, အခန်းကမကြီးပေမဲ့သပ်ရပ်တယ်....
မုန့်ဟောက်ကုတင်ပေါ်မှာထိုင်ပြီးခုနကစာအုပ်လေးကိုထုတ်ဖတ်လုက်တယ်..
"လူတိုင်းမှာခေါက်ရှန်း(အားကိုးစရာ)ရှိသင့်တယ်, သာမန်လူကချမ်းသာချင်တယ် သိုင်းစွမ်းအားလေ့ကျင့်သူကတစ်သက်လုံးအပူပင်ကင်းချင်တယ်ဆိုရင်ငါ့ ခေါက်ရှန်းဂိုဏ်းကိုဝင်ခဲ့ , ငါသည်ခေါက်ရှန်း(အားကိုးစရာ) ဘဲဖြစ်တယ် !" ဒါကတော့စာအုပ်ရဲ့ပထမဆုံးအပိုင်းဖြစ်တယ် ရေးသူကတော့ ခေါက်ရှန်းဘိုးဘေး...
မုန့်ဟောက်ဒီစာသားရဲ့အဓိပ္ပာယ်ကိုတွေးရင်းနဲ့ခေါက်ရှန်းဘိုးဘေးအပေါ်လေးစားစိတ်တွေပေါ်လာတော့တာဘဲ....