“မင်းလည်း ဘူးသီးကိုပြန်ယူပြီးပြီဘဲ,အတော်တန်လုပ်တာဘဲကောင်းတယ်” အဘိုးအိုကဝမ်ထိန်ဖိန်းကိုပြောရင်းမုန့်ဟောက်ကိုကြည့်လိုက်တယ်....
မုန့်ဟောက်ကျပ်ကျပ်ဆုပ်ထားတဲ့လက်သီးကစီးကျလာတဲ့သွေးတွေကိုလည်းသူမြင်လိုက်တယ်... ဒီအဘိုးအိုကတော့မုန့်ဟောက်ကိုအရင်ထဲကသတိထားမိသည်….
“အုန်းရန်ဆရာတော်ကဒီလိုလောက်ပြောနေပြီဆိုတော့ကျွန်တော်ကလည်းအလွှတ်ပေးမှာပါ” ပြောပြီးတာနဲ့ဝမ်ထိန်ဖိန်းထွက်သွားသည်... သူအစအဆုံးမုန့်ဟောက်ကိုပြောတာစကားနှစ်ကြောင်းဘဲရှိတယ်... မုန့်ဟောက်ကသူ့အတွက်မပြောပစလောက်တဲ့ပုရွက်ဆိတ်တစ်ကောင်လိုဘဲ….. လူတွေအားလုံးကသူ့ဘက်ပါနေတော့မုန့်ဟောက်ဟာကမ္ဘာကြီးရဲ့တစ်ဖက်ခြမ်းမှာတစ်ယောက်ထဲအပယ်ခံရသလိုပါဘဲ...
ဝမ်ထိန်ဖိန်းလည်းထွက်သွားတော့မုန့်ဟောက်ခန္ဓာကိုယ်ကသူ့ကိုချုပ်ချယ်ထားတဲ့စွမ်းအားတွေလည်းပျောက်ပျယ်သွားတယ်.. အလွန်နာကျင်နေတဲ့လဲကျတော့မယ့်ခန္ဓာကိုယ်ကိုမုန့်ဟောက်မနည်းထိန်းထားပြီးအုန်းရန်ဆရာတော်ကိုရိုရိုသေသေနဲ့အလေးပြုလိုက်ပြီးသူထွက်သွားလိုက်တယ်…..
ဂူထဲရောက်တော့မုန့်ဟောက်လုံးဝမတောင့်ထားနိုင်တော့ဘူး ,ဗုန်းခနဲလဲကျသွားတယ်... သူပြန်နိုးလာတော့နောက်နှစ်ရက်ရှိနေပြီ မုန့်ဟောက်ထမလို့လက်ကိုမြေကြီးပေါ်ထောက်လိုက်တော့လက်ကနေအလွန်နာကျင်တဲ့ဒဏ်ကိုခံစားလိုက်ရတဲ့အတွက်သူလက်ကိုပြန်ကြည့်လိုက်တဲ့အခါလက်သည်းအခွံတချို့သူ့လက်တဲမှာစိုက်ဝင်နေသည်... ခုနကသူထောက်လိုက်တော့နဂိုကအမာရွတ်ဖြစ်နေတဲ့အနာကသွေးတွေစီးကျလာတယ်.. အဲ့ချိန်မှာမုန့်ဟောက်မျက်နှာအမူအရာမရှိဘဲဓားနဲ့လက်ကအသားတွေကိုလှီးပြီးအထဲကဝင်နေတဲ့လက်သည်းအခွံတွေကိုထုတ်လိုက်တယ်. ပြီးမှထိုလက်သည်းအခွံတွေကိုသူသေချာသိမ်းထားပြီးသူစွမ်းအားလေ့ကျင့်တဲ့နေရာမှာထားထားတယ်..
ဒါမှသူဟိုးတစ်နေ့ကခံစားခဲ့ရတဲ့ဒဏ်တွေကိုသူကောင်းကောင်းမှတ်မိမှာ, တစ်နေ့မှာတော့သူပြန်ကလဲ့စားချေမှာပါ…… !!
အဲ့အချိန်မှာဂူတံခါးတဖြည်းဖြည်းပွင့်သွားပြီးရွှီအမရောက်လာတယ်.. မုန့်ဟောက်လည်းစကားမပြောဘူးရွှီအမလည်းဘာမှမပြောဘူး... တစ်အောင့်နေမှရွှီအမစကားစလိုက်တယ်
“ ငါ….မနေ့ကမှဂူထွက်တာ...., ဝမ်ထိန်ဖိန်းကသာမန်လူမဟုတ်ဘူး ဂိုဏ်းချုပ်ကိုယ်တိုင်သူ့ကိုနှိပ်ကျုံးတပည့်အဖြစ်ခေါ်မယ်လုပ်ထားတာ နင်… နောက်ဆိုသူ့ကိုဝေးဝေးရှောင်နေလိုက်ပေါ့…..”
“ဟုတ်ခဲ့ကျွန်တော်သိပါတယ်…”
"သူနင့်ကိုပြဿနာထပ်ရှာရင်ဒီကျောက်စိမ်းပြားလေးကိုခွဲဲလိုက်ငါဂူဝင်လေ့ကျင့်နေရင်တောင်လာကူညီပေးမယ်.." ပြောပြီးခရမ်းရောင်ကျောက်စိမ်းပြားလေးကိုမုန့်ဟောက်နားထားလိုက်တယ်..
မုန့်ဟောက်အေးဆေးဆေးလေးပြောလိုက်တဲ့စကားတစ်ခွန်းကမသိရင်အဲနေ့ကကိစ္စကိုသူစိတ်ထဲမှာမထားသလိုပါဘဲ... ဒါပေမဲ့ရွှီအမသိတယ်သူ့စိတ်ထဲမှာနေလို့မကောင်းဘူးဆိုတာ…..
“ဒါနဲ့နင်နဲ့အတူဝင်လာတဲ့ကောင်လေးတွေထဲကဝတုတ်လေးတစ်ယောက်စွမ်းအားအဆင့်၁ရောက်ပြီ မနက်ဖြန်ဆိုတာနဲ့သူဝိုက်ကျုံးကိုလာလိမ့်မယ်..”
“ကျေးဇူးပါအမရွှီ…..”
ရွှီအမထွက်သွားပြီးနောက်မုန့်ဟောက်အလုပ်ကြမ်းနေရာကိုသွားလိုက်တယ်.. ဝတုတ်လေးမုန့်ဟောက်လာတာတွေ့တော့တော်တော်ပျော်သွားတယ်.
“မုန့်ဟောက်!နင်ဘယ်လိုလို့ဒီရောက်လာတာလဲ?”
“နင်စွမ်းအားအဆင့်၁ရောက်တယ်ဆိုလို့ငါလာဂုဏ်ပြုတာလေ”
ဝတုတ်လေးကသူစွမ်းအားအဆင့်၁ရောက်တဲ့အကြောင်းတွေကိုမုန့်ဟောက်ကိုထိုင်ပြောနေတော့တာဘဲ, မုန့်ဟောက်လည်းငြိိမ်ငြိမ်လေးနားထောင်ပေးလိုက်တယ်.. ဒီလိုနဲ့နောက်နေ့မနက်ရောက်တော့ဝတုတ်လေးနဲ့မုန့်ဟောက်နဲ့အတူဝိုက်ကျုံးကိုပြန်လာခဲ့တယ်... မုန့်ဟောက်ကဝတုတ်လေးကိုသူနဲ့အတူဂူမှာနေဖို့ခေါ်တယ်ဒါပေမဲ့ဝတုတ်လေးကသူအလုပ်ကြမ်းမှာလည်းသူများနဲ့နေလာတာ,သူအခုတစ်ယောက်ထဲနေချင်လို့မုန့်ဟောက်ကိုငြင်းလိုက်တယ်..
ပြီးနောက်မုန့်ဟောက်သူ့ကိုရတနာတိုက်ခေါ်သွားလိုက်တယ်, မှာစရာရှိတာလေးတွေမှာပြီးအပြင်ကစောင့်နေလိုက်သည်...
အချိန်အနည်းငယ်ကြာပြီးနောက်......
ဝတုတ်လေးထွက်လာတော့ ငါးကြေးခွံလိုမျိုးအကြေးခွံတွေနဲ့ပြည့်နေတဲ့ဓားကြီးကိုယူလာပြီး
"မုန့်ဟောက်မုန့်ဟောက်!!ကြည့် , ငါဘာလက်နက်ကောင်းယူလာလဲဆိုတာ…?”
ဓားကထက်တဲ့ပုံလည်းမပေါ်ဘူး, မုန့်ဟောက်ကသူ့ကိုဒီဓားကဘယ်နေရာကောင်းလို့လဲလို့မေးမလို့ရှိတုန်း., ဝတုတ်လေးကဓားကအကြေးခွံတွေကိုသွားနဲ့ပွတ်ပြလိုက်တယ်..
“အတော်ဘဲငါ့သွားတွေအခုတလောပိုပိုပြီးထွက်လာတာပွတ်စရာမရှိတော့တော်တော်ကိုယားပြီးနေလို့မကောင်းဘူး အခုဒီဓားကငါနဲ့ဆိုအံကိုက်ဘဲ…”
မုန့်ဟောက် ; “………”
အချိန်၃လလောက်ကုန်သွားပြီးနောက်.....
ဒီ၃လအတောအတွင်းမှာမုန့်ဟောက်သူ့စီးပွားရေးကိုပြန်စတင်လိုက်တယ်.. ဝတုတ်လေးကနယ်မြေအထဲမှာရောင်း, မုန့်ဟောက်ကအပြင်ကနေဆေးလုံးတွေပေး,နှစ်ယောက်သားစိတ်ညီလက်ညီပူးပေါင်းပြီးလုပ်တော့တော့စီးပွားရေးတော်တော်ကောင်းလာခဲ့တယ်.. စွမ်းအားကျောက်တုံးတွေသာမကစွမ်းအားလက်နက်တော်တော်များများလည်းရခဲ့သည်..
တစ်နေ့.........
မုန့်ဟောက်ခါတိုင်းလိုဘဲဂုန်းအပြင်မှာထိုင်နေချိန်မှာ
ဝတုတ်လေးကအဆင့်နိမ့်လူသတ်နယ်မြေထဲကလူတစ်ယောက်ကိုအလောတကြီးနဲ့ဆွဲခေါ်လာပြီး
"မုန့်ဟောက်ဒီမှာကြည့်,ဘယ်သူလဲ?"
သူဆွဲခေါ်လာတဲ့ကောင်လေးကတော့မုန့်ဟောက်တို့နဲ့အတူတူဖမ်းခံလာရတဲ့ကောင်လေးဘဲဖြစ်မယ်..
ကောင်လေးကမုန့်ဟောက်ကိုတွေ့တာနဲ့
"အကိုမုန့်ဟောက်" ဆိုပြီးရိုရိုသေသေနှုတ်ဆက်လိုက်တယ် .. ကောင်လေးဟာသူတို့နဲ့စစချင်းအဖမ်းခံရတုန်းကရုပ်ရည်ချောမောသန့်ပြန့်ပြီးအခုတော့ အလွန်ပင်ပန်းနွမ်းနွယ်နေတဲ့ပုံဖြစ်နေသည်....
"နင်ငါတို့နဲ့အတူတူလာနေလေ မုန့်ဟောက်အခုစွမ်းအားတော်တော်မြင့်တော့မင်းကိုကောင်းကောင်းကာကွယ်နိုင်မှာ…”
ဆိုပြီးဝတုတ်လေးကသူ့ကိုခေါ်လိုက်တယ်..အဲ့ကောင်လေးခေတ္တစိတ်လှုပ်ရှားပေမဲ့မုန့်ဟောက်တို့ကိုငြင်းလိုက်တယ်...
ထိုကောင်လေးပြန်သွားပြီးနောက်
ဝတုတ်လေး : "ဟဲ့ဘာလဲ,သူကငါတို့နဲ့မပေါင်းချင်တာလား,သူ့ကိုအကောင်းနဲ့ခေါ်တာကို....."
မုန့်ဟောက် : "သူလည်းသူပြောလို့မရတဲ့အခက်အခဲရှိလို့ဖြစ်မယ်,မဟုတ်ရင်စွမ်းအားအဆင့်၁ဘဲရှိသေးရုံနဲ့လူသတ်ကွင်းထဲဝင်မှာမဟုတ်ဘူး...."
------------
Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖💕