စွမ်းအားတွေအကုန်ကိုဘူးသီးထဲထည့်ပြီးအဲ့အချိန်မှာဘူးသီးကအစိမ်းရောင်အလင်းတောက်တွေနဲ့"ဟုန်းခနဲ"လုဟုန်းရှေ့မှာလူတစ်ကိုယ်စာလောက်ကြီးသွားတယ်။
စွမ်းအားလုံလောက်တဲ့အဆင့်မရောက်သေးဘဲနဲ့ဘူးသီးကိုကိုင်တွယ်တော့ဘူးသီးကထွက်ပေါ်လာတဲ့စွမ်းအားကသိပ်မငြိမ်ဘူး...... လုဟုန်းရဲ့ခန္ဓာကိုယ်လည်းအနောက်ဆုတ်သွားပြီး "ပြွတ်ခနဲ" သွေးတွေအန်ထွက်ကုန်ရော.... အဲ့ဒီစွမ်းအားကမုန့်ဟောက်ဆီရောက်တော့မဲ့အချိန်မှာမုန့်ဟောက်ကိုယ်ပေါ်ကပန်းရောင်အလင်းတန်းကလုဟုန်းရဲ့စွမ်းအားကိုတိုက်ထုတ်လိုက်သည်.. ပန်းရောင်အလင်းတန်းပျောက်ကွယ်သွားတာနဲ့မုန့်ဟောက်လက်ထဲမှာအက်ကွဲရာလေးရှိနေတဲ့နေတဲ့ပန်းရောင်ကျောက်စိမ်းလေးပေါ်လာတယ်.. မုန့်ဟောက်စိတ်ထဲမှာခုတကသူကျိန်းသေသေတော့မယ်ထင်နေတာ, တော်သေးတယ်သူ့ကိုရွှီအမပေးထားတဲ့ကျောက်စိမ်းပြားလေးရှိလို့,….
ဘူးသီးရဲ့စွမ်းအားပျောက်ကွယ်သွားတာနဲ့အမျှလုဟုန်းလည်းတော်တော်ကိုဒဏ်ရာရသွားတယ်...ချက်ချင်းမုန့်ဟောက်လုဟုန်းရှေ့ရောက်သွားပြီးဘူးသီးကိုဆွဲယူလိုက်တယ်
“ဒါအကိုဝမ်ပေးတဲ့ဟာမင်းယူလို့မရဘူး”
“ ဂိုဏ်းရဲ့စည်းကမ်းချက်အရကိုယ်လုရရင်ကိုယ့်ဟာဘဲလေ “
ပြောပြီးတာနဲ့မုန့်ဟောက်လုဟုန်းဆီတဖြည်းဖြည်းနီးလာတာတွေ့တော
့ “မင်းဘာ... ဘာလုပ်မလို့လဲ ? ဒါအဆင့်နိမ့်လူသတ်ကွင်း, မင်းဒီမှာလူသတ်ရင်ဂိုဏ်းစည်းကမ်းကိုချိုးဖောက်တာဘဲ “
“စိတ်ချ ငါဂိုဏ်းစည်းကမ်းကိုတော့ချိုးမဖောက်ဘူး ဒါပေမဲ့မင်းရဲ့စွမ်းအားတွေကိုတော့ငါဖျောက်ပစ်မယ်…”
ပြောပြီးတာနဲ့လုဟုန်းရဲ့တန်းထျိန်(ဗိုက် နေရာ=စွမ်းအားတွေကိုဖျက်စီးတယ်ဆိုရင်ထိုနေရာကလုပ်သည်) မှစွမ်းအားတွေကိုဖျက်ဆီးလိုက်တယ်.. “အား…………” လုဟုန်းရဲ့နာကျင်စွာအော်နေတဲ့အသံအောက်မှာဘဲသူဟာစွမ်းအားတစ်စက်မှမရှိတော့တဲ့လူတစ်ယောက်ဖြစ်သွားသည်…..
ဒီကိစ္စကြောင့်မုန့်ဟောက်ကိုဂိုဏ်းမှာမသိတဲ့လူမရှိသလောက်ပါဘဲ.။
အရှေ့တောင်- အရှေ့တောင်ဟာဂိုဏ်းရဲ့အကြီးဆုံးတောင်ဖြစ်သည်.. တောင်ရဲ့အောက်မှာမုန့်ဟောက်နေသလိုမျိုးဂူလေးတစ်ဂူရှိတယ်.. မုန့်ဟောက်နေတဲ့ဂူထက်တော့အများကြီးသာတာပေါ့, ဒီနေရာမှာနေတဲ့လူကတော့ ဝမ်ထိန်ဖိန်း ..
တစ်နေ့…..
လုဟုန်းဝမ်ထိန်ဖိန်းနေတဲ့နေရာသွားပြီးဟိုးတစ်နေ့ကဖြစ်ပျက်ခဲ့တာတွေကိုပြောပြလိုက်တယ်..
“ငါပေးတဲ့ကျောက်စိမ်းဘူးးသီးကိုလုသွားတယ်?,အဲ့ဒါဆိုလည်းဘူးသီးကိုပြန်တောင်းပြီး လက်တစ်ချေင်းခြေထောက်တစ်ချောင်းကိုဖြတ်ပြီးသူ့စွမ်းအားတွေကိုလည်းအကုန်ဖြတ်လိုက်, ပြီးရင်လူအများရှေ့မှာမင်းကိုတောင်းပန်ခိုင်းမယ်,ကျေနပ်ပြိလား?” ဝမ်ထိန်ဖိန်းကအမြဲအဲ့လိုပါဘဲ,အခုလည်းဒီလိုစကားပြောနေတာတောင်ပြုံးပြုံးနဲ့အေးဆေးဆေးဘဲ……
တစ်နေ့ညမှာမုန့်ဟောက်ဂူထဲမှာလေ့ကျင့်နေချိန်မှာဂူအပြင်ကနေ
"ငါရှန်းကွင်းဆုန်း, ဂူတံခါးကိုမြန်မြန်ဖွင့်,အမိန့်တော်ကြေညာစရာရှိတယ်"
မုန့်ဟောက်သိနေတယ်,ဘာကောင်းသတင်းမှမဟုတ်ဘူးဆိုတာ.. ဝမ်ထိန်ဖိန်းကိစ္စများလားဆိုပြီးတောင်တွေးမိသေတယ်
"ညနက်နေပြီမို့,ဂူတံခါးဖွင်းပေးဖို့အဆင်မပြေပါဘူး"
"တော်တော်စည်းကမ်းမရှိတဲ့ဟာဘဲ, မုန့်ဟောက် သူတပါးပစ္စည်းကိုလုယူပြီးအဆင့်၄ကျော်နေတာတောင်အဆင့်နိမ့်လူသတ်ကွင်းမှာအဆင်းနိမ့်ဂိုဏ်းသားကိုစွမ်းအားဖျက်ဆီးလိုက်တဲ့အတွက်မနက်ဖြန်မနက်စွမ်းအားဆေးလုံးဝေတဲ့နေ့မှာမင်းကိုလူအများရှေ့မှာခြေလက်တစ်ချောင်းဆီဖျက်ပြီးဒဏ်ပေးမယ်!!"
"ဂိုဏ်းရဲ့အမိန့်လား,အကိုဝမ်ထိန်ဖိန်းအမိန့်သက်သက်လား?"
"အကိုဝမ်ထိန်ဖိန်းရဲ့အမိန့်ကဂိုဏ်းအမိန့်ဘဲ" ပြောပြီးတာနဲ့ဂူအပြင်မှာဘာအသံမှမကြာတော့ဘူး..
မုန့်ဟောက်တော်တော်ကိုစိတ်ညစ်သွားတယ်
"ထင်တဲ့အတိုင်းပါဘဲ...ငါဘယ်လိုလုပ်ရမလဲ... ရွှီအမလည်းအခုဂူပိတ်ပီးလေ့ကျင့်နေတယ် (သိုင်းစွမ်းအားသမားတွေကဂူပိတ်ပြီးစွမ်းအားကိုအစာရေစာမသောက်စားဘဲလေ့ကျင့်တတ်သည်.., တစ်ချို့မှာရက်ပိုင်းနှင့်ပြီးသည်, တစ်ချို့မှာလပိုင်းကြာတတ်သည်) ထွက်ပြေးရမလား.....? မဖြစ်ပါဘူး , ထွက်ပြေးရင်ပိုဆိုးမှာ...."
မနက်ရောက်တော့ မုန့်ဟောက်ဂူထဲကထွက်တဲ့အခါဘေးကနေမနေ့ကရှန့်ကွင်းဆုန်းထွက်လာတယ်, မနေ့ညကသူအမိန့်ကြေညာပြီးတော့မပြန်သွားဘူး,မုန့်ဟောက်ထွက်ပြေးမလားဆိုပြီးစောင့်နေတာ..ထွက်ပြေးတာနဲ့မုန့်ဟောက်တော့မနေ့ကထဲကအသေဆိုးနဲ့သေနေတာကြာပြီ.
ပြီးနောက်သူမုန့်ဟောက်ကိုစွမ်းအားဝေငှတဲ့ဟင်းလင်းပြင်ကိုခေါ်သွားလိုက်တယ်...
မုန့်ဟောက်တို့ရောက်တော့ဟင်းလင်းပြင်မှာလူတွေစုံနေကြပြီ, ဝမ်ထိန်ဖိန်းလည်းရောက်နေပြီ,
သူ့ကိုကြည့်ရတာအမြဲအဖြူဝတ်စုံလေးနဲ့ဆိုတော့ရုပ်ရည်ကလည်းအလွန်ချောမောလှပတဲ့အတွက်လူတိုင်းကသူ့ကိုလေးစားခင်မင်ကြတယ်, အခုလည်းသူကဂိုဏ်းသားတွေကိုပြုံးပြုံးလေးနဲ့ခင်မင်ရင်းနှီးစွာနဲ့စကားတွေပြောနေတယ်.... ဂိုဏ်းဆရာတွေတောင်သူ့ကိုချီးကျူးတဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်....
ထိုအချိန်မှာဝမ်ထိန်ဖိန်းပါးစပ်ကနေ
"ပြန်ပေး....." လို့ပြောတာကြားတော့အကုန်ငြိမ်သွားကြတယ်.. သူ့ရဲ့အကြည့်ကလည်းမုန့်ဟောက်ပေါ်ရောက်နေသည်.....
"ဂိုဏ်းစည်းကမ်းချက်အရကိုယ်လုရရင်ကိုယ့်ဟာဘဲ!!"
မုန့်ဟောက်မနေ့ကစကားကိုထပ်ပြောလိုက်တယ် , အလယ်မှာတစ်ယောက်ထဲဖြစ်နေတဲ့မုန့်ဟောက်ကအထီးကျန်နေပေမဲ့လည်းမားမားမတ်မတ်ရပ်တည်နေတယ်....
"ငါပေးတဲ့ပစ္စည်းကလူတစ်ယောက်ကိုပေးလိုက်ပြီဆိုတာနဲ့ငါ့ခွင့်ပြုချက်မရဘဲဘယ်သူမှလုယူလို့မရဘူး"
ဝမ်ထိန်ဖိန်းပြောပြီးတာနဲ့မုန့်ဟောက်ကိုလက်ညိုးတစ်ချောင်းထိုးလိုက်တယ်,အဲ့ချိန်မှာမုန့်ဟောက်အပေါ်ကြီးမားတဲ့စွမ်းမားတစ်ခုရောက်ရှိလာပြီးမုန့်ဟောက်အရိုးတွေကြွေမွလောက်အောင်နာသော်လည်းမုန့်ဟောက်လက်သီးကိုကျပ်ကျပ်ဆုတ်ပြီးတောင့်ခံနေလိုက်တယ်....
နောက်တစ်ချက်ထပ်ထိုးတော့မုန့်ဟောက်ရင်ဘတ်ကအကျီဆုတ်ပြတ်သွားပြီးသူ့လည်ပင်းကကျောက်စိမ်းဘူးသီးလေးဝမ်ထိန်ဖိန်းလက်ထဲရောက်သွားသည်..
နောက်တစ်ချက်...ဒီတစ်ချက်ကတော့မုန့်ဟောက်စွမ်အားကိုဖျက်ဆီးတော့မှာဖြစ်တယ်,ထိုချိန်မှာပန်းရောင်အလင်းတန်းလေးမုန့်ဟောက်ကိုကာကွယ်ထားသော်လည်းဝမ်ထိန်ဖိန်းရဲ့စွမ်းအားကြောင့်ထိုအလင်းတန်းလည်းပျောက်ပျယ်သွားပြီးပန်းရောင်ကျောက်စိမ်းလေးလည်းအစိတ်စိတ်အမွှာမွှာဖြစ်သွားတော့တယ်....
"ငါမုန့်ဟောက်ဒီခါတစ်ကယ်သေရတော့မှာလား....."
ဝမ်ထိန်ဖိန်းထိုးလိုက်တဲ့စွမ်းအားမုန့်ဟောက်ဆီရောက်တော့မဲ့အချိန်မှာဘဲ သူ့ထက်အဆင့်မြင့်တဲ့စွမ်းအားတစ်ခုမုန့်ဟောက်ကိုကာကွယ်လိုက်တယ်, ထိုအချိန်မှာမုန့်ဟောက်ဘေးမှာအဘိုးအိုတစ်ယောက်ပေါ်လာတယ်.... အဘိုးအိုကိုကြည့်ရတာသြဇာအပြည့်မရှိပေမဲ့သူ့ခန္ဓာကိုယ်ကတော်တော်ကိုတောင့်တင်းတယ်...
-------------
ဒီနေ့တော့ခါတိုင်းရဲ့နှစ်ပိုင်းစာကိုပေါင်းပြီးတင်ပေးလိုက်တယ်နော်,နောက်နေ့တွေဆိုဒီလိုမျိုးအရှည်ကြီးကိုနှစ်ပိုင်းဆီတင်ပေးသွားမယ်နော်, 😍💓 အဲ့ဒါကြောင့် Authorအားတက်သွားအောင် ratingလေးတွေပေးပေးကြပါလို့😢💖
Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖💕