ရွှီအမနဲ့ဝိုက်ကျုံးမှာတစ်ပတ်လောက်ပတ်လိုက်တော့မနေ့ကအဆင့်နိမ့်လူသတ်နယ်မြေမှာမုန့်ဟောက်စွမ်းအားထုတ်တာကြုံတွေ့ဖူးတဲ့လူတော်တော်များများ,မုန့်ဟောက်ကိုရွှီအမနဲ့ထပ်တွေ့တော့ဒီလူဘယ်သူများလည်းဆိုပြီးထူးဆန်းကြောက်ရွံ့ကြတယ်.. အဆင့်မြင့်တဲ့လူတွေကမနေ့ကနယ်မြေမှာဖြစ်ပျက်ခဲ့တာကိုမသိခဲ့ပေမဲဲ့ဒီလူကထိလို့ရတာမဟုတ်ဘူးဆိုတာသိကြတယ်...
မုန့်ဟောက်ဒီလအတောအတွင်းမှာလူသိတော်တော်များလာတယ်ဆိုတာသူ့ကိုယ်သူတောင်မသိဘူး....
ညတော်တော်နက်နေပေမဲ့ဒီလိုမျိုးရွှီအမနဲ့တူတူသွားရတဲ့အခွင့်အရေးကကြုံခဲတယ်ဆိုတာမုန့်ဟောက်သိတဲ့အတွက်ရွှီအမကိုဆေးလုံးအရောင်းဆိုင်ခေါ်သွားလိုက်တယ်, ဆေးလုံးရောင်းဦးလေးကြီးရဲ့အားကျတဲ့မျက်ဝန်းအောက်မှာဆေးလုံးတော်တော်များများကိုစွမ်းအားဆေးလုံးနည်းနည်းလေးနဲ့ဝယ်ခဲ့တယ်.....
ဆေးလုံးအရောင်းဆိုင်ကထွက်လာပြီးနောက်........
ရွှီအမပြန်သွားတဲ့နောက်ကျောကိုကြည့်ပြီး
"တကယ်တမ်းကြည့်ရင်ရွှီအမလည်းတော်တော်ချောတာဘဲ,နတ်သမီးကျနေတာဘဲ,အကျင့်အေးတာကလွဲလို့ပေါ့,မဟုတ်ရင်မိန်းမတော်လို့ရတယ်" မုန့်ဟောက်ခဏလေးစိတ်ကူးယဉ်ပြီးအတွေးတွေကိုခါထုတ်လိုက်တယ်, "အဟန့်အဟန့်.. " တစ်လမ်းလုံးမျက်နှာနီနီနဲ့ဂူထဲပြန်သွားသည်....
နောက်နေ့မနက်ရောက်တော့မုန့်ဟောက်စိတ်အားထက်သန်စွာနဲ့လူသတ်နယ်မြေထဲသွားလိုက်တယ်..
" အခုအရေးကြီးဆုံးကစွမ်းအားကျောက်တုံးများများရဖို့ရယ်ဓာတ်လုံးကောင်းကောင်းလေးတစ်လုံးရှာဖို့ရယ်ဘဲ, အဲ့ဒါဆိုအဆင့်၅ကိုတန်းတက်လို့ရပြီ... လေပေါ်သိုင်းအတတ်...." ဝမ်ထိန်ဖိန်းရဲ့လေပေါ်မှာလမ်းလျှောက်တာကိုပြန်တွေးပြီးမုန့်ဟောက်တော်တော်ကိုစိတ်လှုပ်ရှားနေတာ...
မနေ့ကလိုဘဲကျောက်တုံးကြီးပေါ်မှာထိုင်,အလံစိုက်ပြီးပစ်မှတ်ကိုလိုက်ရှာနေတော့တာဘဲ..
အချိန်အနည်းငယ်ကြတော့ခန္ဓာကိုယ်ထွားထွားနဲ့လူကြီးတစ်ယောက်နယ်မြေထဲဝင်လာတယ်.,
ဒီလူကချောင်ရမ်, စွမ်းအားအဆင့်၂ထိပ်ဆုံး,အဆင့်၃ရောက်ဖို့နည်းနည်းဘဲလိုတော့တယ်,သူ့အကိုဝမ်းကွဲလုဟုန်းကဒီလူသတ်နယ်မြေမှာပထမဆုံးလူ, အဲ့တော့သူကလည်းဒီနေရာကိုသူ့အိမ်အနောက်ခြံလိုဘဲလုပ်ချင်သလိုလုပ်နေတာ...
ကျောက်တုံးကြီးပေါ်မှာအလံစိုက်ထိုင်နေတဲ့မုန့်ဟောက်ကိုသူသွားသတိထားမိတယ်..
မုန့်ဟောက်လည်းချောင်ရမ်ကသူ့ဆီကိုခပ်ကြမ်းကြမ်းအကြည့်နဲ့ကြည့်လာတာတွေ့တော့ ပညာသင်သားလိုအားနွဲ့နွဲ့ပုံစံလေးနဲ့စကားဖွင့်ပြောလိုက်သည်
"အကို,ဘာဆေးလုံးအလိုရှိလဲ?ကျွန်တော့်ဆီမှာဆေးလုံးအစုံရတယ်နော်"
ချောင်ရမ်ကမုန့်ဟောက်ရဲ့စွမ်းအားအဆင့်ဘယ်လောက်ရောက်နေပြီဆိုတာသူကြည့်လို့မရဘူး, အဆင့်၅အောက်တွေဆိုကိုယ်တိုင်စွမ်းအားအငွေ့ထုတ်တာကလွဲလို့ပြင်ပလူကခန့်မှန်းလို့မရဘူး..... ဒါပေမဲ့မုန့်ဟောက်ပုံကိုကြည့်ပြီးသူ့ထက်နိမ့်ပါတယ်လို့သူယုံကြည်နေတယ်..
"ဘာ , ငါကဝယ်ရမယ်, ငါချောင်ရမ်ဆိုတာဘယ်သူလည်းမင်းမသိဘူးလား, အလိုက်သိရင်မင်းအိတ်ထဲကဆေးလုံးတွေနဲ့စွမ်းအားကျောက်တုံးတွေငါ့ကိုပေး,မဟုတ်ရင်မင်းလည်ပင်းကိုလိမ်ချိုးပစ်လိုက်မယ်!!"
"အကိုကလည်းအခုထိတစ်လုံးမှမရောင်းရသေးဘူး,အကိုဝယ်မယ်ဆိုဈေးဦးပေါက်အနေနဲ့လျော့ပေးမယ်လေ"
"ဒီကောင်သေချင်နေပြီနဲ့တူတယ်" ပြောပြီးတာနဲ့ချောင်ရမ်ကျောက်တုံးပေါ်မှာထိုင်နေတဲ့မုန့်ဟောက်ကိုဆွဲဖမ်းရန်ပြုလာသည်..
"လူကိုအရမ်းအနိုင်မကျင့်နဲ့" မုန့်ဟောက်လည်းပြုံးစိစိမျက်နှာမဟုတ်တော့ဘဲချက်ချင်းလက်တစ်ချက်စွမ်းအားအပြည့်နဲ့ချောင်ရမ်ကိုရိုက်ထုတ်လိုက်တယ်... သွေးတွေချောင်ရမ်ပါးစပ်ထဲကထွက်လာပြီးသူ့တစ်ကိုယ်လုံးအဝေးကိုလွှင့်ထွက်သွားတယ်, ဘာဖြစ်သွားမှန်းတောင်သူသတိမရသေးဘူးမုန့်ဟောက်ကသူ့ကိုယ်ပေါ်ရောက်နေပြီ
"လူတွေကိုထင်သလိုအနိုင်မကျင့်ပါနဲ့ဆို!!"
ပြောရင်းခြေထောက်ကချောင်ရမ်ကိုကောင်းကောင်းနင်းခြေတော့တာဘဲ, သူ့ထက်စွမ်းအားနိမ့်တဲ့ချောင်ရမ်ကဘယ်ခံနိုင်မလဲ... ချက်ချင်းကောင်းနေတဲ့လက်တစ်ဖက်နဲ့စွမ်းအားကျောက်တုံးတွေကိုမြင့်မြင့်မြောက်ပြီး
"ငါဝယ်မယ်...ဝယ်မယ်.."
မုန့်ဟောက်မကြားမှာကိုစိုးပြီးပါးစပ်မှာလည်းသွေးတွေနဲ့အကျယ်ကြီးအော်ပြောလိုက်တယ်..
မုန့်ဟောက်ရဲ့အမူအရာကချက်ချင်းပြောင်းလဲသွားပြီးသူ့ခြေထောက်အောက်ကချောင်ရမ်ကိုထူပြီး "ကြိုပြောလေ" သူ့အကျီပေါ်ကခြေရာတွေကိုတောင်ခါပေးလိုက်တယ်...
အရိုးပြေဆေးလုံးတစ်လုံးကိုပြုံးစိစိနဲ့ချောင်ရမ်လက်ထဲအပ်လိုက်သည်...
ချောင်ရမ်စိတ်ထဲမှာတော့မုန့်ဟောက်ရဲ့ပြုံးစိစိပုံစံကိုကြည့်ပြီးခုနကသူ့ကိုနင်းခြေတုန်းကနဲ့အမူအရာကိုပြန်စဉ်းစားမိတဲ့အခါမုန့်ဟောက်ကိုတော်တော်ကြောက်နေပြီီ.....
-----------------
Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖💕