book

Index 14

chapter 14

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

ထိုမြင်ကွင်းကိုကျန်တဲ့လူတွေတွေ့တော့တော်တော်ကိုလန့်သွားကြသည်. မုန့်ဟောက်လည်းပြုံးစိစိနဲ့ခုနကသူရိုက်လိုက်တဲ့လူရဲ့ပစ္စည်းထည့်အိတ်ကိုယူလိုက်တယ်..

အဲ့ချိန်ကစပြီးဂုန်းတစ်ခုလုံးမှာသတ်ဖြတ်တဲ့နေရာရှိတာနဲ့မုန့်ဟောက်အရိပ်အရောင်ရှိတော့ဘဲ..


လူနှစ်ယောက်သတ်ဖြတ်နေတာတွေ့တာနဲ့မုန့်ဟောက်တစ်ယောက်အဲ့နားသွားပြီးအလံကိုစိုက် , တစ်ချိန်လုံး

 "ဟာအကို,အကိုလက်မောင်းကဒဏ်ရာတော်တော်ဆိုးရွားနေပြီနော်,ကျွန်တော့်ဆီကဆေးလုံးလေးဝယ်ပါဦး,စွမ်းအားကျောက်တုံးသို့မဟုတ်စွမ်းအားဆေးလုံးတစ်လုံးနဲ့လဲလှယ်လို့ရတယ်နော်,တန်မှတန်​"


"အကိုအကို!!အကိုရှံးတော့မှာဘဲ,ကျွန်တော့်ဆီမှာတက်ကြွစေတဲ့ဆေးလုံးရှိတယ်နော်,ချကိချင်းလန်းသွားပြီးအနိုင်ရစေရမယ်"


"ဒီအကို!!!ဟုတ်ပါတယ်အကို့ကိုပြောတာ.. သွေးတိတ်ဆေးလုံးတစ်လုံးဝယ်လိုက်ပါ,မဟုတ်ရင်အကိုတော့သေတော့မှာ!!"​


သတ်ဖြတ်တဲ့လူတွေ့တာနဲ့ပွစိပွစိနဲ့ဆေးလုံးလိုက်ရောင်းနေတော့တာဘဲ...

ဒီလိုနဲ့လူတဖြည်းဖြည်းနည်းသွားပြီ, ချတာမနိုင်လို့လားမုန့်ဟောက်ကိုကြောက်တာလားတော့မသိ..အကုန်ပြန်ကုန်ကြပြီ....

မုန့်ဟောက်လည်းဖောင်းကားနေတဲ့သူ့ရဲ့ပစ္စည်းထည့်အိတ်ကိုကြည့်ပြီးအားရကျေနပ်စွာနဲ့ပြန်လိုက်သည်....​


ဂူထဲပြန်ရောက်တော့ဒီနေ့ရလာတဲ့စွမ်းအားကျောက်တုံးနဲ့စွမ်းအားဆေးလုံးတွေကိုအားပါးတရထိုင်ရီလိုက်တယ်..

"....၃၄,၃၅ စွမ်းအားကျောက်တုံး၃၅တုံး, မဆိုးပါဘူး, တခြားလူတွေကိုသတ်စရာလည်းမလိုဘူး ,စွမ်းအားကျောက်တုံးလည်းအများကြီးရတယ်.., မဆိုးဘူးမဆိုးဘူး.... ပြီးရင်ဆိုင်မှာဆေးလုံးတွေထပ်သွားဝယ်ဦးမှ" 

ပြီးနောက်သူများဆီကဘတ်လာတဲ့ပစ္စည်းထည့်အိတ်ကိုသူ​ထုတ်ကြည့်လိုက်သည်..

အထဲမှာစွမ်းအားကျောက်တုံးတွေ,စွမ်းအားဆေးလုံးရယ်ပန်းရောင်ဆေးလုံးလေးတစ်လုံးရှိတယ်...

"ကျွတ်ကျွတ်ကျွတ်....ဒါကရုပ်ဆင်းအသွင်လှစေတဲ့ဆေးလုံးဘဲ,စွမ်းအားဆေးလုံး၁၀လုံးမှဝယ်လို့ရတဲ့ဟာကြီး,ငါသုံးလိုက်ရင်တော်တော်နှမြောဖို့ကောင်း​မှာ..." 

​ဒီအိတ်ရဲ့ပိုင်ရှင်ကကောင်မလေးတွေကိုသွားဖားဖို့ဒီဆေးလုံးကိုဝယ်ခဲ့တာလားလို့မုန့်ဟောက်စဉ်းစားနေချိန်မှာဘဲ,ဂူတံခါးကြီးကဖြည်းဖြည်းပွင့်သွားသည်...


မုန့်ဟောက်လည်းကြောင်နေတုန်းအပြင်ကနေငွေရောင်ဝတ်စုံနဲ့အလွန်ချောမောလှပပေမဲ့မျက်နာှအမူအရာမရှိ,ခပ်အေးအေးနဲ့မိန်းမပျိုလေးတစ်ဦးဝင်လာသည်... မြန်လွန်းလို့ခုနကထုတ်ရီထားတဲ့စွမ်းအားကျောက်တုံးတွေကိုသိမ်းဖို့တောင်အချိန်မရလိုက်ဘူး..


"ရွှီအမ..?မတွေ့တာတောင်ကြာပြီ!ဒီနေ့ဘယ်လိုလုပ်အချိန်ရှိပြီးကျွန်တော့်ဆီလာလည်တာတုန်း?" 


"ငါဒီနေ့ဒီကိုလမ်းကြုံတာနင့်ဆီဝင်ခဲ့လိုက်တာ" ပြောပြီးတာနဲ့ရွှီအမထွက်သွားတော့မှာတွေ့တော့မုန့်ဟောက်လည်းချက်ချင်းစွမ်းအားကျောက်တုံးတွေကိုကောက်သိမ်းပြီး

"အမနေပါဦး,လာပြီးချက်ချင်းသွားတော့မလို့လား,ခဏလောက်ထိုင်ပါဦး" ဆိုပြီးခပ်မြန်မြန်တားလိုက်သည်..


ရွှီအမကခပ်အေးအေးဆိုပေမဲ့စိတ်ကောင်းရှိတယ်ဆိုတာမုန့်ဟောက်ကသိတယ်, အဲ့ချိန်မှာခုနကပန်းရောင်ဆေးလုံးလေးကိုမုန့်ဟောက်ထုတ်လိုက်တယ်..

"ဒီဆေးလုံးလေးကကျွန်တော်စွမ်းအားဆေးလုံးအများကြီးနဲ့သွားလဲလာတဲ့ဆေးလုံးလေးပါ, ရွှီအမကိုပေးဖို့သွားလဲလာတာပါ.."


 "နင်ကဉာဏ်ကောင်းတယ်ဆိုပေမဲ့,စွမ်းအားဆေးလုံးတွေကအဆင့်၅အထိအရမ်းအရေးပါတယ်,နောက်ဆိုအဲ့လိုတွေသွားမလဲနဲ့,ဒီတစ်ခါတော့ငါယူလိုက်မယ်" 


"ဟုတ်ခဲ့ပါအမ, ဒါနဲ့ကျွန်တော်အမကိုလိုက်ပို့ပါရစေ,အချိန်တော်တော်ကြာမတွေ့ဖြစ်တာနဲ့,ကျွန်တော်လည်းစွမ်းအားလေ့ကျင့်မှုနဲ့ပတ်သက်ပြီးမေးစရာလေးရှိလို့ပါ"


မုန့်ဟောက်စဉ်းစားတာကဒီလို,ရွှီအမလိုတကယ့်တော်တဲ့လူနဲ့အတူတူသွားမယ်ဆိုရင်တခြားလူတွေတွေ့တော့သူ့ကိုရှိန်သွားမယ်ပေါ့......

ရွှီအမလည်းတစ်ခါမှယောကျာ်းလေးတွေနဲ့လမ်းမှာအတူတူမသွားဖူးဘူး,ငြင်းမလို့ရှိတုန်းမုန့်ဟောက်ရဲ့အနောက်ကစကားကိုကြားတာနဲ့ခုနကသူဆေးလုံးပေးတုန်းကရှက်နေတဲ့မျက်နှာလေးကိုသွားစဉ်းစားမိပြီးခေါင်းညိတ်လိုက်တယ်....


လရောင်ကမုန့်ဟောက်တို့အရိပ်တဖြည်းဖြည်းဝေးသွားတာနဲ့မြေကြီးပေါ်ကျလာတယ်....ထိုမြင်ကွင်းကိုတောင်ထိပ်ပေါ်ကအဘိုးအိုကြီးတစ်ယောက်တွေ့တော့ 

"ဟား,ဟားဟား..., ဒီကောင်မဆိုးဘူးဘဲ, (ခေါက်ရှန်း)အားကိုးစရာရှာရမှန်းသိတယ်,အားကိုးစရာလူနဲ့ဘယ်လိုဆက်ဆံရေးမပြတ်အောင်ထိန်းသိမ်းရမယ်ဆိုတာလည်းသိတယ်, ငါတို့ခေါက်ရှန်းဂိုဏ်းရဲ့သဘောထားကိုကောင်းကောင်းနားလည်တာဘဲ" 

အဘိုးအိုကတော့အရင်ကမုန့်ဟောက်ကိုဟက်လင်ဆေးလုံးပေးတဲ့လူဖြစ်ပါတယ်.....

             -----------

Ps:ratingပေးတဲ့အခါကြယ်ပွင့်လေး၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်..💓 ဖတ်ရှုလို့ကြိုက်နှစ်သက်တယ်ဆိုရင် buy a cup of coffee for authorကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်...💖💕


rate now:

1 Reviews
  • reader Wai lin ko 21.10.2019, 12:10 5

    waitting new chapter😍

    reply