နောက်နေ့မနက်ရောက်တော့မုန့်ဟောက်ဂူထဲကထွက်ပြီးမနေ့ကပစ္စည်းတွေကိုယူပြီးအဆင့်နိမ့်လူသတ်နယ်မြေထဲတန်းသွားလိုက်သည်..
(အဆင့်နိမ့်လူသတ်နယ်မြေဆိုတာစွမ်းအားအဆင့်၃ထိရှိတဲ့လူတွေဘဲဝင်လို့ရတာ,အဆင့်၄နှင့်၄အထက်သမားတွေဝင်လို့မရပါ)
မနက်ပိုင်းဖြစ်တာတောင်လူသတ်နယ်မြေထဲမှာလူတွေအများကြီးသတ်ဖြတ်လုယက်နေကြဆဲဖြစ်တယ်.... မုန့်ဟောက်အဲ့လူတွေကိုဂရုမစိုက်ဘဲဂုန်းပေါ်ကဟင်းလင်းပြင်ရဲ့ကျောက်တုံးကြီးတစ်ခုပေါ်မှာတမင်ခွေထိုင်နေလိုက်တယ်..
သတ်ဖြတ်နေကြတဲ့လူတွေကလည်းမုန့်ဟောက်ရဲ့ဒီလိုအမူအရာကိုကြည့်ပြီးထူးဆန်းကြတယ်,မုန့်ဟောက်ကိုလုယက်သတ်ဖြတ်ဖို့လူတွေတဖြည်းဖြည်းနဲ့များလာတယ်..
ဒါပေမဲ့မုန့်ဟောက်ခန္ဓာကိုယ်ကထွက်တဲ့စွမ်းအားအငွေ့တွေကိုကြည့်ပြီးနောက်ဆုတ်သွားကြသည်...
သူ့နားမှာလူတဖြည်းဖြည်းစုလာတာကိုမုန့်ဟောက်တွေ့တော့, မနေ့ကရေးထားတဲ့ပိတ်စကိုသစ်ကိုင်းပေါ်မှာပတ်ပြီးမြေပေါ်မှာစိုက်လိုက်တယ်...လေတိုက်တဲ့အခါပိတ်စကလွင့်တော့အလံအတိုင်းပါဘဲ, ပိတ်စအပေါ်မှာ "ဆေးလုံးအရောင်းဆိုင်ခွဲ" ဆိုတဲ့စာဖြစ်သည်...
"ဘာကြီးလဲ?"
"ဝိုက်ကျုံးနားကဆိုင်ရဲ့ပိုင်ရှင်ရဲ့တပည့်များလာရောင်းတာလား?"
သတ်နေကြတဲ့လူတွေလည်းအံ့သြကုန်ကြရော....
သူတို့တီးတီးတိုးတိုးပြောနေချိန်မှာမုန့်ဟောက်ကသူနဲ့မလှမ်းမဝေးမှာသတ်ဖြတ်နေကြတဲ့လူနှစ်ယောက်ကိုသွားသတိထားမိလိုက်တယ်, နှစ်ယောက်ထဲကတစ်ယောက်ကတော့တစ်ဖက်သားရဲ့ဓားအစွမ်းကြောင့်ပုခုံးမှာလည်းသွေးတွေနဲ့......
"ဟိုအကို....!! , ဟုတ်ပါတယ်အကို့ကိုပြောတာ"
မုန့်ဟောက်ဒဏ်ရာရနေတဲ့လူကိုလှမ်းအော်လိုက်သည်....
"ကျွန်တော့်မှာသွေးချက်ချင်းတိတ်တဲ့ဆေးလုံးရှိတယ်နော်... တစ်လုံးမှစွမ်းအားကျောက်တုံးတစ်တုံးထဲ!!"
"မင်းပါးစပ်ပိတ်! ဝိုက်ကျုံးကဆိုင်ကအရမ်းဘက်တယ်စွမ်းအားကျောက်တုံးတစ်တုံးဆိုဆေးလုံး၃လုံးထဲ,မင်းကပိုဆိုးနေတယ်!!!!"
ဒဏ်ရာရနေပေမဲ့လည်းမုန့်ဟောက်ပြောတာကြားတော့သူ့ခမျာပိုပြီးဒေါသထွက်သွားတယ်....
"ဟာ...အကိုကလည်းအကိုအနိုင်ရသွားရင်စွမ်းအားကျောက်တုံးတွေကိုသူများဆီကပြန်ယူလို့ရတယ်လေ.. အကိုအခုဝယ်တာကဆေးလုံးမဟုတ်ဘူး,အကို့အသက်ဗျ...."
ဒဏ်ရနေတဲ့လူလည်းအဲ့စကားကိုကြားတော့...
"ပြီးရော!ငါ့ကိုသွေးတိတ်ဆေးလုံးတစ်လုံးပေး"
လက်ကပစ္စည်းထည့်အိတ်ကိုရိုက်ပြီးသူ့အိတ်ထဲကစွမ်းအားကျောက်တုံးမုန့်ဟောက်လက်ထဲရောက်သွားတယ်,မုန့်ဟောက်လည်းဆေးလုံးကိုသူ့ဆီပစ်ပေးလိုက်သည်, ဆေးလုံးကထိုလူပါးစပ်ထဲမဝင်ဘဲဒဏ်ရာရနေတဲ့ပုခုံးပေါ်သွားကျပြီးအနာထံစိမ့်ဝင်သွားတယ်..
ချက်ချင်းဘဲထိုလူရဲ့ပုခုံးသွေးတွေချက်ချင်းတိတ်သွားသည်,သူ့ရဲ့သိုင်းအစွမ်းမှာလည်းနဂိုအတိုင်းပြန်ဖြစ်သွားသည်... တဖြည်းဖြည်းနဲ့တစ်ဖက်သားလူကရှံးတော့မှာကိုမုန့်ဟောက်မြင်တော့
"ဟိုအကို,ဟိုအကို,ကျွန်တော့မှာသွေးတိတ်ဆေးလုံးနဲ့အမောပြေဆေးလုံးကျန်သေးတယ်,ယူမယ်ဆိုစွမ်းအားဆေးလုံးတစ်လုံးထဲနဲ့ယူသွားလေ,အခုသာအကုန်ခံပြီးသူ့ကိုသတ်ပြီးမှစွမ်းအားကျောက်တုံးကိုပြန်ယူပေါ့"
"နင်....!!" ခုနကမုန့်ဟောက်ဆီကဝယ်တဲ့ဒဏ်ရာရတဲ့လူကမုန့်ဟောက်အခုလိုပြောတော့ဒေါသထွက်သွားတယ်,ဒါပေမဲ့သူဆက်ပြောလိုက်သည်
"သူမယူရင်ငါယူမယ်"
မုန့်ဟောက်;"အကိုရေ,သူယူမှာတဲ့နော်"
တစ်ဖက်သားလူ;
"ငါယူမယ်ငါစွမ်းအားကျောက်တုံး၃တုံးအေးမယ်!!"
မုန့်ဟောက်: "ဒီအကို့ကိုပေးလိုက်မယ်နော်!"
ဒဏ်ရာရတဲ့သူ;"မရဘူးငါယူမယ်၅တုံးပေးမယ်!!"
တစ်ဖက်သားလူ; "၆တုံးပေးမယ်!!"
မုန့်ဟောက်; "၆တုံးတဲ့၇တုံးပေးရင်ရောင်းမယ်နော်!!"
"နင်ပါးစပ်ပိတ်တော့!!သူ့ကိုမသတ်ခင်နင့်ကိူအရင်သတ်မယ်!!"
တစ်ဖက်သားလူကမုန့်ဟောက်ဒီလိုအော်နေတာတွေကြားပြီးတော်တော်ပေါက်ကွဲသွားတယ်.., သူ့ကြောင့်သာမဟုတ်ရင်ဒီကောင်ကိုသတ်ပြီးတာကြာပြီ.....
မုန့်ဟောက်ဆီလှည့်လာတော့အခုဆိုစွမ်းအားအဆင့်၃ထိပ်ဆုံးရောက်နေတဲ့မုန့်ဟောက်ကဘယ်အငြိမ်ခံမလဲ, သူ့ဆီလှည့်လာတဲ့လူကိုလက်ထဲကစွမ်းအားအပြည့်နဲ့ပါးတစ်ချက်ရိုက်လိုက်တာ,ဟိုလူမှာ "ဗုန်းခနဲ" အဝေးကိုလွင့်ထွက်သွားတယ်, သူ့ကိုယ်လုံးအပေါ်မှာမုန့်ဟောက်ရဲ့စွမ်းအားတွေဖိနေတော့ထလို့မရဘူး, အဲ့ချိန်မှာမုန့်ဟောက်လည်းသူ့အိတ်ထဲကစွမ်းအားကျောက်တုံး၆လုံးကိုယူလိုက်တယ်....ခပ်တည်တည်နဲ့
"အကိုခုနကပြောတာ၆တုံးနော်.."
------------
Ps:ratingပေးတဲ့အခါကြယ်၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ်,💓 ကြိုက်နှစ်သက်ရင် buy a cup of coffee for meကိုနှိပ်ခြင်းဖြင့် donationပြုလုပ်နိုင်ပါတယ်နော်💖💕