book

Index 12

chapter 12

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

ဝတုတ်လေးအိပ်လို့ဝသွားပြီးနိုးလာတော့မုန့်ဟောက်ကိုတွေ့တော့ 

"မုန့်ဟောက်! မတွေ့တာတောင်ကြာပြီနင်ကငါ့ကိုလာပြီးတောင်မတွေ့ဘူး,ငါ့မှာမျှော်နေလိုက်ရတာ..."

 သနားကမားလေသံလေးနဲ့ဝတုတ်လေးပြောလိုက်တယ်


"ငါလည်းမအားလို့ပါ....ကြည့်နင့်အတွက်ကြက်နှစ်ကောင်ငါယူလာပေးတယ်!"

 မုန့်ဟောက်လက်ထဲကကြက်ကိုမြှောက်ပြီးလှုပ်ပြလိုက်တယ်...


ဝတုတ်လေးလဲတော်တော်ပျော်သွားပြီးမုန့်ဟောက်နဲ့အတူကြက်ထိုင်ကင်နေလိုက်တယ်, အရင်တုန်းကအချိန်တွေကိုရောက်သွားသလိုပါဘဲ....


"ဒါနဲ့နင်စွမ်းအားလေ့ကျင့်တဘယ်လိုလဲ?"

 ပလုတ်ပလောင်းစားနေတဲ့ဝတုတ်လေးကိုကြည့်ပြီးမုန့်ဟောက်စိတ်ပူတဲ့လေသံနဲ့မေးလိုက်တယ်


"ထူးဆန်းတယ်...ငါစွမ်းအားကိုနေ့တိုင်းလေ့ကျင့်တယ်ဒါပေမဲ့စွမ်းအားကိုတစ်စက်မှမခံစားရဘူး,ဒါပေမဲ့ တစ်နေ့တစ်နေ့သွားကပိုပိုပြီးရှည်ထွက်လာတယ်,ငါ့လျှာဆိုနာလိုက်တာနေ့တိုင်း"


 ​ဝတုတ်လေးလည်းစဉ်းစားမရဖြစ်နေတယ်


"ပြစမ်းငါကြည့်ပေးမယ်​"

ဝတုတ်လေးရဲ့ပါးစပ်ကိုဖြဲပြီးမုန့်ဟောက်သေချာကြည့်လိုက်တယ်.....

အင်??ဝတုတ်လးရဲ့သွားမှာစွမ်းအားတွေသွားစုတာကိုမုန့်ဟောက်တွေ့တော့တော်တော်ထူးဆန်းသွားတယ်....ဒါစွမ်းအားရှိတဲ့သွားဘဲ.....နောက်ဆိုဝတုတ်လေးဒီသွားကိုကောင်းကောင်းအသုံးချရင်သူ့အတွက်တော်တော်ကောင်းတဲ့လက်နက်ဖြစ်မှာ....


"ဟုတ်ပြီအဲ့ဒါဆိုလည်းငါပြန်တော့မယ်,နင်လည်းသေချာဂရုစိုက်,ရော့ဒါနင့်အတွက်စွမ်းအားဆေးလုံး"


ပြောပြီးတာနဲ့ဝတုတ်လေးပါးစပ်ထဲကိုစွမ်းအားဆေးလုံးပစ်ထည့်လိုက်တယ်...

ဝတုတ်လေးလည်းမုန့်ဟောက်ထွက်သွားတဲ့နောက်ကျောကိုကြည့်ပြီး,သူလည်းမုန့်ဟောက်နဲ့တူတူစွမ်အားလေ့ကျင့်ဖို့စွမ်းအားအဆင့်၁ရောက်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်လိုက်တယ်....


မုန့်ဟောက်ဂူကိုပြန်တဲ့မြောက်ဘက်တောင်လမ်းမှာဂုန်းကျယ်တစ်ခုကိုသွားတွေ့တယ်,သူ့ရဲ့အရှေ့မှာကျောက်တိုင်တစ်တိုင်ထောင်ထားတယ်ကျောက်တိုင်ကနီနီရဲရဲနဲ့မသိရင်သွေးနဲ့လုပ်ထားသလိုပါဘဲ, "အဆင့်နှိပ်လူသတ်နယ်မြေ" ဆိုပြီးရေးထာတယ်....


ဂုန်းပေါ်မှာလူတွေသတ်ဖြတ်နေကြတယ်,အော်သံတွေ......သွေးတွေ.....ခုတ်ဖြတ်သံတွေနဲ့....


 "စွမ်းအားကျောက်တုံးနဲ့ဆေးလုံးနဲ့ယှဉ်ရင်လူ့အသတ်ကဒီလောက်တောင်တန်ဖိုးမရှိပါလား?" 


မုန့်ဟောက်ဆက်မကြည့်တော့ဘူး,လှည့်ထွက်လာလိုက်တယ်ဒါပေမဲ့သူပြန်တာဂူကိုမဟုတ်ဘဲဝိုက်ကျုံးဘေးနားကနေရာလေးတစ်နေရာဆီကိုသူသွားလိုက်တယ်..

ဆေးလုံးအရောင်းဆိုင်ဘဲဖြစ်တယ်,ဒီနေရာကိုသူလာတာတစ်ခါနှစ်ခါလည်းမဟုတ်တော့ဘူးဒီတစ်ခါတော့တစ်ကယ်ဝယ်ဖို့လာတာပါ..

အဲ့နေရာမှာအသက်အရွယ်၄၀လောက်ရှိတဲ့လူကြီးတစ်ယောက်ထိုင်နေတယ်,သူ့ရှေ့မှာဘူးသီးလေးတွေအများကြီးတန်းစီထားထားတယ်ဘူးသီးတစ်ခုစီတိုင်းရဲ့အရှေ့မှာ

"သွေးတိတ်ဆေးလုံး,အရိုးကြွေပျောက်ဆေးလုံး,အဆာပြေဆေးလုံး,အမောပြေဆေးလုံး...".စသဖြင့်ဆေးလုံးမျိုးစုံကို စွမ်းအားဆေးလုံးတစ်လုံးသို့မဟုတ်စွမ်းအားကျောက်တုံးတစ်တုံးဖြင့် ဆေးလုံး၃လုံးမှ၁၀လုံးအထိကိုလဲလှယ်ရောင်းချနေပါတယ်..

တခြားပြင်ပငွေ,ပစ္စည်းနဲ့မရောင်းပေးဘူး....

စွမ်းအားကျောက်တုံးနဲ့စွမ်းအားဆေးလုံးကအရမ်းတန်ဖိုးကြီးပြီးလဲလှယ်လို့မှရတဲ့ဆေးလုံးကလဲနည်းတဲ့အတွက်ဘယ်သူမှသိပမလာမဝယ်ကြဘူး....

မုန့်ဟောက်လည်းချက်ချင်းအကြံတစ်ခုရသွားတယ်...

စွမ်းအားကျောက်တုံး၅လုံးနဲ့သူအလိုရှိတဲ့ဆေးလုံးတွေကိုဝယ်ပြီးဂူပြန်ရောက်တော့ဂူနားကသစ်ကိုင်းရယ်,သစ်ရွက်ရယ်ကိုယူပြီး ကျောက်ဝူကန်းဆီကရတဲ့ပစ္စည်းထည့်အိတ်ထဲကအစိမ်းရောင်ဝတ်စုံကိုပိတ်စဖြစ်အောင်ညှပ်ပြီးရလာတဲ့သစ်ရွက်ကိုအရည်ဖြစ်အောင်ကြိတ်,လက်နဲ့ပိတ်စအပေါ်မှာစာလေးတစ်ကြောင်းရေးလိုက်တယ်..

.သူရေးတားတဲ့စာကိုမုန့်ဟောက်တစ်ယောက်ကြည့်ပြီးတော်တော်သဘောကျနေတာ......

                  ---------

မုန့်ဟောက်ဘာတွေလုပ်မလဲဆိုတာကိုနောက်တစ်ပိုင်းမှာသိရမှာပါ🙄, ဒီညတင်ပေးသွားမယ်နော်ဆက်လက်ဖတ်ရှုပေးကြပါလို့💗


Ps:ratingပေးတဲ့အခါကြယ်၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ် 💓, ကြိုက်နှစ်သက်ရင်လည်း buy a cup of coffee for meကိုနှိပ်ခြင်းdonation ပြုလုပ်နိုင်ပါတယ်နော်💖💕


rate now:

1 Reviews
  • reader Wai lin ko 20.10.2019, 16:33 5

    💓💓💓

    reply