book

Index 11

chapter 11

  • Author : Yueyue
  • Genres : Mystery, Action
  • Original Author : 耳根 (er gen)

မုန့်ဟောက်တော်တော်ပျော်သွားပြီးစွမ်းအားကျောက်တုံးတွေနဲ့တစ်လုံးပြီးတစ်လုံးစမ်းတော့တာဘဲ, 

တစ်လုံး....နှစ်လုံး...တဖြည်းဖြည်း၄လုံးအထိဓာတ်လုံးတွေကြေးမှန်ထဲကထွက်လာတယ်... မုန့်ဟောက်နဂိုကရှိတဲ့ဓာတ်လုံးနဲ့ဆိုဓာတ်လုံ၅လုံးရှိနေပြီဖြစ်တယ်!!

 မုန့်ဟောက်လည်းချက်ချင်းဓာတ်လုံးကိုပါးစပ်ထဲပစ်ထည့်လိုက်တယ်....

အနည်းငယ်ကြာတော့နောက်တစ်လုံးထက်မျိုချလိုက်တယ်....

 နောက်တစ်နေ့မနက်ထိလေ့ကျင့်ပြီးတော့မုန့်ဟောက်ခန္ဓာကိုယ်ထဲကနေညစ်အကြေးတွေအများကြီးထွက်လာတယ်..


"စွမ်းအားအဆင့်၃" 


မုန့်ဟောက်မကျေနပ်သေးဘူး, ကျန်တဲ့ဓာတ်လုံးတွေကိုကြည့်ပြီးအကုန်လုံးမျိုချလိုက်တယ်... နောက်တစ်နေ့မနက်ထိဘဲလေ့ကျင့်တာမနက်ရောက်တဲ့အခါ အဆင့်၃ထိပ်ဆုံးကိုရောက်ဖို့သူနည်းနည်းဘဲလိုတော့တယ်......

 စွမ်းအားဆေးလုံး၈လုံးကတော့အခုမုန့်ဟောက်အတွက်သိပ်မထူးတော့ဘူး


"တစ်ခါထဲ၁၀လုံးလောက်မှစွမ်းအားတက်တာသွားထိရောက်မယ်ထင်တယ်..." 


ခန္ဓာကိုယ်ထဲမှာစွမ်းအားကစမ်းရေလိုမဟုတ်တော့ဘဲမြစ်ရေလိုဖြစ်နေပြီ, မုန့်ဟောက်လည်းစိတ်လှုပ်ရှားစွာနဲ့,လက်ကိုဖြစ်သလိုစွမ်းအားစမ်းကြည့်လိုက်တာနဲ့လက်တစ်ချောင်းစာလောက်ရှိတဲ့မီးမြွေကြီးထွက်လာတယ်....မုန့်ဟောက်တော်တော်ပျော်သွားတယ်..


မုန့်ဟောက်ဝတုတ်လေးကိုတောင်ရုတ်တရက်သွားသတိရမိတယ်.... ဝတုတ်လေးရှိတဲ့တောင်ဘက်ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်...


တောင်ဘက်ကတောင်ကိုသွားနေတဲ့လမ်းမှာမုန့်ဟောက်ရှေ့ကနေလေတွေတိုက်လာပြီးနဂိုကမြူမရှိတဲ့နေရာကနေမြူအနည်းငယ်ဆိုင်းလာတယ်...

မြူတွေကြားထဲကအဖြူရောင်ဝတ်စုံနဲ့အလွန်ကိုခန့်ညားတဲ့ကောင်လေးတစ်ယောင်မုန့်ဟောက်မျက်စိထဲဝင်လာတယ်, မြူကိုစီးနှင်းပြီးလျှောက်လာသလိုပါဘဲ..


သူ့ဘေးမှာအစိမ်းရောင်ဝတ်စုံနဲ့ကောင်လေးနှစ်ယောက်လိုက်ပါလာတယ်


"အကိုဝမ်,ဒီနှစ်မှာ နှိပ်ကျုံး(ဂိုဏ်းအထဲ) (မုန့်ဟောက်တို့အခုအကုန်လုံးကဝိုက်ကျုံး,ဂိုဏ်းအပြင်) ကတပည့်ခေါ်မယ်ကြားတယ်,အကိုဝမ့်ကိုကြိုပြီးဂုဏ်ပြုလိုက်ပါတယ်"


"ဟုတ်တယ်ဟုတ်တယ်, အကိုဝမ်နှိပ်ကျုံးကိုဝင်တာနဲ့ရွှီအမနဲ့ချိန်အတို့ကိုကျော်လွန်ပြီးဂိုဏ်းရဲ့ထိပ်ဆုံးတပည့်ဖြစ်တော့မှာဘဲ"


အစိမ်းရောင်ဝတ်စုံနဲ့ကောင်လေးနှစ်ယောက်ကအလယ်ကအဖြူဝတ်စုံနဲ့ကောင်လေးကိုတစ်လမ်းလုံးဖားနေပေမဲ့အဖြူဝတ်စုံနဲ့ကောင်လေးမျက်နှာမှာဝင့်ကြွားမှုတစ်စက်မှမတွေ့ရပါ....


"လျှောက်မပြောပါနဲ့,ရွှီအမနဲ့ချိန်အကိုလိုမျိုးကကျွန်တော်ဝမ်ထိန်ဖိန်းလေးစားအတုယူရမယ့်အကိုတွေအမတွေပါ"


အရှေ့ကအဖြူရောင်ဝတ်စုံနဲ့ကောင်လေးကညင်ညင်သာသာလေးဖွင့်ပြောလိုက်တယ်,အသံကလည်းအလွန်တရာမှနားထောင်လို့ကောင်းတယ်,သူကတော့ဝိုက်ကျုံးရဲ့ပထမဆုံးတပည့်ဝမ်ထိန်ဖိန်းဘဲဖြစ်တယ်..


မုန့်ဟောက်နားဖြတ်သွားတော့မုန့်ဟောက်ကိုခေါင်းညိတ်ပြလိုက်တယ်,သူတို့ထွက်သွားတဲ့နောက်ကျောကိုမုန့်ဟောက်ကြည့်ပြီး,အကြည့်ကဝမ်ထိန်ဖိန်းကိုယ်ပေါ်ရောကသွားတော့သူတော်တော်လန့်သွားတယ်,ဝမ်ထိန်ဖိန်းခြေထောက်ကမြေကြီးနဲ့ခွာပြီးလမ်းလျှောက်တာဖြစ်တယ်....


"ဝမ်ထိန်ဖိန်းဆိုတာသူလား...လေပေါ်မှာလမ်းလျှောက်တယ်ဆိုတော့အဆင့်၅ရဲ့လေပေါ်သိုင်းအတတ်ဘဲဖြစ်မယ်"

               .......

နေ့လည်လောက်ရောက်မှမုန့်ဟောက်တောင်လေးတစ်ခုပေါ်ရောက်လာတယ်,အရင်ကသူနဲ့ဝတုတ်လေးသစ်ပင်ခုတ်တဲ့နေရာလေးဘဲဖြစ်တယ်


"ငါ့ပေါက်စီကိုလုရဲတယ်!!"

 မျက်လုံးမှိတ်ပြီးရောင်နေတဲ့ဝတုတ်လေးကခုတ်ပြီးသားသစ်ပင်အပြတ်လေးပေါ်မှာအိပ်ပြီးရောင်နေတယ်... 

ဝတုတ်လေးကရောင်ရင်ထကိုက်နေကြ...

အရင်တုန်းကဝတုတ်လေးရောင်တုန်းကမုန့်ဟောက်တို့ကိုအနိုင်ကျင့်တဲ့သူထွက်ပြေးရလောက်တဲ့အဆင့်ထိတောင်ကိုက်ဖူးတယ်,အဲ့တုန်းကမုန့်ဟောက်တောင်သူ့ကိုသွားများများထက်အောင်လေ့ကျင့်ထားဆိုပြီးတော့တောင်ပြောလိုက်သေးတယ်

အခုရောဘဲရောင်နေတာနဲ့သူမှီအိပ်နေတဲ့သစ်ပင်အပြတ်ပေါ်မှာသူ့သွားအရာတွေကြီးဘဲ........

            ------------

ps: Rating ပေးတဲ့အခါကြယ်၅ပွင့်ကိုနှိပ်ပေးပါရန်တောင်းဆိုအပ်ပါတယ💓်ကြိုက်နှစ်သက်ရင်လည်း Buy a cup of coffee for meကိုနှိပ်ချင်းဖြင့် donationပြုလုပ်နိုင်ပါတယ်💖💕


Ps:Authorဒီနေ့နေသိပ်မကောင်းလို့အပိုင်း၁ပိုင်းဘဲတင်ပေးလိုက်ပါမယ်နော်😢နားလည်ပေးကြပါလို့တောင်းဆိုပါတယ်...😢💗


rate now:

1 Reviews
  • reader Wai lin ko 20.10.2019, 16:32 5

    kayusite om nyi ma lay fighting💓💓

    reply