လေးလပိုင်းရဲ့ရာသီဥတုဟာသိပ်လည်းမအေးသလိုသိပ်လည်းမပူပါဘူး ညနေခင်းဆည်းဆာအောက်မှာလေလှိုင်းလုံးတွေဟာကျောက်နိုင်ငံမြောက်ပိုင်းချင်းတောင်ပေါ်မှာထိုင်နေတဲ့ပညာသင်သားလေးအပေါ်သွားပွတ်သပ်မိပါတယ် (ပညာသင်သား-နန်းတွင်းမှာအမှုထမ်းရန်မြို့ကြီးတွင်စာမေးပွဲသွားရောက်ဖြေဆိုရန်ပြင်ဆင်နေသောလူငယ်များ)
16/17 အရွယ်ရှိတဲ့လုလင်ပျိုလေးဟာအပြာရောင်လက်ရှည်ဝတ်စုံနဲ့လက်မှာဘူးသီးတစ်ခုကိုင်ထားတယ်(ရှေးကလူတွေကဘူးသီးအခွံကိုထည့်စရာတစ်ခုအဖြစ်သုံးတယ်)
ကိုယ်လုံးပိန်သွယ်အသားအနဲငယ်ညိုပေမဲ့သူ့ရဲ့မျက်ဝန်းထဲမှာထက်မြက်မှုဟာတောက်ပနေတယ်....
"ထပ်ကျပြန်ပြီ..." သူ့နာမည်ကမုန့်ဟောက်,ယခုရှိနေတဲ့တောင်အောက်ကယွန်ကျယ်မြို့မှာနေပါတယ် ငယ်ငယ်ထဲကမိဘနစ်ပါးဝေးကွာခဲ့ပြီးပစ္စည်းဥစ္စာမကျန်ရတဲ့ကြားထဲအခုနစ်တွေပညာတွေလေ့လာပေါင်းမနဲတော့အခုဆိုတော်တော်ကိုဆင်းရဲနေပြီပေါ့...
"သုံးနစ်တောင်အချိန်ကုန်ခံသော်လည်းကျတာဘဲ,အမှုထမ်းလုပ်ဖို့စာမေးပွဲဖြေတာငါမုန့်ဟောက်ရဲ့အနာဂတ်လမ်းမဟုတ်ဘူးလား..." နောင်ကျဘာလုပ်မလဲ,အနာဂတ်ရဲ့လမ်းကဘယ်မှာလဲ ဆိုတဲ့မေးခွန်းတွေဟာနက်ရှိင်းတဲ့မျက်ဝန်းထဲမှပြည့်နက်နေတယ်.....
တွေဝေရင်းတော်တော်ကြာမှမုန့်ဟောက်ခေါင်းခါလိုက်တယ်,ရင်ဘက်ထဲကနေစာရွက်လိပ်လေးကိုဘူးသီးလေးထဲထည့်ပြီးတောင်အောက်ကမြစ်ထဲကိုအားရပါးရပစ်လိုက်တယ်, မြောပါသွားတဲ့ဘူးသီးလေးကိုသူကြည့်နေမိတယ်,အနာဂတ်မှာကံဆုံသူတစ်ဦးကဘူးသီးကိုကောက်မိပြီးအထဲကစာက်ုဖတ်မိပါ့မလားမသိ.......
တော်တော်နဲ့ကြာမှမုန့်ဟောက်အကြည့်ကိုပြန်ရုတ်သိမ်းလိုက်တယ်,မုန့်ဟောက်တောင်ပေါ်ကဆင်းတော့မဲ့အချိန်မှာအသံညင်းညင်းလေးတစ်သံသူ့နားထဲတိုးဝင်လာတယ် "ကယ်ပါဦး..." မုန့်ဟောက်ခပ်သွပ်သွပ်တောင်စွန်းနားလေးသွားပြီးအောက်ကိုငုံ့ကြည့်လိုက်တော့တောင်ခါးလယ်လောက်ချိုင့်ဝင်နေတဲ့နေရာလေးမှာခုနကအသံပိုင်ရှင်ကိုသွားတွေ့တယ်
"ဝမ်ယိုချိုင်?" သူ့ရဲ့သူငယ်ချင်းတယောက်ကိုး....
"နင်..နင်ဘယ်လိုလို့ဒီကိုရောက်နေတာလဲ.." တောင်ခါးလယ်ကချိုင့်ဝင်နေတဲ့နေရာကသာမန်လူဆိုတော်ရုံမဆင်းနိုင်ဘူးလေ..
"ငါတင်မကဘူး,အနီးနားမြို့ကလူတွေလဲရှိတယ် , အကိုမုန့်မပြောပါနဲ့တော့ကျွန်တော်တို့ကိုအရင်ကယ်ပါဦး... ကျွန်တော်တို့ကပျံတတ်တဲ့မိန်းမပျိုတယောက်ဖမ်းတာခံလိုက်ရတာ"
"အပိုတွေပျံတတ်တဲ့လူ?အဲ့ဒါကဒဏာရီထဲမှာဘဲရှိတာ" ပြောပြီးချက်ချင်းဘဲမုန့်ဟောက်နောက်ကျောကနေလေအေးတွေတိုက်သလိုခံစားလ်ုက်ရတယ်,အနောက်ကိုချက်ချင်းလှည့်ကြည့်လိုက်တော့ငွေရောင်ဝတ်စုံနဲ့မိန်းမပျိုလေးတဦးမုန့်ဟောက်ကိုမျက်နှာအမူအရာမပါဘဲစိုက်ကြည့်နေတယ် , အလွန်ချောမောလှပသော်လည်းသူမရဲ့အေးစိမ့်နေတဲ့ပတ်ဝန်းကျင်ကြောင့်သချိုင်းထဲကထွက်လာသလိုခံစားရတယ်
"အခြေခံတော့ရှိမဲ့ပုံဘဲ,နင်ကိုယ်တိုင်ရောက်လာတယ်ဆိုတော့နငိ့ထိုက်နဲ့နင့်ကံပေါ့" မိန်းမပျိုလေးရဲ့အသံနဲ့မျက်ဝန်းဟာအင်အားတခုခုပိုင်ဆိုင်ထားသလိုပါဘဲ...
စကားကနားထဲမှာဝဲလည်နေတုန်းမိန်းမပျိုလေးအကျီလက်ကိုဝေ့ယှမ်းလိုက်သောအခါမုန့်ဟောက်မိန်းမပျိုလေးနဲ့အတူတောင်ချိုင့်ထဲရောက်သွားတယ်...
"နဂိုထဲကတယောက်လိုနေတာနင်သူတို့နဲ့အတူလိုက်ခဲ့" မုန့်ဟောက်ကိုကြည့်ပြီးပြောလိုက်တယ်
ပြီးနောက်မုန့်ဟောက်စကားပြောချိန်တောင်ရလိုက်ဘူး, မိန်းမပျိုနဲ့အတူမုန့်ဟောက်တို့တအုပ်စုလုံးအပြင်သို့ပျံထွက်သွားတယ်..
လေထဲမှာလိုက်ပါပျံသန်းသွားတဲ့မုန့်ဟောက်ကဦးနောက်ထဲမှာစကားလုံးတခုပေါ်လာတယ်"နတ်လူ?" မုန့်ဟောက်မျက်လုံးအမှောင်စိုက်ပြီးမူးလဲသွားတော့တယ်....
သူသတိရလာတဲ့အချိန်မှာအစိမ်းရောင်ကျောက်တုံးတွေရှိတဲ့ဟင်းလင်းပြင်ပေါ်သူရောက်နေတယ်,ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့မညီမညာထကြွနေတဲ့တောင်တန်းတွေ,မြူခိုးတွေကြားထဲကမှုန်ဝါးဝါးမြင်နေရတဲ့လှပတဲ့အခန်းငယ်ဇရပ်လေးတွေဟာတောင်ရဲ့ရှစ်မျက်နာလုံးမှာဝိုင်းပြီးတည်ရှိနေတယ်......
Next Chap Next Chap
replyဖတ်လို့ကောင်းပါတယ်နောက်ဆက်တွဲတွေဖတ်ဖို့စောင့်မျှော်နေပါတယ်နော်တကယ်စိတ်ခံစားချက်နဲ့ဖတ်မှာကောင်းတာသိတာပါမခံစားတတ်တဲ့လူတွေဘဲမကောင်းတာပြောတာပါနော်အားပေးနေမယ်😉💓💓💓
replyလူကုန်ကူးခံရပီလေ 🤣🤣🤣
replySuch a good one !!
replyBest translation
replyNice! Yue
reply👍🏼
reply♡
reply