book

Index 1

1

  • Author : Linn Htet
  • Genres : Self-help, Psychology, Poem

(ပျော်ရွှင်ဖို့အတွက်)


    လူတွေမှာ စွန်လွှတ်သင့်တာလွှတ် လိုက်ရင် ပျော်ရွှင်ခြင်းဆိုတာရလာမှာပါ။

    လောဘတွေ နည်းလာပြီး လိုချင်တာတွေမက်မောတာတွေ နည်းလာပြီး ရောင့်ရဲတင်းတိမ်လာရင် ပျော်ရွှင်ဝခြင်းဆိုတာရလာမှာပါ။

    ဒေါသတွေ မနာလိုမှုတွေကို အတက်နိုင်ဆုံးထိန်းပြီး မေတ္တာစိတ် ဂရုဏာစိတ်တွေထားတက်လာရင် အလိုလိုပျော်လာမှာပါ။

    တစ်နေ့တာပင်ပန်းသမျှတွေကို အနားယူဖို့အချိန်ပေးပါ ဝင်လေထွက်လေလေးကိုသတိကပ်ပြီးကြည့်ပါ အကျင့်ဖြစ်သွားတော့ ဘာမဆို သတိလေးကပ်နိုင်တော့ပျော်ရွှင်တာပေါ့။

______________

ပျော်ရွှင်ခြင်း ၁

      ပျော်ရွှင်ခြင်းရဖို့ သူများဆီကလိုက်တောင်းခံနေဖို့ မလိုပါဘူး။သူရှိမှငါပျော်မှာ သူ့ကိုတွေ့ရရင်ငါပျော်မှာ သူတို့မရှိရင် ငါဘယ်လိုပျော်မှာလည်းဆိုပြီး အခြားသူတွေဆီမှာ ကိုယ်ကိုတိုင်မသိပဲသူတို့ရဲ့ အနားမှာပျော်ရွှင်ခြင်းကိုတောင်းခံနေတဲ့ကျေးကျွန် သူတို့အလိုလိုက်နေတဲ့သူဖြစ်ပြီးရင်းဖြစ်နေတာ။တကယ်တော့ ပျော်ရွှင်မှုဆို တာ ကိုယ်နဲ့ပဲသက်ဆိုင်တယ် ကိုယ်တစ်ယောက်တည်းလည်းနေချိန်မှာ စိတ်ညစ်စရာမတွေးပဲ ပျော်ရွှင်စရာတွေးပါ။မမြဲတဲ့လောကကြီးမှာနေတဲ့အတွက် သူတို့မရှိလည်းဖြစ်ကိုဖြစ်ရမယ်တွေးရမယ်၊ ကောင်းတာလေးတွေလုပ်မယ် ကောင်းတာ​လေးတွေပြောမယ် စိတ်အညစ်မခံဘူး လို့တွေးထားပါ။လူဆိုတာ ကြီးငယ်လတ်မရွေး အချိန်မရွေးသေနေကြတာမို့ ကိုယ့်ဘဝကို ပျော်ရွှင်အောင်နေကြဖို့ကအရေးကြီးတယ် လူ့ဘဝဆိုတာ ရဖို့အခက်ခဲဆုံးပဲ ။သူတစ်ပါးကိုချနင်းပြီးမှရတဲ့ ပျော်ရွှင်မှုမဟုတ်ပဲ  ကိုယ်တိုင်သမာအာဇီဝ(ရိုးသားတဲ့)ပျော်ရွှင်မှုဖြစ်အောင် ဘယ်လိုလုပ်ရမလည်းကအရေးကြီးဆုံးပါ။လူတိုင်းအပေါ်မှာလည်း မပိုလွန်း မလျှော့လွန်းတဲ့ အလယ်လတ်လေးတိုင်း ပြုမှုပြောဆိုဆက်ဆံရင် ပျော်ရွှင်မှုတွေ ရလာမှာပါ။

____________________


ပျော်ရွှင်ခြင်း-၂

  ပျော်ရွှင်ဖို့ ဆိုရင် အရင်ဆုံးကိုယ့်ကိုယ်ကို ချစ်တက်ရမယ်။အထူးပြောနေစရာမဟုတ်ပေမယ့်လည်း လူတွေတော်တော်များများက ကိုယ့်ကိုယ်ကို ချစ်ဖို့မေ့နေကြတယ်လေ။ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုတယ် အတ္တ မာန တွေနဲ့ချစ်ခိုင်းတာ မဟုတ်ပဲ ကျန်းမာရေးလေးဂရုစိုက်မယ် အချိန်မှန်လေးစားသောက်မယ် အချိန်မှန်အိပ်မယ် စိတ်ထိခိုက်စေမယ့်အရာတွေကို အတက်နိုင်ဆုံးရှောင်မယ် ဆိုတာပေါ့။(ဆရာမ ထက်ထက်ထွန်း(waterfall)ရေးထားတဲ့စာအုပ်ထဲကစာလေးဆို ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ ဘဝမှာ ဘယ်လိုနိမ့်ကျမှုတွေအခက်ခဲတွေအမှားတွေကို ကြုံရကြုံရ စိတ်နေမနိမ့်သွားပဲ ပိုမြင့်တဲ့ဘက်ဆီကို ကိုယ့်စိတ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး နေသွားနိုင်တာကိုပြောတာတဲ့)

  ဒါကြောင့် ဘာတွေဖြစ်ဖြစ် ဘာအမှားတွေကြုံရရ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ သင်ခန်းစာယူပါ စိတ်တွေယိုင်လဲမပြိုကြပါနဲ့ အကောင်းဆုံတွေလုပ်ပါ အဆိုးတွေအတွက်လည်းကြိုတင်ပြင်ဆင်ထားပါ ။ကိုယ့်ကိုယ်ချစ်တက်လာရင် လောကကြီးနဲ့ အခြားသူတွေချစ်တက်လာမှာပါ။ဒါဆိုရင် တော့ သင်ဟာအပျော်ဆုံးလူသားပါပဲ။

____________

ပျော်ရွှင်ခြင်း-၃

ရိုးရှင်းသောဘဝဆိုတာ

   အဝတ်စားဝတ်တာရိုးရှင်းတာ နေပုံထိုင်ပုံရိုးရှင်းတာထက် ပြောတာဆိုတာ ရိုးရှင်းရမယ် စိတ်နေစိတ်ထားကအစရိုးရှင်းရမယ် အပေါ်ယံ ရုပ် ကသာရိုးသားလို့မရဘူး စိတ်နေစိတ်ထားပါရိုးသားတာမှ တကယ့်ရိုးရှင်းတဲ့ ဘဝဖြစ်တာ ပြည့်စုံတာ။သင်ကရိုးရှင်းလာလေ သင်ကပျော်ရွှင်လေပါပဲ။

_________

___________

ပျော်ရွှင်ဖို့ ဥပက္ခါပြုတက်ပါစေ


တစ်ချိန်က ကိုယ့်နှစ်နှစ်ကာကာတန်ဖိုးထားအလေးပေးခဲ့တဲ့လူတွေက ကိုယ့်ကိုမထီမဲ့မြင်ပြုကာဥပေက္ခာပြုခဲ့ တန်ဖိုးမထားခဲ့တာတွေကြောင့် မနေတက်မထိုင်တက်ဖြစ်ခဲ့ဘူးကြမှာပါ။သို့သော် သူတို့ရဲ့ဥပေက္ခာတွေ မထီမဲ့မြင်တာတွေကြောင့် တန်ဖိုးထားရသူနဲ့တန်ဖိုးမထားရသူကိုကွဲပြားစွာသိရှိလာပြီးတော့ ပစ္စုပ္ပန်အချိန်မှာတော့  အေဆေးစွာတစ်ယောက်ထဲလဲနေတက်သွားနိုင်ရမယ်။ရှိတဲ့လူနဲ့လည်း သင့်မြတ်အောင်နေရမယ်။ကိုယ့်အပေါ်ကောင်းသူဆိုပြန်ကောင်းပေးလိုက်ပါ မကောင်းတဲ့သူဆိုဥပေက္ခာပြုတက်နိုင်ရမယ်လေ။

__________

 (ချစ်ချင်းနဲ့မေတ္တာဟာတူတူပါ)


လူတွေက အချစ်ကို တဏှာနဲ့ရောတယ် ။အမှန်တော့ အချစ်ဆိုတာ က မေတ္တာပါတယ်။မေတ္တာပါလို့သာ ချစ်ကြတာ။လူတိုင်းက အချစ်နဲ့မကင်းဘူး။သို့ပေမယ့် အချစ်ကို ကိုယ်ထင်သလို ခံယူချင်သလို ပုံစံအမျိုးမျိုးနဲ့ခံယူနေကြတာ။တစ်ချို့ဆိုလျှင်ပင် အချစ်ကိုကြားတာနဲ့ပင် တဏှာရောရာဂနဲ့ပါရောပြစ်လိုက်တာ။ဥပမာ ပေါ့ သမီးရည်းစားအတွဲမြင်တာနဲ့ ချစ်တယ်ကြိုက်တယ်ဆိုတာနဲ့ ရိုင်းပြစွာဆိုရလျှင် ကုတင်ပေါ်ထိတွေးလိုက်ကြတာပဲ။အချစ်ဆိုတဲ့သဘောက မေတ္တာပါနေတာကြောင့် မိဘ သားသမီး ညီကိုမောင်နှမ သမီးရည်းစား သတ္တဝါတွေ အားလုံးပါကြတာပဲ။တစ်ယောက်နဲ့တစ်ယာက်မချစ်ကြတဲ့နေ့ ရန်ဖြစ်ကြတဲ့နေ့ မုန်းတဲ့အထိဆို ဒီမှာစပြီး မေတ္တာပျက်ပြယ်တော့ အချစ်ကအမုန်းဖြစ်တယ်။ဒီတော့ ပျော်ရွှင်မှုတွေပျောက်ကုန်တာပေါ့။ဒါကြောင့် ချစ်ရင် မေတ္တာနဲ့သာချစ်ပေးပါ။

____________

(ဆန္ဒတွေကိုထိန်းပါ)


လူတွေမှာအတောမသတ်နိုင်တဲ့ ဆန္ဒတွေ လိုချင်တက်မက်မှုတွေဟာ လူတိုင်းမှာရှိကြတယ် ဒါပေမယ် စကားပုံတောင်ရှိတယ်လေ {ဆန္ဒကိုသိက္ခါဖြင့်ထိန်း}ပါတဲ့။သိက္ခါဆိုတာ ဂုဏ်ဒြပ်တွေကိုဆိုလိုတာမဟုတ်ပဲ ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခါတွေပါပဲ။လိုချင်တက်မက်တာတွေ ဆန္ဒတွေများလာတဲ့အခါ လူတွေမှာဖြစ်တက်တာက အိန္ဒြေတွေမဲ့သွားတယ်။အိန္ဒြေမဲ့ပြီဆိုကတည်းက လိုရာဆန္ဒပြည့်ဖို့အတွက်ဘာမဆိုလုပ်ရဲပြီဆိုတာပဲ။အဲ့တော့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားတွေသိက္ခါတွေဟာ ပျက်ပျယ်လာတော့တာပဲ အခြားမသိရင်တောင် ကိုယ်ကိုယ်ကို လိပ်ပြာမလုံပါဘူး။ထို့ကြောင့် မိမိရဲ့ဆန္ဒတွေတိုင်း အားလုံးကိုမလိုက်လျောပါနဲ့။

_____________

{သီချင်းလေးတွေ နားထောင်မယ်....}


 ကိုယ့်ရဲ့စိတ်တွေ ပင်ပန်းလာရင် သီချင်းလေးတွေနားထောင်လိုက်ပါ။သီချင်းလေးတွေက စိတ်အင်းအားတွေတက်ကြွစေပါတယ်။ကိုယ်က ဘယ်လိုသီချင်းမျိုးကြိုက်လဲအပေါ်မူတည်ပြီး နားထောင်ပါ။နားကိုအရမ်းဆူညံစေမယ် သီချင်းတွေမဖွင့်ပါနဲ့အရမ်းကြီးfellတဲ့သီချင်းမျိုးလည်းနားမထောင်ပါနဲ့။မြူးမြူးလေးဖြစ်ရုံလောက်ပုံစံမျိူးဆို သီချင်းသုံးလေးပုဒ်လောက်နဲ့တင် စိတ်တွေကပြန်လက်တက်ကြွလာမှာပါ။တစ်ခုက မျက်စိပဒါသ နားပဒါသ ဖြစ်မဲ့နေရာမျိုးမှာအေးဆေးထိုင်ပြီး နားကြပ်လေးနဲ့နားထောင်ပါ။

__________

{ပြုံးပါ}:):)


ပြုံးခြင်းကအရွယ်တင်နုပျိုစေတယ်တဲ့။ဟုတ်ပါတယ် လူတွေကပြုံးလိုက်တဲ့အခါ နှုတ်ခမ်းက ပါးတွေကိုအပေါ်ဆွဲတင်လိုက်တဲ့အခါကြတော့ ပါးရေလေးတွေကတင်းရင်းလာတယ် ပါးလေးလည်းမို့တက်လာတယ်။ ကိုယ့်အသိမိတ်ဆွေတွေ့တိုင်း သို့မဟုတ် သူစိမ်းလူတွေကိုမပြုံးပြရဲရင်တောင် ကလေးလေးတွေတွေ့တိုင်းပြုံးပြပါ။တစ်နေ့ကို ၃ခါ၄ခါပြုံးလို့အကြံပြုထားပေမယ့် ကျွန်တော့်အနေနဲ့တော့ ဒီ့ထက်မကပြုံးရင် ပိုမိုပြီးတော့ စိတ်ရောကိုယ်ပါပိုနုမယ်ထင်ပါတယ်။

____________

(မမျှော်လင့်ပါနဲ့)


လူတွေက တစ်စုံတစ်ယောက်ကိုတစ်ခုခုလုပ်ပေးလိုက်ရတိုင်း ထိုကဲ့သိုပင် ပြန်လုပ်ပေးရန်မျှော်လင့်တက်ကြတာ လူ့သဘာဝလိုပင်။ဒါဆို ပျော်ရွှင်ခြင်းတွေဝေးသွားမှာပေါ့။ကိုလုပ်ပေးရတာတွေကို မမျှော်လင့်ပါနဲ့ အကြောင်းတစ်ခုခုကြောင့်ကူညီလိုက်တိုင်း မျှော်လင့်ချက်နဲ့မဟုတ်ပဲ စေတနာဖြင့်သာကူညီပါ ပြန်ရလိမ့်နိုးဖြင့်မျှော်မနေပါနဲ့။လူတိုင်းကကိုယ်လိုဆိုပြီး မထင်ပါနဲ့။ထို့အပြင် ကိုယ်ကလည်းအခြားသူကိုမျှော်လင့်ချက်တွေမပေးပါနဲ့။တစ်ခုကူညီလိုက်တိုင်း ပီတိဖြစ်နေပါ။ ဒါဟာပျော်ရွှင်မှုပါ။


 


     




    


rate now:

2 Reviews
  • reader Cthuaung 29.11.2019, 12:33 3.7

    Good☺️☺️

    reply

  • reader Angel love 28.11.2019, 12:27 5

    really good method

    author Linn Htet 28.11.2019, 13:55

    Thanks