book

Index 9

အတွေးများစွာ

  • Author : Mira June
  • Genres : Adventure, Science
  • Original Author : Orson Scott Card

အပိုင်း-၉

နည်းနည်းကြီးတဲ့ ကောင်လေးတစ်ယောက်က အန်ဒါ့နားမှာ လာထိုင်တယ်… သူ့ကြည့်ရတာတော့ ၁၂နှစ် ၁၃နှစ်လောက်ရှိပြီထင်တယ်…

“ဟေး…” ကောင်လေးကစပြီး နှုတ်ဆက်လိုက်တယ်….

“ဟေး…” အန်ဒါကလည်း ပြန်နှုတ်ဆက်တယ်…

“ငါက မစ်ခ်ပါ”

“အန်ဒါပါ”

“အဲ့ဒါနာမည်လား”

“ကျွန်တော်ငယ်ငယ်တုံးက ကျွန်တော့်အစ်မက အဲ့လိုခေါ်လို့ပါ”

“အင်း…မဆိုးပါဘူး နာမည်က…အန်ဒါတဲ့လား…”

“အင်း…”

“ရောက်ရောက်ချင်းမှာပဲ လူဆိုးဖြစ်နေပြီပေါ့ ဟုတ်လား”

အန်ဒါပခုံးတွန့်သွားတယ်…

“မင်းတစ်ယောက်တည်း ထမင်းစားနေကတည်းက ငါသတိထားမိပါတယ်… နှစ်တိုင်း ဒီကိုရောက်လာတဲ့အသတ်တိုင်းမှာ ဒီလိုကလေးတစ်ယောက်တော့ ပါလာစမြဲပဲလေ…ဘယ်သူကမှအဖတ်မလုပ်တဲ့ကလေး…တစ်ခါတစ်လေကျရင် ဆရာတွေကဒီလိုဖြစ်အောင် တမင်လုပ်တာလို့ ငါထင်တယ်…ဆရာတွေက အရမ်းကြီးသဘောကောင်းကြတာ မဟုတ်ဘူးလေ…မင်းလည်းသတိထားမိမှာပါ”

“အင်း ဟုတ်တယ်နော်”

“အဲ့တော့မင်းက အဲ့လိုကလေးမဟုတ်လား”

“ထင်တာပဲဗျာ”

“ဟေး…ဒါဘာမှငိုစရာမဟုတ်ဘူးသိလား…”

ကောင်လေးက သူ့ပန်းကန်ထဲကနေ ကောင်းတဲ့ဟာတစ်ချို့ကယူပြီး အန်ဒါ့ပန်းကန်ထဲ ထည့်ပေးလိုက်တယ်…အန်ဒါ့ပန်းကန်ထဲက ပူတင်းကိုတော့ သူယူလိုက်တယ်…

“အစားကို အာဟာရပြည့်အောင် စားကွ…အဲ့ဒါမှ အားဖြစ်မှာ”

“အဲ့ဒါဆို မင်းကရော ဘယ်လိုကလေးမျိုးလဲ” အန်ဒါကမေးလိုက်တယ်…

“ငါလား? ငါကဘာမှမဟုတ်ပါဘူး…ဒါပေမယ့် လေအေးပေးစနစ်ကို လေ့လာရာမှာတော့ ငါကနည်းနည်းတော်တယ်ပြောရမလား…ငါအဲ့မှာ အမြဲရှိတာများတယ်…ဒါပေမယ့် တော်တော်များများကတော့ ဒီအကြောင်းကို မသိကြဘူး…”

အန်ဒါလည်း မဝံ့မရဲရီလိုက်တော့တယ်…

“အင်း ဟုတ်တယ်…ရီတော့ရီရတယ်…ဒါပေမယ့် အဲ့ဒါက ပြက်လုံးတော့ မဟုတ်ဘူး...ငါ့မှာဘယ်မှသွားစရာလည်းမရှိဘူးလေ…ငါကကြီးလာပြီ…သူတို့က ငါ့ကို နောက်ကျောင်းအသစ်ကို မကြာခင်ပို့ကြတော့မှာ… နည်းပညာဆိုင်ရာကျောင်းတဲ့…ပြီးတော့ ငါကလည်း ဒီမှာတစ်ခါမှ ခေါင်းဆောင်မဖြစ်ဖူးဘူးလေ…တိုက်ခိုက်ရေးနဲ့မသင့်တော်ဘူး ထင်ပါတယ်…”

“ခေါင်းဆောင်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ”

“မင်းကလည်းကွာ…ငါသာသိမယ်ဆိုရင် အခုလိုဖြစ်နေမလားကွ… ဒီမှာ ငါ့လိုအရွယ်ကလေး ဘယ်နှယောက်မင်းတွေ့လို့လဲ…”

သိပ်မရှိဘူးပဲ…အန်ဒါထုတ်တော့မပြောလိုက်ဘူး…

“အနည်းငယ်ပဲ…ငါအပါအဝင်လူအနည်းစုပဲ ဘာကောင်မှမဟုတ်တာ… ကျန်တဲ့လူတွေအကုန်က ကွန်မန်ဒါတွေ…ငါတို့အသုတ်က လူတွေအကုန်လုံးမှာ သူ့ကိုယ်ပိုင်အသင်းနဲ့သူရှိနေပြီ…ငါပဲမရှိတာ…”

အန်ဒါခေါင်းလေးပဲ ငြိမ့်ပြလိုက်တယ်…

“ကောင်လေး…ငါပြောတာနားထောင်နော်…သူငယ်ချင်းတွေလိုက်ဖွဲ့ပါ… ခေါင်းဆောင်ဖြစ်အောင်လုပ်…သူများတွေနဲ့တည့်အောင်နေ…ငါပြောချင်တာကို သဘောပေါက်တယ်မလား”

အန်ဒါခေါင်းပဲ ထပ်ငြိမ့်ပြလိုက်တယ်…

“ဟင်း…သိဦးမှာလည်းမဟုတ်ပါဘူး…စစရောက်ချင်းဆိုတော့ ဒီလိုမျိုးခေါင်းထဲမှာ ဘာမှမရှိသေးတာလည်း ဖြစ်တတ်ပါတယ်လေ…ငါပြောတာတွေကို မမေ့ပစ်နဲ့… တစ်နေ့မှာ မင်းငါ့လိုမျိုးအဆုံးသတ်ခဲ့ရင် အဲ့ကျမှ နောင်တမရနဲ့… မင်းကိုတစ်စုံတစ်ယောက်က သတိပေးခဲ့ဖူးတာကို အမြဲသတိရနေပါ…မင်းအပေါ် တစ်ယောက်ယောက်က ကောင်းကောင်းဆက်ဆံတာကလည်း ဒါနောက်ဆုံး ဖြစ်ချင်ဖြစ်လိမ့်မယ်…”

“အဲ့ဒါဆို ဘာလို့ကျွန်တော့်ကို ဒါတွေ ပြောပြနေတာလဲ”

“လူတတ်လေးရယ်…ပါးစပ်ပိတ်ပြီး စားစရာရှိတာစားစမ်းပါ”

အန်ဒါလည်း ဘာမှဆက်မပြောပဲ ထမင်းစားနေလိုက်တော့တယ်…

မစ်ခ်ကို သိပ်သဘောမကျဘူး…ပြီးတော့အဲ့လိုမျိုးလည်း သူအဆုံးမသတ်နိုင်ဘူး… ဒါတွေအကုန်လုံးက ဆရာတွေ စီစဉ်ထားတာဆိုရင် အဲ့လိုမျိုး လိုက်လုပ်ပေးရမှာပေါ့…သူတို့မှာ အကြံကောင်းတွေရှိလို့နေမှာပေါ့…

ဒါပေမယ့် ငါ့အသုတ်မှာလူဆိုးတော့ မလုပ်ချင်ဘူး…ငါ့မိသားစုကို စွန့်ခွာပြီး ဒီမှာကျောင်းလာတက်ရတာလေ…လွယ်လွယ်နဲ့တော့ ကျောင်းထုတ်မခံနိုင်သလို အရှုံးလည်း မပေးနိုင်ဘူး…

 သူတို့အကြောင်းစဉ်းစားမိတော့လည်း ဝမ်းနည်းလာပြန်ရော…လည်ပင်းထဲမှာ စို့နစ်နေသလိုပဲဗျာ…ပြီးတော့…အရာအားလုံးကဝေဝါးလာတယ်… သူ့ပန်းကန်ကိုတောင် သေချာမမြင်ရတော့ဘူး…မျက်ရည်တွေကြောင့်ပဲပေါ့…

ဒါပေမယ့်သူမငိုမိအောင်ကြိုးစားတယ်…

အဲ့ကျက မီးအလင်းရောင်လေးကလည်း မှိန်ပြနေတယ်…ကလေးတစ်ချို့ရဲ့ သူတို့မိဘတွေ ခွေးတွေအကြောင်း ညည်းတွားနေသံကိုလည်း ကြားနေရတယ်… သူကိုယ်တိုင်တောင်မှ ဗယ်လ့်နာမည်ကို ရေရွတ်မိတယ်မဟုတ်လား… အိမ်မှာရှိတုံးက ပုံရိပ်တွေကိုပြန်မြင်ယောင်လာတယ်…သူ့အခန်းထဲကို အမေဝင်လာပုံတွေ…တီဗီကြည့်ရင်းရီနေတဲ့ အဖေ့ပုံရိပ်တွေ…မျက်ဝါးထင်ထင် ပြန်မြင်ယောင်လာတယ်…အခုဆိုရင် ဒါတွေနဲ့‌ဝေးသွားပြီ… ကြီးမှပဲပြန်တွေ့ရတော့မှာ…အနည်းဆုံး၁၂နှစ်လောက် ဖြစ်နေလောက်ပြီ… ဘာလို့များ ငါလက်ခံမိလိုက်ပါလိမ့်…ဘာလို့များ အရူးထခဲ့မိပါလိမ့်… “အိမ်ပြန်ချင်တယ်….” သူတိုးတိုးလေးပြောလိုက်မိတယ်…

ဒီလိုလေသံက သူအရမ်းနာကျင်လာမှသာ ပြောတဲ့လေသံပေါ့…

အရမ်းမကျယ်ပေမယ့် သူ့အသံလေးတော့သူပြန်ကြားရတယ်လေ…

ဒပ်အခန်းထဲ ဝင်လာတယ်…နောက်တော့အိပ်ရာတွေနားကို လျှောက်သွားပြီး ကလေးတွေရဲ့ နဖူးတွေကို လိုက်စမ်းကြည့်နေတယ်…ငိုထားလား မငိုထားလားလဲ လိုက်စမ်းကြည့်တာပေါ့…အခုလို အထီးကျန်နေတဲ့အချိန်မှာတော့ ဒပ်ရဲ့အခုလို အပြုအမူတွေက စိတ်သက်သာရာရစေတယ်လေ…နွေးထွေးမှုကို ခံစားရတယ်… ခဏနေတော့ အန်ဒါ့ဆီကိုရောက်လာတယ်…အန်ဒါကတော့ အငိုတိတ်သွားပါပြီ… ဒါပေမယ့် ငိုထားတော့ မျက်နှာက နွမ်းပြီးဖျော့တော့နေတယ်…ငြိမ်ငြိမ်လေးနဲ့ အိပ်ချင်ယောင်ဆောင်နေလိုက်တယ်…အခုလိုကျတော့လည်း ပီတာ့ကိုကျေးဇူးတင်လိုက်တာ…သူအနိုင်ကျင့်လို့ငိုပြီးရင် လူကြီးတွေမသိအောင် ဟန်ဆောင်ရတယ်လေ….မင်းကငါ့ခံစားချက်တွေကို ဘယ်လိုဖုံးကွယ်ရမလဲဆိုတာကို သင်ပေးခဲ့တာပဲ….

……………………………………………………………………………………

 

မနက်ဖြန်ကျရင် အပိုင်းသစ်တင်ပေးပါမယ်နော်…

5Starsလေးတွေပေးသွားကြဖို့လဲ မမေ့ပါနဲ့နော်…

A cup of coffeeလေးလည်း buyပေးလို့ရပါတယ်ရှင့်…

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်…


rate now:

10 Reviews
  • reader Michaelharis 04.11.2019, 13:03 5

    Fighting

    reply

  • reader Bao Bao 04.11.2019, 10:56 5

    Mike pr dl

    reply

  • reader Khin Mg Htwe 04.11.2019, 07:35 5

    Good

    reply

  • reader Ur boyfri Swam 🙂 01.11.2019, 13:21 4.9

    Kg pr dl

    reply

  • reader HsuHsu 01.11.2019, 07:36 5

    .

    reply

  • reader Wai lin ko 31.10.2019, 15:37 5

    read loe kg dl

    reply

  • reader Aye Lay 29.10.2019, 05:38 5

    .

    reply

  • reader Aye Lay 29.10.2019, 05:38 5

    .

    reply

  • reader Yoon Yoon 29.10.2019, 05:17 5

    Good

    reply

  • reader sawoolinn 29.10.2019, 04:15 5

    Good tl

    author Mira June 29.10.2019, 04:31

    Thank you pr🤗❣️