“ကျွန်မရှင့်ကို လေးစားတယ်…လက်ချိုးလိုက်တယ်
ဟုတ်လား…ရီချင်စရာပဲ…”
“အဲ့ဒါမတော်တဆ လုပ်မိတာပါကွာ…”
“ဟုတ်လား…ကျွန်မကတော့ ရှင့်ရဲ့တရားဝင်
မှတ်တမ်းထဲမှာတောင် မှတ်ထားပြီးသွားပြီ…”
“အန်ဒါ အကူအညီလှမ်းတောင်းမယ်လို့
ငါထင်ခဲ့တာ…”
“အကူအညီတောင်းဖို့…?အဲ့ဒါက
ရှင်အန်ဒါကို အကြိုက်ဆုံးအရာ မဟုတ်လား… ဘယ်အရာမဆို သူ့ဟာသူ ဖြေရှင်းဖို့ ကြိုးစားတတ်တာလေ…”
“ဘယ်သူက အဲ့ကောင်စုတ်လေး
ထိုင်ခုံပေါ်ကနေ လွင့်သွားမယ်လို့ ထင်ထားမှာလဲ”
“တပ်မတော်ရဲ့ နောက်ထပ် ခပ်တုံးတုံးဖြစ်ရပ်တစ်ခုလို့
မှတ်လိုက်ပါ…”
“အဲ့လိုပဲ မှတ်ရတာပေါ့…”
“အခု ကျွန်မတို့ရဲ့လက်ထဲမှာ
လူသားတွေရဲ့ ကံကြမ္မာရှိနေတယ်…တိုက်ပွဲကို ဘာအကြောင်းနဲ့မှ ရှုံးလို့မဖြစ်ဘူး…”
“အန်ဒါ ဘယ်လိုဖြေရှင်းမလဲ
ကြည့်ကြတာပေါ့…ငါတို့သူ့ကို ဆုံးရှံးလိုက်ရတာဖြစ်ဖြစ် သူမလုပ်နိုင်ရင်ပဲဖြစ်ဖြစ် ငါတို့ဘယ်လိုလုပ်ကြမလဲ…”
“နောက်ထပ် စာရင်းလုပ်ထားလိုက်ရတော့မလား…”
“မဟုတ်ဘူး…သူ့ကိုမဆုံးရှုံးရအောင်ပဲ
လုပ်ကြတာပေါ့…”
“ကျွန်မရှင့်ကို ပြောပြမယ်…သူ့ရဲ့ပင်ကို
ဖြစ်တည်နေတဲ့ပုံစံက အလွယ်တကူ ဖျက်ဆီးလို့မရဘူး…သူ့ကိုလူတစ်ယောက်က ကူညီမယ်ဆိုတာကို သူဘယ်တော့မှ
ယုံလာမှာမဟုတ်ဘူး…တစ်ခါလောက် အဲ့လိုယုံမိတာနဲ့ သူပျက်စီးဖို့ လမ်းကြောင်းက စပြီပဲ…”
“မင်းပြောတာမှန်တယ်…သူ့မှာသူငယ်ချင်းရှိလို့
မဖြစ်ဘူး…”
“သူ့မှာသူငယ်ချင်း ရှိလို့ရပါတယ်…မိဘရှိလို့
မရတာ…”
တစ်ခြားကလေးတွေက အန်ဒါဝင်လာတာနဲ့
ရှောင်သွားကြတယ်…
အန်ဒါက အိပ်ခန်းဆောင်အရှေ့မှာ
ရပ်ပြီး ကျန်သေးတဲ့အိပ်ရာကို လိုက်ရှာနေတယ်…
ခန်းဆီးကသေးပါတယ်…အန်ဒါတောင်
လှမ်းကိုင်ရင် မှှီသေးတယ်… ကလေးအခန်းလေးပါ…
ကလေးတွေက အခန်းထောင့်နားမှာ
စုရပ်နေကြပြီး အန်ဒါ့ကို ကြည့်နေကြတယ်…
ဟုတ်တာပေါ့…တံခါးဘေးနားက
အိပ်ရာလေး…တစ်ခြားလူတွေရဲ့အဝေးမှာ…
ဒါပေမယ့် သူပြုံးပြီး “ဟေး…ကျေးဇူးတင်ပါတယ်”
ဆိုပြီး ရင်ထဲကပါပါနဲ့ ပြောလိုက်ပါတယ်…
သူ့အတွက် အကောင်းဆုံးနေရာကို
ရွေးပေးထားကြတာပဲလေ.
“ငါလဲအစက တံခါးနားကအိပ်ရာလေး
ရမလားလို့ မေးတော့မလို့ပဲ…”
သူထိုင်လိုက်တယ်…
လော့ကာကို ကြည့်ပြီးနောက်မှာ
မတ်တပ်ရပ်ပြီး သေချာကြည့်တယ်…
သင့်ရဲ့လက်ကို Scanner ပေါ်တင်လိုက်ပါ
သင့်ရဲ့လော့ကာရှေ့မှာရပ်ပြီး
သင့်ရဲ့နာမည်ကို နှစ်ခါပြောပါ
အန်ဒါသူ့လက်ကို တင်လိုက်တယ်…ပြီးတော့ “ အန်ဒါ ဝတ်ဂင်. အန်ဒါဝတ်ဂင်”
ဆိုပြီး နှစ်ခါပြောလိုက်တယ်…
Scanner ကတစ်ခဏလောက် အစိမ်းရောင်လေး
တောက်သွားတယ်…အန်ဒါက သူ့လော့ကာကို ပြန်ဖွင့်ပြီးတော့ ပြန်ဖွင့်ဖို့ ကြိုးစားတယ်…သူ့လက်ကို
ပြန်တင်တယ်…ပြီးတော့ “အန်ဒါ ဝတ်ဂင်” ဆိုပြီးထပ်ပြောတယ်…လော့ကာက ချက်ချင်းဖွင့်သွားတယ်…
အထဲမှာ အကန့်၃ကန့်တွေ့တယ်…
ပထမအကန့်မှာ သူအခုဝတ်ထားသလိုမျိုး
jumpsuit ၄စုံတွေ့တယ်…
ဒုတိယအကန့်မှာကျတော့ ကျောင်းတုံးကလို
စားပွဲအသေးလေးတွေ့တယ်…
တတိယအကန့်မှာကျတော့ ဆုတစ်ခုပါဝင်ပြီး
အကြီးဆုံးအကန့်ပါ… စစကြည့်ချင်းမှာတော့ spacesuit နဲ့ဆင်တယ်…ဦးထုပ်နဲ့ လက်အိတ်တွေနဲ့
အပြည့်အစုံပါတာကိုး…ဒါပေမယ့် မဟုတ်ဘူးဟ…လေမလုံဘူးဝတ်စုံက… ဒါပေမယ့် တစ်ကိုယ်လုံးကိုတော့
ကောင်းကောင်းကာကွယ်နိုင်တယ့်ပုံစံပဲ… တောင့်လည်းတောင့်တယ်…ပစ်စတိုသေးသေးလေးတောင် ပါသေးတယ်…
လေဆာသေနတ်နဲ့ဆင်သလိုပဲ…
ဒါပေမယ့် သူတို့တွေ ကလေးတွေကို
အန္တရယ်များတဲ့ ပစ္စည်းတွေကို ပေးကိုင်မှာမဟုတ်ပါဘူး…
“အဲ့ဒါလေဆာ မဟုတ်ဘူး” အန်ဒါက
အပေါ်ကို မော့ကြည့်လိုက်တယ်… သူဒီလူကြီးကို မမြင်ဖူးဘူး…ကြည့်ရတာကတော့ ငယ်ပြီးသဘောကောင်းမယ့်ပုံပဲ…
“ဒါပေမယ့်သူက လျှပ်စစ်ရောင်ခြည်တန်းထွက်တယ်…သေချာကိုင်ပါ”
“ဒါဘာအတွက်လဲ” အန်ဒါကမေးလိုက်တယ်…
“ငါတို့နားတဲ့အခါ ဆော့လေ့ရှိတဲ့
ဂိမ်းတစ်မျိုးအတွက်ပေါ့…တစ်ယောက်ယောက်မ များ
လော့ကာကိုဖွင့်လိုက်လား”
ဘေးပတ်ပတ်လည်ကို ကြည့်ရင်းနဲ့
ထပ်ပြောလိုက်တယ်…
“ငါပြောချင်တာက မဖွင့်၇သေးဘူးဆိုရင်
သူ့ရဲ့ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်လို့…မဟုတ်ရင် ဖွင့်လို့ရမှာ မဟုတ်ဘူးလို့ပြောမလို့…ဒီအခန်းက
Battle School ရဲ့ ပထမနှစ်မှာ နေရမယ့်အခန်းဖြစ်တယ်…အဲ့ဒါကြောင့်မလို့ ကိုယ်နေချင်တဲ့နေရာကို
အခုကတည်းက ရွေးထားကြ…ညစာက ၇မိနစ်အတွင်းမှာ စမယ်…ကြမ်းပြင်ပေါ်က အရောင်လိုင်းပေါ်နေတဲ့အတိုင်း
လိုက်လာခဲ့ပါ… မင်းတို့ရဲ့အရောင်က အနီ,အဝါ,အဝါ…ဘယ်တော့မဆို အဲ့အရောင်တွေ လမ်းညွှန်တဲ့အတိုင်း
လိုက်ရမယ်…ဘာအရောင်လဲ!”
“အနီ,အဝါ,အဝါ ပါ”
“တော်တယ်…ငါ့နာမည်က ဒပ်…အခုကစပြီး
နောက်လအနည်းငယ်အထိ ငါကမင်းတို့ရဲ့ အမေပဲ…”
ကလေးတွေက ရီကြတယ်…
“ရီပါ ကြိုက်သလိုရီကြ…ဒါပေမယ့်တစ်ခုတော့မှတ်ထား…လမ်းပျောက်တာတို့
မပြန်လာတတ်တာတို့ဖြစ်ခဲ့ရင် ထျှောက်မသွားနဲ့…သူများတွေခေါ်လဲ မလိုက်နဲ့… ငါ့နာမည်ပဲပြောလိုက်…ဒါမှမဟုတ်
မင်းတို့ရဲ့ အရောင်ကိုပြောပြလိုက်… ပြသနာတစ်ခုခုရှိရင် ငါ့ကိုလာပြောပြလို့ရတယ်…မှတ်ထား…ဒီမှာ
ငါတစ်ယောက်ပဲ မင်းတို့အပေါ်ကောင်းမှာ…အမြဲတမ်း ကောင်းမှာမဟုတ်ပေမယ့်လည်းပေါ့…ငါ့ကို
ပြန်ခံပြောရင်တော့ မျက်ခွက်ကို အထိုးခံရမယ်ဆိုတာသိထား… “
ကလေးတွေက ထပ်ရီကြပြန်တယ်…ဒပ်ကြောင့်
အခန်းထဲမှာ ပျော်စရာကောင်းနေတယ်…
“ဘယ်ဘက်ကအောက်လဲ…ပြောပြပါဦး”
ကလေးတေွက မေးလိုက်တယ်…
“ဟုတ်ပြီ…မေးတာကောင်းတယ်…ဒီယာဉ်ကြီးက
လည်နေတာကွာ… တစ်ခါတစ်လေကျရင် အောက်ဘက်ကိုသွားရင်းနဲ့ ကိုယ်စထွက်ခဲ့တဲ့နေရာကို ပြန်ရောက်လာတတ်တယ်…
သတိထားသွားကြ…အဲ့ကျရင် တည့်တည့်ဆက်မလျှောက်သွားနဲ့…ဆရာတေွနေတဲ့ ဆီကိုရောက်သွားလိမ့်မယ်…အပေါ်လမ်းကကျတော့
အကြီးတန်းကျောင်းသားတွေ နေတယ်…မသွားမိစေနဲ့…အကြီးတန်းတွေက အငယ်တွေကို သဘောမကျတတ်ကြဘူး…သူတို့အနိုင်ကျင့်တာခံလာရမှ
ငါ့ဆီလာမငိုပြနဲ့နော်… ဒါBattle School…ကလေးထိန်းကျောင်းမဟုတ်ဘူး…ကြားလား…”
“အဲ့ဒါဆို ကျွန်တော်တို့က
ဘယ်လိုလုပ်ရမှာလဲ…” အန်ဒါ့ဘေးနားက အသားမည်းမည်းနဲ့ ကောင်လေးကမေးလိုက်တယ်…
“အနိုင်ကျင့်မခံရအောင်နေလေ…ငါထပ်ပြီးသတိပေးလိုက်မယ်…ဒီမှာက
အကြမ်းဖက်မှုတွေကို တားမြစ်ထားတယ်…လက်ကျိုးတာတွေလည်း ထပ်မကြားချင်ဘူး…တစ်စုံတစ်ယောက်ကို
သွေးထွက်သံယို ဖြစ်အောင်လုပ်မိမယ်ဆိုရင် လူတိုင်းအပြစ်ပေးခံရမယ်”
“ဘယ်လိုမျိုးလဲ” ကောင်လေးတစ်ယောက်ကမေးလိုက်တယ်…
“ကမ္ဘာဘက်ခြမ်းကို ပို့ပြီးတော့
ရေခဲထဲမှာခဲထားမယ်…ပြီးတော့ ကျောင်းထုတ်ပစ််မယ်”
ဘယ်သူမှ အန်ဒါ့ကို မကြည့်တော့ဘူး…
“အဲ့ဒါကြောင့် ပြသနာမလုပ်မိအောင်နေကြ”
ဒပ်ကပြောပြီးတာနဲ့ ချက်ချင်းထွက်သွားတယ်…အန်ဒါ့ကို
ဘယ်သူမှ မကြည့်ကြသေးဘူး…
အန်ဒါကြောက်လာမိတယ်…သူလက်ချိုးလိုက်မိတဲ့ကောင်လေးအတွက်
စိတ်မကောင်းမဖြစ်မိဘူး…အဲ့ကောင်လေးက စတယ်လ်စန်လိုပဲ…အဲ့ဒါကြောင့် သူ့ကိုယ်သူထပ်ပြီး
ကာကွယ်မိရုံပဲ…
သူရင်ထဲအသည်းထြကကို အိမ်ပြန်ချင်စိတ်တွေ
ပေါက်ဖွားလာတယ်… ကမ္ဘာကြီးအတွက် သူကဘာလုပ်ရမှာလဲ…မော်နီတာလည်းမရှိဘူး…အခန်းထဲက လူတွေအနိုင်ကျင့်ရင်တောင်
မှားနေတဲ့လူက သူပဲဖြစ်တော့မှာလေ…ဗယ်လ်လည်း မရှိဘူး…
ထမင်းစားခန်းထဲမှာလည်း သူနဲ့ဘယ်သူမှ မထိုင်ကြဘူး…
တစ်ခြားကောင်လေးတွေကတော့စကားတွေပြောကြဆိုကြနဲ့ပေါ့…
ထပ်ပြီးတစ်ယောက်တည်း ဖြစ်ပြန်ပြီ…
……………………………………………………………………………………
နောက်အပိုင်းသစ်ကို မနက်ဖြန်တင်ပေးပါမယ်နော်….
ကြိုက်နှစ်သက်တယ်ဆိုရင် 5Stars လေးတွေပေးသွားကြပါနော်…
Buy a cup of coffee ဆိုတဲ့Buttonလေးကိုနှိပ်ရင်လည်း
စိတ်မဆိုးပါဘူးနော် :3
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်…
🤩
replyI like the way you write
replyMike dl
replyGood
replyImm
reply😍
reply.
reply.
replyGood
replyA yan kg tl
Thank you pr nor 🙄❣️