“ဟေး ကောင်ဆိုးလေး…ကြိုက်ရဲ့လား…” သူ့နောက်ကကောင်လေးက ခေါင်းကိုရိုက်ပြီး
ပြောလိုက်တယ်…
“ဉာဏ်ကြီးရှင်ကြီးဖြစ်ရတာ ပျော်စရာကောင်းရဲ့လား…”
နောက်တစ်ယောက်က ထပ်ထိုးပြီးမေးလိုက်တယ်…
အန်ဒါက နာလို့ငိုမိတယ်…
ဂရပ်ဖ်သာရောက်မလာဘူးဆိုရင် သူတော့သွားပါပြီ…
နောက်တစ်ချက်လာတော့မယ်ဆိုတာ သူသိနေတယ်…အခုပဲ…ဟုတ်တယ်…
အချိန်ကောင်းပဲ…
နောက်တစ်ချက် သူ့နားမရောက်ခင် အန်ဒါသူ့လက်နဲ့
လှမ်းကိုင်လိုက်တယ်… နောက်တော့ လက်ကောက်ဝတ်ကနေတစ်ဆင့် လက်မောင်းကိုကိုင်လိုက်တယ်… တစ်ခါတည်း
အားနဲ့ဆွဲယူလိုက်တယ်…ဆွဲအားမရှိပေမယ့် ကောင်လေးက လေထဲကိုမျောသွားတယ်…အန်ဒါ့ခါးပတ်နဲ့လည်း
ရိုက်မိသလိုဖြစ်တော့ ရင်ဘတ်အောင့်သွားတယ်…
အန်ဒါလည်း ဒီလိုလုပ်ဖို့ မမျှော်လင့်ပါဘူး…ပြီးတော့
ဆွဲအားမရှိတဲ့ နေရာက ကလေးတစ်ယောက်အပေါ် ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာကိုလည်း မတွေးခဲ့မိဘူး…
ကောင်လေးက လေထဲမှာ ဘောလုံးတစ်လုံးလို ဖြစ်နေတယ်…
အပေါ်ကိုသွားဆောင့်လိုက် အောက်ကိုသွားဆောင့်လိုက်ပေါ့ ဆောင့်နေပါတယ်ဆိုမှ
နာပြီလေ … အဲ့တော့ကောင်လေးက အော်ငိုပါလေရော…
သိပ်မကြာပါဘူး ဂရပ်ဖ်ရောက်လာတယ်…
“ဘယ်လက်ကျိုးသွားပြီထင်တယ်…”
ကောင်လေးကိုလေထဲမှာပဲ ဆေးတွေဘာတွေ ပေးနေတယ်…သူ့လက်မောင်းထဲမှာ
ထည့်ထားပြီးတော့ပေါ့…
အန်ဒါနေလို့ထိုင်လို့ သိပ်မကောင်းတော့ဘူး…သူ့ကြောင့်ဖြစ်တာလေ…
ဟင့်အင်း မဟုတ်ဘူး…သူ့ကိုအရင်လာထိခိုက်နေလို့
လက်မောင်းကို ဆွဲရုံပဲ ရည်ရွယ်တာလေ…တမင်မှ မဟုတ်တာ…
ကောင်လေးက တော်တော်နာနေရှာတာ…
ငါလဲ ပီတာ့လိုဖြစ်နေပြီပဲ…ကိုယ့်ကိုကိုယ်မုန်းလိုက်တာ…
ဂရပ်ဖ်က အခန်းရှေ့မှာရပ်လိုက်တယ်…
မင်းတို့အားလုံးက စစ်သားတွေအနေနဲ့ ဒီကိုရောက်လာတာ…အရင်ကျေိာင်းတွေနဲ့
မိသားစုတွေမှာ ဘယ်လောက်ပဲ ဆိုးနေပါစေ…ဘယ်လောက်ပဲ ပျော့ညံ့နေပါစေ…တော်နေပါစေ…ငါဂရုမစိုက်ဘူး…ငါတို့က
အကောင်းတကာ့ အကောင်းဆုံးတွေကိုပဲ ရွေးလာတာ…ရှေ့လျှောက်မင်းတို့တွေ့မယ့် ကလေးတွေကအဲ့လိုတွေချည်းပဲ…အန်ဒါဝတ်ဂင်က
ဒီယာဉ်ပေါ်မျာ အတော်ဆုံးလို့ ငါပြောထားတယ်မလား…အဲ့ဒါငါ့ရဲ့
သတိပေးချက်ပဲ…သူနဲ့သွားမရှုပ်ကြနဲ့…Battle Schoolမှာ အသက်ဆုံးရှုံးသွားရတဲ့ ကောင်လေးတွေရှိတယ်… ငါပြောတာ အားလုံး ရှင်းကြရဲ့လား…”
နောက်တော့ လူတိုင်းတိတ်ဆိတ်သွားကြတယ်…အန်ဒါဘေးနားက
ကောင်လေးကတောင်မှ အန်ဒါ့ကို မထိမိအောင်နေတယ်…
ငါက လူသတ်သမားမှ မဟုတ်တာ…ငါကပီတာ့လို မဟုတ်ဘူး…ဂရပ်ဖ်
ဘာပဲပြောပြော ငါလဲငါ့ကိုယ်ငါ ကာကွယ်ဖို့လုပ်တာ…ငါအတော်လေး သည်းခံခဲ့တာ…ငါအတော်လေး စိတ်ရှည်ခဲ့တာ…
အန်ဒါက သူ့ကိုယ်သူ ထပ်တလဲလဲ ပြောနေမိတယ်…
နောက်တော့ ကြေငြာသူတစ်ဦးက သူတို့တွေ ကျောင်းကိုရောက်ခါနီးပြီဖြစ်ကြောင်း
ပြောတယ်…ယာဉ်အရှိန်သတ်ဖို့နဲ့ ဆင်းသက်ဖို့ မိနစ်၂၀ ကြာတယ်…
ကမ်းလဲကပ်ရော လူတိုင်းက တရုံးရုံးနဲ့ ဆင်းကြပေမယ့်
အန်ဒါကတော့ နောက်ဆုံးမှာ ကျန်ခဲ့တယ်…
“ရန်ပွဲကောင်းဖြစ်ခဲ့ရဲ့လား အန်ဒါ…” ဂရပ်ဖ်က
ပျော်ရွှင်တက်ကြွတဲ့လေသံနဲ့ မေးလိုက်တယ်…
“ခင်ဗျားကို ကျွန်တော့်သူငယ်ချင်းလို့ ထင်ထားမိခဲ့တာ…”
အန်ဒါက အသံတုန်တုန်ယှဉ်ယှဉ်နဲ့ ပြောလိုက်တယ်…
ဂရပ်ဖ်က နားမလည်သလို မျက်နှာဘေးနဲ့ ကြည့်လိုက်တယ်…
“ဘယ်အရာကများ မင်းကိုအဲ့လို ထင်စေခဲ့တာလဲ…”
“ဘာလို့လဲဆိုတော့ ခင်ဗျားကျွန်တော့်အပေါ် ကောင်းကောင်းဆက်ဆံတယ်လေ…
လိမ်လဲမလိမ်ခဲ့ဘူး…”
“ငါအခုလည်း မလိမ်ဘူး အန်ဒါ…ငါ့အလုပ်က စစ်သားကောင်းတွေကို
မွေးထုတ်ပေးဖို့ပဲ…သူငယ်ချင်းလုပ်ဖို့ မဟုတ်ဘူး…ကမ္ဘာ့အတော်ဆုံးစစ်သားတွေ
မွေးထုတ်ဖို့ပဲ…ကမ္ဘာ့မှာ သမိုင်းထဲကလို နပိုလီယန်တို့
အလက်ဇန္ဒားတို့လိုလူတွေ လိုအပ်တယ်… နပိုလီယန်က နောက်ဆုံးမှာ ကျဆုံးခဲ့တယ်…အလက်ဇန္ဒားကလဲ
ငယ်ငယ်ရွယ်ရွယ် နဲ့ သေခဲ့တယ်…ဂျူးလီးယက်ဆီးဆာလိုလူမျိုး လိုတယ်… ငါ့အလုပ်က အဲ့လိုအဖိုးမဖြတ်နိုင်တဲ့
ကလေးမျိုးကို ကာကွယ်ပြီး မြေတောင်မြှောက်ပေးဖို့ပဲ…ကလေးတွေနဲ့ သူငယ်ချင်းလုပ်ဖို့ မဟုတ်ဘူး…”
“ခင်ဗျားက သူတို့ကျွန်တော့်ကို မုန်းသွားအောင်
လုပ်တယ်…”
“အဲ့တော့မင်း ဘာလုပ်မှာလဲ…လေးဖက်ထောက်ပြီး
မင်းကိုမမုန်းတော့ဖို့ ပြောမှာလား…သူတို့မင်းကို မမုန်းတော့အောင်လုပ်နိုင်တာ တစ်နည်းပ
ရှိတော့တယ်…မင်းအတော်ဆုံးဖြစ်အောင် လုပ်ပြလိုက်လေ…မင်းတကယ် တော်ကြောင်း လုပ်ပြလိုက်ပေါ့…”
“ကျွန်တော်မလုပ်နိုင်ခဲ့ရင်ရော…”
“အဲ့ဒါဆို မင်းတော့တစ်ယောက်တည်း အထီးကျန်နေတော့မှာပဲ…ငါပြောပြမယ်
အန်ဒါ…အပြင်မှာ မရေမတွက်နိုင်တဲ့ ဂြိုလ်သားတွေက ငါတို့နားမလည်နိုင်တဲ့ လက်နက်အမျိုးမျိုးနဲ့
ကမ္ဘာကြီးကို တိုက်ခိုက်ဖို့စောင့်နေကြတာ…ငါတို့လုပ်နိုင်တာ တစ်ခုတည်းက ဒီမှာငါတို့တတ်နိုင်သမျှ
လေ့ကျင့်ကြပြီး လာတိုက်တဲ့အခါ အကောင်းဆုံး ခုခံနိုင်ဖို့ပဲ…”
“ကျွန်တော်ကြီးလာတဲ့အခါ ဒါတွေပြီးဆုံးသွားမှာပါနော်…”
“မသိဘူးလေ…စကားမစပ် မင်းငါနဲ့ ဒီလိုစကားပြောနေတော့
တစ်ခြားကောင်လေးတွေက တစ်မျိုးထင်ကုန်ကြတော့မှာပဲ…အန်ဒါတစ်ယောက် ကပ်ဖားရပ်ဖားလုပ်နေတယ်ဆိုပြီး…”
“တာ့တာ…” အန်ဒါက တစ်ခြားကောင်လေးတွေ သွားတဲ့လမ်းတစ်လျှောက်
လိုက်သွွားတယ်…
သွားရမယ့်လမ်းကို သိအောင်ညွှန်ပြနေတဲ့ ပိုက်လိုင်းတစ်လျှောက်ပေါ့…
ဂရပ်ဖ်လည်း အန်ဒါသွားတာကို ရပ်ကြည့်နေမိတယ်…
ဂရပ်ဖ်နားမှာ ရပ်နေတဲ့ဆရာ တစ်ယောက်က လှမ်းမေးလိုက်တယ်…
“အဲ့တစ်ယောက်လား…”
“ဘုရားပဲသိမယ်…အခုမဟုတ်သေးရင်တောင် အနာဂတ််မှာ
ဖြစ်လာလိမ့်မယ်…”
သူတို့တွေ နည်းနည်းကြာကြာရပ်နေမိကြတယ်…
“အန်ဒါစန်…”
“ဟင်”
“အဲ့ကလေးမှားတယ်သိလား…ငါက သူ့သူငယ်ချင်းပါ…”
“ကျွန်တော်သိပါတယ်…”
“ကလေးလေးက အရမ်းဖြူစင်ပြီး ရိုးသားတယ်…လူကောင်းလေး…”
“ကျွန်တော်ရီပို့တွေ ဖတ်ပြီးပါပြီ…”
“ငါတို့သူ့ကို ဘာလုပ်ကြမလဲ…”
“သမိုင်းမှာ အကောင်းဆုံးနဲ့ အတော်ဆုံး ကွန်မန်ဒါဖြစ်အောင်
လုပ်မယ်…”
“ကမ္ဘာကြီးရဲ့ အနာဂတ်က သူ့ပခုံးပေါ်မှာ ရှိနေတာ…သူဒါကို
အောင်မြင်အောင် လုပ်နိုင်မှဖြစ်မယ်…”
“ပျော်ပျော်နေစမ်းပါ…သူဘွဲ့မရခင်အထိတော့ ဂြိုလ်ကောင်တွေ
ရောက်မလာနိုင်သေးပါဘူး…
ဂရပ်ဖ်က ပြုံးလိုက်တယ်…
“မင်းပြောတာမှန်တယ်…ဟူး…အခုမှပဲ နည်းနည်းစိတ်သက်သာရာရတော့တယ်…”
Skill ka toh mite
replyKeep writing
replyMikeeeee
replyGood
replywell~
Thank you pr🤗❣️
.
Thank you pr🤗❣️
Bl chp ahti shi tt ll
Law" sel dok chp 18 ahti tin pay htr pr DL🤗❣️
.
Thank you pr🤗❣️
Good
Thank you pr🤗❣️
a yan Kyk ny p
Kyay zuu pr shin🙄❣️