“အန်ဒါအမြန်ဆုံးနေသားကျအောင်တော့ လုပ်ရမယ်…ဘာအကြောင်းကြောင့်မှ
အိမ်မပြန်ချင်အောင် လုပ်ရမယ်…ငါသူ့ကို အဆုံးရှုံးမခံနိုင်ဘူး…ပြီးတော့ စစ်တပ်ကို ဦးဆောင်နိုင်တဲ့
အရည်အချင်းပြည့်ဝအောင် သေချာလေး လေ့ကျင့်ပေးရမယ်…”
“အဆင့်မြင့်ကို မြန်မြန်ရောက်လာလေ သူ့အတွက်ကောင်းလေပဲ…”
“အဲ့ဒါကလည်းအဲ့လောက် မလွယ်ဘူး…အရင်တစ်ခေါက်ကတော့
မာဇာရက်ခ်ဟမ် ရှိနေလို့ အဆင်ပြေခဲ့ပေမယ့် ဒီတစ်ခေါက်စစ်ပွဲဖြစ်ခဲ့ရင် တော်တော်ဒုက္ခရောက်လိမ့်
မယ်…သူဘယ်လောက်ပဲ ဉာဏ်ကောင်းနေပါစေ အဖွဲ့ကိုသေချာ ဦးဆောင်ပြီး အတူတူလက်တွဲ အလုပ်မလုပ်နိုင်ရင်
အလကားပဲ…အဖွဲ့ကို စီမံခံ့ခွဲနိုင်ဖို့လဲ အရေးကြီးသေးတယ်…”
“ဟုတ်တာပေါ့…ဉာဏ်ကောင်းရုံနဲ့ မပြီးဘူး…လူကောင်းဖြစ်ဖို့လဲ
လိုသေးတယ်…”
“အရမ်းကောင်းလို့လဲ မဖြစ်ဘူးလေ…ကြင်နာတတ်တဲ့နှလုံးသား
ရှိလွန်းတာလဲ မကောင်းဘူး…သနားတတ်လွန်းရင်လဲ ဟိုသတ္တဝါတွေကို ဘယ်တော့မှ ချေမှုန်းနိုင်မှာ
မဟုတ်ဘူး…”
“ရှင်ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ…”
“ကျောင်းရောက်တာနဲ့ တစ်ခြားကလေးတွေ အကုန်လုံးနဲ့သူ့ကို
ခွဲခြားပစ်မယ်… တစ်ခြားကလေးတွေသူနဲ့ အဆက်အဆံမလုပ်ချင်တော့အောင် လုပ်ပစ်မယ်…”
“ရှင်ဘာတွေစဉ်းစားနေတာလဲ…အစက စတယ်လ်စန်ကို
သူလုပ်ချင်သလိုလုပ်ခဲ့တာကို ကျွန်မကြည့်ခဲ့ရတယ်…အခုလဲ ရှင်ဘယ်လိုဖြစ်ချင်နေပြန်တာလဲ…ရှင်သူ့ကို
မကောင်းတဲ့ကလေးဖြစ်အောင် လုပ်နေတာပဲ…”
“မင်းငါ့ကိုအထင်မမှားစမ်းပါနဲ့…သူ့အတွင်းစိတ်က
ထင်ထားတာထက်တောင် အများကြီး နူးညံ့သေးတယ်…သိပ်ပြီးမစိုးရိမ်နေပါနဲ့…”
“တစ်ခါတစ်လေကျရင်လေ အဲ့လိုကလေးတွေကို ဖျက်ဆီးရတာကို
ရှင်သဘောတွေ့နေတယ်လို့ ကျွန်မထင်တယ်…”
“ဒါလည်းအနုပညာတစ်မျိုးပဲလေ…ငါလည်းကျွမ်းကျင်တဲ့
အလုပ်ပေါ့… သဘောတွေ့တယ်လို့ပြောလဲရပါတယ်…တစ်စစီဖြုတ်ပစ်ပြီး အရင်ကထက် ပိုကောင်းအောင်
လုပ်တာလေ…”
“ရှင်တော်တော်ရက်စက်တဲ့လူပဲ…”
“ကျေးဇူးပဲ အဲ့လိုပြောလို့…”
ယာဉ်ပေါ်မှာ ကောင်လေး၁၉ယောက် ရှိတယ်…တော်တော်များများက
စကားတွေပြောကြ ရီလိုက်ကြနဲ့ပေါ့…အန်ဒါတစ်ယောက်ကတော့ ဘာမှမပြောပဲ ရေငုံနှုတ်ပိတ်နေလေရဲ့…ဂရပ်ဖ်နဲ့
သူ့စစ်သားတွေ သူတို့ကို စောင့်ကြည့်နေတာကို အန်ဒါသတိထားမိတယ်လေ…
နောက်တော့ သူလည်းတစ်ခြားကောင်လေးတွေနည်းတူနေဖို့
ဆုံးဖြတ်လိုက်တယ်…ဒါပေမယ့် သူဘာရီစရာကိုမှ စဉ်းစားလို့မရဘူး…
သူတို့ပြောနေတာတွေကလည်း မရီရပါဘူး…သူပိုကြောက်လာတယ်…သူများတွေ
နဲ့ အံဝင်ခွင်ကျဖြစ်ချင်တယ်လေ…
နောက်တော့ သူတို့နဲ့အတူ ယူနီဖောင်းလဲဝတ်လိုက်တယ်…ဝတ်စုံက
အန်ဒါ့အတွက် ရီတော့ရီရတယ်…သူ့ခါးတစ်ဝိုက်မှာလည်း ခါးပတ်တွေနဲ့…ပြီးတော့ ခန္ဓာကိုယ်နဲ့
တစ်သားဖြစ်အောင်လုပ်ထားလို့လားမသိဘူး ဘာမှမဝတ်ထားသလို ခံစားနေရတယ်…
အဲ့မှာတီဗီတွေလဲ ရှိနေတယ်…ကြည့်နေရင်းနဲ့ တီဗီပေါ်မှာ
သူ့ပုံပေါ်လာတယ်… လူတစ်ယောက်က လှမ်းမေးလိုက်တယ်…
“မင်းဘယ်လိုခံစားနေရလဲ အန်ဒါ…ဗိုက်ဆာနေတာကလွဲလို့
ကျန်တာအကုန်ကောင်းမှာပါ…သူတို့ကတော့မင်းကို နာရီ၂၀လောက် ဒီယာဉ်ပေါ်မှာ ဘာမှစားခွင့်ပေးမှာ
မဟုတ်ဘူး…ဟဟ…”
ကလေးတွေအများကြီးထဲမှာမှ အန်ဒါတစ်ယောက်ကိုပဲ
မေးခွန်းတွေမေးတယ်… သူ့ကိုပဲ စကားပြောတယ်…အခြားကလေးတွေ အန်ဒါအပေါ် အမြင်မကြည်တော့အောင်
စတင်လုပ်နေလေတယ်…
“လှေကားပေါ်တက်ပြီး ထိုင်ခုံတွေမှာ နေရာဝင်ယူကြ”
ပြောပြီးမကြာခင်မှာပဲ ကောင်လေးတွေက ထိုင်ခုံအသီးသီးမှာ
နေရာဝင်ယူလိုက်ကြတယ်…စကားတွေပြောကြဆိုကြ ရီကြမောကြရင်းပေါ့… နောက်တော့ အန်ဒါက သူ့ခါး…ပခုံး…ပေါင်ခွကြားတို့မှာ
ပတ်ထားရတဲ့ ဖိုင်းကြိုးတွေအကြောင်းနဲ့ ဘာလို့အဲ့လိုတွေ ပတ်ထားရလဲဆိုတာကို နားလည်သွားတယ်…သူက
ဒီယာဉ်ကြီး ကမ္ဘာပေါ်ကနေ ထွက်ရင် ဇောက်ထိုးကြီးဖြစ်နေမှာကို မျက်လုံးထဲမှာ မြင်ကြည့်တယ်…
“ရှာတွေ့သွားပြီလား ဘာတွေဘယ်လို အလုပ်လုပ်တယ်ဆိုတာ…”
ဂရပ်ဖ်က လှေကားပေါ်မှာ ရပ်နေရင်းနဲ့ မေးလိုက်တယ်…
“ကျွန်တော်တို့နဲ့ အတူလိုက်လာတာလား…”
“ငါကလူအသစ်လေးတွေ ရှာဖို့အတွက် လာလေ့မရှိပါဘူး
ငါကဟိုမှာ ကျောင်းအုပ်လေ…ဒါပေမယ့် ဒီတစ်ခေါက် မသွားရင် အလုပ်ပြုတ်မယ်ဆိုလို့…”
ဂရပ်ဖ်က ပြုံးပြတော့ အန်ဒါကလဲ ပြန်ပြုံးပြလိုက်တယ်…
အန်ဒါက ဂရပ်ဖ်နဲ့ဆိုရင် စိတ်ပေါ့ပါးတယ်လို့
ခံစားရတယ်…ဂရပ်ဖ်က လူကောင်းပါ…ပြီးတော့ သူကကျောင်းအုပ်ပဲ…ဟိုရောက်ရင် သူငယ်ချင်းရမှာပါ…
လူငယ်လေးတွေက ကောင်လေးတွေကို ခါးပတ်ကူပတ်ပေးတယ်
…ကလေးတွေဆိုတော့ အကုန်လုံးကို သူ့ဟာသူ ဘယ်လုပ်နိုင်မလဲ… အန်ဒါကတော့ သူ့ဟာသူ ပတ်ပြီးပြီပေါ့…
နာရီဝက်လောက် ကြာပြီးတော့ တီဗီမှာ မကြာခင်
ယာဉ်ထွက်ခွာတော့မှာ ဖြစ်ကြောင်း…ဒါဟာ သမိုင်းတွင်မယ့် အာကာသခရီးစဉ်ဖြစ်လိမ့်မည်ဖြစ်ကြောင်း…
IFနဲ့အတူ သူတို့ရဲ့ အနာဂတ်များဟာ တောက်ပတော့မှာဖြစ်ကြောင်း ပြောကြားနေတယ်…အန်ဒါကတော့
ဒါတွေကို ပျင်းစရာကောင်းတယ်လို့ ထင်တယ်…ဒီလိုရုပ်ရှင်မျိုးကိုလည်း သူကြည့်ဖူးတယ်လေ…
သိပ်တော့မဆိုးလှပါဘူး…စထွက်တုံးက အနည်းငယ်
ကြောက်ဖို့ကောင်းတယ် ဆိုပေမယ့်ပေါ့…ရုပ်ရှင်ကြည့်တုံးကတော့ ဒုံးပျံယာဉ်ထွက်တဲ့အသံက
အရမ်းမကျယ်ဘူးလို့ ထင်ခဲ့ရတယ်…လက်တွေ့မှာတော့ “အားပါးပါး…” ကျယ်လိုက်တဲ့အသံ…ခဏနေတော့
ပြီးသွားပါပြီ…ကမ္ဘာ့ဆွဲအားပေါ်က လွတ်မြောက်သွားပြီ… ဘာဆွဲငင်အားမှ မရှိတော့ဘူး….
သူကအရှေ့ဘက်ကို လှည့်ထိုင်နေတာဆိုတော့ ဂရပ်ဖ်
လှေကားပေါ်ကနေ တက်လာတာကို မြင်လိုက်တော့ သိပ်တော့မလန့်သွားဘူး…
ကောင်လေးတစ်ယောက်က ပျို့တက်လာတယ်…အဲ့ဒါနဲ့
အန်ဒါလည်း သူတို့တွေ ဘာလို့ယာဉ်မထွက်ခင် နာရီ၂၀အတွင်း အစားမစားခိုင်းတာလဲဆိုတာ နားလည်သွားတယ်…ဘာဆွဲအားမှ
မရှိတဲ့ ဒီယာဉ်ပေါ်မှာ အန်မိတာက သိပ်ပျော်စရာကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူးလေ…
အန်ဒါ့အတွက်ကတော့ ဂရပ်ဖ်ရဲ့ လေထဲမှာ ပေါလောမျောပြီး
သွားနေတဲ့ပုံစံက ပျော်ဖို့ကောင်းတယ်…သူလဲအဲ့လိုဆော့ချင်တယ်…ဂရပ်ဖ်ရဲ့ခေါင်းပေါ်မှာ
ရပ်ကြည့်မယ်…ဂရပ်ဖ်သိလိုက်မှာတောင် မဟုတ်ဘူး ဟီးဟီး…”
“ဘာကအဲ့လောက်ရီစရာကောင်းနေတာလဲ ဝတ်ဂင်”
ဂရပ်ဖ်ရဲ့ အသံက စိတ်ဆိုးနေတဲ့လေသံပါနေတယ်…ဟင်…ငါဘာများလုပ်မိလို့လဲ..
အကျယ်ကြီးရီမိလို့များလား…
“မင်းကို ငါမေးနေတယ်…” ဂရပ်ဖ်က အာဏာသံပါပါနဲ့
ဆိုလိုက်တယ်…
အို…ဟုတ်တာပေါ့…ဒါကထရိန်နင်ရဲ့အစပဲ…ဒါမျိုးတီဗီထဲမှာ
မြင်ဖူးတယ်လေ… အထက်လူကြီးတွေက အစပိုင်းမှာ ဒီလိုပဲ အော်ငေါက်တတ်ကြတယ်လေ… နောက်တော့လည်း
အဆင်ပြေသွားကြတာပါပဲ…
သူ့အတွေးနဲ့သူတွေးနေတာ…
“ဟုတ် ဆရာ…”
“ကယ် ဖြေစမ်း”
“ဆရာလေထဲမှာ ပေါလောသွားနေတာက ရီစရာကောင်းတယ်လို့
ထင်မိလို့ပါ… ကမ္ဘာ့ဆွဲငင်အားက လွတ်လာတော့ စိတ်ဝင်စားဖို့ကောင်းတယ်လေ…”
သေစမ်း! ငါဘာလို့ အဲ့လိုဖြေလိုက်မိတာလဲ…
ဂရပ်ဖ်က အေးတိအေးစက်မျက်နှာနဲ့ ပြန်ကြည့်ပြီး
“မင်းအတွက်ဒါက သိပ်ရီရတယ်ပေါ့...တစ်ခြားလူတွေကော
အဲ့လိုထင်လား…”
လူတိုင်းကချက်ချင်းပဲ “မဟုတ်ပါဘူး” လို့ ပြန်ဖြေကြတယ်…
“ဘာဖြစ်လို့ မထင်ကြတာလဲ…”
ဂရပ်ဖ်က လူတိုင်းကို ဘုကြည့်ကြည့်ရင်း ထပ်မေးလိုက်တယ်…
“ငတုံးတွေ...ဦးနှောက်မရှိကြဘူးလား…ဆွဲငင်အားမရှှိတော့လို့
ဒီလိုဖြစ်နေတာကို သူတစ်ယောက်ပဲသိတာလား…နောက်ဆိုအမြဲ သတိမူနေရမယ် ကိုယ့်ပတ်ဝန်းကျင်ကို…နားလည်လား…”
ကလေးတွေအကုန်က ခေါင်းငြိမ့်ပြလိုက်တယ်….
“မဟုတ်ပါဘူး…မင်းတို့နားမလည်ပါဘူး…တုံးတာတင်မဟုတ်ဘူး
လိမ်ပါလိမ်တတ်ကြတာပဲ…ဒီယာဉ်ပေါ်မှာ ဉာဏ်ရှိတာဆိုလို့ အန်ဒါဝတ်ဂင် တစ်ယောက်ပဲရှိတယ်…သူ့ကို
ကောင်းကောင်းကြည့်ထားကြ…သူကအနာဂတ်မှာ ကွန်မန်ဒါကောင်းတစ်ယောက် ဖြစ်လာမယ့်လူပဲ…”
ဘယ်လိုတွေဖြစ်ကုန်ပြီလဲ…ဒါမျှော်လင့်ထားသလိုကြီးလဲ
မဟုတ်ဘူး…ဂရပ်ဖ်က ကလေးတွေအများကြီးထဲမှာမှ သူ့ကိုရွေးထုတ်ပြီး သူကအတော်ဆုံးဖြစ်ကြောင်း
သတ်မှတ်ပေးပြီး ချီးမွမ်းသွားတာပဲ…အဲ့လိုဆိုရင် ဘယ်သူမှသူနဲ့ သူငယ်ချင်းဖြစ်ချင်မှာ
မဟုတ်တော့ဘူး…သူ့ကိုတစ်ခြားကလေးတွေက အမြင်ကြည်မှာ မဟုတ်တော့ဘူး…ဂရပ်ဖ်ဘာတွေလျှောက်လုပ်နေတာလဲ…
ဂရပ်ဖ်လည်း ပြန်ထွက်သွားရော ဘေးကကောင်လေးက…
“မင်းကတော့ မိုက်နေပြီ…”
အန်ဒါက ခေါင်းပဲရမ်းပြလိုက်တယ်…
“အို…ဘာလဲ…မင်းကငါ့ကို ပြန်တောင်မပြောဘူးလား…”
“ငါသူ့ကို အဲ့လိုမျိုးတွေ မပြောခိုင်းဘူးလေ…”
အန်ဒါက တိုးတိုးလေး ရေရွတ်လိုက်တယ်…
အန်ဒါ သူ့ခေါင်းထိပ်ကနေ နာကျင်မှုကို ခံစားလိုက်ရတယ်…ဟော…ထပ်ဖြစ်ပြန်ပြီ
သူ့နောက်ကနေ ကလေးတွေရီသံ တခစ်ခစ်ထွက်လာတယ်…
သူ့နောက်ကကောင်လေးတစ်ချို့က သူ့ရဲ့ခါးပတ်ကြိုးတွေကို
တင်းနေအောင် လုပ်နေကြတယ်လေ…နောက်တော့ ခေါင်းကိုလှမ်းထိုးလိုက်ကြတယ်…
သွားကြစမ်းပါကွာ…ငါမင်းတို့ကို ဘာမှမလုပ်ဘူးလေ…
နောက်တစ်ခါ ထပ်လုပ်ကြတယ်…ကောင်လေးဆီတွေဆီက
ရီမောသံတွေ ထွက်လာတယ်…ဒါတွေကို ဂရပ်ဖ် မမြင်ဘူးလား…ဂရပ်ဖ်ဘယ်ရောက်သွားလဲ…
နောက်တော့သူသိသွားတယ်…ဂရပ်ဖ်က တမင်လုပ်ခဲ့တာပဲ…တီဗီShowတွေထက်
တောင် ဆိုးရွားလိုက်တာ…တပ်ကြပ်ကြီးက မင်းကိုရေွးတယ်ဆိုရင် တစ်ခြားလူတွေက မင်းကိုသဘောကျကြလိမ့်မယ်…အရာရှိက
မင်းကိုသဘောကျတယ်ဆိုရင်တော့ မင်းကိုမုန်းကြလိမ့်မယ်…ဒါသဘာဝပဲလေ…
Great
replyKinda exciting
replyMikeeeee
replyGood
reply💕
Thank you pr🤗❣️
.
Thank you pr🤗❣️
.
Thank you pr🤗❣️
Good
Thank you pr🤗❣️
Goood tl good tl
Kyay zuu pr nor🤗❣️
Nice
Thank u pr shint🙄❣️