အပိုင်း-၆
ဂရပ်ဖ်
“ကျွန်တော်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ချင်တယ်လေ…မရဘူးလား…”
အရာရှိကြီးက အန်ဒါ့နားကို တိုးလာပြီး လက်ကမ်းပေးလိုက်တယ်…
“ငါ့နာမည်က ဂရပ်ဖ်ပါအန်ဒါ…ငါကအာကာသတိုက်ပွဲလေ့ကျင့်ရေးကျောင်းရဲ့
ဒါရိုက်တာတစ်ယောက်ပါ…မင်းကိုငါ့ကျောင်းမှာတက်စေချင်တယ်…”
လူတိုင်းကကြောင်ကြည့်နေကြတယ်…
“ပြီးတော့ မော်နီတာကလေ…ငါတို့ရဲ့ နောက်ဆုံးစမ်းသပ်ချက်က
မော်နီတာကို ဖြုတ်ပြီးနောက်မှာ ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်တာပဲ…အမြဲတမ်း တော့
ဒီလိုမလုပ်ပေမယ့်ပေါ့…မင်းကတော့ သူများနဲ့မတူတဲ့အတွက်…”
“အဲ့တော့ စမ်းသပ်ချက်ကို အန်ဒါကအောင်မြင်သွားတယ်ပေါ့?”
အမေဖြစ်သူက တုန်လှုပ်ခြောက်ခြားစွာနဲ့ ဆက်မေးလိုက်တယ်…
“စတယ်လ်စန်ဆိုတဲ့ ကောင်လေးကို ဆေးရုံရောက်လောက်အောင်ထိ
ရန်ဖြစ်ခဲ့တာကိုလေ…?တကယ်လို့ မတော်တဆများ သတ်ခဲ့မိရင်တောင် ရှင်တို့က မော်နီတာရဲ့ အကျိုးဆက်ပါလို့ပြောပြီး
ဆုချဦးမှာလား…”
ရွဲ့ပြီးပြောနေပေမယ့် အရာရှိကြီးကတော့ မျက်နှာပျက်မသွားပါဘူး…
“သူမလုပ်ခဲ့လို့ပဲ မစ်ဝတ်ဂင်…အဲ့ဒါကြောင့်ပဲ…”
ဂရပ်ဖ်က စာရွက်စာတမ်းတစ်ချို့ကို လှမ်းပေးလိုက်တယ်…
“ခင်ဗျားတို့ တောင်းဆိုချင်တာ တောင်းဆိုပိုင်ခွင့်ရှိတယ်…ဒါတွေက
အဲ့ဒါအတွက် စာရွက်စာတမ်းတွေ…အခု ခင်ဗျားတို့သားကို IF ကမွေးစားလိုက်ပြီ…တရားဝင် ရွေးချယ်ခြင်းခံလိုက်ရပြီပဲဆိုပါတော့…အစကတည်းက
သူ့ကိုငါတို့ပိုင်တာပဲ… မင်းတို့လည်း ခွင့်ပြုပြီးသားပဲ မဟုတ်ဘူးလား…သူအရည်အချင်းပြည့်ဝလား
ငါတို့လိုအပ်တဲ့လူဟုတ်တာသေချာလားဆိုတာကို စောင့်ကြည့်နေကြရုံပဲလေ”
“မင်းတို့တကယ် ရက်စက်ကြတာပဲ…ကိုယ့်သွေးသားအရင်းမဟုတ်တိုင်း
အဲ့လို လုပ်ချင်တိုင်းလုပ်လို့ရလား…အစကတော့ မော်နီတာပြန်ဖြုတ်ပြီး သူ့ကိုအသုံးမလို
တော့သလိုလုပ်တယ်…အခုလည်းကျရော ဘာမှတောင်မသိလိုက်ရပဲ အရွေးခံလိုက်ရပြန်ပြီ…အခုပဲလိုချင်လိုက်
အခုပဲ မလိုချင်လိုက်နဲ့…”
နောက်ဆုံးတော့ ဖေကြီးလည်း စိတ်ထဲရှိတာအကုန်
ပြောချလိုက်တော့တယ်… အမေကလည်း ဖြတ်မေးလိုက်တယ်…
“အဲ့ဒါဆိုရင် စတယ်လ်စန်ဆိုတဲ့ကောင်လေးနဲ့ ပတ်သတ်ပြီးပြောတာတွေကလည်း
ဇာတ်လမ်းဆင်ထားတာပေါ့…”
“ဒါကတော့ ဇာတ်လမ်းဆင်တာမဟုတ်ဘူး မစ်ဝတ်ဂင်…အမှန်တရားပဲ…”
“အခုခင်ဗျားကြီးက ဘာဖြစ်ချင်နေတာလဲ…?
အန်ဒါ့လက်ကိုဆွဲပြီး အခုချက်ချင်း ထွက်သွားဖို့လား…”
“ဒါကတော့ အခြေအနေပေါ် မူတည်တယ်”
“ဘာပြောတယ်…!”
“အန်ဒါသာ ချက်ချင်းလိုက်မယ်ဆိုရင်ပေါ့…”
အမေကခါးသက်သက်ပြုံးလိုက်ပြီး ပြောလိုက်တယ်…
“အင်းပါ…သိပ်ကောင်းတာပဲ…”
“ရွေးချယ်စရာမရှိဘူး…ငါတို့တွေ ဒီကမ္ဘာကြီးနောင်ရေးအတွက်
ဒီလိုကလေးမျိုးတွေ လိုကိုလိုအပ်တယ်…”
“ဟင်!”
ရုတ်တရက် အန်ဒါ့အသံထွက်လာတာကြောင့် ခဏတော့
တိတ်ဆိတ်သွားကြတယ်…
“ဟုတ်တယ် အန်ဒါ…ငါတို့ Battle school ကအနာဂတ်အာကသယာဉ်မှူးတွေ…
ကွန်မန်ဒါတွေ ဖြစ်လာအောင်လေ့ကျင့်ပေးတာ…ကမ္ဘာကြီးရဲ့ မျှော်လင့်ချက်လေးတွေပေါ့…”
“တော်ပါတော့…အဲ့လိုတွေမက်မောလောက်အောင်ပြောနေမယ့်အစား
အဲ့လိုတွေ လေ့ကျင့်ရင်းနဲ့ ကလေးဘယ်နှယောက် အသက်ပေးဆပ်လိုက်ရပြီလဲပါ ထည့်ပြောလေ…”
“စိတ်တော့မကောင်းဘူးဗျာ…မစ်စတာဝတ်ဂင်ဖြစ်စေချင်သလိုတော့
ကျုပ်တို့ဆီမှာ တစ်ခါမှမဖြစ်ဖူးဘူးဗျ…ပထမနှစ်ကတည်းက လေ့ကျင့်ရေးဒဏ်တွေ မခံနိုင်လို့
ကမ္ဘာမြေကို ပြန်လာရတဲ့ ကလေးလည်း တစ်ယောက်မှမရှိဖူးဘူးဗျ…”
“ပထမနှစ်တစ်နှစ်ကို ဘယ်လောက်အချိန်ကြာလဲ…”အန်ဒါကမေးလိုက်တယ်…
“ကိုယ့်အရည်အချင်းပေါ်ပဲမူတည်တယ်…”
အန်ဒါက သူလိုက်ချင်တယ်လို့ပြောတော့မလို့ပဲ…ဒါကသူ့ကို
ကျောင်းသွားရမယ့်ဝဋ် ကနေ ကျွတ်စေမယ့်အပြင် ပီတာ့ရန်ကလည်း လွတ်စေနိုင်မှာလေ…အဲ့လိုဖြေလိုက်
ရင်တော့ နည်းနည်းရူးသွပ်ရာကျပေမယ့်ပေါ့…ဘာလို့လဲဆိုတော့ အဲ့ဒါက ဒီရက်ပိုင်း ကြုံတွေ့နေရတဲ့
ပြသနာကို ခဏတော့ ဖြေရှင်းပေးနိုင်ပေမယ့် သူ့အနာဂတ်အတွက်ရော ကောင်းပါ့မလား…သူ့ဘဝက ပိုအရေးကြီးတယ်လေ…
မေကြီးနဲ့ ဖေကြီးကိုလည်း ခွဲသွားရမှာ…အင်း…ဗယ်လ်ကိုရောပဲ…ပြီးတော့
စစ်သားဖြစ်လာမှာလေ…ငါမှ တိုက်ရခိုက်ရတာကို မကြိုက်တာ…
ပီတာ့လို သူတစ်ပါးအပေါ် နှိပ်စက်အနိုင်ယူတတ်တဲ့လူလည်း
မဖြစ်ချင်ဘူး… ဉာဏ်ရှိတဲ့လူက ဉာဏ်မရှိတဲ့လူတွေအပေါ် အနိုင်ယူရတာမျိုးလည်း မဖြစ်ချင်ဘူး…
အန်ဒါတွေးတောနေတဲ့အချိန်မှာပဲ ဂရပ်ဖ်က ထပြောတယ်…
“အန်ဒါနဲ့ ကျုပ်နဲ့ နှစ်ယောက်တည်း စကားပြောဖို့လိုတယ်လို့
ထင်တယ်…”
“မရပါဘူး” အဖေက ဝင်တားတယ်…
“မင်းတို့သူ့ကို မနှုတ်ဆက်ရသေးပဲ ငါမခေါ်သွားပါဘူး…ပြီးတော့
မင်းကျုပ်ကို တားမရဘူးဆိုတာ သိပါတယ်…”
ဖေကြီးက ဂရပ်ဖ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်တယ်…နောက်တော့
ထထွက်သွားလေတယ်…
မေကြီးကလည်း အန်ဒါ့လက်ကို ကိုင်ထားတာလွှတ်လိုက်ပြီး
ထွက်သွားပေးတယ်…တံခါးပါပိတ်ပေးသွားသေးတယ်…
“အန်ဒါ…မင်းသာငါနဲ့ လိုက်ခဲ့မယ်ဆိုရင် အိမ်ကိုအချိန်အတိုင်းအတာ
တစ်ခုလောက်ထိတော့ ပြန်လာနိုင်မှာမဟုတ်ဘူး…ကျောင်းမှာက ပိတ်ရက်သိပ်မရှိဘူးလေ…ဧည်သည်တွေလည်း
မရှိတတ်ဘူး…တကယ့် သင်ရိုးအရဆိုရင်တော့ မင်းအသက် ၁၆နှစ်မှာ ပြီးလိမ့်မယ်… အသက်၁၂နှစ်ရောက်ရင်တော့
ပထမဆုံးအကြိမ် ကမ္ဘာမြေကို ပြန်ခွင့်ရလိမ့်မယ်… ငါ့ကိုယုံ အန်ဒါ…လူတွေကပြောင်းလဲတတ်ကြတယ်…၆နှစ်
၁၀နှစ်အတွင်းမှာ မင်းအမဗယ်လ်လည်း မပြောင်းလဲဘူးလို့ အာမ မခံနိုင်ဘူး…မင်းတို့ပြန်တွေ့တဲ့အခါ
ကျရင် သူကအပျိုကြီးဖားဖားဖြစ်နေလောက်ပြီ…မင်းတို့တွေ အနေဝေးတော့ သွေးအေးသွားလောက်ပြီ…ဒါပေမယ့်
မင်းကတော့ သူ့ကိုချစ်နေဦးမှာပဲ...ဒီလို ပေါ်တင်တွေပြောနေတော့ မင်းအံ့ဩမိမှာပေါ့…ငါလည်းမင်းကို
မလိမ်ချင်လို့ပါ…
“အာ့ဆို မေကြီးနဲ့ဖေကြီးကရောဟင်…”
“မင်းသူတို့ကို လွမ်းမှာမဟုတ်ပါဘူး ငါသိပါတယ်…သူတို့လည်းမင်းကို
ကြာကြာလွမ်းမှာမဟုတ်ဘူး…ငါကမော်နီတာကနေကြည့်နေတာဆိုတော့ သိပါတယ်…”
မျက်ရည်တွေကျလာတယ်…ဒါပေမယ့် သူမသုတ်ပစ်ခဲ့ဘူး…
“သူတို့မင်းကို တကယ်ချစ်ပါတာက ချစ်ပါတယ်…ဒါပေမယ့်
မင်းလည်းသိတယ်လေ…”
“သူတို့ကျွန်တော့်ကို မလိုချင်ဘူး…”
“ဘယ်သူမှ တတိယမြောက်ကို မလိုချင်ခဲ့ကြဘူးအန်ဒါ…”
“ငါတို့ မင်းအစ်ကိုနဲ့အစ်မကိုလည်း မော်နီတာတပ်ပြီး
လေ့လာကြည့်ခဲ့ကြတယ်... ဒီစက်ကလေးတွေ အလုပ်လုပ်ပုံကို မင်းသိရင်သိပ်အံ့ဩသွားမှာပဲ…ငါတို့က
မင်းရဲ့ဦးနှောက်ကို တိုက်ရိုက်ချိတ်ဆက်ထားတယ်…မင်းကြားသမျှကို ငါတို့အကုန် ကြားရတယ်…မင်းသေချာနားထောင်ထောင်မထောင်ထောင်
အကုန်ကြားရတယ်…မင်းနားလည်လည်မလည်လည် ငါတို့နားလည်တယ်…”
“အဲ့ဒါဆို ဖေကြီးနဲ့မေကြီးက သားကိုချစ်လားမချစ်ဘူးလား…”
“သူတို့မင်းကို ချစ်ပါတယ်…မေးခွန်းက သူတို့မင်းကို
ဒီအိမ်မှာ ဆက်ရှိနေစေချင်လား မရှိစေချင်ဘူးလားပဲ…ငါပြောချင်တာကို မင်းနားလည်တယ်မလားအန်ဒါ…”
“ဗယ်လ်တစ်ယောက်ကတော့ ကျွန်တော့်ကို တကယ်ချစ်ရှာပါတယ်
ဘယ်သူချစ်ချစ်မချစ်ချစ်…”
“အဲ့ဒါတော့ တကယ်ပါ…ငါတို့လည်းသိတယ်…မင်းသူ့ကိုထားခဲ့ချင်မှာ
မဟုတ်တာ ကိုလည်း နားလည်ပါတယ်…”
“အဲ့မှာက ဘယ်လိုမျိုးလဲဟင်”
“အရမ်းကြိုးစားရတယ်…ကျောင်းလိုပါပဲ စာသင်ရတယ်လေ…မင်းတို့ကတော့
ပိုမိုခက်ခဲပြီး အဆင့်မြင့်တာတွေကို သင်ရမှာပေါ့…သချ်ာ…ကွန်ပျူတာ…စစ်သမိုင်း …မဟာဗျူဟာတွေ…စစ်နည်းဗျူဟာတွေ…Battle
room (တိုက်ခိုက်နည်း) တွေပေါ့…”
“အဲ့ဒါကဘာကြီးလဲ…”
“War games တွေပါ…ကောင်လေးတွေအကုန်လုံးက လက်နက်ကိုယ်စီ
ကိုင်ထားကြပြီး (Zero gravity) ကမ္ဘာမြေဆွဲအား လုံးဝမရှိတဲ့အခန်းထဲမှာ တိုက်တိုင်းဆော့ကြတာပါပဲ…ဘယ်သူမှတော့
မထိခိုက်ပါဘူး…ဒါပေမယ့် အနိုင် အရှုံးကတော့ အမြဲရှိတယ်…လူတိုင်းကတော့ သာမာန်စစ်သားဘဝက
စတာပါပဲ… အသက်နည်းနည်းကြီးတဲ့ကောင်လေးတွေကတော့ မင်းတို့ရဲ့ခေါင်းဆောင်တွေ ဖြစ်လိမ့်မယ်…သူတို့က
မင်းတို့ကို လေ့ကျင့်ပေးလိမ့်မယ်…ငါမင်းကိုပြောပြနိုင်တာ ဒါအကုန်ပဲ…ကျန်တာကိုတော့ မင်းနောက်တော့
သိလာမှာပေါ့…ပြောရရင်ကွာ… အာကာသသူရဲကောင်းနဲ့ လူဆိုးလုပ်တမ်း ကစားသလိုပါပဲ…ဒါပေမယ့်မင်းသင်ယူရ
မယ့်အရာတွေက လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်… ပုံမှန်ထက်တော့ အဆပေါင်းများစွာ
ခက်ခဲလိမ့်မယ်…မင်းရဲ့ကိုယ့်ကိုကိုယ် တတိယမြောက်လို့ ခံယူထားတဲ့ စိတ်ဓာတ်နဲ့ဆို ပိုခက်ခဲလိမ့်မယ်…သာမာန်
ကလေးဘဝကိုတော့ ရလိမ့်မှာ မဟုတ်ဘူး…”
“အဲ့မှာအကုန်လုံးက ယောကျ်ားလေးတွေချည်းပဲလား…”
“မိန်းကလေးအနည်းငယ်လည်းရှိပါတယ်…မိန်းကလေးတွေက
ဝင်ဖို့သိပ်မလွယ်ဘူးလေ…ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထဲမှာ ဗယ်လယ်တိုမ်းလို မိန်းကလေးရှိမှာ
မဟုတ်ဘူး…ညီအစ်ကိုတွေပဲ ရှိလိမ့်မယ်…”
“ပီတာ့လိုမျိုးလား…”
“မင်းပီတာ့ကို မုန်းနေတဲ့အချက်ကြောင့်ပဲ သူ့ကိုငါတို့
လက်မခံခဲ့တာ…
“ကျွန်တော်သူ့ကို မမုန်းပါဘူး…ဒီအတိုင်း…”
“ကြောက်တာ။ မင်းလည်းသိပါတယ် အန်ဒါရယ်…
ပီတာက အရမ်းဆိုးတဲ့လူ မဟုတ်ပါဘူး…
ငါတို့တွေ့ဖူးသမျှထဲက အကောင်းဆုံးထဲမှာ ပါပါတယ်…
နောက်တော့ ငါတို့ ဗယ်လ်ကို ရွေးချယ်လိုက်တယ်…
နောက်ဆုံးကျတော့ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ မင်းကိုတွေ့တယ်ပေါ့…”
“ပီတာ့လို အရည်အချင်းနဲ့ ဗယ်လယ်တိုမ်းရဲ့ စိတ်ဓာတ်နဲ့မို့လား…”
“မင်းသာကောင်းကောင်းလေ့ကျင့်ခြင်းခံရမယ်ဆိုရင်ပေါ့…”
“ဟုတ်လား…”
“အခုချိန်မှာ ငါအတိအကျမပြောနိုင်သေးဘူး…
ငါတို့ရဲ့ စစ်ဆေးမှုတွေက အရမ်းကောင်းတယ်ဆိုပေမယ့်…ငါတို့လည်း
အလုံးစုံကိုတော့ အသေးစိတ်မသိနိုင်ဘူးလေ…”
ဂရပ်ဖ်က အန်ဒါ့လက်ကလေးကို လှမ်းဆွဲပြီး ကိုင်လိုက်တယ်…
“အန်ဒါရယ်…မင်းဘဝအတွက် အကောင်းဆုံးနဲ့ အပျော်ရွှင်ရဆုံးဖြစ်မယ့်
အရာကိုပဲ ရွေးပါဆိုရင်တော့ အိမ်မှာအေးဆေးလေးနေတာ အကောင်းဆုံးပေါ့…ဒါပေမယ့်… တတိယမြောက်ဖြစ်နေရပြီး
သူ့စိတ်သူမနိုင်တဲ့ အရူးလို အစ်ကိုတစ်ယောက်နဲ့ အိမ်မှာ စိတ်ဒုက္ခခံပြီးနေမယ့်အတူတူ
မင်းကိုလိုအပ်နေတဲ့ ငါတို့ကျောင်းကို လာတာက ပိုမကောင်းဘူးလား…ငါတို့လည်းမင်းကို တကယ်လိုအပ်လို့ပါ… မာဇာရက်ခ်ဟမ်လည်း မရှိတော့ဘူးလေ… နောက်ထပ်တိုက်ခိုက်ခံရရင် ကမ္ဘာကြီး ကို ကာကွယ်ပေးနိုင်မယ့်လူ
မရှိတော့ဘူး…လွန်ခဲ့တဲ့၁၈နှစ် တိုက်ခိုက်ခံရပြီးကတည်းက အခုချိန်ထိ သူတို့ရောငါတို့ရောမှာ
အချိန်လုံလုံလောက်လောက်ရှိခဲ့တယ်…အဲ့တော့ သူတို့ဘယ်အချိန်လာတိုက်တိုက် ငါတို့ဘက်က ခုခံနိုင်အောင်
အကောင်းဆုံး ပြင်ဆင်ထားဖို့လိုတယ်…မင်းကိုအရွယ် နဲ့ မလိုက်တဲ့ ဖိအားတွေ ပေးရင်ပေးမိလိမ့်မယ်…အဲ့ဒါက
မင်းဘဝကို အတော်လေး ပြောင်းလဲရင်ပြောင်းလဲမိလိမ့်မယ်…မင်းအိမ်ကိုအခုလိုမျိုးရောက်လာတဲ့အတွက်
မင်းငါ့ကို မုန်းရင်မုန်းမိလိမ့်မယ်…ဒါပေမယ့် မင်းသာငါနဲ့ လိုက်ခဲ့မယ်ဆိုရင် ဟိုလူဆိုးတွေ
ဘယ်တော့မှပြန်မလာရဲအောင် မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ်…အဲ့ဒါကြောင့် ငါနဲ့လိုက်ခဲ့ပါလား…”
အန်ဒါက ဂရပ်ဖ်ကိုသေချာ စိုက်ကြည့်နေမိတယ်…အရာအားလုံးကို
ကျောခိုင်းခဲ့ရမှာလေ…ဒီအိမ်ကိုရော…သူ့မိဘတွေကိုရော…ဗယ်လ်ကိုရောပေါ့…”
“ကျွန်တော်ကြောက်တော့ကြောက်တယ်…ဒါပေမယ့် ကျွန်တော်လိုက်ခဲ့မယ်…”
“ဟေ…နောက်တစ်ခေါက်လောက် ထပ်ပြောစမ်းပါဦး…”
“ကျွန်တော်က ဒီအတွက်ပဲ မွေးဖွားလာတာ မဟုတ်လား…မသွားဘူးဆိုရင်
ကျွန်တော်အသက်ရှင်နေတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ…”
“မင်းတော်တယ် ကောင်လေး”
“ကျွန်တော်မသွားချင်ပါဘူး ဒါပေမယ့် ကျွန်တော်သွားမယ်…”
“မင်းငါ့ကားပေါ် မတက်သေးခင်အထိ မင်းစိတ်ပြောင်းခွင့်ရှိတယ်…တက်လိုက်ပြီး
တာနဲ့ မင်းဟိုမှာပျော်ပျော်ကြီး စာသင်လိုက်တော့…နားလည်တယ်မလား…”
အန်ဒါက ခေါင်းငြိမ့်ပြတယ်…
“ကောင်းပြီ အဲ့ဒါဆို မင်းမိဘတွေကို ပြောပြကြရအောင်…”
မေကြီးကငိုတယ်…ဖေကြီးကတော့ အန်ဒါ့ကိုတင်းနေအောင်
ဖက်ထားတယ်… ပီတာကတော့ သူ့လက်ကိုဆွဲပြီး နှုတ်ဆက်ရင်း
“မင်းနည်းနည်းလေး ကံကောင်းသွားတယ်” လို့ဆိုလိုက်တယ်…ဗယ်လ်ကတော့
ငိုရင်းသူ့ပါးကို နမ်းလိုက်တယ်…ဘာမှလည်းယူစရာမလိုဘူးလေ…
“ကျောင်းကလိုအပ်တာအကုန် ထောက်ပံ့ပေးမှာပါ…အရုပ်တွေအစားတော့
ဂိမ်းတစ်မျိုးပဲရှိတယ်…”
“တာ့တာနော်…” အန်ဒါက သူ့မိသားစုကို ကြင်နာတဲ့အသံလေးနဲ့
နှုတ်ဆက်လိုက်တယ်…နောက်တော့ဂရပ်ဖ်ရဲ့ လက်ကိုဆွဲပြီး ထွက်သွားပါတယ်…
“ငါ့အတွက်ပါ လူဆိုးကောင်တွေကို ပိုသတ်ခဲ့နော်…”
ပီတာကအော်လိုက်တယ်…
“ချစ်တယ်သားလေးရေ…” မေကြီးကပြောလိုက်တယ်…
“ငါတို့မင်းဆီ စာရေးမယ်နော်…”ဖေကြီးကအော်လိုက်တယ်…
“မမဆီပြန်လာခဲ့နော်…မမမောင်လေးကို အရမ်းချစ်တယ်…”
ဗယ်လ်ကလည်း ငိုပြီးပြောလိုက်တယ်…သူကားပေါ်မတက်ခင်ဆိုတော့ အကုန်ကြားတယ်လေ…
Wow
replyMite chat pl
replyI like it
replyMikeeeee
replyGood
replygood
Thank you pr nor 🤗❣️
.
Thank you pr🤗❣️
Toe tat lr p
Set pee arr pay pr ohn nor🤗❣️
.
Thank you pr🤗❣️
Good
Thank you pr🤗❣️