book

Index 4

အိမ်တွင်းရေး

  • Author : Mira June
  • Genres : Adventure, Science
  • Original Author : Orson Scott Card

“သူ့အမက သူ့ရဲ့အားနည်းချက်ပဲ…အန်ဒါက သူ့အမကိုတော့ တကယ်ချစ်တာ…”

“ငါသိတယ်…အန်ဒါက သူမတစ်ခွန်းဆို တစ်ခွန်းပဲ…သူ့အမနဲ့ ခွဲချင်မှာ မဟုတ်ဘူး…”

“ရှင်ဘာလုပ်မှာလဲ…”

“သူ့အမနဲ့နေတာထက် ငါတို့နဲ့ပိုနေချင်လာအောင် ဆွဲဆောင်ရမှာပေါ့…”

“ဘယ်လိုလုပ်မှာလဲ”

“ငါသူ့ကိုလိမ်လိုက်မယ်…”

“အဲ့ဒါအလုပ်ဖြစ်မယ်လို့ ရှင်ထင်လို့လား…”

“မဖြစ်ရင်တော့ အမှန်အတိုင်းပဲပြောရမှာပေါ့ကွာ…”

အန်ဒါက မနက်စာစားဖို့ စိတ်မပါဘူး…ဗိုက်လည်းမဆာဘူးလေ…ကျောင်းရောက် ရင် ဘယ်လိုဖြစ်မလဲဆိုတာကိုပဲ တွေးနေမိတယ်…မနေ့က စတယ်လ်စန့်နဲ့ ရန်ဖြစ်ထားတော့ သူ့သူငယ်ချင်းတွေ ဘယ်လိုများနေကြမလဲ…သူ့ကိုဘာမှ လာလုပ်ကြမှာမဟုတ်တာတော့ သေချာတယ်…ဒါပေမယ့်သူကျောင်းမသွားချင်ဘူး

“စားလေ အန်ဒရူး…” မေမေကပြောလိုက်တယ်…

အဲ့အချိန်မှာပဲ ပီတာလည်း အခန်းထဲ ဝင်လာတယ်…

“မောနင်း အန်ဒါ…ရေချိုးသဘက်ချန်ထားပေးခဲ့တာ ကျေးဇူးပဲ…”

“ရပါတယ်…”

“စားလေ အန်ဒရူး…မစားပဲမနေနဲ့…”မေမေကပြောလိုက်တယ်…

အန်ဒါက  သူမစားနိုင်တော့ကြောင်း ကိုယ်ဟန်လက်ဟန်နဲ့ လုပ်ပြတယ်…စားစေချင်ရင် သူ့ကိုခွံကျွေးပေါ့…

“အဟင်း…ရီတော့ရီရတယ်…ငါ့ကလေးတွေက သိပ်ထက်မြက်ကြတာပဲ… တစ်ခါတစ်လေ ငါတောင်သူတို့ကိုနားမလည်နိုင်ဘူး…”

အဲ့ဒါနဲ့ ပီတာက…

“အဲ့ဒါမေမေ့ရဲ့ မျိုးရိုးဗီဇ (Genes)ကြောင့်ပေါ့…မေမေနဲ့တူတာလေ…ဖေကြီးဆီက တော့ ဘာမှမရခဲ့ဘူးထင်တယ် ဟီးဟီး”

“ငါကြားတယ်နော်!...”

ဖေကြီးက သတင်းစာဖတ်ရင်းနဲ့ ခေါင်းတောင်ထောင်မကြည့်ပဲ လှမ်းအော်လိုက်တယ်…

တီးတောင်~~~

“ဘယ်သူလဲ…”မေမေကလှမ်းမေးလိုက်တယ်…

ဖေကြီးက ခလုတ်လဲ နှိပ်လိုက်ရော လူကြီးတစ်ယောက်က screenပေါ်မှာ ပေါ်လာတယ်…သူက I.F စစ်ယူနီဖောင်းကိုတော့ ဝတ်ထားတယ်…

I.F  =  Intenational Fleet

“ဇာတ်လမ်းက အခုထိ မပြီးသေးဘူးလား”

ဖေကြီးက စိတ်မရှည်တော့တဲ့လေသံနဲ့ ငေါက်လိုက်ပေမယ့် ပီတာကတော့ ဘာမှဝင်မပြောဘူး…သူ့ cereal ခွက်ထဲကို နွားနို့တွေပဲ လောင်းထည့်နေတယ်…

အန်ဒါကတော့…

ငါတော့ ဒီနေ့ကျောင်းမသွားရလောက်တော့ဘူး…

ဖေကြီးက တံခါးဖွင့်ပေးတဲ့ codeကို ရိုက်ထည့်လိုက်ပြီး ထိုင်နေရာကထလိုက်တယ်…

“ငါသွားတွေ့မယ် ကိုယ့်ဟာကို စားစရာရှိတာ ဆက်စားနေကြ…”

နေခဲ့ကြပေမယ့် ဘယ်သူမှတော့ ဆက်မစားကြတော့ဘူး…

ခဏနေတော့ ဖေကြီးက ဧည့်သည်တွေနဲ့ ပြန်ဝင်လာပြီး မေကြီးကို လာခေါ်တယ်…

“မင်းတော့ဒုက္ခရောက်ပြီကောင်လေး…မင်းကျောင်းမှာ ဟိုကောင်လေးကို ဘယ်လိုလုပ်ခဲ့လဲဆိုတာ သူတို့သိသွားပြီ..မင်းကိုခါးပတ်နဲ့ရိုက်တော့မယ်ထင်တယ်”

“ငါအခုမှ ခြောက်နှစ်ပဲရှိသေးတာ…ငါလဲအမှားလုပ်နိုင်တာပဲလေ…”

“မင်းကတတိယမြောက်လေ…မင်းမှာအထွန့်တက်ပိုင်ခွင့်ရှိလို့လား”

ဗယ်လ်ကအိပ်ချင်မူးတူး ဆံပင်စုတ်ဖွားနဲ့ ဝင်လာတယ်…

“မေကြီးနဲ့ဖေကြီးရော…ငါကျောင်းမသွားနိုင်တော့ဘူး…နေမကောင်းဘူးဟာ…”

“နှုတ်ဖြေစာမေးပွဲရှိပြန်ပြီမလား…တမင်ဟန်လုပ်နေတာ…” ပီတာက မဲ့ရွဲ့ပြီး ပြောလိုက်တယ်…အပိုတွေလုပ်နေပြန်ပြီဆိုတဲ့ မျက်နှာထားနဲ့…

“ပါးစပ်ပိတ်ထားစမ်း ပီတာ!”

“စိတ်ကိုလျော့ထားပြီး ကောင်းကောင်းသွားဖြေစမ်းပါ…လိမ်ဆင်တွေလုပ်မနေနဲ့ ပိုဆိုးမယ်…”

“တော်စမ်းပါ မေကြီးနဲ့ဖေကြီးဘယ်မှာလဲသာပြောစမ်းပါ…”

“IF ကအဖိုးကြီးနဲ့ စကားပြောနေတယ်”

ဗယ်လ် အန်ဒါ့ကို ရုတ်တရက်လှမ်းကြည့်လိုက်တယ်…ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ အရင်ကတည်းက တစ်ယောက်ယောက်လာပြီး အန်ဒါဟာ စမ်းသပ်မှုကို အောင်မြင်ခဲ့ကြောင်း အန်ဒါ့ကို လိုအပ်ကြောင်း လာပြောတာကို လိုချင်ခဲ့တာပဲလေ။

“ဟုတ်တယ် အန်ဒါဖြစ်နေတဲ့ မျက်ခွက်ကိုလည်းကြည့်ပါဦး…ဒါပေမယ့် သူတို့လိုချင်တဲ့လူက ငါပဲဖြစ်လိမ့်မယ်…ဘယ်လိုပဲဖြစ်ဖြစ် ငါကအတော်ဆုံးပဲလေ ဟဲဟဲ…”

ပီတာကတော့ ထုံးစံအတိုင်း သူ့ကိုယ်သူ အထင်ကြီးနေလေရဲ့…အဲ့အချိန်မှာ တံခါးပွင့်လာတယ်…ဖေကြီးပြောလိုက်တဲ့စကားက ပီတာ့အတွက်တော့ စိတ်မကောင်းဖြစ်စရာပဲ…

“အန်ဒါ လာခဲ့”

“အို…စိတ်မကောင်းပါဘူးပီတာ…ခ်ခ်” ဗယ်လ်က စလိုက်တယ်...

 အဖေက မျက်လုံးကိုဆွေစောင်းပြီးကြည့်လိုက်တယ်…မသိရင် လူမိုက်အကြည့်လိုလို ဘာလိုလိုပေါ့…

“ကလေးတွေ! ဒါရီစရာ တစ်ခုမှမပါဘူး”

အန်ဒါက အဖေ့နောက်လိုက်သွားတယ်…IFအရာရှိကြီးက အန်ဒါဝင်လာတာ တွေ့တော့ မတ်တပ်ထရပ်လိုက်တယ်…လက်တော့ကမ်းမပေးဘူး နှုတ်ဆက်ဖို့အတွက်…

အမေကတော့ သူ့လက်သန်းကြွယ်က လက်ထပ်လက်စွပ်ကို လှည့်နေတယ်…

စိတ်မငြိမ်နေတဲ့ လက္ခဏာပေါ့…

“အန်ဒရူး…ငါတစ်ခါမှ မတွေးဖူးဘူး…မင်းရန်ဖြစ်လိမ့်မယ်လို့…”

အဖေကလည်းဆက်ပြောတယ်…

“စတယ်လ်စန်က အခု ဆေးရုံပေါ်မှာတဲ့…မင်းတကယ်ပဲသူ့ကို အထိနာအောင် လုပ်လိုက်တာပဲ…ဒါမကောင်းဘူးဆိုတာ မင်းသိလား…?”

အန်ဒါခေါင်းခါလိုက်တယ်…သူမျှော်လင့်ထားတာက သူ့ကျောင်းက ဆရာတစ်ယောက်ယောက်လာပြီး ဒီလိုတွေပြောဖို့လေ…အရာရှိကိုယ်တိုင် ဒီလိုလာပြောဖို့မှမဟုတ်တာ…ဘာတွေဖြစ်ကုန်တာလဲ…သူတကယ်ကို မစဉ်းစားတတ်တော့ဘူး…

“မင်းရဲ့အပြုအမူအတွက် ရှင်းပြချက်လေးများ ရှိလားကောင်လေး…”

အရာရှိကြီးကမေးတော့ သူခေါင်းထပ်ခါလိုက်တယ်…သူစိတ်တွေအရမ်း ရှုပ်ထွေးပြီး ကြောက်လာပြီ…ဟုတ်ပြီ…ငါလုပ်တုံးကလုပ်ခဲ့တာပဲ…လုပ်ရဲရင် ခံရဲရမှာပေါ့…အင်း…ဘာအပြစ်ပဲပေးပေး ခံရတာပေါ့...

“မင်းကိုအပြစ်ပေါ့အောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေပါတယ်…သို့ပေမယ့် မင်းလုပ်ရပ်က သိပ်တော့မမိုက်လှဘူး…ဟိုကောင်လေးကို ပယ်ပယ်နယ်နယ် လုပ်ထားတာကို ကြည့်ရသလောက်တော့ မင်းတော်တော်ပျော်ခဲ့ပုံပဲ…”

“မဟုတ်ပါဘူး!”

“အဲ့ဒါဆို ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ...?”

“ကျွန်တော်ပြန်မခုခံရင် သူ့လူတွေက ကျွန်တော့်ကိုလုပ်မှာပေါ့ဗျ”

“အဲ့ဒါကြောင့်ပဲလား…တစ်ခြားအကြောင်းအရင်းမရှိတော့ဘူးလား…?”

“ဟင့်အင်း…မရှိတော့ဘူး…”

“အဲ့ဒါဆိုရင်ဘာလို့ သူ့ကိုဆက်တိုက်ဆက်ကန်နေရတာလဲ…မင်းနိုင်နေပြီလေ…”

“ဒီလိုရန်ဖြစ်တာဒါပထမဆုံးပဲ…နိုင်ဖူးတာရောပေါ့…ကျွန်တော်ကျန်တဲ့လူတွေကိုပါ ဆက်နိုင်ချင်တယ်…

အဲ့ဒါမှ သူတို့ကျွန်တော့်ကို နောက်တစ်ခါအနိုင်မကျင့်ရဲမှာ… အေးဆေးနေချင်လို့ပါ…”

အန်ဒါသိပ်မူမမှန်ဘူး…သူကြောက်လည်းကြောက်နေတယ်လေ…

သူ့လုပ်ရပ်တွေကို သူအရမ်းရှက်နေတယ်…

သူမငိုဖို့ကြိုးစားခဲ့ပေမယ့် မရပါဘူး...

သိပ်ငိုလေ့လည်းမရှိပါဘူး…အခုတော့ငိုနေမိပြန်ပြီ…

ရှက်ဖို့တော့ကောင်းသား…လူစိမ်းတွေလည်း ရှိနေတာကို…

နောက်တော့ ငိုရင်းနဲ့ပဲပြောတယ်…

“ခင်ဗျားတို့ မော်နီတာကို ဖြုတ်သွားကြတာကိုး…”


rate now:

10 Reviews
  • reader Than Htike zaw 11.11.2019, 16:26 5

    So good

    reply

  • reader Michaelharis 04.11.2019, 13:00 5

    Yep good

    reply

  • reader Bao Bao 04.11.2019, 10:53 5

    Good

    reply

  • reader Khin Mg Htwe 04.11.2019, 07:33 5

    Good

    reply

  • reader Wai lin ko 31.10.2019, 15:35 5

    well~

    author Mira June 03.11.2019, 09:17

    ကျေးဇူးပါနော်🤗❣️

  • reader HsuHsu 29.10.2019, 06:08 5

    .

    author Mira June 03.11.2019, 09:17

    Thank you🤗❣️

  • reader HsuHsu 29.10.2019, 06:08 4.9

    .

    reply

  • reader Aye Lay 29.10.2019, 05:36 5

    .

    author Mira June 03.11.2019, 09:18

    Thank you 🤗❣️

  • reader Yoon Yoon 29.10.2019, 05:15 5

    Good

    author Mira June 03.11.2019, 09:18

    Thank you pr🤗❣️

  • reader sawoolinn 29.10.2019, 04:13 4.8

    Wow

    author Mira June 29.10.2019, 04:28

    🙄❣️