“ဟုတ်ပြီ…ပြီးသွားပြီပဲ…အခုသူဘယ်လိုနေသေးလဲ…”
“ရှင်လည်းသိမှာပါ…သူဘယ်လိုနေသေးလဲဆိုတာ…ကျွန်မတော့မပြောတတ်ဘူး…
ကျွန်မကသူ့မျက်နှာ အရိပ်အကဲကိုပဲ ကြည့်တတ်တာ…သူ့ခံစားချက်တွေကို သိတာမဟုတ်ဘူး…”
“တော်စမ်းပါ…ငါတို့က စစ်သားတွေ…စိတ်ဆရာဝန်တွေမဟုတ်ဘူး…ဒါတွေသိဖို့
လိုလို့လား…သူတစ်စုံတစ်ယောက်ကို ရိုက်ခဲ့တယ်…ဒါပဲပေါ့…”
“သေလုနီးပါးရိုက်ခဲ့တာလေ…တော်တော်ပြင်းပြင်းကို…”
“ဒါတွေထားပါ…အခုသူက ကော်မတီရဲ့ စစ်ဆေးမှုကိုလည်း
အောင်သွားပြီ…”
“အများစုပေါ့…အကုန်တော့မဟုတ်သေးဘူး…အခု မော်နီတာလည်း
မရှိတော့ဘူးဆိုတော့ သူ့အကိုနဲ့ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရအောင်…”
“သူ့အကိုဟုတ်လား…အဲ့ကောင် အန်ဒါ့ကို တစ်ခုခုဆိုးရွားတာ
လုပ်လိုက်မှာ မင်းမကြောက်ဘူးလား…”
“ရှင်ပဲပြောတာလေ…ဘာမှမဖြစ်လောက်ပါဘူးဆို…”
“ငါပီတာ့ကိုလည်း သဘောကျပါတယ်…ဒါပေမယ့် သူ့ဦးနှောက်ကို
နည်းနည်းပြန်ကျပ်ပေးရမယ်ထငတယ်…”
“ဒါပေါ့ လုပ်ရမှာပေါ့...”
အန်ဒါ့အခန်းထဲမှာဖြစ်တယ်…
“မမတကယ်ကို စိတ်မကောင်းပါဘူးအန်ဒါရယ်…” သူ့ဇက်ပေါ်က
ဆေးပလာစတာလေးကို စိတ်မကောင်းစွာကြည့်ရင်း ဗယ်လယ်တိုင်းမ်က ပြောလိုက်တယ်…
“ရပါတယ်…ကျွန်တော်ဂရုမစိုက်ပါဘူး…မရှိတော့တာ
ဝမ်းတောင်သာသေးတယ်” တံခါးဖွင့်သံကြားလိုက်တယ်…
“ဘာ…မရှိတော့ဘူးပေါ့…” ပီတာက ပါးစပ်ထဲမှာ မုန့်တွေကို
ပလုတ်ပလောင်းစားရင်းနဲ့ ဝင်လာတယ်…
အန်ဒါ ပီတာ့ကိုလှမ်းကြည့်လိုက်တယ်…သူ့ပုံစံကိုကြည့်ရတာ
အခြေအနေတော့ ကောင်းတော့မယ်မထင်ဘူး…အခု ပီတာက အန်ဒါ့ဇက်ပေါ်က ဆေးပလာစတာလေးကို တွေ့သွားပြီ…ဒေါသတွေထွက်လာသလိုပဲ…
အခြေအနေကို ရိပ်မိတဲ့ဗယ်လ်က ထပြောတယ်…
“အခုအန်ဒါက ငါတို့လိုဖြစ်သွားပြီ သူ့ကိုဘာမှလုပ်ဖို့မစဉ်းစားနဲ့…”
ဗယ်လ်ကဒေါသကိုလျော့ပေးဖို့ ကြိုးစားပေမယ့်
ပီတာကတော့လျော့မှာ မဟုတ်ဘူး…
“ငါတို့လို ဟုတ်လား…သူကတော့ အဲ့ဒီစက်အစုတ်ကို
ခြောက်နှစ်အထိ တပ်ထားခဲ့ရတယ်…မင်းမော်နီတာကို ဘယ်တုံးကဖြုတ်ခဲ့ရလဲ… မင်းသုံးနှစ်တုံးကလေ…ငါကရော…ငါအသက်ငါးနှစ်မှာ
ဖြုတ်ခဲ့ရတယ်… သူကတော့ ငါတို့ထက်ပိုကြာခဲ့တယ်…မကောင်းတဲ့ကောင်…”
သူကြိုက်သလို ပြောပါစေ…အနည်းဆုံးတော့ ဒီလိုဆဲဆိုနေတာက
အများကြီးကောင်းပါတယ်…
“အခုတော့ မင်းကိုစောင့်ကြည့်နေတဲ့လူ ဘယ်သူမှမရှိတော့ဘူးပေါ့…မင်းတစ်ခုခု
ဖြစ်နေရင်လည်း ဘယ်သူမှ သိမှာမဟုတ်တော့ဘူး…မင်းကြားနေရသမျှကိုလည်း သူတို့ကြားရမှာ မဟုတ်တော့ဘူး…ငါမင်းကို
ဘာပဲလုပ်လုပ် သူတို့သိတော့မှာ မဟုတ်ဘူး…ဒါဆိုရင်ရော ဘယ်လိုလဲ…ဒါဆိုရင်ရော…”
အဲ့လိုကြားလိုက်ရတော့ အန်ဒါပခုံးတွန့်သွားတယ်…
ပီတာကလည်း ချက်ချင်းကိုပြုံးသွားတယ်…ပြီးတော့
ပြောတယ်…
“အာကာသတိုက်စစ်မှူးနဲ့ လူဆိုးလုပ်တမ်း ကစားရအောင်…”
“မေမေနဲ့တိုင်ပြောမယ်နင့်ကို…မေမေဘယ်မှာလဲ…”
ဗယ်လ်က စိုးရိမ်တကြီး ပြောလိုက်တယ်…
“ထွက်သွားစမ်းပါ ဘယ်လိုဖြစ်နေလဲ…”
“ရတယ် ဗယ်လ်…ကျွန်တော်ဆော့ပေးလိုက်ပါမယ်…”
“မင်းလူဆိုးလုပ်…”
“သူ့ကိုတစ်ခါလောက် တိုက်စစ်မှူးလုပ်ခိုင်းလိုက်ပါ…”ဗယ်လ်ကဝင်ပြောတယ်…
“ပါးစပ်ပိတ်ထားဗယ်လ်…ရော့အန်ဒါ…ခေါင်းစွပ်ဝတ်လိုက်…”
ဒါကစားပွဲကောင်းဖြစ်မှာ မဟုတ်ဘူးဆိုတာ အန်ဒါကောင်းကောင်းကြီးသိတယ်…
သူနိုင်မှာလဲ မဟုတ်ဘူးလေ…ဘယ်လိုပဲဖြစ်ဖြစ်ရှုံးမှာပဲကို…
ပီတာက ဗယ်လ်အထဲဝင်မရအောင် တံခါးပိတ်ထားတယ်…ထုံးစံအတိုင်း
ဇာတ်လမ်းကစပြီလေ…အနိုင်ကျင့်တော့တာပေါ့…ဆော့တာအရှိန်လည်း ရလာရော အန်ဒါ့ကိုသူ့ကိုယ်လုံးနဲ့
တက်ဖိထားတယ်…လည်ပင်းညှစ်ထားရင်းပေါ့.. အန်ဒါလည်း အသက်ရှုရတာ တော်တော်လေးခက်လာတယ်…
နောက်တော့ပီတာက အနားနားကပ်ပြီးပြောတယ်…
“ငါမင်းကိုအခုသတ်လိုက်နိုင်တယ်ဆိုတာသိလား…ဒီလိုမျိုး
မသေမချင်း ဆက်ဖိထားရုံပဲလေ…ပြီးရင်ငါတမင်လုပ်တာ မဟုတ်ကြောင်းပြောပြမယ်… ငါတို့ကစားနေရင်း
ဖြစ်သွားတာပါပေါ့…သနားကမားပုံစံလေးနဲ့ ပြောပြလိုက်ရင် လူတိုင်းကငါ့ကိုယုံမှာပဲ…အရာအားလုံးအဆင်ပြေသွားလိမ့်မယ်…မင်းသာသေသွားရင်ပေါ့…အကုန်အဆင်ပြေသွားမှာ…”
အန်ဒါကတော့ပြန်ပြောနိုင်ရှာဘူး…
“ငါတကယ်ပြောနေတာ အန်ဒါ…မင်းကမင်းကိုယ်မင်း
တော်လှပြီထင်နေတာပဲ… ငါတို့ထက်ပိုတော်တယ်လို့ ထင်နေတာလား…ဒါပေမယ့်ငါက ငါ့ထက်ပိုတော်တဲ့ညီ
မလိုချင်ဘူးအန်ဒါ…ငါတတိယမြောက်ကို မလိုချင်ဘူး…”
ဗယ်လ်တံခါးကို အတင်းဖွင့်ပြီး ဝင်လာတယ်…
“တော်လိုက်တော့ပီတာ…ငါတိုင်ပြောမှာနော်...”
“ဘယ်သူမှနင့်ကို ယုံမှာမဟုတ်ဘူးဗယ်လ်…ယုံခဲ့ရင်လည်း
ငါနင့်ပါသတ်မှာ…”
“နင်အစိုးရအဖွဲ့ထဲကို အရမ်းဝင်ချင်တာ ငါသိတယ်…နင်အရမ်းရွေးချယ်ခံချင်တာ
ငါသိတယ်…အကယ်၍သာ နင့်ရဲ့ညီလေးနဲ့ညီမလေးကို သတ်ခဲ့တာကိုသာ သူတို့သိသွားရင် နင်အရွေးခံရမယ်ထင်လား…ငါတို့ရဲ့သေဆုံးမှုက
သွေးရိုးသားရိုး မဟုတ်ဘူး…အကိုအရင်းဖြစ်တဲ့နင် သတ်ခဲ့တာပါဆိုရင် နင်ဘယ်တော့မှ အစိုးရကိုယ်စားလှယ်အဖွဲ့ထဲမှာ
ရွေးချယ်ခံရမှာ မဟုတ်ဘူး…”
“ငါ့ကိုလာမဆုံးမနဲ့ ဗယ်လ်…”
“ငါတို့အားလုံးက တကယ်ကိုထူးခြားပြီး အရမ်းတော်တဲ့ကလေးတွေပါ…
နင်ကအတော်ဆုံး မဟုတ်ဘူး…နင်ကအကြီးဆုံး…နင်သိရဲ့လား…”
ပီတာက တကယ့်ကိုနှလုံးသားမရှိတဲ့လူပါ…ဒါပေမယ့်
အန်ဒါနဲ့ ဗယ်လ်ကလွဲရင် သေချာမသိကြဘူး…
အမေနဲ့အဖေ အိမ်ပြန်ရောက်ပြီ…သူတို့ဟာ ကုသိုလ်ကံထူးခြားစွာနဲ့ပဲ
သူများထက် အဆပေါင်းများစွာ တမူထူးခြားတဲ့ ကလေးသုံးယောက်ကို ပိုင်ဆိုင်ထားပါတယ်…
အဲ့ဒါကြောင့်လည်း အစိုးရက သူတို့ကိုမွေးစားဖို့လုပ်ခဲ့တာပေါ့…အခုတော့
အစိုးရကလည်း သူတို့ကို မလိုချင်တော့ဘူး…အဲ့တော့ သူတို့မှာ ကလေးသုံးယောက်ပြန်ရှိသွားပြန်ပြီပေါ့…သူတို့မှာ
တတိယမြောက်ရှိနေတုံးပဲ…
အန်ဒါထမအော်ခင်အထိ အဲ့လိုတွေးနေမိတယ်…
ဟုတ်တယ်…ကျွန်တော်က တတိယမြောက်ပါ…အခုကျွန်တော့်ကြောင့်
အရှက်ရသွားမယ်ဆိုရင် ကျွန်တော်တောင်းပန်ပါတယ်…အခုကျွန်တော့်မှာ မော်နီတာလည်း မရှိတော့ဘူး…တောင်းပန်ပါတယ်…
သူအိပ်ရာထဲကနေ အမှောင်ထဲကို လှမ်းကြည့်နေမိတယ်…
နောက်တော့ ပီတာအပေါ်ကိုတက်လာတဲ့ ခြေသံကို ကြားလိုက်ရတယ်…
ငါအိပ်နေပြီထင်လို့ သူတက်လာတာထင်တယ်…
သူတကယ်ပဲ ငါ့ကိုသတ်တော့မှာများလား…
ပီတာက သူ့ခုတင်နားကို လျှောက်လာတယ်…
အန်ဒါ့ခေါင်းနားမှာလာရပ်တယ်…
သူ့မျက်နှာကို ခေါင်းအုံးနဲ့လည်း
မအုပ်ဘူး…
ဘာလက်နက်မှလည်း ယူမလာဘူး…
အဲ့ဒီအစား အန်ဒါ့နားကိုကပ်ပြီး
တိုးတိုးလေးပြောတယ်…
“ငါတောင်းပန်ပါတယ် အန်ဒါရယ်…မင်းဘယ်လိုခံစားရမယ်ဆိုတာ
ငါသိပါတယ်…ငါမင်းကိုချစ်ပါတယ်…ငါကမင်းအစ်ကိုပဲလေ…”
အချိန်နည်းနည်းကြာတော့ ပီတာအိပ်ပျေိာ်သွားတယ်ထင်တယ်…
သူ့ရဲ့အသက်ရှုသံတွေကို ကြားနေရတယ်…
အန်ဒါသူ့ဇက်ပေါ်က ဆေးပလာစတာလေးကို
စမ်းကြည့်လိုက်တယ်…
နောက်တော့ သူငိုလေတယ်…
ဒီနေ့အတွက်တော့ ဒုတိယအကြိမ်ငိုခြင်းပေါ့…
Great translation
replyKyite dl
replyGood
replyyay dr read loe kg dl 💓
ကျေးဇူးပါနော်🤗❣️
.
Thank you🤗❣️
မဆိုးပါဘူး
ကျေးဇူးပါနော်🤗❣️
မိုက်တယ်
ကျေးဇူးပါ🤗❣️
a yay a tr ko ayan kyk tl
Kyay zuu pr shin🙄❣️
Hok p
Sat pee read pr ohn nor🙄❣️
Nice
Kyay zuu pr nor🙄