အပိုင်း-၂
မော်နီတာ
“ဒါအရမ်းကြာမှာမဟုတ်ပါဘူး
အန်ဒရူးရေ... ”ဆရာဝန်ကပြောလိုက်တယ်...
အန်ဒါကလည်း ခေါင်းငြိမ့်ပြလိုက်တယ်...
(note-အန်ဒရူးနဲ့ အန်ဒါနဲ့ကတစ်ယောက်တည်းပါနော်…အန်ဒါကသူ့ရဲ့
nicknameပါ…နှစ်မျိုးလုံးသုံးပါတယ်…)
“ဒါကိုအစကတည်းက လွယ်လွယ်နဲ့ဖြုတ်လို့ရအောင်
ဒီဇိုင်းဆွဲထားတာပါ...
ရောဂါကူးစက်မှုတွေ ပျက်စီးတာတွေလည်း
မရှိအောင်ပေါ့...ဒါပေမယ့်...နည်းနည်း
တော့ ယားကျိကျိဖြစ်နေလိမ့်မယ်...ပြီးတော့တစ်ချို့လူတွေကပြောတယ်...အဲ့ဒါကို
ဖြုတ်ပြီးနောက်မှာ တစ်ခုခုလိုနေသလိုလို
ပျောက်နေသလိုလို ခံစားရတယ်လို့ ဆိုကြတယ်...မင်းတစ်စုံတစ်ခုကို ဆက်တိုက်ရှာမိနေသလိုမျိုးတွေ
ကြုံတွေ့ရလိမ့်မယ်...ဒါပေမယ့် အဲ့တစ်စုံတစ်ခုကို မင်းရှာမတွေ့နိုင်ဘူး...အဲ့ဟာက
ဘာလဲဆိုတာကိုလည်း မင်းမှတ်မိလိမ့်မှာမဟုတ်ဘူး...ဒါပေမယ့်
ငါမင်းကိုပြောပြမယ်...မင်းရှာနေတာက မော်နီတာပဲ...အဲ့လိုခံစားချက်တွေ ကယောင်ခြောက်ခြားဖြစ်တာတွေက
ခဏပါပဲ...ရက်အနည်းငယ်လောက်နေရင် ပျောက်သွားပါလိမ့်မယ်...”
ဆရာဝန်က အန်ဒါ့ရဲ့ခေါင်းနားမှာ
တစ်ခုခုကိုလှည့်နေတယ်...ရုတ်တရက် အန်ဒါဟာ ဦးခေါင်းထိပ်ကစပြီး ပေါင်ကြားအထိကို အပ်စိုက်ဝင်သွားသလို
နာကျင်မှုမျိုးကို ခံစားလိုက်ရတယ်….သူ့နောက်ကျောပြင်ဟာ ဖျတ်ခနဲအကြောဆွဲသလိုဖြစ်သွားပြီး
ခန်ဓာကိုယ်ကနောက်သို့ ရုတ်တရက်ကွေးသွားကာ ခေါင်းဟာခုတင်နဲ့သွားဆောင့်ပါလေတော့တယ်…
ခြေထောက်တွေကိုလည်း တစ်ယောက်ယောက်က
တုတ်နဲ့အပြင်းအထန် ရိုက်နေသကဲ့သို့ နာကျင်နေကာ လက်တွေဟာလည်း ကွေးကုန်ပါတော့တယ်…
“ဒီဒီး လာစမ်း ငါမင်းကိုလိုနေပြီ” ဒေါက်တာက စိုးရိမ်တကြီးအော်ခေါ်လိုက်သဖြင့်
သူနာပြုဆရာမလေးကလည်း ပင့်သက်ရှိုက်ရင်း ပြေးလာခဲ့ပါတယ်…
“သူ့ရဲ့ကြွက်သားတွေကို လျော့ဖို့လုပ်စမ်း…မြန်မြန်လုပ်လေ
ဘာကိုကြောင်နေတာလဲဟ”
အန်ဒါ့လက်တွေကို ပုံစံပြောင်းလိုက်တယ်…သူရဲ့အမြင်အာရုံတွေဟာ
မှောက်မိုက်နေခဲ့တယ်…တစ်ဖက်ခြမ်းကိုလည်းစောင်းလိုက်ရော ချက်ချင်းကို စစ်ဆေးတဲ့ခုတင်ပေါ်က
ပြုတ်ကျသွားလေတယ်…
“သူ့ကိုဆွဲထား…”
သူနာပြုဆရာမလေးက ငိုတယ်…
“မြဲမြဲကိုင်ထားစမ်းပါကွာ…”
“ရှင်ကိုင်ထားလိုက်ပါလား ဒေါက်တာရယ်…သူကအရမ်းသန်မာလွန်းနေတယ်…”
“လုပ်ဆိုလုပ်စမ်းပါကွာ…မင်းသူ့ကိုသေစေချင်နေတာလား...”
“အပ်ဟာ သူ့နောက်ကျောရဲ့ အကျီအပေါ်နားလေးက လည်ပင်းနေရာကနေ
ဝင်လာတာကို ခံစားမိလိုက်တယ်…”
အဲ့ဒါက အန်ဒါ့ရဲ့အသားထဲမှာ မီးမြိုက်သလို လောင်ကျွမ်းနေလေတယ်…
နောက်တော့ သူ့ရဲ့ကြွက်သားတွေဟာ တဖြည်းဖြည်းချင်း
လျော့လာတယ်…နာကျင်မှုနဲ့ ကြောက်ရွံတွေကြောင့် အန်ဒါဟာ ငိုချင်လာပါတော့တယ်…
“မင်းအဆင်ပြေရဲ့လား အန်ဒရူးရေ…”သူနာပြုဆရာမလေးကမေးလိုက်တယ်…
အန်ဒရူးဟာ စကားဘယ်လိုပြောရမလဲဆိုတာတောင် မသိတော့ဘူး…သူတို့ဟာ
အန်ဒရူးကို ခုတင်ပေါ်သို့ မတင်ပေးလိုက်တယ်…ထို့နောက်
သူ့ရဲ့သွေးခုန်နှုန်းကို
စမ်းကြည့်တယ်…သူ့ကိုလုပ်နေသမျှအရာတွေတစ်ခုမှကို
နားမလည်စွာနဲ့ ငေးကြည့်နေမိတယ်...
ဒေါက်တာဟာ တုန်လှုန့်ခြောက်ခြားစွာနဲ့ ပြောတယ်…
“ဒီလိုအရာကို ကလေးတွေရဲ့ခန္ဓာကိုယ်ထဲမှာ ထားထားတယ်…သူတို့တွေ
တကယ်ပဲ ဘာကိုလိုချင်နေတာလဲ…ဘာရလဒ်ကို မျှော်လင့်နေကြတာလဲ…ငါဒါတွေကို
မတပ်ပေးခဲ့သင့်ဘူး…မလုပ်ပေးခဲ့သင့်ဘူး…အစကတည်းက
သူဦးနှောက်ကနေ ဒါတွေကို ဖြုတ်ပေးထားခဲ့ရမှာ…”
“သူ့ကိုဘယ်အချိန် ဆေးပေးရမလဲ ဒေါက်တာ…”သူနာပြုမလေးကမေးတယ်…
“သူ့ကိုဒီမှာ အနည်းဆုံး တစ်နာရီလောက် ထားထားလိုက်…ပြီးတော့ သူ့ကိုစောင့်ကြည့်နေ…သူ၁၅မိနစ်အတွင်း စကားမပြောလာဘူးဆိုရင် ငါ့ကိုလှမ်းခေါ်လိုက်…”
အန်ဒါဟာ မစ်စ်ပပ်ဟရေးရဲ့ စာသင်ခန်းဆီသို့ အတန်းမစခင်
၁၅မိနစ်အလိုမှာ ရောက်သွားတယ်…စောနက ကုသမှုခံထားရတဲ့ဒဏ်တွေကြောင့်
လမ်းသေချာမလျှောက်နိုင်ဘူး ဖြစ်နေတယ်…
“မင်းအဆင်ပြေရဲ့လား အန်ဒရူး…”မစ်စ်ပပ်ဟရေးက
စိုးရိမ်သံပါပါနဲ့ မေးလိုက်တယ်…
ခေါင်းလေးပဲ ငြိမ့်ပြလိုက်တယ်…
“မင်းဖျားနေတာလား…”
ခေါင်းခါပြလိုက်တယ်…
“ဒါပေမယ့် မင်းကိုကြည့်ရတာ အဆင်ပြေနေတယ်မထင်ဘူး…”
“ကျွန်တော်အဆင်ပြေပါတယ်…ဘာမှမဖြစ်ပါဘူး…”
“အင်း…ဒါပေမယ့် မင်းထိုင်နေလိုက်တာ ပိုကောင်းမယ်…”
အန်ဒါက သူ့ထိုင်ခုံနားကို လျှောက်လာတယ်…နေပါဦး…ငါဘာကိုရှာနေတာလဲ..
သူမမှတ်မိတော့ဘူး…ဇဝေဇဝါတွေဖြစ်နေလေပြီ…
“မင်းရဲ့ထိုင်ခုံက ဟိုမှာလေ အန်ဒရူးရဲ့…”မစ်စ်ဟပ်ပရေးက
စိတ်မရှည်တော့တဲ့
လေသံနဲ့ပြောလိုက်တယ်…
သူတစ်ခုခုလိုနေတယ်…ဒါပေမယ့် ဘာလိုနေလဲဆိုတာသူမသိဘူး…အရင်ထိုင်
လိုက်ပြီးနောက်မှပဲ ရှာတော့မယ်…
“နင့်ရဲ့မော်နီတာ…”သူ့နောက်မှာထိုင်နေတဲ့ကောင်မလေးက
သူ့နားနည်းနည်းကပ်ပြီး ပြောတယ်…
သူလည်း နည်းနည်းတော့ တွန့်သွားတာပေါ့….
“ဟဲ့ရေ…သူ့မှာမော်နီတာ မရှိတော့ဘူး…”ကောင်မလေးက
တစ်ခြားလူတွေကိုပါ လိုက်ပြောတယ်…
ဇက်ကိုစမ်းကြည့်မိလိုက်တယ်…တကယ်ပဲ မော်နီတာမရှိတော့ဘူးပဲ…
ဆေးပလာစတာလေးကိုလက်နဲ့ စမ်းနေရင်း တွေးမိလိုက်တယ်…ငါအခု
သူများတွေနဲ့တူသွားပြီပဲ…
“မရှိတော့ဘူးပေါ့ ဟုတ်လား…”အခန်းရဲ့ အနောက်ထောင့်ဆုံးမှာ
ထိုင်နေတဲ့ ကောင်လေးက မထီမဲ့မြင်အသံနဲ့ လှမ်းမေးလိုက်လို့ ကြည့်လိုက်မိတယ်…နေပါဦး...
သူကဘယ်သူလဲ…ပီတာလား…မဟုတ်ဘူး…သူကပီတာမဟုတ်ဘူး…ဒါဆိုသူက
ဘယ်သူလဲ…အဲ့ကောင်လေးနာမည်ကို လုံးဝစဉ်းစားလို့မရတော့ဘူး…
“ကယ်…စတယ်လ်စန်…တိတ်တိတ်နေစမ်း…” မစ်စ်ပပ်ဟရေးက
ဆူလိုက်တော့
စတယ်လ်စန်က မဲ့ပြုံးပြုံးပြတယ်…
မစ်စ်ပပ်ဟရေး စာစသင်ပြီ…အန်ဒါက စာလိုက်နားမထောင်ပဲ
ခေါင်းငုံ့ပြီး
သူ့စားပွဲပေါ်က ကွန်တိုမြေပုံကိုသာ ကြည့်နေတယ်…ဒါကို
မစ်စ်ပပ်ဟရေးက
သိပေမယ့် ဘာမှမပြောပါဘူး…ဘာလို့လဲဆိုတော့ သူစာမေးလိုက်တိုင်း
အန်ဒါကရနေတယ်လေ…
တတိယမြောက်လေး အန်ဒါက ပြုံးလိုက်တယ်…သူ့ကိုဘာလို့
တတိယမြောက်လို့ ခေါ်ကြလဲဆိုတော့…သူ့အကို…သူ့အမ…နှစ်ယောက်စလုံးက တော်ခဲ့တယ်…
ဒါပေမယ့် အရွေးမခံခဲ့ရဘူး…သူကတတိယမြောက် အရွေးခံရသူဖြစ်တယ်…
သူ့မိဘတွေရဲ့တတိယမြောက်သားလည်းဖြစ်တယ်… ပထမဆုံးတော်တဲ့လူ မဟုတ်ပဲ တတိယမြောက်တော်တဲ့လူဖြစ်လို့…သူ့မိဘတွေရဲ့
အယူမှာလည်း တတိယမြောက်သားက ကံဆိုးစေတတ်တယ်ဆိုတာကြောင့်....
အန်ဒါ့အဖေက အစိုးရကိုအပြစ်တင်နေလေတယ်…
“အန်ဒါက သူတို့ကို နည်းလမ်းမျိုးစုံနဲ့ ကူညီခဲ့ပြီး
စမ်းသပ်သမျှကို ခံခဲ့တာပဲလေ…အခု စမ်းသပ်ချက်လည်း မအောင်မြင်ရော မော်နီတာကို ပြန်ဖြုတ်လိုက်တယ်တဲ့လား…
တတိယမြောက်ဖြစ်နေတာက သူ့အမှားမှ မဟုတ်တာ…တတိယမြောက် အရွေးခံရတဲ့လူဖြစ်အောင်လုပ်တဲ့
အစိုးရရဲ့အမှားပဲလေ…ဘယ်လိုကလေးမျိုးက သူတို့ရဲ့လေ့ကျင့်ရေးကျောင်းမှာ အန်ဒါ့လောက်ကြံ့ကြံ့ခံပြီး
နေနိုင်လို့လဲ… အခုတော့ မော်နီတာလည်း မရှိတော့ဘူး…အန်ဒရူး ဝတ်ဂင် ဆိုတဲ့သူတို့ရဲ့ လေ့လာစမ်းသပ်မှုကြီးလည်း
မအောင်မြင်ဘူး…ဒါလည်းတစ်မျိုးကောင်းတာပါပဲ… မဟုတ်ရင် အန်ဒါ့ကို အစိုးရကမွေးစားဖို့အတွက်
ခွင့်ပြုလိုက်ရဦးမယ်…တော်ကြာ အန်ဒရူး ဝတ်ဂင်ကို အစိုးရက ပိုင်ပါတယ်ဆိုပြီး လုပ်နေဦးမယ်…ကမ္ဘာကြီးကို
ကယ်တင်မယ့် သူရဲကောင်းတစ်ယောက်ကို ဆုံးရှုံးရတယ်ဆိုပေမယ့်ပေါ့…”
ကျောင်းဆင်းခေါင်းလောင်းထိုးပြီ…
စာအုပ်တွေ သိမ်းသူကသိမ်း dataတွေကို ကွန်ပျူတာထဲ
သွင်းနေသူကသွင်းနဲ့ အလုပ်ရှုပ်နေကြတယ်…ဆရာမက Arithmetic (ဂဏန်းသချ်ာ)အကြောင်း ပြောနေတာကို
ကြားလိုက်မိတယ်…Arithmetic!...သုံးနှစ်သားတုံးက ဗယ်လယ်တိုင်းမ်သင်ပေးဖူးတာပဲ…(သူ့အမ)
“အဆင်ပြေလား အန်ဒရူး…”
“ဟုတ်ကဲ့…”
“ကယ်…သွားသွား ဘက်စ်ကားလွတ်ဦးမယ်…”
အန်ဒါခေါင်းငြိမ့်ပြီးထွက်လာခဲ့တယ်…တစ်ခြားကလေးတွေကတော့
ပြန်ကုန်ပြီ...
အပေအတေလေးတွေတော့ မပါဘူး…အခုအန်ဒါက
မော်နီတာမရှိတော့ဘူးဆိုတော့ သူတို့လုပ်ချင်တာလုပ် ပြောချင်တာပြောလို့ရပြီ…အကြိုက်ပဲပေါ့…မော်နီတာရှိတုံး
ကဆို သူ့ကိုဘယ်သူမှ အနိုင်ကျင့်လို့ မရဘူးလေ…အကုန်သိ အကုန်ကြားနေရတာကိုး…ဒါတွေကတော့
အန်ဒါ့အတွက် မော်နီတာရဲ့ ကောင်းကျိုးတွေပေါ့…
စတယ်လ်စန်…
တစ်ခြားကလေးတွေနဲ့ဆို ပုံမှန်လောက်ပဲဆိုပေမယ့်
အန်ဒါ့ထက်တော့ လူကောင်ကြီးပြီးထွားတယ်…ပြီးတော့ ထုံးစံအတိုင်း တစ်ခြားအပေအတေလေ တွေလည်း
သူ့ဘေးမှာရပ်နေကြတယ်…
“ဟေး တတိယမြောက်ကောင်…”
သူလှည့်မကြည့်ဘူး…အင်းလေ
ပြောစရာစကားမှမရှိတာ…
“တတိယမြောက်…မင်းကိုပြောနေတာ
မကြားဘူးလား…မင်းကိုပြောနေတယ်လေ”
သူဘာမှမဖြေချင်ဘူး…တစ်ခုခုပြောလိုက်ရင်လည်း
အခြေအနေကပိုဆိုးလာရုံပဲ ရှိမှာလေ…
“တတိယမြောက် အရွေးမခံရဘူးပဲ…ငါကတော့
မင်းကငါတို့အားလုံးထက် ပိုသာတယ်လို့ ထင်ခဲ့တာ…နောက်ဆုံးတော့လည်း ဘာမှမဟုတ်ဘူးပဲ…ငါတို့
တတိယမြောက်လေး လည်ပင်းမှာ ပတ်တီးလေးစည်းလိုက်ရတာပဲ အဖတ်တင်တယ်…”
“မင်းတို့ငါ့ကို သွားခွင့်ပြုဦးမှာလား…”
“ငါတို့သူ့ကို ဖြတ်ခွင့်ပေးမှာလား…ဖြတ်ခွင့်ပေးသင့်လား…”
သူတို့အားလုံးက အားပါးတရရီရင်းထပ်ပြောတယ်…
“ဒါပေါ့ ဖြတ်ခွင့်ပေးမှာပေါ့…အရင်ဆုံး
မင်းလက်မောင်းကို ဖြတ်ခွင့်ပေးမယ်လေ… နောက်တော့ပေါင်…နောက်တော့ဒူး…တစ်ခုချင်းစီပေါ့ကွာ…ဟားဟား”
ပြောနေရင်းနဲ့ပဲ နောက်ကိုတွန်းလိုက်သေးတယ်…
ငြိမ်ခံနေလို့မဖြစ်တော့ဘူးဆိုတာ
အန်ဒါသိလိုက်တယ်…နောက်တစ်ခါ လာတွန်းဖို့လုပ်တော့ သူရှောင်လိုက်တယ်…
“အို…ဘာလဲ…မင်းကငါနဲ့ချချင်လို့လား…ဟုတ်လား
တတိယမြောက်”
အန်ဒါ့နောက်ကလူတွေက အန်ဒါ့ကို
ဖမ်းချုပ်လိုက်ကြတယ်…အမှန်တော့ဒါက ရီစရာမဟုတ်ဘူး…ဒါပေမယ့် အန်ဒါရီလိုက်တယ်…
“မင်းပြောတဲ့ချချင်တယ်ဆိုတာက
ဒီလိုလား…အများနဲ့တစ်ယောက်လေ…”
“လွှတ်ပေးလိုက်”
သူတို့လွှတ်လိုက်တာနဲ့ အန်ဒါက
စတယ်လ်စန့်ရင်ဘတ်ကို အရှိန်ပြင်းပြင်းနဲ့ လှမ်းကန်ပါတော့တယ်…အားကပြင်းတော့ ချက်ချင်းကို
နောက်ပြန်လှဲကျသွားလေရော…အန်ဒါလဲသူ့ကိုယ်သူ မယုံနိုင်ဘူး… စတယ်လ်စန့်နဲ့ ဒီလိုရန်ဖြစ်မိလိမ့်မယ်လို့…
ခဏလောက်တော့ တစ်ခြားလူတွေက
နောက်တွန့်သွားကြတယ်… စတယ်လ်စန်လည်း လုံးဝမလှုပ်တော့ဘူး…သေသွားပြီလို့တောင်ထင်ရတယ်…
ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် သူ့ကိုကျောင်းကနေ နှင်မထုတ်အောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားရဦးမယ်…
နေဦး…အခုတော့ ငါဒီရန်ပွဲကို
နိုင်မှဖြစ်မယ်…မဟုတ်ရင် တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာလိမ့်မယ်…ငါ့ကိုနောက်ထပ် ပြသနာမရှာရဲအောင်
အခု လုပ်ပေးလိုက်မယ်…သူလိုခြောက်နှစ်သားကလေးတောင်သိတယ်…ယောကျ်ားချင်း ရန်ပွဲမှာ မြေပေါ်ကျသွားတဲ့လူကို
ထူပေးတာ တိရိစ္ဆာန်ပဲ လုပ်တယ်ဆိုတာ…
အဲ့ဒါကြောင့် အန်ဒါသူ့နားကို ဆက်လျှောက်သွားတယ်…သူ့မျက်နှာကိုကန်တယ်...
ခန္ဓာကိုယ်…ကျော…တစ်ကိုယ်လုံးကိုကန်တယ်…စတယ်လ်စန်က နာလွန်းလို့ ညည်းညူပြီး အန်ဒါ့အနားကနေ
ဝေးအောင် လှိမ့်သွားတယ်…အန်ဒါက သူ့နားလျှောက်လာပြီး ထပ်ကန်လိုက်တယ်…စတယ်လ်စန်ချာ အသံတောင်
မပြုနိုင်ရှာတော့ဘူး…မြေပြင်ပေါ်မှာပဲ မျက်လုံးအကြောင်သားလေးနဲ့ လှဲနေရှာတယ်…
နောက်တော့အန်ဒါက ကျန်တဲ့လူတွေကိုပါ အေးစက်စက်နဲ့
ခြောက်ခြားဖွယ် ကြည့်ပြီးပြောတယ်…
“အခုဆိုရင် ငါ့ကိုဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာ
မင်းတို့စဉ်းစားနေလောက်မှာပေါ့ ဒါပေမယ့် အခုချိန်ကစပြီး ငါအဲ့လိုအနိုင်ကျင့်မခံတော့ဘူး…
နောက်တစ်ခါ ငါ့ကိုနာကျင်အောင် လုပ်ရင် အခုထက်ပိုဆိုးမယ်…အဲ့ဒါက ဘယ်သူပဲဖြစ်ဖြစ် ပိုဆိုးရုံပဲရှိမယ်…”
ပြောလို့လည်းပြီးရော စတယ်လ်စန့်မျက်နှာကို
ထပ်ကန်လိုက်တယ်… သွေးတွေက နှာခေါင်းထဲကနေ လျှံထွက်လာပြီး အဲ့ဒီအနီးအနားတစ်ဝိုက်မှာ
သွေးတွေနဲ့ ပေပွကုန်တယ်...
အန်ဒါလှည့်ထွက်သွားတယ်...ဘယ်သူမှ သူ့နောက်လိုက်မလာခဲ့ကြဘူး... ဘက်စ်ကားမှတ်တိုင်ကို
လျှောက်လာတဲ့လမ်းတစ်လျှောက်မှာ ကောင်လေးတစ်ချို့ရဲ့ တီးတိုးပြောသံတွေကို သူကြားနေရတယ်...
"အလကားကောင်...ကြည့်စမ်းပါဦး...သုံးစားမရတဲ့ကောင်..."
အန်ဒါသူ့ခေါင်းနဲ့ နံရံနဲ့ဆောင့်မိသွားတယ်...အသိစိတ်မှမကပ်တော့ပဲ...
နောက်တော့ ဘက်စ်ကားမလာခင်အထိ သူထိုင်ငိုနေမိတယ်...
အခု ပီတာ့လိုဖြစ်နေပြီလား...မော်နီတာလည်းမရှိတောဘူး...သူတို့ဖြုတ်သွားကြပြီ..
ငါပီတာ့လိုဖြစ်နေပြီ....
❣️
reply❣️
replyGreat
replyInteresting
replyMikeeee
replyGood
replyshin p read loe kg
Naut chp dwy ll read pay pr ohn nor🤗❣️
.
Thank you pr🤗❣️
good
Thank you pr🤗❣️
ကောင်းပါတယ်
ကျေးဇူးပါနော်🤗❣️