"ဗိုလ်မှူး ဂရပ်ဖ်။ ဂိမ်းတွေက အဲ့လောက်လဲ မရိုးရှင်းပါဘူး။ အဆင်ပြေနေတာပဲလေ။ ကြယ်တွေရဲ့သဘာဝကိုလည်း နားလည်နိုင်တယ်လေ။ Battle roomအသစ်တွေဆောက်ဖို့ကတော့ မလွယ်ဘူး။ လနဲ့ချီပြီးကြာလိမ့်မယ်။ အခြေအနေအရပ်ရပ်ကိုလည်း ထည့်သွင်းစဉ်းစားရမယ်လေ။"
"အဲ့ဒါကြောင့် အသစ်အဆန်းတွေ တီထွင်ဖို့ မင်းကို
ပြောနေတာလေ။ ဒီ့ထက်ပိုပြီး ခက်ခဲနက်နဲတာတွေ...ပိုစဉ်းစားရတာတွေ...ပိုကြိုးစားရတာတွေ...အနိုင်ရဖို့ပိုခက်ခဲလာတာတွေကိုပေါ့။ ငါအကောင်းဆုံး ပရိုဂရမ်တွေနဲ့ အတော်ဆုံးစစ်သားတွေကို မွေးထုတ်ချင်တယ်။ အန်ဒါလည်း အဲ့စာရင်းထဲမှာ အမြဲပါလာနေရမယ်"
"ဘယ်အချိန်လောက်ရောက်ရင် သူ့ကိုကွန်မန်ဒါအဖြစ် ခန့်အပ်မှာလဲ? ရှစ်နှစ်လား?"
"မဖြစ်နိုင်လောက်ဘူး။ ငါသူ့အတွက် ကိုယ်ပိုင်တပ်ဖွဲ့ကိုတောင်မှ မဖွဲ့စည်းပေးရသေးဘူး"
"အဲ့ဒါဆို ဒီအတိုင်းပဲ ဆက်ထားဦးမှာလား"
"မင်းလဲသိပါတယ် အက်ဒါစန်ရယ်...အဲ့ဂိမ်းတွေအားလုံးက လေ့ကျင့်ပေးနေတာတွေချည်းပဲလေ..."
"သိပါတယ်။ တကယ်လို့ အန်ဒါက ကျုပ်တို့လိုအပ်နေတဲ့လူမဟုတ်ခဲ့ရင် ဘယ်လိုလုပ်ကြမလဲ...သူကျောင်းမပြီးခင် တိုက်ပွဲဖြစ်ခဲ့ရင်ရော ဘယ်လိုလုပ်ကြမလဲ"
"အင်း....။ ဘာပဲဖြစ်ဖြစ် အန်ဒါက ငါ့ထက်ဆယ်ဆ ဉာဏ်ပိုကောင်းတယ်...ငါ့ထက်ဆယ်ဆပိုသန်မာတယ်...အခုငါတို့လုပ်နေသမျှကလည်း သူ့ကိုပိုပိုတော်လာဖို့ပဲမဟုတ်လား။ ငါတို့လူရွေးမှန်ခဲ့တယ်လို့ပဲ မျှော်လင့်ရမှာပေါ့ကွာ..."
"ဘာပဲဖြစ်ဖြစ်ပါ။ ကျုပ်ကတော့ ဒီမှာဖြစ်နေတဲ့ အဖြစ်အပျက်အားလုံးကို အစိုးရကို ပြန်အစီရင်ခံရမယ့် တာဝန်ရှိတယ်။ ဒါပေမယ့် အခုတော့ ခင်ဗျားစိတ်ကြိုက်လုပ်ပါ။"
"စိတ်ရင်းနဲ့ ကျေးဇူးပါပဲကွာ"
.........................................................................
"အန်ဒါဝတ်ဂင်။ မင်းငါတို့ဆီကို ရောက်လာတာ ပျော်စရာပါပဲ"
ရတ်တပ်ဖွဲ့ရဲ့ ကွန်မန်ဒါက အိပ်ရာပေါ်မှာ လှဲနေရင်း လှမ်းပြောလိုက်တယ်။
"မင်းသာငါတို့ဘက်မှာရှိရင် ဘယ်တိုက်ပွဲ ပြိုင်ပွဲမဆို စိုးရိမ်စရာမလိုဘူးမလား"
ခပ်ရွဲ့ ရွဲ့ လေသံနဲ့ပြောလိုက်တာကြောင့် အနီးအနားမှာရှိတဲ့ ကောင်လေးအတော်များများရဲ့ ရီသံတွေပေါ်ထွက်လာတယ်...
"ငါက ရို့စဲဒီနော့စ်။ ငါအမြဲလိုလို နိုင်လေ့ရှိတာက င့ါမှာစစ်သားကောင်းတွေရှိလို့ဆိုပြီး ထင်နေကြတယ်။ အဲ့ဒါကြောင့် ငါမင်းကိုလက်ခံလိုက်တာ။ အစုတ်ပလုတ်စစ်သားအသေးလေးရှိနေပေမယ့် နိုင်မြဲနိုင်ဆဲဆိုတာပြချင်လို့။ ဟုတ်ပြီ။ ငါတို့မှာ စည်းကမ်း၃ခုပဲ ရှိတယ်။ ငါပြောသလိုလုပ်၊ အိပ်ရာပေါ် သေးပေါက်မချနဲ့"
အန်ဒါလည်း ခေါင်းငြိမ့်ပြလိုက်တယ်။ ရို့စဲက တတိယမြောက်စည်းကမ်းကဘာလဲလို့ သူ့ကိုမေးစေချင်တာကို အန်ဒါသိတယ်။ အဲ့ဒါကြောင့် မမေးဘူး။ နောက်တော့ ကိုယ့်ဟာကိုပဲ ပြောပြရတာပါပဲ။
"ငါတို့အားလုံးက Math တော့မတော်ကြဘူး"
သူပြောချင်တာကရှင်းပါတယ်။ အနိုင်ရဖို့က တစ်ခြားအရာတွေအားလုံးထက် အရေးကြီးတယ်ဆိုတာပါပဲ။
"မင်းကအခု တကယ့်စစ်သားဖြစ်ပြီဝတ်ဂင်။ လေ့ကျင့်ခံလေးတွေနဲ့ လေ့ကျင့်နေစရာမလိုတော့ဘူး။ ငါမင်းကို ဒင့်မီခါရဲ့ တွန်းထဲ ထည့်ပေးမယ်။ အခုကစပြီး သူကမင်းရဲ့ ဘုရားပဲ"
"အဲ့ဒါဆို ခင်ဗျားကဘယ်သူလဲ"
"အဲ့ဘုရားကိုခန့်အပ်ထားတဲ့ ကွန်မန်ဒါ"
ရို့စဲက ရီလိုက်တယ်။
"ပြီးတော့ တိုက်ပွဲမှာ အနည်းဆုံး စစ်သားနှစ်ယောက်ကို ခဲအောင်လုပ်နိုင်ရမယ်။ မဟုတ်ရင် ကွန်ပျူတာသုံးခွင့်မရှိဘူး။ မင်းက ပရိုဂရမ်မာကောင်းတစ်ယောက်လို့တော့ ငါကြားထားတယ်။ ဒါပေမယ့် ငါ့ကွန်ပျူတာထဲ ထိုးဖောက်ဝင်ရောက်တာတော့ ငါခွင့်မပြုဘူး!"
လူတိုင်းက ရီနေကြတယ်။ ဒါပေမယ့် ဘာလို့လဲဆိုတာ သူနားမလည်ဘူး။
သူစဝင်လာကတည်းက အခန်းထဲမှာ ဆူနေတာ။ ဘယ်သူမှလဲ စာလုပ်နေတာကို မတွေ့မိဘူး။ တော်တော်များများက အိပ်ရာထဲမှာ လှဲလျောင်းနေကြတယ်။ စကားများနေကြတယ်။
ကွန်မန်ဒါရို့စဲ အပါအဝင်ပေါ့။
အချိန်တွေကို ဒီလိုဖြုန်းတဲ့ သူတို့တွေဘယ်လိုများ အနိုင်ရနေကြတာပါလိမ့်?
အန်ဒါက ဒင့်မီခါကို ဂိမ်းခန်းထဲမှာ ရှာတွေ့တယ်။
ဆော့နေတာတော့မဟုတ်ဘူး။ ဒီအတိုင်းထိုင်ပြီး ကြည့်နေတာ။
"ကျွန်တော့်ကို ခင်ဗျားဆီလာဖို့ လွှတ်လိုက်လို့ပါ။ ကျွန်တော်က အန်ဒါဝတ်ဂင်ပါ"
"ငါသိတယ်" မီခါက ချက်ချင်းပြန်တုံ့ပြန်တယ်။
"ကျွန်တော်က ခင်ဗျားရဲ့ တွန်းထဲမှာပါ"
"သိတယ်"
"ကျွန်တော်က သိပ်ပြီးမကျွမ်းကျင်သလို အတွေ့အကြုံလည်း သိပ်မရှိဘူး"
ဒင့်က ချက်ချင်းသူ့ကိုကြည့်လိုက်တယ်။
"ဒီမှာ ဝတ်ဂင်။ ငါအားလုံးသိတယ်။ ငါရို့စဲဆီကနေ ဘာလို့မင်းကိုတောင်းခဲ့တာလဲဆိုတာကို သိလား?"
သူပလစ်မခံရဘူး။ သူတစ်ယောက်ယောက်ဆီက သူ့ကိုရွေးချယ်ခြင်းခံရတယ်။ သူလည်း မတောင်းဆိုခဲ့ပဲနဲ့လေ။ ဘာလို့လဲ???
မီခါကဘာလို့ ငါ့ကိုလိုချင်တာလဲ?
"ဘာလို့လဲ?" အန်ဒါလည်းမေးလိုက်တယ်။
"ငါမင်းနဲ့ လေ့ကျင့်ခံလေးတွေ အတူတူလေ့ကျင့်နေတာကို ကြည့်နေခဲ့တာ။ မင်းမှာ အလားအလာကောင်းတွေ အများကြီးရှိတယ်လို့ ငါထင်တယ်။ ဘွန်ဇိုက အရူး။ သူပဲမသိတာ။ ပြီးတော့ ပတ်ထရာထက် ငါမင်းကိုပိုပြီး လေ့ကျင့်ပေးချင်တယ်။ ပတ်ထရာက အပစ်အခတ်မှာပဲ တော်တာ။"
"ဒါပေမယ့် ကျွန်တော်လေ့ကျင့်ဖို့လိုတာပဲလေ"
"အခုထိ ကောင်းကောင်းမတတ်သေးဘူး"
"အဲ့ဒါဆို သင်ပေးလေ"
"ဒါဆို သင်ယူပေါ့"
"ကျွန်တော့်ရဲ့ Free playအချိန်တွေကိုတော့ မပေးနိုင်ဘူးနော်"
"ငါလဲအဲ့လိုမလုပ်ခိုင်းပါဘူး။ သူတို့နဲ့ ဆက်လေ့ကျင့်ပါ"
"ဒါပေမယ့် ရို့စဲဒီနော့စ်က ကျွန်တော့်ကို ဆက်မလုပ်ခိုင်းဘူး"
"သူမင်းကိုတားလို့မရပါဘူး။ မင်းကိုကွန်ပျူတာ သုံးခွင့်မပြုဘူးလို့ တားသလိုပေါ့"
"အဲ့ဒါဆို ဘာလို့ အဲ့လိုအမိန့်ပေးခဲ့သေးလဲ"
"နားထောင် အန်ဒါ။ ကွန်မန်ဒါကဆိုတာကလေ မင်းခွင့်ပြုရင် ခွင့်ပြုသလောက် အမိန့်တွေပေးနေမှာပဲ။ မင်းကနာခံလေ သူတို့က ပိုပိုပေးလေပဲ။"
"မနာခံရင် သူတို့ကျွန်တော့်ကို အပြစ်ပေးမှာပေါ့"
ရုတ်တရက် ဘွန်ဇို့ရဲ့ လက်သီးကို ပြန်သတိရသွားတယ်။
"အဲ့ဒါကြောင့်ပဲ မင်းတိုက်ခိုက်ရေးသင်တန်းကို တက်နေတာမဟုတ်ဘူးလား"
"ခင်ဗျားကျွန်တော့်ကို တစ်ချိန်လုံး စောင့်ကြည့်နေတာလား"
ဒင့်ကပြန်မဖြေဘူး။
"ရို့စဲကျွန်တော့်ကို စိတ်ဆိုးမှာမလိုလားဘူး။ ကျွန်တော်လည်း တိုက်ပွဲတွေကို ဝင်ပါချင်တယ်။ အပေါက်ဝမှာပဲရပ်ပြီး ထိုင်မကြည့်ချင်တော့ဘူး။"
"မင်းဝင်ပါလေ့ရှိပါတယ်"
ဒီတစ်ကြိမ်တော့ အန်ဒါ ပြန်မဖြေဘူး။
"ဒီမှာ အန်ဒါ! မင်းငါ့တွန်းထဲမှာ ရှိနေသရွေ့ မင်းတိုက်ပွဲတွေ ပြိုင်ပွဲတွေကို ဝင်ပါခွင့် ရနေမှာပါ။"
အန်ဒါလည်း သိပ်မကြာခင် သိလာတယ်။
ဒင့်က သူ့တွန်းထဲက လူတွေကို သီးသန့်လေ့ကျင့်ပေးလေ့ရှိတယ်။
ဘယ်တော့မှ ရို့စဲနဲ့ မတိုင်ပင်ဘူး။
အတူတူစစ်ရေးလေ့ကျင့်ကြတယ်ဆိုတာလည်း ခပ်ရှားရှားပဲ။
ရတ်တပ်ဖွဲ့ထဲမှာ ရို့စ်က ကျန်တဲ့စစ်သားတွေကို အမိန့်ပေးသလို ဒင့်ကလဲ သူ့လူနည်းနည်းလေးကို အမိန့်ပေးနေသတဲ့။
အမှန်ဆို တွန်းတွေအကုန်က ကွန်မန်ဒါရဲ့လက်အောက်မှာလေ။ သူတို့က ဘယ်လိုဖြစ်ကြတာလဲ?
.........................................................................
ဒင့်နဲ့ပထမဆုံး စစ်ရေးလေ့ကျင့်ရတဲ့နေ့ဖြစ်တယ်...
ပထမဆုံးအနေနဲ့ဒင့်က သူ့အတွေးတွေကို စစ်သားတွေကို ပြောပြတယ်။ နည်းဗျူဟာတွေချမှတ်ပေးတယ်။
အန်ဒါနဲ့ အတွေးတူတယ်။
အဲ့တော့ အန်ဒါလည်း ဝင်ပြောတယ်ပေါ့။
တစ်ခြား ခေါင်းဆောင်တွေဆို ကြိုက်မှာမဟုတ်ပေမယ့် ဒင့်ကတော့ အဲ့လိုမဟုတ်ဘူး။
အန်ဒါပြောသမျှကို နားထောင်ပေးတဲ့အပြင် အန်ဒါ့ရဲ့ နည်းဗျူဟာအတိုင်း လေ့ကျင့်ကြဖို့ အမိန့်ပေးတယ်။
ကျန်တဲ့စစ်သားတွေက မကျေနပ်ကြဘူး။
အခုမှရောက်လာတဲ့ လေ့ကျင့်ခံလေးရဲ့ စကားအတိုင်း လိုက်လုပ်နေရမလားဆိုပြီး အန်ဒါ့ကိုတောင် မုန်းလာကြသေးတယ်။
"လေ့ကျင့်ခံဆီကနေ ပြန်သင်နေရတာလား!"
တစ်ယောက်ယောက်က သည်းမခံနိုင်တော့လို့ အန်ဒါ ကြားအောင်အော်လိုက်တယ်။ ဒင့်ရဲ့အဖြေက...
"ဟုတ်တယ်!" တဲ့။
ပြတ်သားလိုက်တာ....
ဒါပေမယ့်....
လေ့ကျင့်ရင်း လေ့ကျင့်ရင်းနဲ့ အန်ဒါ့အကြံတွေက တကယ်အသုံးဝင်တယ်ဆိုတာကို သူတို့သိလာတယ်။ အစကနည်းဗျူဟာထက် ပိုမိုထိရောက်မှုရှိတယ်ဆိုတာကို လက်ခံလာကြတယ်...
နောက်တော့ စိတ်အားထက်သန်ကြစွာနဲ့ လေ့ကျင့်ကြတယ်။
ကျေနပ်အားရစရာပါပဲ....
.........................................................................
ညဘက်ကျတော့ သူ့အဖွဲ့နဲ့ လေ့ကျင့်ဖို့အတွက် ထွက်လာခဲ့တယ်။ တစ်နေ့လုံး လေ့ကျင့်ထားရတော့ သူပင်ပန်းနေတာတော့ အမှန်ပဲ။
"အခုတော့ မင်းတကယ့်တပ်ဖွဲ့ထဲ ရောက်သွားပြီပေါ့"
အလိုင်က မေးလိုက်တယ်။
"မင်းငါတို့နဲ့ လေ့ကျင့်စရာ မလိုတော့ပါဘူး"
"မင်းဆီကပဲ ဘယ်သူမှမသိနိုင်တဲ့ အရာတွေကို လေ့လာခွင့်ရတာလေ" အန်ဒါကလည်း ပြန်ဖြေလိုက်တယ်။
"ဒင့်မီခါက အကောင်းဆုံးပဲတဲ့။ သူကမင်းရဲ့ တွန်းခေါင်းဆောင်ဆို?"
"အဲ့ဒါဆိုလည်း အလုပ်ရှုပ်လိုက်ကြရအောင်! ဒီနေ့ သူ့ဆီက သင်ယူခဲ့ရသမျှကို ပြန်သင်ပေးမယ်"
နောက်တော့ သူတို့တွေ အတူတကွ လေ့ကျင့်ကြတယ်။ အန်ဒါတစ်နေကုန်သင်လာရသမျှကို ကြိုးစားပမ်းစား ပြန်သင်ယူကြတယ်။
ဒါပေမယ့် အန်ဒါက နည်းလမ်းအသစ်တစ်ချို့ကို ထပ်ထည့်တယ်။ ဗျူဟာအသစ်တစ်ချို့ကို ထပ်ဖန်တီးတယ်။
ရုတ်တရက် ပတ်ထရာနဲ့ ဒင့်ကို တွေ့လိုက်တယ်။
တံခါးနားကနေ သူတို့လုပ်သမျှကို ရပ်ကြည့်နေတယ်လေ။
နောက်တစ်ခေါက်ထပ်လှည့်ကြည့်လိုက်တော့ သူတို့မရှိတော့ဘူး။
ကွန်မန်ဒါတွေ တွန်းခေါင်းဆောင်တွေသာ လုပ်လေ့ရှိတဲ့အလုပ်ကို သူကအခုလုပ်နေတယ်။
သူတို့ငါ့ကို စိတ်ဆိုးသွားမလားမသိဘူး။
သူတို့လဲ တွန်းခေါင်းဆောင်တွေပဲလေ...
.........................................................................
"ငါမင်းကို မင်းရဲ့စားပွဲ မသုံးနဲ့လို့ ပြောခဲ့ဖူးသလားပဲ"
အန်ဒါ့ခုတင်ဘေးမှာ ရပ်ပြီးပြောလိုက်တယ်။
(သူတို့ရဲ့ စားပွဲဆိုတာက ကွန်ပျူတာပါပဲ။ နှိပ်လို့ရတယ် ဖန်သားပြင်ကို။ ပြောရရင် ကွန်ပျူတာကို စာကြည့်စားပွဲခုံအသေးစားလို လုပ်ပေးထားတာ။ အဲ့ဒါကြောင့် တစ်ခါတစ်လေ စားပွဲလို့သုံးနှုန်းနေပေမယ့် တစ်ခါတစ်လေ ကွန်ပျူတာလို့ သုံးနှုန်းတာပါ)
"ကျွန်တော့်အိမ်စာတွေ မပြီးသေးလို့ပါ"
ရို့စဲက အန်ဒါ့ခုတင်ပေါ် ခြေထောက်တင်လိုက်ပြီး
"ငါမင်းကို မသုံးနဲ့လို့ ပြောနေတယ်"
အန်ဒါလည်း မတ်တပ်ထရပ်လိုက်ပြီး
"ကျွန်တော်ဒါကို လုပ်ဖို့လိုတယ်။ မနက်ဖြန်အတွက် တကယ်မပြီးသေးလို့ပါ"
ရို့စဲက အန်ဒါ့ထက် အရပ်ရှည်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ အန်ဒါသိပ်မလန့်ဘူး။ ရို့စ်က အပျင်းကြီးပြီး ဘွန်ဇို့လို မတိုက်ခိုက်တတ် ရန်မရှာတတ်ဘူးဆိုတာ သိတယ်လေ။
"မင်းကအသုံးမဝင်တာကို လုပ်နေတာပဲ"
"မထင်ပါဘူး။ အသုံးမကျတဲ့ ဆလန်မန်ဒါမှာ မလုပ်ခဲ့ရတာတွေကို အခုပိုကြိုးစားပြီးလုပ်နေရတာပါ"
"အသုံးမကျဘူး!? မင်းမို့လို့ပြောရဲတယ်။ ဘွန်ဇို့ရဲ့ နည်းဗျူဟာတွေက ဂိမ်းတော်တော်များများကို အနိုင်ယူခဲ့တာ!"
"တစ်ချို့ဂိမ်းတွေက ကျွန်တော့်ကြောင့်နိုင်တယ်လို့ ပြောရင်ပိုမှန်ပါမယ်။ အချိန်တိုင်း ဘွန်ဇိုရဲ့ အမိန့်ကို ဆန့်ကျင့်ပြီး အမြဲဝင်တိုက်ပေးခဲ့လို့ နိုင်ခဲ့တာပါ။ ဥပမာအားဖြင့် ဆလပ်တိုက်ပွဲပေါ့"
ရို့စဲဒေါသထွက်သွားတယ်။ သူဒါတွေမသိခဲ့ဘူးလေ။
"အဲ့ဒါဆို မင်းနဲ့ပတ်သတ်ပြီး ဘွန်ဇိုပြောသမျှက အလိမ်အညာတွေချည်းပဲပေါ့!
"တစ်ချို့ဂိမ်းတွေဆို ရှုံးလုဆဲဆဲကနေ သရေကျအောင် လုပ်ခဲ့ပါသေးတယ်"
ရို့စဲလဲ အကြံတွေနဲ့ ပြည့်နှက်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ ကြည့်ပြီး
"အဲ့ဒါဆို ငါတို့ရဲ့ နောက်ဂိမ်းတွေမှာ မင်းဘယ်လို အနိုင်ယူပေးမလဲ ကြည့်ကြတာပေါ့" ဟုဆိုကာ ထွက်သွားပါတယ်။
အန်ဒါ ဒင့်ကိုလှမ်းကြည့်လိုက်တယ်။
သူတို့ပြောသမျှကို ကြားနေပေမယ့် ဂရုမစိုက်ဟန်ပြပြီး သူ့စားပွဲမှာသာ လျှောက်ခြစ်နေပါတယ်။
သူ့ပုံစံက မင်းကိစ္စမင်းရှင်းဆိုတဲ့ အဓိပ္ပာယ်မျိုးတွေ ဖော်ဆောင်နေပါတော့တယ်။
.........................................................................
Ratingအတွက် starsလေးတွေနဲ့ opinionလေးရေးပေးသွားပါဦးနော်❣️
Subscribeလုပ်ထားဖို့လည်း မမေ့ကြပါနဲ့လို့🙄
You can also buy a cup of coffee for me and share my novel on Facebook 🙄❣️
Thank you for your attention 😘
good
replyWell, wonderful
replygood
replyMikeeee
replyGood
replyArr pay ny pr dl
reply.
replywell~
replyGood
replyWaiting for new chapter
reply