ပတ်ထရာက Battle roomရှေ့က ကော်ရစ်တာမှာ စောင့်နေတယ်။
ရက်ဘစ်တပ်ဖွဲ့က စောနကတင် ဝင်သွားလို့ နောက်တစ်ခန်းပြောင်းဖို့အတွက် သူတို့ခဏလောက်စောင့်ရဦးမယ်။
ခဏနေတော့ ရပါပြီ...
အဲ့ဒါနဲ့ သူတို့ဝင်သွားကြတယ်။
အန်ဒါက ပတ်ထရာထင်ထားတာထက်ကို ပိုတော်နေတယ်...
သင်ယူတတ်မြောက်လွယ်သူလေးပဲ...
အရင်ဆုံးသူ့ကို အတိုက်အခိုက်အခြေခံ သင်ပေးတယ်..
မကြာဘူး သင်ပေးသလောက် လုပ်တတ်လာတယ်...
အပစ်အခတ်။
ထိုနည်းတူစွာပဲ...
အန်ဒါက တကယ်ကို တော်တယ်လေ...
ပတ်ထရာ မချီးကျူးပဲ မနေနိုင်တော့ဘူး
"မင်းကတကယ်တော်တာပဲ။ အကျင့်ဆိုးတွေလည်း သိပ်မရှိဘူးပဲ"
အန်ဒါပြုံးရုံလေးပဲ ပြန်ပြုံးပြရင်း
"ကောင်းတာတွေလည်း မရှိပါဘူး"
"ရှိလာအောင်လုပ်ပေးမယ်လေ"
အဲ့နေ့မနက်ကတော့ အများကြီး မသင်လိုက်ရပါဘူး။ စကားပြောနေကြတာများတာကိုး...
တစ်စုံတစ်ရာကို ရအောင်ရည်ရွယ်ပြီးလုပ်နေတဲ့အချိန်မှာ ဘယ်လိုတွေးရမယ်၊ ကိုယ့်ရဲ့ လှုပ်ရှားမှူရော တစ်ဖက်ရန်သူရဲ့ လှုပ်ရှားမှုကိုရော တစ်ချိန်တည်းမှာ တွေးနေရမယ်၊ ခန္တကိုယ်က လှုပ်မရတော့ရင်တောင် သေနတ်ဆက်ပြီးပစ်လို့ရအောင် ဘယ်လိုလုပ်ရမယ်၊ အမြဲစိတ်ကိုလျော့ထားရမယ် အဲ့ဒါမှတုန်လှုပ်စိတ် ကြောက်စိတ်တို့ကြောင့်အလွဲအမှားမဖြစ်နိုင်မယ်၊
အဲ့ဒါတွေကတော့ ဒီနေ့အတွက် အန်ဒါသင်ယူခွင့်ရခဲ့တဲ့ထဲက အဖိုးတန်အချက်လေးတွေပေါ့...
နေ့လည်ပိုင်း လေ့ကျင့်ချိန်လဲရောက်ရော အန်ဒါက သူ့စားပွဲခုံကိုယူလာပြီး စာလုပ်ဖို့ အမိန့်ပေးခံရတယ်...
သူသာစစ်သားတစ်ယောက်အဖြစ် လေ့ကျင့်ပေးခြင်းမခံရဘူးဆိုရင် အနည်းဆုံးတော့ ဘွန်ဇို့ကိုကြည့်ပြီး ဘာတွေဘယ်လိုလုပ်တယ်ဆိုတာကို လေ့လာရမယ်လေ...အဲ့ဒါကြောင့် သူ့ကျောင်းစာတွေကို မလုပ်ပဲ အခန်းရှေ့ကနေပဲ သူတို့ကိုကြည့်နေလေတယ်။ မသိရင် စားပွဲနဲ့စာလုပ်နေသလို ပုံစံပေါ့။
ဆလန်မန်ဒါတပ်ဖွဲ့မှာ အဖွဲ့ခွဲလေးဖွဲ့ ထပ်ရှိတယ်...အဲ့အဖွဲ့ခွဲတွေရဲ့ခေါင်းဆောင်လေးယောက်ထဲမှာ ပတ်ထရာလဲ အပါအဝင်ပေါ့...
အဲ့အဖွဲ့ခွဲတွေကို တွန်း လို့ခေါ်တယ်...
တွန်းတစ်ဖွဲ့ဆီမှာ အဖွဲ့ဝင်ဆယ်ယောက်ပါတယ်။
တစ်ချို့တပ်ဖွဲ့တွေမှာဆိုရင် ကွန်မန်ဒါတွေက အတော်ဆုံးလူတွေကို တွန်းအေ မှာထားတယ်...အညံ့ဆုံးတွေက တွန်းဒီ ပေါ့...
ဘွန်ဇိုကကျတော့ အဲ့လိုမဟုတ်ဘူး!
သူကအကုန်လုံးကိုရောထားတယ်။
အဲ့တော့ အဖွဲ့တိုင်းက အတော်အညံ့ရောနေတာပေါ့!
တွန်းဘီမှာ အဖွဲ့ဝင်ကိုးယောက်ရှိတာကလွဲလို့ ကျန်တဲ့အဖွဲ့တိုင်းမှာ ပုံမှန်ပဲ..။
အဲ့ဒါကြောင့် ဘွန်ဇိုက အန်ဒါ့ကို မကြည်တာကိုး...
အန်ဒါ့ကိုလက်ခံဖို့အတွက် သူ့ရဲ့ တွန်းခေါင်းဆောင်တစ်ယောက်ကို တစ်ခြားတပ်ဖွဲ့ကို ပေးလိုက်ရတယ်လေ...
အော် ပြီးတော့....
ဘွန်ဇိုမှန်တဲ့ နောက်ထပ်အရာရှိသေးတယ်။
အန်ဒါက အဆင်သင့်မဖြစ်သေးဘူး!
ဘာမှမလေ့ကျင့်ရသေးဘူး!
သူတို့လုပ်သမျှကို ထိုင်ကြည့်နေတယ်။
ဘာလဲ?
စစ်သားတွေက ဒီလိုပုံစံတွေနဲ့ လေ့ကျင့်နေကြတာလား?
ခန့်မှန်းရလွယ်လိုက်တာ....
ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်၊ ဒီလိုအကွက်ချရင် ဒီလိုတြိက်မယ်ဆိုတာ အသိသာကြီးပဲ!
.........................................................................
မနက်စာစားပြီးတိုင်း လေ့ကျင့်နေတာ အချိန်အနည်းငယ်ကြာလာတော့ အန်ဒါလည်း အခြေခံတစ်ချို့ကို တက်မြောက်နေပြီလေ...
ကိုယ်ပိုင်လေ့ကျင့်ချိန်တိုင်းမှာလဲ အန်ဒါက လေ့ကျင့်နေလေ့ရှိတယ်...
ရှန်နဲ့အလိုင်ရှိရင် သိပ်ကောင်းမယ်...
တစ်ချို့အရာတွေက တစ်ယောက်တည်းလေ့ကျင့်လို့မှ မရတာ...အသင်းအဖွဲ့နဲ့ လေ့ကျင့်ရတဲ့အရာတွေရှိသေးတယ်လေ...
နေပါဦး!
စစ်သားတွေနဲ့ လေ့ကျင့်ခံလေးတွေနဲ့အတူတူ လေ့ကျင့်လို့မရဘူးဆိုတဲ့ စည်းကမ်းမရှိဘူးမဟုတ်လား?
ဘာပဲဖြစ်ဖြစ် ကြိုးစားပြီး ခေါ်ကြည့်လိုက်တာ ကောင်းမယ်ထင်တယ်။
အရင်အိပ်ခန်းထဲကိုဝင်ပြီး သူတို့နားလဲရောက်ရော
ဘားနတ်အသံက အရင်ထွက်လာတယ်။
"ငါတို့ရဲ့ စစ်သားကြီး ပြန်လာပြီလားကွ!"
သူ့အရင်ခုတင်နားမှာ မတ်တပ်ရပ်ရင်း
"ဟုတ်တယ်ဟေ...ငါကသူတို့ ဝတ်စုံကို သန့်ရှင်းရေးလုပ်ပေးဖို့လောက်ပဲ အသုံးကျလို့တဲ့"
တစ်ခန်းလုံးက ရီလိုက်ကြတယ်။နောက်တော့ သူ့နားမှာ လာစုကြတယ်။
အန်ဒါလည်း သူတွေးထားသမျှ အစီအစဉ်အားလုံးကို ပြောပြလိုက်တယ်။
ကိုယ်ပိုင်လေ့ကျင့်ချိန်ရောက်တိုင်း သူနဲ့အတူ သူ့ညွှန်ကြားချက်တွေအတိုင်း Battle roomထဲမှာ နေ့တိုင်း အတူတူလေ့ကျင့်ဖို့၊ အတူတူကြိုးစားကြဖို့၊ စသည်ဖြင့်ပေါ့...
သူတို့အားလုံးလည်း စစ်သားတွေမှာ လိုအပ်တဲ့ အရည်အချင်းတွေ သိရသလို လေ့ကျင့်ရသလို အန်ဒါလည်း စစ်သားတွေကို ဘယ်လိုလေ့ကျင့်ပေးရမယ် ဘယ်လိုဗျူဟာတွေချရမယ်နဲ့ သူလည်းဘာတွေလိုအပ်တယ်ဆိုတာသိရမယ်လေ...
အဲ့တော့ ကောင်လေးတော်တော်များများက အန်ဒါ့အတွေးကို သဘောတူကြတယ်။ အန်ဒါနဲ့အတူ လုပ်ချင်ကြတယ်။ တစ်ချို့ကတော့ မပါဘူး။
အဲ့တော့ အန်ဒါကလည်း ဆက်ပြီး...
"ငါနဲ့တကယ် တွဲလုပ်ချင်တယ်ဆိုလို့ရှိရင် အချိန်ဖြုန်းနေလို့တော့မရဘူးနော်! ငါ့မှာ အလေလိုက်ဖို့အချိန်မရှိဘူး"
တကယ်လည်းသူတို့တွေ အချိန်မဖြုန်းကြ အလေမလိုက်ကြပါဘူး...
တကယ်ကြိုးကြိုးစားစား လုပ်ကြရှာပါတယ်...
အဲ့တော့ နည်းဗျူဟာအသစ်အဆန်းတွေသိလာကြတယ် အသစ်တွေကို လေ့ကျင့်လာနိုင်ကြတယ်လေ...
ပင်တော့ပင်ပန်းကြတာပေါ့။
ဒါပေမယ့် သူတို့မငြီးရှာပါဘူး...
.........................................................................
အခန်းဝကိုရောက်ရောက်ချင်း
"မင်းဘယ်ရောက်နေတာလဲ!" လို့ ဘွန်ဇိုက စိတ်တိုနေတဲ့ လေသံနဲ့ ဆီးကြိုပြီးမေးလိုက်တယ်
"လေ့ကျင့်နေတာပါ"
"ငါကြားတာတော့ မင်းအသုတ်က လေ့ကျင့်ခံလေးတွေနဲ့ အတူတူလေ့ကျင့်နေတာဆို!"
"တစ်ချို့အရာတွေက ကျွန်တော်တစ်ယောက်တည်း လေ့ကျင့်လို့မရဘူးလေ"
"ငါ့တပ်ဖွဲ့က ဘယ်စစ်သားဖြစ်ဖြစ် အသစ်ကလေးတွေနဲ့ အတူရှိတာငါမမြင်ချင်ဘူး။ မင်းကအခု လေ့ကျင့်ခံအသစ်လေးမဟုတ်တော့ဘူး။ ဆလန်မန်ဒါရဲ့ စစ်သားဖြစ်နေပြီ။ ကြားလား! အဲ့အစုတ်ပလုတ်လေးတွေနဲ့ ထပ်ပြီးလေ့ကျင့်စရာ အကြောင်းမရှိဘူး"
အခန်းထဲကလူတွေအကုန်လဲ ပြူးပြီးကြည့်နေကြပြီဆိုတော့
"ကျွန်တော်တို့ အပြင်မှာ နှစ်ယောက်တည်း ပြောလို့ရမလား"
အန်ဒါကစကားဆုံးဆုံးချင်း ထွက်သွားတော့ ဘွန်ဇိုလည်း လိုက်ခဲ့ရတော့တယ်။
"အပြင်မှာဖြစ်ဖြစ် အထဲမှာဖြစ်ဖြစ် ငါ့စကားကအတူတူပဲ။ နောက်ထပ်သူတို့နဲ့ လေ့ကျင့်စရာမလိုဘူး။ ရှင်းလား!!"
"ဒါကျွန်တော့်ရဲ့ ကိုယ်ပိုင် လေ့ကျင့်ချိန် ကစားချိန်လေ!ဆရာကျွန်တော့်ကို ဘာသင်ပေးဖူးလို့လဲ? စစ်သားကောင်းဖြစ်ဖို့ ကျွန်တော်ကြိုးစားနေတယ်လေ! ဘာမှလဲမသင်ပေးဘူး ကျွန်တော့်ဟာကျွန်တော် လေ့ကျင့်တော့လည်း မလေ့ကျင့်ရဘူးဆိုတော့ ကျွန်တော်ကဘာလုပ်ရတော့မှာလဲ!! ပြီးတော့ သူတို့ကလွဲရင် ကျွန်တော့်မှာ အတူတူလေ့ကျင့်စရာအဖွဲ့မှမရှိတာ!"
ဘွန်ဇိုလည်း အနည်းငယ်တော့ ငြိမ်သွားတယ်။ သူပြောတာလည်း ဟုတ်တာကိုး။ ဘွန်ဇိုက သူ့တပ်ဖွဲ့မှာ စစ်သားကောင်းတော့ လိုချင်ပါရဲ့ သူ့ကျတော့ မလေ့ကျင့်ပေးဘူးလေ။ ဘာမှမတတ်ဘူးဆိုပြီး ပြောဆိုနေပေမယ့် တကယ်တမ်းသူမှမသင်ပေးတာ ဘယ်တတ်မှာလဲ။ နည်းနည်းအရှိုက်ထိသွားပုံပဲ။
"မင်းငါပြောတဲ့အတိုင်းပဲလုပ်ရမယ်!!"
"ဟုတ်ပါတယ်။ ဆရာပြောတဲ့စည်းမျဉ်းတွေအတိုင်း ကျွန်တော်လုပ်မှာပါ။ ဒါပေမယ့် ဒါက free play လေ! ဘယ်သူမှ ဘာမှလာပြောလို့မရဘူး! ကျွန်တော့်ကိုယ်ပိုင် လွတ်လပ်ခွင့်ကို လာထိပါးမယ်ဆိုရင် ငြိမ်ခံနေမှာမဟုတ်ဘူး!"
"မင်းဆလန်မန်ဒါတပ်ဖွဲ့မှာ ရှိနေသရွေ့တော့ မင်းငါ့စကား ငါ့အမိန့်ပဲ နာခံရမှာပဲ!"
အခြေအနေကို ရိပ်မိတဲ့အန်ဒါက လေသံကိုလျော့လိုက်ပြီး ဘွန်ဇို သူ့ပါလေ့ကျင့်ပေးဖို့အတွက် သွေးဆောင်တော့တယ်။
"တကယ်လို့ ဆရာသာ ကျွန်တော့်ကိုပါ လေ့ကျင့်ပေးမယ်ဆိုရင် ဒီနေ့စကားများတာမှာ ဆရာနိုင်တယ်လို့ ကျွန်တော်ဟန်ဆောင်ပေးလို့ရတယ်။ ဆရာသာကျွန်တော့်ကို တကယ့်စစ်သားတွေလို လေ့ကျင့်ပေးပါ။"
"ငါဘာလုပ်ရမယ်ဘာညာဆိုပြီး မင်းငါ့ကိုပြောစရာမလိုဘူး!"
ဘွန်ဇိုလည်း သူ့အမှားသူသိတော့ ဘာမှပြန်ပြောလို့မရဘူးလေ...တစ်ခါလောက်ကြင်နာပေးလိုက်တယ်ပေါ့...
နောက်နေ့မနက်လည်းကျရော...
လူတိုင်းကြားနိုင်တဲ့အသံနဲ့...
"အန်ဒါ! ငါစိတ်ပြောင်းသွားပြီ! မင်းရဲ့အစုတ်ပလုတ်လေးတွေနဲ့ လေ့ကျင့်တာ သိပ်မဆိုးဘူးလို့ငါထင်တယ်။ အနည်းဆုံးတော့ တိုးတက်လာပြီး ငါသင်ရလွယ်တာပေါ့"
"ကျေးဇူးတင်ပါတယ်ဆရာ..."
အန်ဒါလည်း ပြုံးရွှင်စွာနဲ့ အခန်းထဲကထွက်သွားတယ်။ မနက်စာစားပြီးရင် ပတ်ထရာနဲ့လေ့ကျင့်တယ်...ညဆိုရင် သူ့အဖွဲ့နဲ့ လေ့ကျင့်တယ်...
အန်ဒါတကယ်ကို ကြိုးကြိုးစားစားလုပ်နေရှာလေတယ်။
.........................................................................
Battle roomရှေ့လဲရောက်ရော တစ်ဖက်က ဆလန်မန်ဒါရဲ့ အရောင်ဖြစ်တဲ့ အစိမ်းအစိမ်းအညိုနဲ့ တစ်ဖက်က ကွန်ဒေါ်ရဲ့ အမည်းအဖြူအမည်း အလံတွေ ချိတ်ဆွဲထားတာကို တွေ့လိုက်ရတယ်...
ဒီနေ့ကပြိုင်ပွဲလေ...
ဘွန်ဇိုက သူ့အဖွဲ့ကို သတိတွေထပ်ခါထပ်ခါပေး သူတို့လေ့ကျင့်ထားတဲ့ နည်းဗျုဟာတွေ တိုက်ကွက်တွေကို ပြန်သတိပေးနေရင်းကနေ
"အန်ဒါ! ဒီမှာပဲ ငြိမ်ငြိမ်လေးနေမယ်နော်! သေနတ်ကို လုံးဝမထုတ်နဲ့ အခန်းထဲကို လုံးဝမဝင်လာနဲ့ ကြားလား!"
"ဟုတ်ကဲ့ပါ"
သူတို့နှစ်ဖွဲ့ရဲ့ တိုက်ကွက်တွေကို ကြည့်ရင်း အန်ဒါစိတ်မထိန်းနိုင်တော့ဘူး...
ဒီအတိုင်းဆက်သွားရင် ဆလန်မန်ဒါက ရှုံးတော့မှာ။
သူလဲဝင်ပြီး ပစ်ချင်လာတယ်။
ဒါပေမယ့် သူ့အဖွဲ့နဲ့ လေ့ကျင့်ခွင့်ပေးမယ်ဆိုရင် ဘွန်ဇိုပြောသမျှ နားထောင်ပါ့မယ်လို့ ကတိပေးထားပြန်တော့ ဝင်ပြီးပစ်ဖို့ကို ချီတုံချတုံဖြစ်နေတယ်...
မနေနိုင်တော့ပါဘူး...
ဂိတ်ပေါက်ကနေ အသာလေး ဝင်လိုက်တယ်...
အခြေအနေကိုကြည့်တယ်...
ပတ်ထရာ့ကိုလည်း လိုက်ရှာမိတယ်...
နောက်တွေ့လိုက်တာနဲ့ ချက်ချင်းပတ်ထရာ့ အနားကို သွားလိုက်တယ်...
အစကပတ်ထရာလည်း လန့်သွားတာပေါ့ သူ့ကိုအထဲမဝင်ခိုင်းထားသလို အတွေ့အကြုံလည်း မရှိဘူးလေ...
ဒါပေမယ့် အန်ဒါပါ!
အစီအစဉ်မရှိ နည်းဗျူဟာမစဉ်းစားထား တိုက်ကွက်တွေပစ်ကွက်တွေ မသိပဲနဲ့ ဘွန်ဇို့အမိန့်ကို ဆန့်ကျင်ပြီး တိုက်ပွဲထဲ ဒီလိုဝင်လာပါ့မလား။
သူ့ရဲ့အစီအစဉ်တွေကို ပတ်ထရာ့ကို ပြောပြလိုက်တယ်...အတူတူတိုက်ကြမယ်ပေါ့...
ပတ်ထရာကလဲ ဆလန်မန်ဒါရဲ့ အပစ်အခတ်အတော်ဆုံးလူဆိုတော့ အန်ဒါပြောသမျှကို ကွက်တိလိုက်လုပ်နိုင်တယ်။
တိုက်ပွဲထဲမှာ အခုလိုဝင်ပျော်ပါးနေတဲ့ အန်ဒါ့ကို မြင်မြင်ချင်းမှာတော့ ဘွန်ဇိုက အတော်လန့်သွားတာ။
ရှုံးတော့ပါမယ်ဆို ဒီကလေးစုတ်က ဝင်ရှုပ်တယ်ဆိုပြီးလေ...
ဒါပေမယ့် နောက်ဆုံးမှာတော့ အန်ဒါ့ကြောင့်
ဆလန်မန်ဒါနိုင်သွားခဲ့တယ်!
အပေါ်ထပ်ကနေ ကြည့်နေတဲ့ ဂရပ်ဖ်တစ်ယောက်လည်း ကျေနပ်နေတာပေါ့...
ကယ် အသုံးမကျတဲ့ဘွန်ဇို! ကျွန်တော်မင်းတပ်ဖွဲ့ ရှုံးမယ့်ဆဲဆဲမှာ အနိုင်ယူပေးခဲ့တယ်နော်။ ကျွန်တော်လည်း မညံ့သေးပါဘူး...
သို့သော်ငြားလည်း အမိန့်ကအမိန့်ပဲလေ...
နောက်နေ့ မနက်စာစားချိန်လဲရောက်ရော
"ငါ့အမိန့်တွေကို မမေ့သေးဘူးလို့ မျှော်လင့်တယ်!"
ကျွန်တော်က တော်တဲ့စစ်သားတစ်ယောက်တော့ မဟုတ်လောက်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ကူညီပေးနိုင်ပါတယ်။ ခွင့်မပြုစရာဘာအကြောင်းမှမှမရှိတာ။
စိတ်ထဲကပဲ ပြောလိုက်ပါတယ်...ဘာမှတော့ ပြန်မပြောလိုက်ဘူး...
ဒါပေမယ့် အဲ့ပြိုင်ပွဲရဲ့ အကောင်းဆုံးပစ်ခတ်သူစာရင်းကို ထုတ်ပြန်တဲ့အခါ အန်ဒါကထိပ်ဆုံးကနေ ရှိနေတယ်။
.........................................................................
မကြာခင်မှာ သူ့မွေးနေ့ကို ရောက်လာတော့မယ်...
သူအိမ်မှာတုံးက မွေးနေ့ဆိုဘယ်လိုဖြတ်သန်းလဲ ဘာလုပ်လဲဆိုတာကို ပတ်ထရာ့ကို ပြောပြချင်တယ်...
အိမ်ကိုတောင် ရုတ်တရက် လွမ်းလိုက်တာ...
မနှစ်ကမွေးနေ့မှာ ဗယ်လ်လုပ်ပေးတဲ့ ကိတ်လေးကိုလည်း လွမ်းတယ်...အဲ့ကိတ်လေးက မကောင်းပဲ အရည်တွေပျော်ကြကုန်လို့ ဗယ်လ့်ကို လူတိုင်းက ဝိုင်းစကြတာကိုလည်း မှတ်မိသေးတယ်...
အော်...သူတောင် ၇နှစ်ဖြစ်တော့မှာပဲ...
ဒီရောက်ကတည်းက သူသတိထားမိတာ တစ်ခုရှိတယ်။ လူတိုင်းကအိမ်ကို လွမ်းကြောင်း သတိရကြောင်း မပြောကြသလို အိမ်နဲ့ပတ်သတ်ပြီး ဘာကိုမှမဟကြဘူး...
အိမ်ကနေ စာတွေလဲမရောက်လာသလို အိမ်ကိုစာရေးတာလဲ သူမတွေ့ရဘူး...
ဘာပဲဖြစ်ဖြစ် အိမ်ကိုတော့ လွမ်းသား...
လူတိုင်းက အိမ်နဲ့ပတ်သတ်ပြီး ဂရုမစိုက်တော့ဟန် လုပ်နေပေမယ့် သူကတော့ ဂရုစိုက်တယ်လေ။
သူဒီကိုလာတာက လူဆိုးတွေရောက်လာပြီး ဗယ်လ့်ကို နှိပ်စက်မှာ၊ မျက်လုံးတွေဖောက်ထုတ်မှာ၊ သတ်ပစ်မှာတွေ စိုးရိမ်လို့ အဲ့လူဆိုးတွေကို သူနှိမ်နင်းဖို့အတွက်လေ...
အဲ့လိုအိမ်မက်တွေမက်တိုင်း သူအဆင်မပြေဘူး။
အဲ့လိုအိမ်မက်တွေမက်တဲ့ညက သူ့အတွက် အဆိုးရွားဆုံးညတွေပါပဲ...
အဲ့ကျရင် အိမ်ကိုအရမ်းလွမ်းပြီး ပြန်ချင်မိတယ်...။
.........................................................................
အန်ဒါတို့အဝတ်တွေလဲနေချိန်မှာပဲ ဘွန်ဇိုကဝင်လာတယ်...
"Flash suits တွေဝတ်မယ်!"
အန်ဒါရဲ့ စတုတ္ထမြောက်ဂိမ်းပေါ့...
ပြိုင်ဘက်အသင်းက လီယိုပေါ့ဖြစ်တယ်...
လီယိုပေါ့က တပ်ဖွဲ့အသစ်ပါ။ လွန်ခဲ့တဲ့ ခြောက်လကမှ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ပေါ့...
အန်ဒါလည်း ဝတ်စုံဝတ်ပြီး တန်းစီနေတဲ့လိုင်းထဲ ဝင်မယ်လဲလုပ်ရော ဘွန်ဇိုက ဆောင့်ဆွဲပြီး ဒီတစ်ခါလည်း ဝင်မပါဖို့ သတိပေးတယ်။ အန်ဒါဘာမှတော့ ပြန်မပြောလိုက်ပါဘူး...
ဒါပေမယ့် သူမနေနိုင်ဘူးလေ...
ဝင်ပါမိတာပဲ...
လီယိုပေါ့က တော်တယ်။ အကွက်ချတာတွေ တန်ပြန်တိုက်စစ်ဆင်တာတွေက တော်တော်မိုက်တယ်။
ဘွန်ဇိုရော သူ့လူတွေရော ခေါင်းရှုပ်ကုန်တယ်။
လီယိုပေါ့ရဲ့ လူတွေက နေရာအနှံ့မှာ နေရာယူထားတာကို အန်ဒါရိပ်မိတယ်...လူတွေတော်တော်လျော့နေပြီဆြိတာကိုလည်း သတိထားမိတယ်...
သို့သော်ငြားလည်း ဆလန်မန်ဒါက အရှုံးဘက်ကို ဦးတည်နေတယ်လေ...
ဒီတစ်ခါလည်း ဝင်ပါမိတယ်...
ကံကောင်းထောက်မစွာနဲ့ ထပ်မံ၍ အနိုင်ရခဲ့ပြန်တယ်...
ဒါပေမယ့် ဘွန်ဇို့ရန်ကနေတော့ မလွတ်ခဲ့ပါဘူး...
အိပ်ရာပေါ်တက်တော့မယ့်အချိန်မှာ ဘွန်ဇိုရောက်လာတယ်...ပီတာဒေါသထွက်တဲ့အခါ ကြည့်တဲ့အကြည့်မျိုးတွေပေါ့...စူးရှပြီး ကြောက်ဖို့ကောင်းတယ်...
"ဝတ်ဂင်! မင်းမနက်ဖြန်ကစပြီး ရတ်တပ်ဖွဲ့ကို သွားရမယ်!"
"ကျေးဇူးတင်ပါတယ်ဆရာ"
အန်ဒါ့အသံက ဝမ်းသာသံပါနေတယ်။ ဒါပေမယ့် ရုတ်တရက် ဘွန်ဇိုရဲ့ ထိုးခြင်းကို ခံစားလိုက်ရတယ်...နောက်တော့ ဝမ်းဗိုက်ကို ဒူးနဲ့အထိုးခံလိုက်ရတယ်...ဒူးကိုလည်း ဆောင့်ကန်လိုက်တော့အန်ဒါခွေကိသွားတယ်လေ...
"မင်းငါ့အမိန့်ကို မနာခံဘူး!!!"
အကျယ်ကြီးအော်လိုက်တာဖြစ်လို့ လူတိုင်းကြားတယ်။
"စစ်သားကောင်းတစ်ယောက်ဆိုတာ ဘယ်တော့မှ အမိန့်ကိုမနာခံပဲမနေဘူးကွ!!!"
ဦးနှောက်မရှိလိုက်တာဘွန်ဇိုရာ!
ငါအရှုံးကနေ အနိုင်ကိုပြောင်းပေးခဲ့တာ လူတိုင်းသိတယ်။အခုအဲ့လိုလုပ်မိတဲ့အတွက် မင်းငါ့ကိုပြန်ပေးတာ ဒါလား...?မင်းကလူတိုင်းရှေ့မှာ မင်းကိုယ်မင်း ဦးနှောက်မရှိအောင် လုပ်လိုက်တာပဲ...ဘယ်သူကမင်းကို လေးစားချင်တော့မှာလဲ...
အန်ဒါက မနက်တိုင်းလေ့ကျင့်နေတာကို ခဏနားဖို့ ပတ်ထရာ့ကိုပြောတယ်...ပတ်ထရာလဲ ကောင်းကောင်းကြီးနားလည်တယ်လေ...ဆက်လုပ်နေမယ်ဆိုရင် ဘွန်ဇိုက အလွှတ်ပေးမှာမဟုတ်ဘူးလေ...ခဏတော့ ငြိမ်နေပေးရလိမ့်မယ်။
"မင်းလည်းပဲ အပစ်အခတ်အရမ်တော်တဲ့လူတစ်ယောက်ပါ...ဆက်ကြိုးစား" ပတ်ထရာက အားပေးစကားပြောတယ်...
ထုံးစံအတိုင်းပဲလေ...
ဘယ်ပစ္စည်းမှ ရွေ့စရာ ယူစရာမလိုဘူး...
ဒီကျောင်းမှာသူပိုင်တာဆိုလို့ သူ့ကိုယ်ပိုင်ကွန်ပျူတာရယ် သူ့ခေါင်းရယ် သူ့လက်ရယ်ပဲ ရှိတယ်လေ...
အဓိပ္ပာယ်ကတော့ သူ့မှာသူကိုယ်တိုင်ကလွဲရင် ဘာမှမရှိဘူးဆိုတာပါပဲ...
သူ့ကိုယ်ပိုင်အသိဉာဏ်နဲ့ ဗဟုသုတပဲ သူကောင်းကောင်းပိုင်တယ်လေ...။
.........................................................................
Ratingအတွက် starsလေးတွေနဲ့ opinionလေးရေးပေးသွားပါဦးနော်❣️
Subscribeလုပ်ထားဖို့လည်း မမေ့ကြပါနဲ့လို့🙄
You can also buy a cup of coffee for me and share my novel on Facebook 🙄❣️
Thank you for your attention 😘
good
replyKeep on it
replygood
replyMikeee
replyGood
replyGood
replyLu yw sr yw phat loh kg dl🙂
reply.
replynice~
replyWow😮
reply