ဘွန်ဇိုကတော့ အန်ဒါနဲ့ သူငယ်ချင်းဖြစ်လာဖို့နေနေသာသာ ခင်မင်ရင်းနှီးမှုလေးတောင် ရှိလာမယ့်ပုံမပေါ်ဘူး..
ဒါပေမယ့် ပတ်ထရာနဲ့ကတော့ ဖြစ်နိုင်မယ်လို့ထင်တယ်...
ပါးရိုက်ခံထားရတဲ့အရှိန်ရှိနေပေမယ့် ပတ်ထရာကတော့ သူ့ပါးကိုတောင် ကိုင်မကြည့်ဘူး...
အကြောတင်းတယ်ပေါ့...
အခန်းနောက်ဆုံးက အပေါ်ခုတင်ကိုရတယ်...
လှဲချလိုက်တာနဲ့ တံခါးကိုတောင် မမြင်ရတော့ဘူး...
သူ့အနီးအနားက ကောင်လေးတွေကလဲ သူ့ကို နှုတ်ဆက်စကားပြောဖို့နေနေသာသာ သူ့ဟာသူ ဖာသိဖာသာနေနေကြသတဲ့...
တစ်ချို့ကြည့်ရတာလဲ ပင်ပန်းနွမ်းနယ်နေပုံပေါက်တယ်...
အန်ဒါက ထုံးစံအတိုင်း သူ့ရဲ့လော်ကာပေါ်ကို လက်တင်လိုက်တယ်...
ဘာမှဖြစ်မလာတော့ဘူး...
လော်ကာပေါ်မှာ လက်ဆွဲသီးလို သံကွင်းလေးတွေရှိနေတယ်...အဲ့ဒါတွေနဲ့ ဆွဲဖွင့်ရမှာလား...?
ဟင်း....
လုံခြုံမှုကိုမရှိဘူးပဲ...
Privacy ရှိမှာလဲမဟုတ်ဘူး...
မကောင်းလိုက်တာ...။
လော်ကာထဲကနေ ယူနီဖောင်းကို ဆွဲထုတ်လိုက်တယ်...
ဆလန်မန်ဒါ တံဆိပ်နဲ့ပေါ့...
ဝတ်ကြည့်လိုက်တာ သိပ်မတော်ဘူးပဲ...သိပ်အဆင်မပြေလှဘူး...
အန်ဒါသူ့ဟာသူအလုပ်ရှုပ်နေတဲ့ အချိန်မှာ ပတ်ထရစ်သူ့နားကို လျှောက်လာတာကို သတိထားမိလိုက်တယ်။
သူမကိုနှုတ်ဆက်ဖို့ ပြင်လိုက်တယ်...
"ဒါတွေလုပ်စရာမလိုပါဘူး။ ငါကအရာရှိလဲ မဟုတ်။ ငါကမိန်းကလေးဆိုပေမယ့် အပစ်အခတ်မှာတော့ အတော်ဆုံးပဲလေ...ပြီးတော့ မင်းကခြောက်နှစ်ကျော်ပဲရှိသေးတာပဲနော်...? သူငယ်ချင်းလုပ်ကြမယ်လေ"
"ငါမင်းရဲ့ ဝေယျာဝစ္စတွေ လိုက်မလုပ်ပေးနိုင်ဘူးနော်"
"ကဲပါ...ငါကအရာရှိလဲမဟုတ် ခေါင်းဆောင်လည်းမဟုတ်ဘူးလေ။ ဘာတွေကြောက်နေတာလဲ?"
"အဲ့ဒါဆိုလည်း မင်းနဲ့သူငယ်ချင်းဖြစ်ရတာ ငါကံကောင်းတယ်ပဲပြောရမှာပေါ့"
အန်ဒါသူ့ရဲ့ စကားပြောဆိုပုံကို လေ့လာကြည့်တယ်...ဘာကိုမှသိပ်ပြီး ဂရုစိုက်ဟန်မရှိဘူး။ သူ့ဟာသူအေးဆေးနေတတ်တယ်ထင်တယ်။
"ဘွန်ဇိုကမင်းကို လေ့ကျင့်ရေးတွေဆင်းခိုင်းမှာမဟုတ်ဘူး။ စာကြည့်စားပွဲကို Battle roomဆီ ယူခိုင်းပြီး မင်းကိုစာပဲလုပ်ခိုင်းလိမ့်မယ်။ တကယ်တော့ သူလဲ မမှားပါဘူး...ဘာတစ်ခုမှမလေ့ကျင့်ရသေးတဲ့ ကလေးကို ဘယ်လိုခေါ်မလဲ...ဒါပေမယ့် Battle roomကအမြဲတံခါးဖွင့်ထားတာ။ငါကစစ်သားကောင်းတော့မဟုတ်ပေမယ့် တော်တော့တော်ပါတယ်။ငါတို့အားလပ်ချိန်တွေမှာ ငါမင်းကို သင်ပေးနိုင်တယ်။ ဘာပဲဖြစ်ဖြစ်ငါက မင်းထက်တော့ ပိုသိပိုတတ်တယ်မဟုတ်လား"
"မင်းသာတကယ်သင်ပေးချင်တယ်ဆိုရင် ကောင်းတာပေါ့"
"အဲ့ဒါဆို မနက်ဖြန်မနက်ကျရင် မနက်စာစားပြီးတာနဲ့ စလိုက်ကြရအောင်"
"အဲ့အချိန် လူရှိနေရင်ဘယ်လိုလုပ်မလဲ။ငါ့အသုတ်ကအဖွဲ့တွေတုံးကနဲ့ဆိုရင် မနက်စာစားပြီးတာနဲ့ ဝင်ကြတာ"
"ကိစ္စမရှိပါဘူး။၉ခန်းတောင်ရှိတဲ့ဟာကို မင်းကလည်း"
"တကယ်လား?ငါတစ်ခါမှ မကြားဖူးဘူး!"
"ဝင်ပေါက်ကအတူတူပဲကိုး...ဒီလိုရှိတယ်ကွာ...သူတို့အားလုံးက ငါတို့ကျောင်းရဲ့ ဗဟိုစင်တာမှာ စက်ဝိုင်းကြီးလိုရှိတယ်လို့ပြောလို့ရတယ်...တစ်ဖွဲ့ဝင်သွားတာနဲ့ အလိုအလျောက် နောက်တစ်ခန်းက အပေါ်ကိုတက်လာတယ်...ငယ်ငယ်ကစီးတဲ့ ရဟတ်လိုပေါ့။ဝင်သွားတဲ့အခန်းကရွေ့သွားပြီး နောက်အခန်းကအစားထိုးဝင်လာတယ်လေ။"
"အော်!အဲ့လိုလား!"
"စောနကငါပြောသလိုပဲ မနက်စာစားပြီးရင်စမယ်နော်"
"ဟုတ်ကဲ့!"
သူမထွက်သွားဖို့ပြင်နေတုံး...
"ပတ်ထရာ!"
လှည့်လိုက်တော့...
"ကျေးဇူးတင်ပါတယ်...."
သူမကတော့ ဘာမှပြန်မပြောပဲ ထွက်သွားခဲ့ပါတယ်...
........................................................................
အန်ဒါလည်း သူ့ခုတင်ပေါ်တက်ပြီး ယူနီဖောင်းကို ချွတ်လိုက်တယ်။
ခဏလောက် ဘာမှမဝတ်ပဲနေရင်း သူ့စားပွဲအသစ်ကလေးနဲ့ အလုပ်ရှုပ်နေလေတယ်။
သိပ်ဟုတ်တာပေါ့!
သူ့ security systemတွေကို ချိုးဖောက်ထားကြတယ်လေ...ဒီမှာ သူဘာမှမပိုင်ပါ့လား....
မီးအလင်းရောင်က မှိန်ပြနေလေတယ်...
အိပ်ချိန်ရောက်တော့မယ်လေ....
အခုထိ ဘယ်ရေချိူခန်းကို သွားရမလဲမသိသေးဘူး...
"တံခါးရဲ့ ဘယ်ဘက်ကို သွားလိုက်။အဲ့ရေချိုးခန်းကိုငါတို့တွေ ရတ်၊ကွန်ဒေါ၊စကွိရယ်တို့နဲ့ မျှသုံးတယ်"
အန်ဒါကလည်း ကျေးဇူးတင်စကားဆိုပြီးတော့ သွားဖို့ပြင်လိုက်တယ်။
"ဟေး!မင်းအဲ့လိုသွားလို့ မရဘူးလေ။ဒီအခန်းထဲကနေ ဘယ်ကိုမဆိုသွားသွား ယူနီဖောင်းဝတ်ထားရတယ်"
"အိမ်သာသွားရင်တောင်မှလားဟင်"
"အေးဆို။ပြီးတော့ တစ်ခြားတပ်ဖွဲ့ကလူတွေနဲ့ စကားပြောခွင့်ကိုလည်း ပိတ်ပင်ထားတယ်နော်။ ထမင်းပဲစားစား အိမ်သာထဲမှာပဲဖြစ်ဖြစ်နော်! ဘွန်ဇိုမိရင် မင်းသေလိမ့်မယ်"
"ကျေးဇူးပါပဲကွာ"
"အော် ပြီးတော့! ပတ်ထရာ့အသားကို သွားမထိနဲ့ဦး။ ဘွန်ဇိုစိတ်ဆိုးလိမ့်မယ်"
"ဟင်!? ငါဝင်လာတုံးကတောင်မှ သူဘာမှမဝတ်ထားပဲနေနေတာပဲ မင်းလဲတွေ့တယ်မလား"
"သူကသူနေချင်သလိုနေတာကွ လုပ်ချင်သလိုလုပ်တာ။ဒါပေမယ့် ဘွန်ဇို့အမိန့်ပေါ့ကွာ သွားမထိနဲ့"
ရူးနေကြလားမသိဘူး။ပတ်ထရာက ယောက်ျားလေးလိုနေတာပါ။အခုလိုလုပ်လိုက်တော့ သူ့ကိုသီးသန့်ခွဲထားသလိုဖြစ်မနေဘူးလား။ဦးနှောက်မရှိကြလိုက်တာ။ဘွန်ဇိုတစ်ယောက် ဘယ်လိုများ ကွန်မန်ဒါဖြစ်လာလဲမသိဘူး။အဖွဲ့တစ်ဖွဲ့ကို ဘယ်လိုလုပ်ရမလဲဆိုတာ သူမသိဘူးပဲ။အလိုင်ကတောင်မှ သူ့ထက်ပိုသိသေးတယ်။ငါလဲသိတယ်။တစ်နေ့ကျရင် ငါလည်းကွန်မန်ဒါဖြစ်နိုင်ပါတယ်။
အန်ဒါတွေးနေမိတယ်....
.........................................................................
ရေချိုးခန်းထဲမှာ လက်ဆေးနေရင်း လူတစ်ယောက်ကစကားလာပြောတယ်။
"ဟေး...အခုတော့ ဆလန်မန်ဒါက သူတို့ယူနီဖောင်းကို ကလေးတွေကို ပေးဝတ်နေပြီလားဟေ့"
အန်ဒါဘာမှပြန်မပြောဘူး။သူ့လက်တွေကိုပဲ ခြောက်အောင်လုပ်နေတယ်။
"ဟေး ကြည့်ကြစမ်းပါဦး! ဆလန်မန်ဒါမှာ ကလေးလေးရှိနေပြီ! ငါပေါင်ကြားထဲကတောင် လျှောက်သွားနိုင်တယ်ကွ!"
"မင်းမရတိုင်း လျှောက်အော်မနေနဲ့"
တစ်စုံတစ်ယောက်ကပြန်ဖြေလိုက်တယ်။
အန်ဒါအခန်းထဲက ထွက်နေစဉ်မှာပဲ တစ်ယောက်ယောက်ပြောတာကို ကြားလိုက်တယ်...
"အဲ့ဒါဝတ်ဂင်ဆိုတာလေ။သိတယ်မဟုတ်လား...အခုအသုတ်ရဲ့ အတော်ဆုံးဆိုတာ"
အန်ဒါက လူကောင်သေးရင်သေးလိမ့်မယ် ဒါပေမယ့် သူ့နာမည်ကိုတော့ သိကြသားပဲ...
အနည်းငယ်ကျေနပ်မိသွားတယ်။
.........................................................................
အခုတစ်လော စာတင်တာနောက်ကျသွားလို့ စိတ်မဆိုးကြပါနဲ့နော်🙄
ဒီနေ့ကစပြီး တစ်နေ့တစ်ပိုင်းတင်ပေးပါမယ်😘
စာရေးသူအားရှိအောင် ဖတ်ပြီးရင် 5stars လေးတွေပေးသွားကြပါဦးနော်🙄
စာရေးသူတစ်ယောက်အတွက် Rating ဆိုတာကလည်း တစ်ထောင့်တစ်နေရာကနေ အရေးပါတာမို့လို့ ကြယ်လေးတွေပေးဖို့ မမေ့ကြပါနဲ့လို့🤗
Ratingအတွက် ပေးတော့မယ်ဆိုရင် login တွေဘာညာပေါ်လာလို့ စိတ်ရှုပ်ပြီး မပေးပဲမနေလိုက်ကြပါနဲ့နော်😰
ကိုယ့် Fb nameရယ် fbဖွင့်တုံးကတုံးထားတဲ့ Gmailရယ် passwordရယ်ကို ရိုက်ထည့်လိုက်ရင် ရပါပြီနော်🤗
မခက်ပါဘူး🙄
အဲ့ဒါကြောင့် ဖတ်ပြီးတိုင်း ကြယ်လေးတွေပေးပေးကြပါနော်🙄
5stars မှမဟုတ်ပါဘူး...ဒီနေ့အပိုင်းကို သိပ်အားမရဘူးဆိုရင် နည်းနည်းပဲပေးလဲရပါတယ်နော်❣️
ရေးတာမကြိုက်ရင်လည်း လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်ရှင့်🤗
ဘယ်နေရာလေးတွေမှာ ဘယ်လိုမရေးပါနဲ့ ဘာညာလည်း ပြောလို့ရပါတယ်ရှင့်🤗
စာရေးသူအတွက် Donationလေးတွေလည်း လုပ်လို့ရပါတယ်လို့🤭
Buy a cup of coffee for author ဆိုတာကလည်း Donateလုပ်တာကို ပြောတာပါရှင့်🧐
တကယ်လို့ လုပ်ချင်တယ်ဆိုရင် KBZ payနဲ့သော်လည်းကောင်း Aya Bankနဲ့သော်လည်းကောင်း Donate လို့ရပါတယ်နော်🤗
တစ်ချို့ တွေက ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုလို့ ပြောပြပေးတာပါရှင့်😘
ဆက်လက်ပြီး အားပေးကြပါဦးနော်❣️
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙄❤️
good
replyGood author
replyMike dl
replyGood
replyPhat loh kg dl
reply.
replygood~
replyWrite more
replyGood
replya yan kg tl☺️
Kyay zuu amyrr gyee tin pr dl nor 🤗❣️