"အန်ဒါကမဖြစ်နိုင်တဲ့၊ သူများမလုပ်နိုင်တဲ့ကိစ္စကို လုပ်နိုင်တာ မကောင်းဘူးလား?"
"ကောင်းပါတယ်...ဒီ Mind gameမှာ သူ့ကိုလမ်းလွဲသွားစေတာက မကောင်းဆိုးဝါးကြီးရဲ့ ဘယ်ခွက်ကအဆိပ်ခွက်လဲဆိုတာကိုရွေးခိုင်းတဲ့အပိုင်းလို့ထင်တယ်...ဘယ်ကလေးက သူ့လိုမျိုးစဉ်းစားမိမှာလဲ သတ်မိမှာလဲ? အဲ့လိုစိတ်နဲ့ကလေးကို ငါတို့ယာဉ်ရဲ့ကွန်မန်ဒါအဖြစ်ခန့်ချင်လို့လား...?"
"သူမနိုင်သင့်တဲ့ဂိမ်းကိုနိုင်သွားတော့ရော ဘာဖြစ်သွားမှာမို့လဲကွာ"
"ရှင်သူ့ကို ကောင်းကောင်းလမ်းညွှန်သင့်ပြီလို့ ကျွန်မထင်တယ်"
"သူဒီ Mind gameမှာ ဘယ်လိုဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်နေကြတာပဲမဟုတ်လား...? အခုလဲ သူကောင်းကောင်းဖြေရှင်းနိုင်ခဲ့တာပဲလေ..."
"သူအခက်အခဲတစ်ခုဖြေရှင်းပြီးတိုင်း ရှင်ကနောက်တစ်ခုကို ထပ်ဖြေရှင်းခိုင်းဖို့ စီစဉ်ဦးမှာပဲမဟုတ်လား...ရှင်ဒီကလေးကို အနားပေးဖို့ရော စိတ်ကူးရှိရဲ့လား...?"
"သူ့ရဲ့အသုတ်နဲ့အတူ တစ်လ ဒါမှမဟုတ် နှစ်လလောက်တော့ အနားပေးမှာပါ...သုံးလလဲဖြစ်ချင်ဖြစ်မယ်...သူ့လိုကလေးမျိုးအတွက်ကတော့ ဒါဟာအရမ်းကို ကြာလွန်းတဲ့အနားယူချိန်ပဲ..."
"ရှင့်မျက်လုံးထဲမှာ သူတို့လေးတွေကို ကလေးလို့ရော မြင်သေးရဲ့လား...?ကလေးတွေဆိုတာကိုရော ရှင်မှတ်မိသေးရဲ့လား...?ကျွန်မအမြဲတမ်း သူတို့လေးတွေစကားပြောဆိုကြပုံ၊ သင်ယူကြပုံ၊ နေထိုင်ပုံတွေကို စောင့်ကြည့်နေတာ...သာမာန်ကလေးသေးသေးလေးတွေနဲ့ တကယ်ကိုမတူဘူး...ဒါပေမယ့်လဲ အဲ့လိုကြောင့် သူတို့က ကလေးတွေဆိုတာကို ရှင်မေ့မသွားစေချင်ဘူး..."
"သူတို့အားလုံးက သူ့နယ်ပယ်နဲ့သူ သူ့အားသာရာနဲ့သူ သူများနဲ့အများကြီးကွာတဲ့ ကမ္ဘာပေါ်က အတော်ဆုံးကလေးတွေပဲလေ..."
"ဒါပေမယ့် ကလေးတွေပဲလေ...သူ့ဟာသူဘယ်လောက်ပဲတော်နေကြပါစေ လူကြီးတွေမှ မဟုတ်တာ!"
"ငါတို့က ကမ္ဘာကြီးကို ကယ်တင်ဖို့ ကာကွယ်ဖို့ တတ်နိုင်သလောက် ကြိုးစားနေကြတာ...အဲ့လောက်ထိ ကလေးတွေရဲ့ ခံစားချက်တွေကို လိုက်လျောပေးနေရမှာမဟုတ်ဘူး...ဒါကလေးထိန်းနေတာမှမဟုတ်တာ...မင်းအရမ်းကြင်နာလွန်းနေပြီ"
"အရာရှိ လီဗရီဆိုတဲ့ ကျွန်မက ဘယ်သူ့ကိုမှ သနားတတ်တာမဟုတ်ဘူး...ဒါပေမယ့် ဒီကလေးကိုတော့ ဘာမှမထိခိုက်ပါစေနဲ့..."
"မင်းလာနောက်နေတာလား...?"
"လိုတာထက်မပိုစေနဲ့လို့ပြောချင်တာပါ"
.........................................................................
အလိုင် ဆိုတဲ့ကောင်လေးက ညစာစားပွဲဝိုင်းမှာ အန်ဒါ့ဘေးကို လာထိုင်တယ်။နောက်တော့...
"နောက်ဆုံးတော့ ဘားနတ်ဆိုတဲ့နာမည်ကိုသုံးပြီး messageတွေဘယ်လိုပို့ခဲ့လဲဆိုတာကို ငါသိသွားပြီ"
"ငါ့ကိုပြောနေတာလား...?"
"မင်းကလဲကွာ ဟန်ဆောင်မနေစမ်းပါနဲ့! အဲ့လိုလုပ်တာ လုံးဝဘားနတ်မဖြစ်နိုင်ဘူး! ရှန်ကလဲ အဲ့လောက်ထိတော်တာမဟုတ်ဘူး...ပြီးတော့ငါလဲမဟုတ်ဘူး...အဲ့တော့မင်းကလွဲရင် ဘယ်သူရှိဦးမှာလဲ...?ထားပါ ကိစ္စမရှိပါဘူး! အခုနည်းလမ်းကိုငါလဲသိသွားပြီပဲ...မင်းက ဘားနတ်ရဲ့ နာမည်နဲ့ ထပ်ဝင်လိုက်တော့ ကွန်ပျူတာကလဲ အဲ့ကျောင်းသားနှစ်ခါဝင်မိတယ်ထင်သွားတာနေမှာ"
"ကြည့်ရတာတော့ အလုပ်ဖြစ်ခဲ့ပုံပဲ"
"အို! ဟုတ်တာပေါ့ တကယ်ပဲလေ"
"တစ်ယောက်ယောက်လုပ်တာရော မဖြစ်နိုင်ဘူးလား...?ဒပ်လုပ်တာဆိုရင်ရော...?သူကဘားနတ်ကို ကူညီချင်လို့လုပ်လိုက်တာဆိုရင်ရော...?"
"မဖြစ်နိုင်ပါဘူး။ငါတစ်ခြားနည်းသုံးပြီး မင်းနာမည်နဲ့ ဝင်ကြည့်လိုက်သေးတယ်။အလုပ်မဖြစ်ဘူး"
"ဟုတ်လား!"
"ငါဘာလုပ်လုပ် system ကငြင်းတယ်...မင်းရဲ့ filesတွေထဲကအစ လုံးဝဝင်မရဘူး...မင်းကိုယ်ပိုင် လုံခြုံရေးsystemလုပ်ထားတယ်မလား...?"
"ဟုတ်မှာပေါ့"
နောက်တော့ အလိုင်က ပြုံးဖြီးဖြီးနဲ့ ဆက်ပြောတယ်...
"ငါသူများတွေရဲ့ filesတွေထဲဝင်ပြီး ဖျက်ဆီးထားသေးတယ်...အခုငါ့နောက်မှာထိုင်နေတဲ့ကောင်က ငါ့fileတွေကို ပြန်ဖျက်ဖို့လုပ်နေပြီ...ငါမင်းသုံးတဲ့ system လိုအပ်တယ် အန်ဒါ..."
"ငါ့ရဲ့ systemကိုသာ မင်းကိုပေးလိုက်ရင် ငါအဲ့ဒါကို ဘယ်လိုလုပ်လဲမင်းသိသွားပြီး ငါ့ဟာကိုပါမင်းဖျက်ဆီးတော့မှာပေါ့..."
"မင်းကငါ့ကိုအဲ့လိုထင်တယ်ပေါ့လေ...?ငါကမင်းသိတဲ့လူတွေထဲမှာ sweet အဖြစ်ဆုံးကောင်ပါကွ"
အန်ဒါလဲ ရီလိုက်တယ်...
"ငါမင်းအတွက် systemလုပ်ပေးလို့ရပါတယ်"
"အခုလား...?"
"အခုတော့ ငါထမင်းပြီးအောင်စားပါရစေဦးကွာ"
"မင်းဘယ်တုံးကများ ထမင်းပြီးအောင်စားဖူးလို့လဲ...?"
ဟုတ်တော့ဟုတ်တယ်...အန်ဒါဘယ်တော့မှ ထမင်းကုန်အောင်မစားဘူး...
သူ့ပန်းကန်ထဲကို ငုံ့ကြည့်လိုက်တယ်။ ဒီလောက်ဆို မစားတော့လဲ ရပါပြီ။
"အဲ့ဒါဆိုလဲ အခုပဲလုပ်ကြတာပေါ့"
အဲ့ဒါနဲ့ သူတို့တွေ အိပ်ခန်းကိုပြန်သွားကြတယ်...
အန်ဒါကသူ့ခုတင်ပေါ်မှာ ထိုင်လိုက်ပြီး အလိုင့်ကို သူ့ရဲ့ခေါက်စားပွဲ ယူလာခိုင်းလိုက်တယ်...
"ငါမင်းကို ဘယ်လိုလုပ်ရလဲဆိုတာပြမယ်"
အလိုင်ကသူ့စားပွဲကို အန်ဒါ့ခုတင်ပေါ်လဲယူလာရော အန်ဒါကထိုင်နေတုံးပဲ။ လော့ကာကိုလဲပိတ်ထားတယ်။
"ဘာဖြစ်လို့လဲ...?" အလိုင်ကမေးလိုက်တယ်။
"မင်းငါ့ဆီက System ကိုလိုချင်တာသေချာလား?"
အန်ဒါကထပြီး သူ့အိပ်ရာနားကနေ ထွက်သွားတယ်။
"အန်ဒါ..."အလိုင်ကပြောလိုက်တယ်....
အန်ဒါလည်း လှည့်ကြည့်လိုက်တယ်...အလိုင်က စာရွတ်အပိုင်းအစလေးတစ်ခုကို ကိုင်ထားတယ်...
"အဲ့ဒါဘာကြီးလဲ?"
"မင်းမသိဘူးလား?မင်းအိပ်ရာပေါ်မှာ ရှိနေတာလေ...မင်းပဲတက်ထိုင်ထားပြီးတော့"
အန်ဒါလည်း သူ့ဆီကယူပြီးကြည့်လိုက်တယ်...
" အန်ဒါဝတ်ဂင်
ဆလန်မန်ဒါအဖွဲ့၏ ကွန်မန်ဒါ ဘွန်ဇိုမတ်ဒရစ်
လက်အောက်သို့ ပြောင်းရွေ့ပါ
အခုပဲ သင့်ရဲ့ ကုတ်အရောင်က
အစိမ်း အစိမ်း အညို ဖြစ်ပါတယ်
ဘယ်ပစ္စည်းမှ မယူဆောင်ပဲ ပြောင်းရွေ့ပါ"
(မှတ်ချက် - ဆလန်မန်ဒါဆိုတာ ဒုတိယနှစ်ကျောင်းသားတွေရဲ့ အဖွဲ့နာမည်ပါ။ ပထမနှစ်တွေကတော့ နာမည်မရှိဘူး။)
"တော်လိုက်တာ အန်ဒါရာ...ဒါပေမယ့် Battle room ထဲမှာတုံးကတော့ မင်းငါ့လောက်ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူးနော်"
အန်ဒါသူ့ခေါင်းကိုခါရမ်းလိုက်တယ်...ဘာတွေဖြစ်ကုန်တာလဲ...?လူတိုင်းက အသက်၈နှစ်ရောက်မှ အတန်းတိုးတာလေ...သူက၇နှစ်တောင်မပြည့်သေးဘူး...
အရာအားလုံး အဆင်ပြေလာနေချိန်မှ ဒီလိုထဖြစ်တယ်..။
ဘားနတ်လည်း အန်ဒါအပါအဝင် လူတိုင်းနဲ့ အဆင်ပြေနေပြီ... သူလည်း အလိုင်နဲ့ တကယ့်သူငယ်ချင်း လုပ်တော့မယ်လေ။
ဘာလို့ချက်ချင်းကြီးလဲ???
သူမျက်ရည်တွေဝဲလာတယ်...ဒါပေမယ့် သူမငိုဖို့ ထိန်းထားတယ်...အလိုင်လဲ အဲ့မျက်ရည်စတွေကို မြင်လိုက်တယ်...
"သိပ်စိတ်မပူပါနဲ့...သူတို့မင်းကို ဘာမှတော့မလုပ်လောက်ပါဘူး သွားလိုက်ပါ..."
"မသွားချင်လဲသွားရမှာပဲလေကွာ...အမိန့်ကိုး။"
အန်ဒါမငိုပါဘူး။ ဒါပေမယ့် အံကြိတ်နေတယ်။
"ငါဘာမှမဝတ်ပဲသွားလိုက်ရမလား?"
အလိုင်လဲ ထရီလိုက်ပါတော့တယ်...
အန်ဒါ အလိုင့်ကိုဖက်လိုက်တယ်...စိတ်ထဲမှာလဲ တွေးနေမိတယ်...ဗယ်လ်ဖြစ်ရင် သိပ်ကောင်းမှာပဲ...
"ငါမသွားချင်ဘူး..."
အလိုင်ကလဲ ပြန်ဖက်ပြီး...
"ငါနားလည်ပါတယ်ကွာ...မင်းကငါတို့အားလုံးထဲမှာ အတော်ဆုံးလေကွ...ကြည့်ရတာမင်း အရာအားလုံးကို မြန်မြန်လေးတတ်စေချင်လို့ နေမှာပါကွ"
"သူတို့ငါ့ကို အကုန်သင်ပေးချင်လို့မဟုတ်ပါဘူး..."ဆက်ပြီး...
"ငါက သူငယ်ချင်းရတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာပဲ သင်ချင်တာ...."
အလိုင်က ခေါင်းကို ဖွဖွလေးငုံ့လိုက်ပြီး...
"မင်းကငါ့သူငယ်ချင်းပါ အန်ဒါ။ အကောင်းဆုံး သူငယ်ချင်းပါပဲ...ကဲပါကွာ...ဟိုမကောင်းတဲ့အကောင်တွေကို မြန်မြန်သတ်ရတာပေါ့ကွ"
"ဟုတ်တာပေါ့..." အန်ဒါက ပြန်ပြုံးပြီး ပြောလိုက်တယ်...
နောက်တော့ အလိုင်က သူ့အိပ်ရာနားကိုပြန်သွားရင်းနဲ့ အန်ဒါ့ကို လှည့်ကြည့်တယ်...သူ့ရဲ့မျက်ဝန်းတွေက သူ့ကိုသေချာပေါက်နားလည်တယ်ဆိုတာကို အန်ဒါခံစားလိုက်ရတယ်....
.........................................................................
သူထမင်းစားခန်းထဲလဲ မသွားချင်ဘူး...အကုန်လုံးက ရှုပ်ထွေးနေတော့မှာ...အဲ့ဒါနဲ့ပဲ အခန်းအနောက်က စားပွဲတစ်လုံးဆီသွားတယ်...သူ့ဂိမ်းထဲဆီ login ဝင်လိုက်တယ်...အခုချိန်မှာ သူခံစားနေရသမျှကို ဖြေဖျောက်ဖို့က ဒီနည်းပဲရှိတာကိုး...
ဂိမ်းထဲလဲရောက်ရော Giantက သေနေပြီ...အဲ့ဒါနဲ့ပဲ သူ့ကိုယ်ပေါ်ကနေ ဖြတ်လျှောက်သွားလိုက်တယ်...
ရှေ့ဆက်သွားတော့ ဘုရင်မရဲ့အသည်းနှလုံးနဲ့ ရဲတိုက်ကြီးကိုတွေ့တယ်...
သူအဲ့ဒီ့ကိုသွားဖို့လုပ်နေချိန်မှာပဲ ပုရွက်ဆိတ်လိုဦးခေါင်းနဲ့ အတောင်ပံပါတဲ့ အကောင်အကြီးကြီးကိုတွေ့လိုက်တယ်...သူ့ကိုစကားပြောနေတယ်...ဒါပေမယ့် သူဘာပြောနေလဲဆိုတာကို အန်ဒါနားမလည်ဘူး...
နောက်တော့သူက သစ်ရွက်တွေအဖြစ် ပြောင်းသွားပြီးတော့ ရဲတိုက်ဆီကိုဦးတည်သွားတယ်...
ပထမဦးဆုံး တောထဲကိုရောက်သွားတယ်...
အဲ့အချိန်မှာ သတိလဲထားကြည့်မိလိုက်ရော အန်ဒါက အရွယ်ရောက်နေတဲ့လူပုံစံဖြစ်နေပြီ...
တောအုပ်ထဲကိုဝင်ရင်း ဥယာဉ်လေးဆီရောက်သွားတယ်...
အဲ့မှာ ဒန်းတွေ၊ ဆီးဆောတွေ၊ ဆုံလည်တွေ၊ တွဲလောင်းခိုတဲ့ဘားတန်းတွေ ရှိနေသတဲ့...
ကလေးတစ်ချို့ကလဲ ဆော့နေတယ်တဲ့လေ...
အဲ့ဒီမြင်ကွင်းကို ကြည့်ရတာက သူတို့ငယ်ငယ်လေးတုံးက ဆော့နေကြသလိုပါပဲ...
အန်ဒါ ဆီးဆောပေါ်သွားထိုင်ကြည့်တယ်...ပြုတ်ကျတယ်...တစ်ခြားကလေးတွေလို လျှောစီးဖို့ တန်းစီတယ်...ဒါပေမယ့် ကလေးတွေက သူ့ကိုအဖတ်မလုပ်ကြဘူး...ဘားတန်းခိုကြည့်တယ်...ပြုတ်ကျတယ်...
အဲ့လိုနဲ့ သူ့ကိုကလေးတွေက ရီပါလေရော...
အန်ဒါသူတို့ကို သွားရိုက်ချင်မိတယ်...
ဘာလို့လဲဆိုတော့ သူ့ကိုအလယ်မှာထားပြီး စက်ဝိုင်းလိုပတ်ရင်း လက်ညိုးထိုးပြီး ရီကြတာကိုး...
စက္ကန့်အနည်းငယ်လောက်ကြာတော့ သူ့ဟာသူ ပြန်သွားဆော့ကြတယ်...
အဲ့ဒါနဲ့ပဲ သူဆက်လျှောက်လာခဲ့တယ်...
နောက်တော့ အုတ်ကလေးတွေ စီတန်းထားတဲ့ လမ်းအဟောင်းလေးတစ်ခုကို တွေ့တယ်...
အဲ့လမ်းက ဘယ်ကိုရောက်မလဲ သူသိချင်တယ်...
အဲ့ဒါနဲ့ပဲ သူလိုက်သွားဖြစ်တယ်...
လျှောက်လာရင်းနဲ့ ရေတွင်းတစ်ခုဆီကို တန်းတန်းမတ်မတ်ရောက်သွားတယ်...
သူငုံ့လဲကြည့်လိုက်ရော အသံတစ်ခုထွက်လာတယ်...
"သောက်လိုက် ခရီးသွားလေး..."
အဲ့အချိန်မှာပဲ အသံတွေကြားလိုက်ရတယ်...လှည့်ကြည့်လိုက်တော့ ဝံပုလွေတွေပဲ...ဒါပေမယ့် ထူးဆန်းတာက အဲ့ဒီ့ဝံပုလွေတွေရဲ့ မျက်နှာက စောနက သူကစားကွင်းမှာတွေ့ ခဲ့တဲ့ ကလေးတွေရဲ့ မျက်နှာတွေပဲ...ဘာတွေလား...!
သူ့ကိုယ်ပွားတစ်ခုပေါ်လာတယ်...
အဲ့ကိုယ်ပွားကို ဝံပုလွေတွေက ကိုက်ဖြတ်လိုက်ကြတယ်...
ခဏနေတော့ ကစားကွင်းထဲကို ပြန်ရောက်သွားတယ် ရုတ်တရက်ကြီး...
နောက်တော့ ကလေးတွေက အန်ဒါ့ကိုရီကြတယ်...
ရီလေ ရီပေါ့...မင်းတို့ဘယ်လိုလဲဆိုတာငါသိပြီ...
အဲ့ကလေးတွေထဲက ကောင်မလေးတစ်ယောက်ကို သွားတွန်းလိုက်တယ်...
ကောင်မလေးလဲ ဒေါသထွက်ပြီး ဝံပုလွေပုံစံပြန်ပြောင်းသွားတယ်...အန်ဒါ့ကိုလိုက်ဆွဲပါတော့တယ်...
အန်ဒါတစ်ခုပြီးတစ်ခု ထောင်ချောက်တွေစဉ်ရင်း အဲ့ဝံပုလွေတွေအကုန်လုံးကို သတ်ပစ်နိုင်ခဲ့တယ်။
နောက်တော့ရေတွင်းဆီကို ပြန်ရောက်လာပြီး ရေခပ်တဲ့ပုံးကတစ်ဆင့် ရေတွင်းထဲဆင်းသွားခဲ့တယ်...
အောက်မှာတော့အလင်းရောင်ကမှောင်နေပေမယ့် ရတနာအရောင်တွေထွက်နေတဲ့ ပိုက်လိုင်းတွေကို သူတွေ့ နေရတယ်...သူဒီအတိုင်းပဲ ဖြတ်လျှောက်လာခဲ့တယ်...ရတနာတွေကိုလှည့်လဲမကြည့်ခဲ့ဘူ...စားကောင်းသောက်ဖွယ်တွေအပြည့်တင်ထားတဲ့ စားပွဲကြီးကိုလည်း ကျော်လာခဲ့တယ်...ဂူတစ်လျှောက်လုံးကို ဖြတ်လျှောက်လာပြီးနောက်မှာတော့ အကောင်တစ်ကောင်နဲ့ထပ်တွေ့တယ်...
"ငါမင်းနဲ့နောက်မှ ကစားမယ်..."
ပြောရင်းဆိုရင်းနဲ့ပဲ ဂိမ်းကိုပိတ်ပြီး အခန်းသစ်ဆီ ဦးတည်သွားပါတော့တယ်...
..........….............................................................
သူတုန့်ဆိုင်းမနေပဲ ချက်ချင်းဝင်လိုက်တယ်...
သူချက်ချင်းသတိထားမိလိုက်တယ်...အခန်းကသူတို့အခန်းထက်ပိုကျယ်နေတယ်လေ...
သူတံခါးဝမှာ ရပ်ရပ်ချင်းပဲ ကောင်လေးတစ်ချို့က သူ့ကို ချက်ချင်းလှည့်ကြည့်လိုက်ကြတယ်...
တစ်ချို့ကစကားပြောနေကြတယ်...တစ်ချို့ကတော့ စာလုပ်နေကြတယ်...
အန်ဒါက ကွန်မန်ဒါကိုလိုက်ရှာကြည့်ပေမယ့် မတွေ့ဘူး...နောက်တော့...
"မင်းဘာလိုချင်လို့လဲ?"
ခုတင်အပေါ်က ကောင်လေးတစ်ယောက်ရဲ့ အသံပေါ်ထွက်လာတယ်...
ကွန်မန်ဒါက သူပဲပေါ့...
"မင်းကဆလန်မန်ဒါမှမဟုတ်တာ!"
"ဘွန်ဇိုမတ်ဒရစ်လား...? အခုတော့ ဆလန်မန်ဒါ ဖြစ်သွားပြီလို့ ထင်ပါတယ်...အစိမ်း အစိမ်း အညို မလား? ကျွန်တော်အခုပဲ ပြောင်းရွေ့ခြင်းခံလိုက်ရတာ..."
"ငါ့နာမည်ကို အသံထွက်မှန်အောင်ပြောစမ်းပါ!အဲ့ဒါ
စပိန်လိုကွ!"
နောက်တော့ စပိန်လို ဆဲဆိုနေပါတယ်...
အန်ဒါကတော့တစ်လုံးမှနားမလည်ဘူး...
ဒီအဖွဲ့ထဲမှာ မိန်းကလေးတစ်ယောက်ပဲရှိတယ်...
ပတ်ထရာ...တဲ့။
မိန်းကလေးတစ်ယောက်ပဲပါတော့ သူကအမေလိုဖြစ်နေတာပေါ့...
နောက်တော့ ရုတ်တရက်ဆိုသလို လူတိုင်းတိတ်သွားတယ်...
အန်ဒါလည်းနောက်လှည့်ကြည့်လိုက်ရော တံခါးနားမှာ ရပ်နေတဲ့ အရပ်ရှည်ရှည် မျက်ဝန်းနက်နက်နဲ့ကောင်လေးကိုတွေ့လိုက်တယ်...
ကောင်လေးက အေးဆေးတည်ငြိမ်စွာပဲ
"မင်းကဘယ်သူလဲ?" လို့မေးလိုက်တယ်...
"အန်ဒါဝတ်ဂင်ပါ"
"အသက်ဘယ်လောက်ရှိပြီလဲ?"
"၇နှစ်နီးပါးရှိပါပြီ"
"အတိအကျကိုပြောတာ!"
"၆နှစ်၉လနဲ့၁၂ရက်ပါ"
"Battle roomထဲမှာဘယ်နှလလောက် လေ့ကျင့်ပြီးပြီလဲ?"
"လအနည်းငယ်လောက်ပါ"
နောက်တော့ ဟိုဟာလေ့ကျင့်ဖူးလား ဒီလိုလေ့ကျင့်ဖူးလား ဒီဂိမ်းဆော့ပြီးပြီလား စသည်ဖြင့် အန်ဒါတစ်ခါမှမကြားဖူးတဲ့အရာများကို မေးနေလေတယ်...
အန်ဒါလည်း ခေါင်းခါရုံမှတစ်ပါး မတတ်နိုင်ခဲ့ဘူး...
အဲ့ဒါနဲ့ပဲ မတ်ဒရစ်က အန်ဒါ့ကိုသေချာကြည့်လိုက်ပြီး...
"အော်...ဒီလိုကိုး...ငါပြောမယ် သေချာနားထောင်!ငါတို့ဆလန်မန်ဒါအဖွဲ့က ရတ်တို့ စကော်ပီယံတို့ကိုတောင် အနိုင်ယူနေတာ...ငါတို့နောက်ဆုံးဆော့ခဲ့တဲ့ ဂိမ်း၂၀မှာလဲ ငါတို့က၁၂ပွဲနိုင်ခဲ့တာ...အခုလဲ ခေါင်းဆောင်အဖွဲ့ရွေးမယ့် ဂိမ်းအတွက် ငါတို့ကအဆင်သင့်ဖြစ်နေပြီ...ဒီလိုအချိန်မှာ ငါရလိုက်တာက ဘာမှမလေ့ကျင့်ရသေးတဲ့ ဘာမှမသိသေးတဲ့ အသုံးမဝင်တဲ့ ကလေးတစ်ယောက်လား...?
မနှစ်မြို့တဲ့လေသံနဲ့ဆိုလိုက်ပြီး အံ့ဩနေမိတယ်...
ပတ်ထရာက ရုတ်တရက်ဝင်ပြီး
"သူကလဲ နင့်လက်အောက်ရောက်လာရတာ သိပ်ပျော်နေတာမဟုတ်ပါဘူး ဘာမှဖြစ်မနေနဲ့"
"ပါးစပ်ပိတ်ထား!"
ဆက်ပြီးတော့ မတ်ထရစ်က
"ငါတို့ပြင်ဆင်ထားခဲ့သမျှအရာတိုင်းကို မင်းကြောင့်တော့ အပျက်စီးမခံနိုင်ဘူး"
"ကျွန်တော်မြန်မြန်သင်ယူပါ့မယ် အကုန်လုံးကို"
"ငါတို့ Battle roomထဲဝင်တိုင်း မင်းနေခဲ့ရမယ်...မင်းလိုအသုံးမကျတဲ့လူကြောင့် အရှုံးမခံနိုင်ဘူး!"
"သူအသုံးကျမကျနင်ကဘယ်လိုသိဦးမှာလဲ? လေ့ကျင့်ပေးမှ သင်ကြားပေးမှသိမှာပေါ့!"ပတ်ထရာက ထပြောတယ်...
မတ်ထရစ်လဲ ပတ်ထရာကို ပါးရိုက်လိုက်တယ်...
အရမ်းတော့နာမှာမဟုတ်ပေမယ့် ပတ်ထရာကလဲ ငိုမယ့်ပုံမပေါ်ဘူး...
မတ်ထရစ်ကဆက်ပြောသေးတယ်...
"ငါမင်းကို ဒီလိုတွေသတိပေးတာဒါနောက်ဆုံးပဲဖြစ်ပါစေ...ဂိမ်းကစားရမယ့်အခါ ငါတို့နဲ့အတူ ဝတ်စုံတွေဝတ် လက်နက်တွေကိုင်ခဲ့ရမယ်...ဒါပေမယ့် ဂိတ်မှာပဲစောင့်နေရမယ်! ဂိတ်ကိုလုံးဝမကျော်ရဘူး။ နားလည်လား!"
အန်ဒါလည်း ခေါင်းငြိမ့်ပြရုံမှတစ်ပါးမရှိခဲ့ပေ...
.................................................................
နောက်အပိုင်းသစ်ကို သဘက်ခါကျရင် တင်ပေးပါမယ်နော်...စာများများလေးရေးပြီးတင်ချင်လို့ပါ...rating အတွက်5stars လေးတွေပေးခဲ့ကြပါဦးနော်...❣️you can also buy a cup of coffee for me🙄🤗
good
replyOkay
replyMikeeee
replyGood
replyChit loh nw
reply.
replywell~
reply.
replyကောင်း
reply😇new chapter ko wait ny tl nw
Hote kk pr shin🤗❣️