book

Index 11

Giant's drink

  • Author : Mira June
  • Genres : Adventure, Science
  • Original Author : Orson Scott Card

"အတိတ်မှာလည်း အများကြီးကြိုးစားလာကြပြီးပြီ... အန်ဒါ့ကိုငါတို့ရဲ့ နောက်ဆုံးလူအဖြစ်သတ်မှတ်ပြီး ဒီခေါ်လာကြတာ...အခုတော့ကြည့်ဦး! သူ့ရဲ့ အခုလုပ်ပုံတွေနဲ့ဆို နောက်ခြောက်လအတွင်း ကျောင်းထုတ်ခံရမှာပဲ!"

"အို!?"

"အခုဘာတွေဖြစ်နေလဲဆိုတာ ရှင်မသိသေးဘူးလား? အခုလည်း mind game မှာ Giant's drink ဆီသူရောက်‌တော့မယ်..သူ့ကိုယ်သူသတ်သေခိုင်းနေတာလား? ရှင်ဒီကိစ္စကို တစ်ခါမှမပြောဖူးဘူးနော်!"

"တစ်ခါ‌တစ်လေကျရင် တစ်ချို့ လူတွေလည်း giantဆီ ရောက်တတ်ကြတာပဲလေ..."

"ဒါပေမယ့် အန်ဒါကအဲ့ဒါကိုဒီအတိုင်း ထားမယ်ထင်လို့လား? ပင်နူရယ်လို လုပ်ခဲ့ရင်ရော?"

"ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် လူတိုင်းက ပင်နူရယ်လိုနည်းလမ်းအတိုင်း လုပ်မယ်လို့ထင်ရတယ်... ဒါ‌ပေမယ့် မဟုတ်ပါဘူး...ပင်နူရယ်တစ်ယောက်ပဲ သူ့ကိုယ်သူသတ်သေတာ...Giant's drinkနဲ့ပတ်သတ်ပြီး ဘာမှလုပ်စရာမရှိဘူးလို့ငါထင်တယ်"

"တော်ပါတော့...! အခုသူ့အသုတ်ကလူတွေကို ဘယ်လိုလုပ်နေလဲ ရှင်ကြည့်ပါဦး"

"မင်းသိလား?အဲ့ဒါသူ့အမှားမဟုတ်ဘူး..."

"သူ့အမှားဟုတ်ဟုတ်မဟုတ်ဟုတ် ကျွန်မစိတ်မဝင်စားဘူး! ကျွန်မသိတာက သူအဲ့ကလေးတွေကို အဆိပ်ခတ်နေတယ်ဆိုတာပဲ...သူတို့အားလုံးက တစ်စုတစ်စည်းတည်းဖြစ်နေရမှာ...အခုလို တစ်ကွဲတစ်ပြားတွေ ဖြစ်နေရမှာမဟုတ်ဘူး ရှင်သိရဲ့လား???"

"ငါလည်းသူ့ကို အဲ့နေရာမှာ ကြာကြာထားမှာမဟုတ်ပါဘူး"

"အဲ့ဒါဆိုလည်း တစ်ခုခုစီစဉ်လေ...အဲ့မှာကြာကြာဆက်ထားလို့မဖြစ်ဘူး...အကုန်လုံး အဆိပ်မိကုန်မယ်..."

"ဒီလိုတွေဖြစ်လာအောင် ငါလုပ်ခဲ့တာပဲလေ...တကယ်လည်း အလုပ်ဖြစ်လာသားပဲ..."

"ကလေးတွေနဲ့သူ့ကို အချိန်နည်းနည်းလောက်ပေးလိုက်ပါလား...?သူဒါတွေကိုဘယ်လို‌ဖြေရှင်းမလဲ ကြည့်ရအောင်!"

"ငါတို့မှာအဲ့လောက်အချိန်မရှိဘူး!"

"တပ်မတော်မှာ အတော်ဆုံးနဲ့အထူးချွန်ဆုံးစစ်သားဖြစ်လာဖို့ ကလေးအားလုံးရဲ့ရန်သူဖြစ်အောင်လုပ်နေတာအတွက်သာ အချိန်မရှိတာပါ..."

"အမိန့်ပေးနေတာလား...?"

"ဟုတ်တယ်! အန်ဒါဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲပဲ စောင့်ကြည့်ရအောင်...ကျွန်မကို စိတ်ဒုက္ခမပေးနဲ့ ဂရပ်ဖ်..."

"မင်းသာကျောင်းကို ငါနဲ့ပဲလွဲခဲ့ပြီး ကိုယ့်ဟာကို အာကာသယာဉ်အတွက်သာ အာရုံစိုက်နေရင် စိတ်ဒုက္ခရမှာ မဟုတ်ပါဘူး..."

"အဲ့ဒီယာဉ်က အနာဂတ်ရဲ့ ကွန်မန်ဒါအတွက်ပါ...ကျွန်မတို့ လက်လွတ်စပယ်သုံးဖို့မဟုတ်ဘူး!"

.........................................................................

ကလေးတွေက Battle roomထဲလည်းရောက်ရော ရေကူးကန်မှာ ရေမကူးတတ်လို့ ယက်ကန်ယက်ကန်ဖြစ်နေကြတဲ့အတိုင်းပါပဲ...

အန်ဒါကတော့ အခန်းတစ်ခန်းလုံးကို ပတ်သွားကြည့်တယ်...‌

အစကတော့ သူလဲဟိုဝင်တိုက်မိဒီဝင်တိုက်မိပါပဲ...နောက်တော့ နည်းလမ်းပေါင်းစုံရှာရင်းနဲ့ အဆင်ပြေသွားပြန်တယ်...‌လက်နဲ့အတုံးတွေကို လှမ်းကိုင်တယ်...ပြီးတော့ အဲ့အတုံးတွေကို ‌ခြေထောက်နဲ့ကန်ပြီး ပျံတယ်... 

အစကသူစီစဉ်ထားသလိုတွေမဖြစ်ဘူးလေ...အဲ့အချိန်တွေမှာ ဆောင့်မိတော့ အတုံးတွေကို ဖက်တွယ်ထားတဲ့ရှန်ကလှမ်းအော်တယ်...

"မင်းဘာလို့ ကိုယ့်ကိုကိုယ် သတ်ဖို့ကြိုးစားနေတာလဲကွ!"

အေးလေ...ခေါင်းတွေနဲ့ပါဆောင့်တာကိုး...

"မဟုတ်ဘူးကွ ဝတ်စုံကအကာအကွယ်ပေးတယ်...မင်းငါ့လိုလိုက်လုပ်ကြည့်ပါလား..."

အန်ဒါကနည်းလမ်းတွေပြောပြလိုက်တယ်…

ရှန်လဲအဆင်ပြေသွားတယ်...

ဘားနတ်နဲ့ သူ့အချစ်ဆုံးသူငယ်ချင်းအလိုင် ယက်ကန်ယက်ကန်ဖြစ်နေတာကို တွေ့လိုက်တယ်...

ဘားနတ်က အခန်းရဲ့‌ နံရံထောင့်နားကိုသွားဖို့အတွက် ကြိုးစားနေတယ်...

အလိုင်က ရုတ်တရက် ထအော်လိုက်တယ်...အဲ့အချိန် ကျန်တဲ့ကလေးတွေက သူတို့တွေလုံးဝ အလေးချိန်မရှိတော့တာ ဆွဲငင်အားမရှိတာကိုမေ့ပြီး ကိုင်ထားသမျှအတုံးတွေကို လွှတ်လိုက်မိကြတယ်...

အန်ဒါလည်း သူ့ဘောင်းဘီအိတ်ကပ်နားက သေနတ်ဘကို သွားကိုင်လိုက်မိတယ်...

အခန်းထဲမှာတော့ ဒါကအလုပ်မဖြစ်ပေမယ့် Battle roomထဲမှာတော့ သုံးလို့ရမယ့်ပုံပဲ...

‌အန်ဒါကကြမ်းပြင်အောက်ကို သေနတ်နဲ့ချိန်လိုက်တယ်...မောင်းကို နောက်ဆွဲလိုက်တယ်...သေနတ်ကတဖြည်းဖြည်းနွေးလာတယ်လို့ သူခံစားလိုက်ရတယ်...လွှတ်လဲလွှတ်လိုက်ရော အေးသွားတယ်...သူ‌ချိန်ထားတဲ့ကြမ်းပြင်နေရာမှာလဲ အဖြူရောင်အလင်းတန်းက စက်ဝိုင်းလိုပေါ်လာတယ်...

သေနတ်ထိပ်က အနီရောင်ခလုတ်ကိုနှိပ်ကြည့်ပြီး မောင်းဆွဲကြည့်တယ်...စောနကလိုပဲ...ဒါပေမယ့် အဲ့ဒါကလေဆာလို့ထင်ရတယ်...အဲ့လိုထင်ရပေမယ့် ဒပ်ကတော့ မဟုတ်ဘူးပြောထားတယ်လေ...

အဖြူရောင်ခလုတ်ကို ထပ်နှိပ်ကြည့်တယ်...အဖြူရောင်အလင်းလေးထွက်လာတယ်...ကြည့်ရတာတော့ ဓာတ်မီးပဲ...

အန်ဒါကအခန်းတွင်းကို ကြည့်လိုက်တယ်...

တစ်ချို့က နံရံဆီသွားဖို့ အသည်းအသန်ကြိုးစားနေကြတယ်...တစ်ချို့ကရီမောပြီး‌ ပေါလောမျောနေကြတယ်...တစ်ချို့ကအတုံးတွေကို ဖက်တွယ်နေကြတယ်...တစ်ချို့က စက်ဝိုင်းလိုမျိုး တစ်ယောက်လက်ကို တစ်ယောက် ကိုင်ထားကြတယ်...အန်ဒါကတော့အဲ့ဒါတွေအကုန်လုံးကို နံရံမှာအေးဆေးလက်တစ်ဖက်တည်းနဲ့ကိုင်ထားရင်းကြည့်နေလေတယ်...

ဒါပေမယ့် သူနဲ့မလှမ်းမကမ်းမှာပဲ အလိုင်ရှိနေတာကို မြင်လိုက်တယ်...

အန်ဒါလည်း ဘာကြောင့်မှန်းမသိ အလိုင့်ဆီကို သွားလိုက်မိတယ်...

သူ့နားသွားပြီး ဘာမှပြောစရာလဲမရှိဘူးလေ...အလိုင်ကဘားနတ်‌ရဲ့ အချစ်ဆုံး သူငယ်ချင်းကိုး...

အန်ဒါကသူ့နားမှာ သွားနေဖို့မဟုတ်ဘူး...သူ့ကိုသွားရိုက်မလို့...ဒါပေမယ့် အမှတ်မထင်ပဲ အလိုင်က

"ရော့ ငါ့လက်ကို လှမ်းဆွဲလိုက်!"

အန်ဒါလည်း သူ့လက်ကိုထုတ်ပြီး လှမ်းပေးလိုက်တယ်...အလိုင်ကလဲ လက်နဲ့မိမိချင်း လှမ်းဆွဲလိုက်ပြီး ‌သူ့နားမှာရပ်နိုင်ဖို့ ဖြေးဖြေးလေး လုပ်ပေးလိုက်တယ်...

"ကောင်းတာပဲ..."အန်ဒါက ပြောလိုက်တယ်။ဆက်ပြီး

"ငါတို့အဲ့လိုပုံစံမျိုးတွေ လေ့ကျင့်ရမှာ..."

"ငါလည်းအဲ့လိုပဲတွေးနေတာ...ငါတို့အပြင်အတူတူထွက်သွားရင် ဘာဖြစ်မယ်ထင်လဲ? တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ရာနေရာကို တွန်းပြီးသွားသင့်တယ်လို့ထင်တယ်..."

"အင်း..."

"အိုခေနော်?"

အန်ဒါတွေးလိုက်မိတယ်...

သူတို့နှစ်ယောက် အလုပ်တစ်ခုကို အတူတူလုပ်တာက တကယ်ပဲအဆင်ပြေပါ့မလား...?

အန်ဒါက အလိုင့်ရဲ့လက်ကောက်ဝတ်ကို ကိုင်ပြီး တွန်းပေးရမှာ...

"အဆင်သင့်လုပ်! လွှတ်တော့!" အလိုင်ကဆိုတယ်...

နှစ်ယောက်လုံးက အားအသီးသီးနဲ့ တွန်းလိုက်ကြတယ်...အဲ့တော့ နှစ်ယောက်လုံး စက်ဝိုင်းလို လည်သွားတယ်...ခဏနေတော့ လည်‌နေတာရပ်သွားပါတယ်... အခုတော့ ဖြည်းဖြည်းလေးရွေ့နေကြတယ်...

"ဟျောင့် အန်ဒါ! ထပ်လုပ်ကြရအောင်! ငါတို့အဖွဲ့ထဲဆီပြန်မရောက်ခင် တစ်ခါလောက်"

"အဲ့ဒါဆိုလဲ ပြီးရင် ဟိုးနားကထောင့်လေးမှာ ပြန်တွေ့ကြရအောင်"

"နောက်ကျမှရောက်တဲ့သူ နွားနို့ယူပေးကြေး"

သူတို့တွေ တဖြည်းဖြည်းနဲ့ မျက်နှာချင်းဆိုင် ဖြစ်အောင် ပြန်လုပ်ကြတယ်...နောက်တော့ထပ်တွန်းကြတယ်...

အန်ဒါက ကောင်လေးတွေအုပ်စုထဲ ရောက်သွားပြီးတော့ သူမမျှော်လင့်ထားတဲ့ နံရံနားကို ရောက်သွားတယ်...အဲ့တော့ သူနဲ့အလိုင်နဲ့ဆုံဖို့ လုပ်ထားတဲ့ ထောင့်ကို ပြန်လိုက်ရှာရတယ်...

အလိုင်ကတော့ အဲ့နားကိုရောက်အောင်သွားနေပြီ။

အန်ဒါလည်း ကောင်လေးတွေအုပ်စုကြားကနေ အတင်းတိုးပြီးတော့ သွားပါတော့တယ်...

ဒါပေမယ့် အန်ဒါလည်းရောက်ရော အလိုင်ကရောက်နှင့်နေပြီ။

"မင်းနိုင်ပါတယ်" အန်ဒါကပြောလိုက်တယ်

"အေးကွာ ဟီး"

နောက်တော့အန်ဒါက သူ့ရဲ့ပစ်စတိုသေနတ်လေးကို ထုတ်ပြပြီး သူစောနက‌ဘာတွေတွေ့ရှိခဲ့တယ် ဘယ်လိုလုပ်လိုက်တယ်တွေ ပြောပြတယ်...

"လူကိုချိန်ရင်ရော ဘာဖြစ်လဲ" အလိုင်ကမေးလိုက်တယ်...

"အဲ့ဒါတော့ ငါမသိဘူး"

"ငါတို့ စမ်းလုပ်ကြည့်ကြမလား?"

အန်ဒါကခေါင်းရမ်းပြီး...

"တစ်စုံတစ်ယောက်ကို ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ?"

"ငါပြောချင်တာက ငါတို့တစ်ယောက်နဲ့တစ်ယောက် ပစ်ကြည့်ကြမယ်လေ...စိတ်မပူပါနဲ့ ငါကဘားနတ်မှ မဟုတ်တာ...ငါမင်းကိုတစ်ခုခုဖြစ်အောင် ဘာမှမလုပ်ပါဘူး..."

"အင်း..."

"ဒီပစ္စည်းသာ အန္တရာယ်ရှိတယ်ဆိုရင် သူတို့တွေ ကလေ‌းတွေကို ပေးကိုင်မှာမှမဟုတ်တာ..."

"အင်း...ငါတို့ကအခုစစ်သားတွေပဲ..."

"ငါ‌့ခြေထောက်ကိုပစ်လိုက်"

"မင်းပစ်ပါ"

"အတူတူပစ်ကြမယ်"

သူတို့တွေ တစ်ပြိုင်တည်းပစ်လိုက်ကြတယ်...နှစ်ယောက်လုံးရဲ့ ခြေထောက်တွေက လှုပ်မရတော့ဘူး...

"ခဲသွားတာလား...?" အလိုင်ကမေးလိုက်တယ်...

"ထင်တာပဲ"

"တစ်ခြားလူတွေကိုလည်း ခဲအောင်လိုက်လုပ်ကြရအောင်...သူတို့နဲ့ငါတို့ တိုက်ကြမယ်လေ..."

သူတို့နှစ်ယောက်လုံး ပြုံးကြရင်းနဲ့ အန်ဒါက

"ဘားနတ်ကိုပါခေါ်ရင် ပိုမိုက်မယ်"

"ရှန်ရော...?"

အလိုင်ကမခို့တရို့ပြုံးရင်းနဲ့

"တိုက်ကြရအောင်ဟေ့!"

နောက်မိနစ်နှစ်ဆယ်အတွင်း အခန်းထဲကလူအကုန် ခဲကုန်ကြတယ်...အန်ဒါ၊ အလိုင်၊ ရှန်နဲ့ ဘားနတ်က လွဲရင်ပေါ့...

သူတို့လေးယောက်လည်း ဒပ်မဝင်လာခင်အထိ ရီလိုက်မောလိုက်ပေါ့...

"ကြည့်ရတာတော့ ဘယ်လိုသုံးရမလဲဆိုတာ သိသွားကြပြီပဲ..." ဒပ်ကပြောလိုက်တယ်။

နောက်တော့ သူ့လက်ထဲမှာကိုင်ထားတဲ့ဟာလေးကို တစ်ခုခုလုပ်လိုက်တော့ ‌လေထဲမှာ မျောနေကြတဲ့ အခန်းထဲက လူတွေအားလုံး အပြင်ကိုပြန်ရောက်လာကြတယ်...သံလိုက်နဲ့ ဆွဲခေါ်သလိုပါပဲ...

ဒီတိုက်ပွဲကို ခေါင်းဆောင်တာ ဘားနတ်နဲ့ အလိုင်ပါ...ဒါပေမယ့် အန်ဒါနဲ့အလိုင်က ဒီသေနတ်ကိုဘယ်လိုသုံးရမလဲဆိုတာ ရှာတွေ့တာလေ..။အန်ဒါကဘားနတ်ရဲ့ အဖွဲ့ထဲကို ဝင်သွားပြီလို့ လူတိုင်းကထင်နေကြတယ်...ဒါပေမယ့် တကယ်တော့ အလိုင်နဲ့ ပူးပေါင်းလိုက်တာပါ...အဲ့ထဲကို ဘားနတ်ကဝင်လာတာပါ...ပြောရရင် အလိုင်က ဘားနတ်နဲ့ အန်ဒါရဲ့ ဆက်ဆံရေးကြားက တံတားတစ်ခုလိုပါပဲ...သူ့ကြောင့် အဖွဲ့ကွဲတာတွေ မရှိတော့ဘူးလေ...နောက်ကျတော့ သူတို့အသုတ်ရဲ့ ခေါင်းဆောင်ကိုရွေးတယ်...အလိုင်ကိုရွေးလိုက်ကြတယ်လေ...ရက်အနည်းငယ်လောက်တော့ ဘားနတ်နေလို့ထိုင်လို့မကောင်းပေမယ့် နောက်တော့ ပြန်အဆင်ပြေသွားပါတယ်...အလိုင်ကတကယ့်ကို တံတားတစ်ခုပဲ...

.........................................................................

အန်ဒါက သူ့ခုတင်ပေါ်မှာ စားပွဲလေးနဲ့ထိုင်နေတယ်... ဒါကသူတို့ရဲ့ ကိုယ်ပိုင်စာကြည့်ချိန်လေ...

ထုံးစံအတိုင်း အန်ဒါက သူဆော့နေကျဂိမ်းတစ်မျိုးကို ဆော့နေတယ်...အဲ့ဒါက နည်းနည်းတော့ ရူးသွပ်စရာလေးပါပဲ...တစ်ခါတစ်လေ ပျော်ဖို့ကောင်းတယ်...တစ်ခါတစ်လေတော့ စိတ်လှုပ်ရှားဖို့ကောင်းတယ်...ရီလဲရီရပါတယ်...အသက်ရှင်အောင်လည်း ကြိုးစားရသေးတယ်...ဒါပေမယ့် အန်ဒါခဏခဏသေနေတယ်...

"ကိစ္စမရှိပါဘူး...ဂိမ်းတွေက ဒီလိုပဲမဟုတ်လား... နောက်တော့ နိုင်လာမှာပေါ့..." သူ့ဟာသူ တွေးနေတာ။

ဂိမ်းအစမှာတော့ သူ့ဇာတ်ကောင်လေးက ကောင်လေးပဲ...နောက်တော့ ဝက်ဝံအဖြစ်ပြောင်းသွားတယ်... နောက်တော့ကြွက်အကြီးကြီးဖြစ်သွားတယ်...

အဲ့ဒီကြွက်နဲ့ပဲ ခုံတွေအောက် လျှောက်သွားတာတို့ တစ်ခြားပရိဘောဂတွေအောက် လျှောက်သွားတာတို့ လုပ်တယ်...အစကတော့ ပျင်းဖို့ကောင်းတယ်ပေါ့...သူကကြောင်နဲ့အများကြီးဆော့ဖူးတယ်လေ...အခုကဘယ်ကိုဘယ်လိုသွားရမယ်တွေ အကုန်သိနေတော့ သူပျင်းလာတယ်...

ကြွက်တွင်းတွေထဲကိုလျှောက်သွားတယ်...ဥယာဉ်ထဲကတံတားလေးပေါ်က ဖြတ်တယ်...နောက်တော့ ဘဲ‌တွေအုပ်စုနဲ့တွေ့တယ်...ခြင်အကြီးကြီးတွေရောပဲ...

အဲ့လိုသွားရင်းသွားရင်းနဲ့ Giant ဆိုတဲ့မကောင်းဆိုးဝါးကြီးဆီ ရောက်သွားတယ်...

Giantကြီးက ထုံးစံအတိုင်း

"ငါမင်းကို သတ်ပြီး စားပစ်မယ်" လို့ဆိုတယ်...

အန်ဒါက ပြေးလဲမပြေးဘူး အဲ့နေရာမှာပဲလဲ ရပ်မနေပဲနဲ့ သူ့မေးစေ့ကို ပြေးကန်လိုက်တယ်...

Giantကြီးကလဲ နာသွားပြီးတော့ အန်ဒါလည်း နောက်ကိုလှန်ကျသွားတယ်...ဆက်ပြီးတော့လည်း

"အဲ့ဒါဆို ခန့်မှန်းတဲ့ဂိမ်း‌ဆော့ကြရအောင်"

ဒါပေမယ့်အဲ့ဒါက သိပ်ပြီးမထူးဆန်းပါဘူး...သူကဒီဂိမ်းတစ်ခုပဲဆော့လို့ရအောင် ကွန်ပျူတာကရေးဆွဲထားတာကိုး...အသုံးမကျတဲ့systemလို့တောင် ထင်လိုက်သေးတယ်...

"တစ်ခွက်က အဆိပ်ခွက်ဖြစ်တယ်။နောက်တစ်ခွက်ကတော့ မဟုတ်ဘူး။တစ်ခွက်ရွေးလိုက်ပါ။မှန်ရင် မင်းကို fairylandကိုခေါ်သွားပေးမယ်"

အန်ဒါလည်း ဘယ်ဘက်တစ်ခွက်ကိုရွေးလိုက်တယ်...ဒါပေမယ့် မှားနေတယ်...

အဲ့ဒါနဲ့ အသက်ပြန်ရှင်လာတော့ ညာဘက်တစ်ခွက်ကို ရွေးတယ်...မှားပြန်သေးတယ်...

အန်ဒါအဲ့နားမှာတင်တော်တော်ကြာနေပြီ...

နှစ်ခွက်လုံးက အဆိပ်ခွက်ဖြစ်နေတယ်...

အန်ဒါအတော်လေးစဉ်းစားရခက်နေပြီ...အဲ့အချိန်မှာ အလိုင်ကနိုးလာတယ်...

"ဘာလုပ်နေတာလဲအန်ဒါ...အဲ့ဒါဘာဂိမ်းကြီးလဲ?"

"Mind game။ ငါဒီနေရာမှာ တော်တော်ကြ‌ာနေပြီ..."

"တစ်ခွက်ကိုရွေးလိုက်လေ..."

"ငါအကြိမ်ကြိမ်ကြိုးစားပြီးပြီ နှစ်ခွက်လုံးမဟုတ်ဘူး"

"ဟင်?အဲ့ဒါဆို ဘယ်လိုလုပ်ရမှာလဲ??"

အန်ဒါပြန်မ‌ဖြေဘူး...သူအလေးအနက်ကိုစဉ်းစားနေတယ်...ခွက်နှစ်ခွက်လုံးက အဆိပ်ခွက်တွေ။ဒါပေမယ့် အဲ့‌Giantက မှန်ရင် fairylandကိုခေါ်သွားပေးမယ်ပဲပြောနေတယ်...သူ‌စိတ်တိုလာပြီ...အဲ့ဒီ သုံးနှစ်သားတုံးကနားထောင်ဖူးတဲ့ ပုံပြင်ထဲကလို နတ်သမီးနဲ့ တွေ့ဖို့အတွက်လား...?ပီတာပန်နဲ့ တွေ့ဖို့အတွက်လား...?အဓိပ္ပာယ်မရှိတော့ဘူး ဒီဂိမ်းကြီးက...

‌အန်ဒါ့မျက်လုံးပြာပြာတွေထဲမှာ ဒေါသငွေ့တွေကို မြင်နေရတယ်...နောက်တော့.....

Giantရဲ့ မျက်လုံးထဲကို ခုန်ဝင်ပြီး မျက်စိကြိဖောက်စားလိုက်တယ် ပြီးတော့သတ်လိုက်တယ်...

အလိုင်လဲ လန့်ဖြတ်သွားပြီး

"မင်းဘာလို့သတ်လိုက်တာလဲ...?"

"သူတို့ပြောသမျှကို လိုက်နာရင်ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး...အခန့်မသင့်ရင် သေတောင်သေနိုင်တယ်။သူတို့လိုက်ပို့မှ ရောက်မှာမဟုတ်ဘူး။ကိုယ့်ဟာကိုလဲသွားနိုင်တယ်။သင်ခန်းစာက ပြောသမျှလိုက်လုပ်ရင် နောက်ဆုံးသေရမယ်ဆိုတာပဲ!အဲ့ဒါကြောင့်ငါသတ်လိုက်တာ"

.........................................................................


rating အတွက်5stars လေးတွေပေးခဲ့ကြပါဦးနော်...❣️you can also buy a cup of coffee for me🙄🤗


rate now:

10 Reviews
  • reader Michaelharis 04.11.2019, 13:05 5

    Okay keep writing

    reply

  • reader Bao Bao 04.11.2019, 10:57 5

    Mikeeeeee

    reply

  • reader Khin Mg Htwe 04.11.2019, 08:23 5

    Good

    reply

  • reader Ur boyfri Swam 🙂 01.11.2019, 13:22 5

    5 Stars

    reply

  • reader HsuHsu 01.11.2019, 07:37 5

    .

    reply

  • reader Wai lin ko 31.10.2019, 15:41 5

    well~

    reply

  • reader Aye Lay 29.10.2019, 05:39 5

    .

    reply

  • reader Yoon Yoon 29.10.2019, 05:18 5

    ကြိုက်တယ်

    reply

  • reader sawoolinn 29.10.2019, 04:17 5

    Well

    author Mira June 29.10.2019, 04:31

    Kyay zuu nor🤗❣️

  • reader Min Khant Thu 28.10.2019, 15:00 5

    Good

    author Mira June 28.10.2019, 15:23

    Kyay zuu tin pr dl nor🙄❣️