book

Index 10

မကျေနပ်မှုများ

  • Author : Mira June
  • Genres : Adventure, Science
  • Original Author : Orson Scott Card

‌ဒါကျောင်းတော့ကျောင်းပါပဲ...

နေ့တိုင်း စာသင်ချိန်များစွာနဲ့ ပြည့်နေတဲ့ကျောင်းပေါ့...

မြောက်မြားစွာသောအဆင့်မြင့်စာအုပ်တွေဖတ်ရတာတွေ ၊ ရှုပ်ထွေးလှတဲ့ နံပါတ်တွေ ဂဏန်းတွေ ၊ ဆန်းကြယ်လှတဲ့ သမိုင်းကြောင်းတွေ ၊ အာကာသစစ်ပွဲတွေကိုမှတ်တမ်းတင်ထား‌တဲ့ videoများစွာကို ကြည့်ရင်းလေ့လာရတာတွေ ၊ ရန်သူတွေရဲ့ သူတို့ယာဉ်တွေကို တည်ဆောက်ထားပုံတွေကို လေ့လာရတာတွေ... 

အို...စုံလို့ပါပဲ...

သင်ယူစရာတွေကလဲ အများကြီးပဲ...

အန်ဒါကလဲ တစ်ခြားကလေးတွေလိုမျိုး အရာရာတိုင်းကို ကြိုးစားပြီးသင်ယူနေတယ်လေ...

အသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် သူတို့နည်းတူ တော်တဲ့ဉာဏ်ကောင်းတဲ့ကလေးတွေနဲ့ ယှဉ်ပြိုင်ရတာက သူတို‌့လေးတွေရဲ့ ဘဝမှာ ပထမဆုံးပဲဖြစ်ပါလိမ့်မယ်...

ဒပ်ကဒုတိယမြောက်နေ့မှာတင် ဂိမ်းနဲ့မိတ်ဆက်ပေးလိုက်ပါတယ်...

အားလုံးကလည်း စိတ်လှုပ်ရှားနေကြတာပေါ့...

Game room ကလုံးဝဆွဲငင်အားမရှိဘူး...အသက်တော့ရှူလို့ရတယ်...အဲ့လိုဖြစ်အောင်လဲ လုပ်ထားတာကိုး...

အခန်းရှေ့ လည်းရောက်ရော အလင်းရောင်တန်းတွေ ဟိုဘက်နဲ့ ဒီဘက်ပစ်ခတ်နေကြတာကို ချက်ချင်းမြင်တွေ့ လိုက်ကြတယ်...

အတန်းကြီးကျောင်းသားတွေ ဆော့နေကြတာလေ...

တစ်ချို့ ဂိမ်းတွေကို သူတို့သိနေတယ်...သူတို့ကမ္ဘာမှာရှိတုံးက ဆော့တောင်ဆော့ဖူးကြသေးတဲ့လူတွေလဲ ပါတယ်...

တစ်ချို့ ဂိမ်းတွေက လွယ်ပေမယ့် တစ်ချို့ ကတော့ ခက်တယ်လေ...

အန်ဒါက အတန်းကြီးတွေဆော့နေတဲ့ ဂိမ်းဆီကို သွားပြီးလေ့လာလိုက်တယ်...

လေထဲမှာ ဝဲနေတဲ့ အရာဝတ္ထုတွေကို ရောင်ခြည်သေနတ်နဲ့ လိုက်ပစ်ရတာပါ...

အဲ့နားမှာရှိနေတဲ့ကလေးဆိုလို့ အန်ဒါတစ်ယောက်ပဲရှ်တယ်...ခဏနေတော့ အကြီးတန်းထဲကကောင်လေးတစ်ယောက်က အန်ဒါ့ကို မောင်းထုတ်တယ်...

"ဘာလုပ်နေတာလဲ...မင်းလုပ်တာနဲ့ငါတို့ပါရှုံးတော့မှာပဲ...တစ်ခြားနေရာကို သွားစမ်းပါ!"

အဲ့ဒါနဲ့ပဲ အန်ဒါလည်း လေထဲမှာ ပေါလောပေါလောနဲ့ တစ်ခြားနေရာကို ပျံသွားပါလေတော့တယ်။

အချိန်တိုင်း ဘေးအန္တရယ်ကနေ ကင်းလွတ်အောင် ကြိုးစားတယ်...ပြီးရင် အဲ့ဒီအန္တရယ်ရှိတဲ့နေရာကို ပြန်သွားတယ်...အမှန်တော့ သူလေ့လာနေတာပါ...

အဲ့ဒီအန္တရယ်ရှိတဲ့နေရာဆိုတာကလည်း အကြီးတန်းတွေ ပစ်ခတ်နေကြတာကိုပြောတာပါ...ပစ္စည်းတွေကိုပစ်ကြရင်းနဲ့ သူ့ကိုထိမိမှာစိုးတာကိုပြောချင်တာပါ...

ရှုထောင့်မျိုးစုံကိုသွားပြီး ဘယ်ကနေဘယ်လို ပစ်နေကြတယ်ကို လေ့လာကြည့်တယ်...

သူကအရာအားလုံးကို မြင်ရဖို့အတွက်ကတော့ အဆင်မပြေလှဘူး...သူကလူကောင်သေးသေးလေးကိုး...ဒါပေမယ့် အဲ့ဒါကလဲ သိပ်ကိစ္စရှိလှတာမဟုတ်ပါဘူး...

ခဏနေတော့ ကစားသမားတွေ ဘယ်လိုနည်းဗျူဟာချပြီးပစ်နေကြလဲ ဆိုတာကို သူသိလာတယ်...

ပစ်ခတ်ကြတဲ့အခါ အကာအကွယ်အနေနဲ့သုံးဖို့ရယ်...ဆွဲငင်အားမရှိတဲ့အတွက် လေထဲမှာသွားလာကြတဲ့အခါ လက်တန်းအနေနဲ့ ကိုင်နိုင်ဖို့ရယ်အတွက် တြိဂံလိုမျိုးပုံစံလေးတွေနဲ့ အတုံးလေးတွေက ဒီတစ်ခန်းလုံးရဲ့  နေရာအတော်များများမှာ ရှိနေတယ်လေ...လူကြီးတစ်ယောက်စာလောက် ကြီးပြီးထူတော့ ပုန်းကြတဲ့အခါ ဟိုဘက်ကစားသမားတွေ မမြင်နိုင်သလို ရောင်ခြည်တန်းတွေရဲ့ ပစ်ခတ်သမျှကိုလည်း ခံနိုင်စွမ်းရှိတယ်...

အန်ဒါကအဲ့ဒါကို သဘောကျသွားတယ်...

ဒါပေမယ့် သူဒီဂိမ်းကိုတော့ သိပ်မကြိုက်ဘူး...

နောက်မကြာခင်အချိန်အတွင်းမှာပဲ သူအရာအားလုံးကို သဘောပေါက်သွားတော့တယ်...ဒီကစားပွဲ ဘယ်လိုအဆုံးသတ်တယ် ၊ ဘယ်လိုတိုက်ကြလဲဆိုတာကိုပေါ့...

အန်ဒါအတူတူကစားချင်မိတဲ့ ကောင်လေးတစ်ချို့ လဲရှိတယ်...

ဘယ်လိုကောင်လေးတွေလဲဆိုတော့ ငယ်ငယ်ကတည်းက ကွန်ပျူတာရဲ့ လေ့ကျင့်ပေးမှုအောက်မှာ ကြီးလာတဲ့ကလေးတွေပေါ့...

အခုလို ကစားနေတဲ့အချိန်မှာတောင် ကွန်ပျုတာပရိုဂရမ်အတိုင်း ဆောင်ရွက်ဖို့ ကြိုးစားနေကြတဲ့ကောင်တွေပေါ့...

(ထူးတော့ထူးဆန်းသား)

သူတို့တွေက သာမာန်လူတစ်ယောက်လိုထက် ကွန်ပျူတာလို တွေးနေကြတာ...

(ဘယ်လိုတွေးကြလဲတော့မသိဘူး)

ဒီဂိမ်းကလဲ ကွန်ပျူတာပရိုဂရမ်နဲ့ ဆော့နေရတဲ့ဂိမ်းလေ...လိုက်ပစ်တဲ့အခါမှာ ကွန်ပျူတာကလဲ ထောင်ချောက်ဆင်တာတွေရှိတယ်...အင်းလေ...သူတို့လိုကလေးတွေအတွက် လွယ်ကူတဲ့ဂိမ်းတော့ ဖန်တီးပေးထားကြမှာလား...?

ငါဒီလိုလုပ်လိုက်ရင်သူတို့ကို နိုင်မယ်ထင်တယ်...ဒီလိုလုပ်ရင်လည်းရတာပဲ...

အန်ဒါက‌ ဘယ်လိုအနိုင်ယူရမလဲဆိုတာကို တွေးနေတယ်...နောက်တော့....

"ကျွန်တော်မင်းကို စိန်ခေါ်ကြည့်ချင်တယ်!"

အန်ဒါက စောနကလေးတင်ဂိမ်းတစ်ပွဲကို အနိုင်ရထားတဲ့ကောင်လေးကို လှမ်းပြောလိုက်တယ်...

"ဒါဘယ်သူတုံး? ဘယ်ကကလေးစုတ်လေးလဲ?"

"အခုမှအပြုံလိုက်ထပ်ရောက်လာတဲ့ ငတုံးလေးတွေထဲကတစ်ယောက်ပဲနေမှာပေါ့" ကောင်လေးတစ်ယောက်ကဝင်ပြီး မထီမဲ့မြင်ပုံစံနဲ့ ပြောလိုက်တယ်။

"စကားကိုဘယ်လိုပြောရမလဲဆိုတာကိုလည်းမသိပုံပဲ"

"ကျွန်တော်နဲ့ကစားဖို့ ကြောက်နေတာလား" အန်ဒါကပြောလိုက်တယ်...

"ဟင်း! မင်းကိုအနိုင်ယူဖို့ဆိုတာကလေ ရေချိုးခန်းထဲမှာ သေးပေါက်ချတာထက်တောင် လွယ်ကူသေးတယ်" 

"ကျွန်တော့နာမည်က အန်ဒါဝတ်ဂင်ပါ"

"နားထောင်စမ်း ကောင်စုတ်လေး! မင်းကဘာကောင်မှမဟုတ်ဘူး! သိလား? ဘာမှမဟုတ်ဘူး! အဖြစ်မရှိဘူး"

"ကျွန်တော်ကဘာကောင်မှမဟုတ်ဘူးဆိုရင် ဘာလို့ကျွန်တော်နဲ့ တိုက်ရမှာကို တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတာလဲ...?"

ကောင်လေးတွေအုပ်စုက အနည်းငယ်တော့ တင်းသွားတယ်...သိပ်လည်းစိတ်မရှည်ကြတော့ဘူး...

"ဒီအနုတ်စုတ်ဂုတ်စုတ်လေးကို ပညာပေးလိုက်ကြ!"

ချက်ချင်းဆိုသလိုပဲ အန်ဒါကနေရာယူလိုက်တယ်...အစကတော့ တွေးထားသမျှ အစီအစဉ်ချထားသမျှကို လက်တွေ့မှာ တကယ်လုပ်ရတဲ့အခါ အနည်းငယ်တော့ နှေးကွေးတာပေါ့...ခဏနေတော့ အဆင်ပြေသွားပါတယ်...ဂိမ်းပြီးခါနီးလေ အန်ဒါက ဒီဂိမ်းနဲ့ပတ်သတ်တဲ့အရာအားလုံးကို ပိုသိကျွမ်းလာလေပဲ...နောက်ဆုံးတော့ အန်ဒါနိုင်သွားတယ်လေ...

"အခုကျေနပ်ပြီလားကောင်စုတ်လေး?"

သူတို့တွေ စုစုပေါင်းသုံးပွဲဆော့ခဲ့ကြတယ်...

ဒုတိယတစ်ပွဲမှာ အန်ဒါနိုင်ဖို့ ခက်ခဲခဲ့ပေမယ့် နောက်ဆုံ‌းတော့နိုင်ခဲ့ပါတယ်...

နောက်ဆုံးပွဲကတော့ အနည်းငယ်တိတ်ဆိတ်နေလေတယ်...အဲ့ပွဲမှာတော့ အန်ဒါက မြန်မြန်နဲ့ ထိထိရောက်ရောက်ဆော့ပြီး ထပ်အနိုင်ယူခဲ့တယ်...

ဒုတိယပွဲပြီးကတည်းက ကောင်လေးတွေက ရီနေတာတွေ စနေတာတွေမရှိတော့ဘူး...

နောက်ဆုံးပွဲလဲပြီးရော ချီးမကျူးကြ‌ပေမယ့် တိတ်ဆိတ်နေကြတယ်...‌

"သူတို့တွေ ကွန်ပျူတာပရိုဂရမ်အသစ် ရေးဆွဲသင့်နေပြီ...အခုတော့ အနုတ်စုတ်ဂုတ်စုတ်တောင်မှ အနိုင်ယူနိုင်နေပြီ" မကျေနပ်တဲ့လေသံဖြင့်...

အန်ဒါလဲ ထွက်သွားတယ်...ဝေးဝေးတော့မသွားပါဘူး...နေရာတစ်ခုကနေ သူတို့ကို သူအနိုင်ယူခဲ့တဲ့ပုံစံတွေကို လေ့လာနေတာကို ရပ်ကြည့်နေတယ်...

ဟင်း! အဖြစ်မရှိဘူးလဲပြောသေးတယ်။ 

အန်ဒါပြုံးလိုက်မိတယ်...

သူတို့ငါ့ကိုမေ့မှာမဟုတ်တော့ဘူး...။

သူနေလို့ထိုင်လို့ကောင်းနေတယ်...သူတစ်စုံတစ်ခုကို နိုင်ခဲ့ဖူးပြီလေ...အဲ့ဒါကလဲ အကြီးတန်းတွေကို ဆန့်ကျင်တိုက်ခိုက်ပြီးတော့ပေါ့...

သူ့အတွက် Battle Schoolကမ‌သင့်တော်ဘူးလို့ ဘယ်သူမှမပြောနိုင်တော့ဘူးပေါ့...

သူဂိမ်းတွေကိုကြည့်တယ်...နားလည်အောင်လုပ်တယ်...ဘယ်လိုအလုပ်လုပ်လဲဆိုတာလေ့လာတယ်... အခုတော့ systemတွေကို နားလည်ရုံတင်မကဘူး excelကိုပါ ကောင်းကောင်းအသုံးပြုလာနိုင်ပြီလေ....

အန်ဒါကြံ့ကြံ့ခံရမယ့် အချိန်တွေလည်းရောက်လာပြီ...

သူလက်ချိုးမိခဲ့တဲ့ ကောင်လေး‌ရောက်လာပြီလေ...အဲ့ကိစ္စကြောင့် အန်ဒါ့ကို ရန်သူအဖြစ်လဲ သဘောထားနေတယ်...အမှန်တော့ သူအရင်စတဲ့ ဇာတ်လမ်းပါ...ဒါပေမယ့် နောက်ဆုံးတော့ အန်ဒါပဲ အပြစ်ရှိတဲ့လူလိုဖြစ်သွားတယ်...အဲ့ကောင်လေးနာမည်က ဘားနတ်တဲ့... 

အစပိုင်းကတော့ အန်ဒါတော်တော်ဒေါသထွက်သေးတယ်...သူ့ကိုနည်းမျိုးစုံနဲ့ လိုက်အနိုင်ကျင့်နေတာကိုး...

သူ့လော်ကာထဲက ပစ္စည်းတွေမပျောက်အောင် တော်တော်ဂရုစိုက်လိုက်ရသေးတယ်...

နောက်တော့ ဘားနတ်ရဲ့ သားကောင်က အန်ဒါတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သိလာခဲ့တယ်...ဘားနတ်က သူ့နောက်ပါမယ့်အဖွဲ့တစ်ဖွဲ့ကို ဖန်တီးနေတယ်...တစ်ချို့ဆိုရင် ဘားနတ်အတွက်ဆို အစေခံတောင်လုပ်ပေးနိုင်ကြတယ်...တစ်ချို့ကောင်လေးတွေကလဲ ဘားနတ်အတွက် အသုံးဝင်တယ်လေ... ဒါပေမယ့် သူတို့ကို ကောင်းကောင်းဆက်ဆံလားဆိုတော့လဲ မဆက်ဆံပါဘူး...အနိုင်ကျင့်သေးတယ်...

တစ်ချို့ကလဲ ဘားနတ်ရဲ့ စည်းကမ်းတွေအောက်မှာနေရတာကို စိတ်ကသိကအောက်ဖြစ်ကြတယ်...

အန်ဒါလဲ ကြည့်နေရင်းနဲ့ ဘယ်သူကဘားနတ်ကို မခံချင်‌ဖြစ်နေလဲသိလာတယ်...သူကတော့ ရှန်တဲ့...

ရှန်က ပိန်ပိန်သေးသေးလေးနဲ့ ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်ပါ။

အဲ့ဒါနဲ့ပဲ ဘားနတ်ကသူ့ကို 'တီကောင်' လို့ခေါ်ပြီးစပါတော့တယ်...

"သူ့ကိုကြည့်စမ်းပါဦး...သူလမ်းလျှောက်တိုင်း သူ့ဖင်ဘယ်လိုကျုံ့သွားလဲ ကြည့်ကြပါဦး!"

ရှန်က ပေစောင်းစောင်းနဲ့ပြန်ကြည့်လိုက်တယ်။

"ဟျောင့်တွေရေ...ဒီကောင့်ဖင်ကိုကြည့်ကြစမ်းပါဦး!" ဘားနတ်ကဟားတိုက်ရင်းပြောတယ်။ ဆက်ပြီးလည်း

"နောက်မှတွေ့မယ် တီကောင်"

အန်ဒါကဘာမှတော့ဝင်မပြောဘူး...ရှန်ကိုတိုက်ရိုက်လည်း စကားသွားမပြောချင်ဘူ...

အဲ့ဒါနဲ့ပဲ စာသင်ခန်းထဲရောက်ရောက်ချင်း သူ့လပ်တော့ကိုဖွင့်လိုက်တယ်...စာလုပ်နေတာတော့မဟုတ်ဘူး။

လူတိုင်းဆီကို ၁၃စက္ကန့်တိုင်း မက်ဆေ့ခ်ျတစ်စောင်ဝင်ဖို့အတွက် တစ်ခုခုလုပ်နေတာ...

တိုတိုနဲ့လိုရင်းရောက်မယ့် မက်ဆေ့ခ်ျတစ်စောင်ပေါ့...

ဘယ်သူမဆို မက်ဆေ့ခ်ျပို့တိုင်း သူတို့နာမည်ပါတယ်လေ...အဲ့တော့ ဘယ်သူပို့လဲဆိုတာလူတိုင်းသိတယ်...

အဲ့ဒါကြောင့်အန်ဒါက တစ်ခုခုကြံဖန်နေတာ...

သူ့နာမည်မဟုတ်ပဲ တစ်ခြားတစ်ယောက်ရဲ့နာမည်ကိုသုံးပြီး ပို့ဖို့အတွက်ပေါ့...

သူဆရာတွေရဲ့ systemထဲကိုတော့ မဝင်နိုင်ဘူး။အဲ့တော့ ဆရာလိ‌ုတော့ ဟန်ဆောင်လို့မရဘူး။

‌နောက်တော့ သူနည်းလမ်းရှာတွေ့ပြီး လုပ်စရာရှိတာလုပ်လိုက်တယ်...

အားလုံးလဲပြီးစီးသွားရော ရှန်နဲ့မျက်လုံးချင်းဆုံဖို့ အန်ဒါကြိုးစားတယ်...

အကြည့်ချင်းလဲဆုံကြရော ရှန်ရဲ့စားပွဲကို လက်ညှိုးထိုးပြပြီး ပြုံးပြလိုက်တယ်။

ရှန်လဲနည်းနည်းတော့ ကြောင်‌သွားတယ်...ဘာလားပေါ့။

‌ရှန်လဲစားပွဲကိုကြည့်ရင်း အန်ဒါပို့တဲ့မက်ဆေ့ခ်ျကိုလည်းတွေ့ရော အကျယ်ကြီးထရီပါလေရော...

အန်ဒါ့ကိုကြည့်လိုက်ပြီး မင်းလုပ်တာလားဆိုတဲ့ အမူအရာနဲ့‌ပြောလိုက်တယ်...

အန်ဒါကလဲ ဘယ်သူလုပ်တာလဲတော့ငါမသိဘူး သေချာတာကငါမဟုတ်ဘူးဆိုပြီး ပြန်ပြောလိုက်တယ်...

၁၃စက္ကန့်တိုင်း အဲ့မက်ဆေ့ခ်ျကလူတိုင်းဆီ ရောက်လာတယ်...လူတိုင်းကလဲ ထရီကြတယ်...ခဏလောက်ပေါ်လာလိုက် ပြန်ပျောက်သွားလိုက်နဲ့...

"ဘာကအဲ့လောက်ရီစရာကောင်းနေတာလဲ?" ဘားနတ်ကမေးလိုက်တယ်...

ဘားနတ်ကအခန်းထဲလမ်းလျှောက်ပြီး လျှောက်ကြည့်နေချိန်မှာ အန်ဒါက မရီဖို့ ကြိုးစားလိုက်တယ်...

ရှန်ကတော့မထိန်းနိုင်ဖြစ်နေတယ်...

နောက်တော့ဘားနတ်လဲ စားပွဲဆီသွားပြီး သူ့အပေါင်းအပါတွေနဲ့အတူ မက်ဆေ့ခ်ျကို ဖတ်လိုက်ကြတယ်။

     " ကိုယ့်တင်ပါးကိုလုံအောင်ဖုံးထားကြနော်

           ဘားနတ်လိုက်ကြည့‌်နေတယ် "

                   —ဘုရားသခင်

ဘားနတ်လဲ မျက်နှာကြီးနီရဲသွား‌တယ်...နောက‌်တော့ဒေါသထွက်တဲ့လေသံကြီးနဲ့

"ဒါဘယ်သူလုပ်တာလဲ!?"ဆိုပြီးအော်လိုက်တယ်။

ရှန်ကထပြီး "ဘုရားသခင်ပေါ့" လို့ဆိုလိုက်တယ်။

"မင်းမဟုတ်တာတော့ သေချာတယ်။မင်းလို တီကောင်မှာ ဒီလို‌လုပ်နိုင်လောက်တဲ့အထိ ဦးနှောက်ရှိမှာမဟုတ်ဘူး"

၅မိနစ်လောက်လဲနေရော အန်ဒါ့ရဲ့ မက်ဆေ့ခ်ျက ပျောက်သွားပါတော့တယ်....

ခဏနေတော့ သူ့စားပွဲထက်မှာ ဘားနတ်ဆီကမက်ဆေ့ခ်ျဝင်လာတာကို တွေ့လိုက်တယ်။

          " အဲ့ဒါမင်းလုပ်တာမှန်းငါသိတယ် "

                      —ဘားနတ်

အဲ့မက်ဆေ့ခ်ျကို အန်ဒါမကြည့်ဘူး...သူမမြင်သလိုဟန်ဆောင်နေလိုက်တယ်...ဘားနတ်က အန်ဒါ့ကို အပြစ်ဖမ်းချင်နေတာလေ...အဲ့တော့မကြည့်ဘူးပေါ့...

သူလုပ်တယ်လို့သိသွားလဲ သိပ်ပြီးကိစ္စတော့ မရှိလှပါဘူးလေ...

ဘားနတ်က သူ့နေရာကိုထိန်းသိမ်းဖို့အတွက် အန်ဒါ့ကို ပိုပိုပြီးနှိပ်စက်လာဖို့ပဲရှိတာ...အဲ့ဒါ့ကြောင့်အခုကတည်းက ဘယ်သူက bossလဲဆိုတာကို ပြထားရမယ်။ 

ဘားနတ်က တစ်ခြားကောင်လေးတွေသူ့ကိုလှောင်ပြောင်တာကို သည်းမခံနိုင်မှန်း အန်ဒါသိတယ်လေ...အဲ့အားနည်းချက်ကိုသိလို့ အခုလိုလုပ်လိုက်တာ။

အန်ဒါရေချိုးပြီးတော့ အိပ်ခန်းဆောင်ထဲကို ပြန်လာတယ်...အခန်းရှေ့ရောက်ရောက်ချင်းမှာပဲ ဘားနတ်ရဲ့ ကောင်လေးတစ်ချို့ကို အော်ဟစ်ပြောဆိုနေသံကြားလိုက်တယ်...

"ငါမလုပ်ပါဘူးဆိုနေ! ပါးစပ်ပိတ်ထားကြ!!"

လူတိုင်းရဲ့ စားပွဲပေါ်မှာ နောက်ထပ်မက်ဆေ့ခ်ျတစ်ခုရောက်နေတယ်....

          " ငါမင်းတင်ပါးကိုသဘောကျတယ်

                  နမ်းကြည့်ချင်တယ် "

                     —ဘားနတ်

"အဲ့ဒါငါရေးတာမဟုတ်ဘူး!!!"

ဘားနတ်ကအော်ဟစ်နေလေ‌တယ်...

ခဏနေတော့ အခန်းထဲကို ဒပ်ဝင်လာတယ်။

"ဘာတွေအဲ့လောက်တောင်ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာလဲ?"

"တစ်ယောက်ယောက်က ကျွန်တော့်နာမည်ကိုသုံးပြီး လူတိုင်းကို မက်ဆေ့ခ်ျတွေလိုက်ပို့နေတယ်!"

"ဘာမက်ဆေ့ခ်ျလဲ?"

"ဘာမက်ဆေ့ခ်ျပဲဖြစ်ဖြစ်အရေးမကြီးပါဘူး"

"ဘာလို့မကြီးရမှာလဲ?"

ပြောရင်းဆိုရင်း ဒပ်က အနီးအနားမှာရှိတဲ့ စားပွဲဆီသွားပြီး အဲ့မက်ဆေ့ခ်ျကို ဖတ်လိုက်တယ်။

နောက်တော့ ပြုံးပြီး....

"စိတ်ဝင်စားစရာပဲ..."

"အဲ့ဒါဘယ်သူလုပ်နေတာလဲဆိုတာမရှာတော့ဘူးလား?"

ဘားနတ်က အမိန့်ပေး‌သလိုလို ပုံစံနဲ့ပြောလိုက်တယ်။

"ဘယ်သူလုပ်တာလဲဆိုတာငါသိပါတယ်"

ဟုတ်တာပေါ့! 

အန်ဒါတွေးလိုက်မိတယ်...

Systemကို လွယ်လွယ်လေးနဲ့ ဖျက်ဆီးလိုက်တာပဲ...

ငါမှန်းသူတို့သိတာပေါ့...

"အဲ့ဒါဆိုဘယ်သူလဲ!?" ဘားနတ်ကအော်လိုက်တယ်။

"မင်းကငါ့ကိုလာအော်နေတာလား စစ်သားလေး?" 

ဒပ်က ချိုချိုလေးပဲပြောလိုက်တယ်။

"မဟုတ်ပါဘူး ဆရာ"

"လူတိုင်းသိပါတယ်။ systemက မက်ဆေ့ခ်ျပို့တဲ့လူတွေရဲ့ နာမည်ကို အော်တိုထည့်ပေးပြီးသားဆိုတာ"

"ကျွန်တော်ဘာမှမရေးခဲ့ဘူးလေ!!"

"အော်တာလား?"ဒပ်ကထပ်မေးလိုက်တယ်။

"မနေ့ကတစ်ယောက်ယောက်က ဘုရားသခင်ဆိုပြီးတော့ ပို့သေးတယ်လေ!"

"ဟုတ်လား? ဘုရားသခင်ဘယ်တုံးက system ထဲကို ဝင်လို့ရသွားလဲ ငါမသိလိုက်ပါလား"

ဒပ်ကပြောပြောဆိုဆိုနဲ့ ရီနေပါတယ်။

အခန်းတွင်းမှာ ဒပ်ရဲ့ ဩဇာလွှမ်းမိုးမှုတွေ ကျဆင်းသွားပါပြီ...တစ်ချို့တစ်လေလောက်ပဲ သူ့ဘက်မှာနေခဲ့တယ်။

နောက်ဆုံးတော့အန်ဒါက သူ့ကိုဆေးရုံမပို့ရတဲ့ နည်းလမ်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

အန်ဒါလည်း သူ့ခုတင်ပေါ်က စားပွဲလေးရှေ့မှာထိုင်ရင်း နောက်ထပ် သူ့ကိုယ်ပိုင်လုံခြုံရေးsystemတစ်ခုကို ဖန်တီးနေပါတော့တယ်။

‌‌ခြောက်နှစ်သားကလေးက သူတို့ရဲ့ systemကိုချိုးဖောက်နိုင်ခဲ့တဲ့အတွက် ဒီ့ထပ်ပိုကောင်းတဲ့အရာကို ဖန်တီ‌းတော့မှာပဲ...

ဒါဟာသူတို့အတွက် သွယ်ဝိုက်တဲ့နည်းနဲ့ကစားရတဲ့ ဂိမ်းတစ်မျိုးသာဆိုရင် အန်ဒါကတော့ ဒီအပိုင်းမှာကျွမ်းကျင်တာပဲ....

"မင်းအဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ?" ရှန်က မနက်စာစားနေရင်းနဲ့ အန်ဒါ့ကိုမေးလိုက်တယ်။

အန်ဒါလည်း အံ့ဩသွားတယ်...သူ့အသုတ်ထဲက လူတစ်ယောက်က သူ့ဘေးမှာလာထိုင်တာ ဒါပထမဆုံးပဲလေ။

"ဘာကိုလဲ?" အန်ဒါလဲ မြန်မြန်ပြန်မေးလိုက်တယ်။

"ဘားနတ်ရဲ့ နာမည်ကိုသုံးပြီးတော့ မက်ဆေ့ခ်ျပို့တာလေ! အရမ်းမိုက်တယ်ကွာ! အခုဆိုသူ့ကို ဖင်လိုက်ကြည့်ကောင်လို့ခေါ်နေကြပြီကွ ဟီးဟီး"

"သနားစရာ ဘားနတ်" အန်ဒါကပြောလိုက်တယ်...ဆက်ပြီးတော့...

"သူကအရမ်းစပ်စပ်ထိမခံဖြစ်တာကိုး"

"လုပ်စမ်းပါအန်ဒါရဲ့ ! မင်းဘယ်လိုမျိုးsystemကိုဖျက်လိုက်တာလဲ?"

အန်ဒါက ပြုံးပြီးခေါင်းရမ်းပြလိုက်တယ်...ပြီးတော့...

"ငါ့ကိုအဲ့လိုလုပ်နိုင်လောက်တဲ့အထိဉာဏ်ကောင်းတယ်လို့ထင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ...ဒါပေမယ့် ငါမဟုတ်ပါဘူး...ငါကအဲ့ဟာကို ပထမဆုံးမြင်လိုက်ရုံလေးပါပဲ"

"ဟုတ်ပါပြီ...မင်းအကုန်ပြောပြဖို့လဲမလိုပါဘူး...ဘာပဲဖြစ်ဖြစ် အဲ့ဒါက တကယ်ကိုလန်းတာကွ!"

နောက်တော့သူ‌တို့တွေ ထမင်းကိုပဲသေချာစားကြတယ်...တအောင့်လောက်နေရော ရှန်က...

"ငါလမ်းလျှောက်ရင် ငါ့တင်ပါးကတကယ်ကြည့်ရဆိုးနေတာလား?"

"အရမ်းမဟုတ်ပါဘူး...ခြေလှမ်းကို အရမ်းအကျယ်ကြီး မလျှောက်နဲ့...အဲ့ဒါပါပဲ..."

ရှန်ကခေါင်းငြိမ့်ပြလိုက်တယ်...

"ဘယ်သူမှ ဒီလိုလိုက်မကြည့်ဘူး အဲ့ကောင်ဘားနတ်‌ တစ်ယောက်ပဲ!"

"သူကဝက်ကိုး!" ရှန်ကပြောလိုက်တယ်။

အန်ဒါကခေါင်းနည်းနည်းခါလိုက်ပြီးတော့

"တကယ်တော့ ဝက်တွေကအဲ့လောက်မဆိုးဘူးကွ"

"အေး‌နော်။ ငါပြောလိုက်တာ ဝက်တွေအတွက် မတရားသလိုဖြစ်သွားတယ်"

သူတို့အတူတူ ဟက်ဟက်ပက်ပက်ရီလိုက်ကြတယ်...

နောက်ကောင်လေးနှစ်ယောက်ကလဲ သူတို့နဲ့လာထိုင်တယ်...တကယ့်စစ်ပွဲက အခုမှစမှာ...။

.................................................................

နောက်အပိုင်းသစ်ကို သဘက်ခါကျရင် တင်ပေးပါမယ်နော်...အခုကစပြီး စာများများလေးရေးပြီး‌တင်ချင်လို့ပါ...rating အတွက်5stars လေးတွေပေးခဲ့ကြပါဦးနော်...❣️you can also buy a cup of coffee for me🙄🤗


rate now:

10 Reviews
  • reader Michaelharis 04.11.2019, 13:04 5

    Great writing

    reply

  • reader Bao Bao 04.11.2019, 10:56 5

    Mike dl

    reply

  • reader Khin Mg Htwe 04.11.2019, 08:23 5

    Good

    reply

  • reader Ur boyfri Swam 🙂 01.11.2019, 13:22 4.9

    Talented author

    reply

  • reader HsuHsu 01.11.2019, 07:36 5

    .

    reply

  • reader Wai lin ko 31.10.2019, 15:38 5

    ayan kg

    reply

  • reader Aye Lay 29.10.2019, 05:38 5

    .

    reply

  • reader Yoon Yoon 29.10.2019, 05:17 5

    Good

    reply

  • reader sawoolinn 29.10.2019, 04:16 5

    Good

    author Mira June 29.10.2019, 04:31

    Thank you nor🙄❣️

  • reader Min Khant Thu 28.10.2019, 15:00 5

    Good

    author Mira June 28.10.2019, 15:22

    Thank you so much 🤗❣️