book

Index 1

Ender

  • Author : Mira June
  • Genres : Adventure, Science
  • Original Author : Orson Scott Card

အပိုင်း-၁

အန်ဒါ

“ငါသူ့ရဲ့မျက်ဝန်းတွေကနေ အကဲဖြတ်နေခဲ့တာ…သူ့ပြောတဲ့စကားတွေကို နားထောင်ပြီးသူဘာတွေတေွးနေလဲ အမြဲခန့်မှန်းနေခဲ့တာ…ငါမင်းကိုပြောမယ်…

သူကငါရှာနေတဲ့လူပဲ…ငါလိုချင်တဲ့လူလိုပုံစံမဟုတ်ရင်တောင်မှကွာ…သူကအနီးစပ်ဆုံးပဲ…”

"ရှင်သူ့အစ်ကိုတုံးကလည်း ဒီလိုပြောခဲ့တာပါပဲ…”

“မဟုတ်ဘူး…သူကကွဲပြားတယ်…သူ့အစ်ကိုမှာအရည်အချင်းရှိတယ်ဆိုတာဟုတ်တယ်…ဒါပေမယ့်သူ့အရည်အချင်းကငါ့အတွက် ဘာမှသုံးလို့မရဘူး…ပြီးတော့သူက   ငါ့ရဲ့အရည်အချင်းစစ်စာမေးပွဲကိုလည်းအောင်တာမှမဟုတ်တာ…”

“သူ့အမလည်းအတူတူပါပဲ…ဒါပေမယ့်တစ်ခုတော့ရှိတယ်…သူကစိတ်ပျော့တယ်…အမြဲတမ်းကိုယ့်အတွက်ထက် သူများကိုဦးစားပေးတတ်တယ်…သူများအတွက် အရမ်းစဉ်းစားပေးတတ်တယ်…”

“သူ့ရန်သူအပေါ်ကိုတော့ဒီလိုမဟုတ်ပါဘူး

“အဲ့လိုပဲဆိုရင်ရော ရှင်ဘယ်လိုလုပ်မှာလဲ…အမြဲရန်သူတွေနဲ့ဝိုင်းထားတော့မှာလား
…အဲ့လိုပုံစံမျိုးနဲ့ပဲရှင်သူ့ကိုလေ့ကျင့်ပေးတော့မှာလား…”

“လုပ်သင့်ရင်တော့လုပ်ရမှာပေါ့ကွာ…”

“ရှင်ဒီကလေးကို သဘောကျတယ်လို့ပြောခဲ့ဖူးတဲ့အချိန်ကို ပြန်တွေးနေတာ…”

“တစ်ခြားလူ့ဂွစာတွေသာ ဒီကလေးကိုရခဲ့မယ်ဆိုရင် ငါ့ကိုသူ့ရဲ့ အချစ်ဆုံးဦးလေးနဲ့တူအောင်လုပ်လိမ့်မယ်…”

(note-အဲ့ဦးလေးကသူ့အပေါ်မကောင်းလို့ထင်တယ်)

“ဟုတ်ပါပြီ…ဘာပဲဖြစ်ဖြစ် ငါတို့က ကမ္ဘာကြီးကိုကယ်တင်နေကြတာပဲ…သူ့ကို

ရအောင်ခေါ်ကြတာပေါ့…”

…………………………………………………………………………………….

လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က ကမ္ဘာကြီးကို Formics လို့အမည်တွင်တဲ့ ဂြိုဟ်သားတွေ လာရောက်တိုက်ခိုက်ခဲ့ကြတယ်...ရဲစွမ်းသတိနဲ့ပြည့်စုံတဲ့ စစ်သူရဲကောင်းတွေနဲ့ ငါတို့ ကမ္ဘာရဲ့ကိုယ်စားပြု ကွန်မန်ဒါဟာ ကမ္ဘာ                                                                                          ပေါ်က သက်ရှိတွေ မျိုးသုန်းပျောက်ကွယ်မသွားအောင် ကမ္ဘာကြီးမပျက်သုန်းသွားအောင် အသက်စွန့်ကာကွယ်ပေးခဲ့ပေမယ့် အပြစ်မရှိတဲ့ သနားစရာ လူဆယ်သန်းကျော်တော့ သေဆုံးခဲ့တယ်…

အဲ့ဒီအချိန်ကစပြီး နိုင်ငံတကာမှအကြီးအကဲများဟာ ဤကမ္ဘာကြီးကို ကာကွယ်ဖို့လုပ်ငန်းအမျိုးမျိုးကို ဆောင်ရွက်ကြလေတော့တယ်…အဲ့ဒီထဲမှာ ကမ္ဘာပေါ်က ဉာဏ်အကောင်းဆုံးနဲ့ အထူးခြားဆုံးကလေးတွေကို တိုက်ပွဲအတွက် လေ့ကျင့်ပေးတာလဲပါတာပေါ့…

အာကာသဆိုင်ရာတိုက်ပွဲများဂိမ်းတွေကို ဆော့ကစားစေပြီး ငယ်စဉ်ကတည်းက အာကာသဆိုင်ရာတိုက်ပွဲတွေနဲ့ ရင်းနှီးစေခဲ့တယ်…သိပံ္ပနှင့် နည်းပညာများကို ကျွမ်းကျင်တတ်မြောက်စေခဲ့တယ်…

အားလုံးထက်ပိုပြီးထူးခြားနေတဲ့ကလေးတွေကို သူတို့ရဲ့ဇက်မှာ မော်နီတာလို့ခေါ်တဲ့ စက်အသေးလေးတွေကို တပ်ပေးထားတယ်…သူတို့ဘာတွေ လုပ်နေတယ်..ဘယ်လိုတွေတွေးတယ်…စတာတွေကိုလေ့လာဖို့အတွက်နဲ့ သူတို့ကို တစ်ခြားလူတွေဒုက္ခပေးတဲ့အခါ သိနိုင်အောင်ပေါ့…သာမာန်ဉာဏ်ကောင်းတဲ့ ကလေးတွေနဲ့တောင် မတူဘူးပဲဆိုပါတော့…သိပ်လည်းမလွတ်လပ်ဘူးလေ…

အဲ့လိုမော်နီတာတွေတပ်ပြီး လေ့လာနေရင်းနဲ့ ဒီကလေးက ကိုယ်ထင်သလောက်

မဟုတ်ဘူး…ကိုယ်လိုချင်တဲ့အရာတွေရှိမနေဘူးဆိုရင်…အဲ့ဒီစက်ကလေးတွေကို ပြန်ဖြုတ်လေ့ရှိြကတယ်…သာမာန်ကလေးပြန်ဖြစ်သွားတယ်ဆိုတဲ့သဘောပေါ့…

……………………………………………………………………………………

မော်နီတာစက်ကလေးတွေကို တပ်ပေး ဖြုတ်ပေးလေ့ရှိတဲ့မိန်းမကြီးက နူးညံ့ချိုသာစွာပြုံးပြတယ်…သူမဟာ အန်ဒရူးရဲ့ ဆံပင်လေးတွေကို ဖွရင်းနဲ့ပဲ ချော့မော့ပြီးပြောတယ်…

“မင်းဒီမော်နီတာကို တပ်ထားရင်း မနှစ်မြို့စရာအချိန်တွေကို ဖြတ်သန်းစရာမလိုတော့ဘူးနော်…မင်းအတွက် ဝမ်းသာစရာသတင်းပါပဲ…ငါအခုပဲ

ဒီဟာကိုမင်းကိုယ်ပေါ်ကနေဖြုတ်ပေးတော့မယ်…သိပ်မစိုးရိမ်နဲ့နော်…နည်းနည်း

လေးတောင် နာမှာမဟုတ်ဘူး…”

အန်ဒါခေါင်းလေးပဲငြိမ့်ပြလိုက်တယ်…လိမ်နေမှန်းသိပေမယ့်ပေါ့…တစ်ခါတစ်လေကျရင် အမှန်တရားကို သိရတာထက်တော့ စိတ်သက်သာရာရစေတယ်လေ…

“ဒီမှာခဏလာထိုင်ပါဦး…ခဏနေရင် မင်းကိုစစ်ဆေးစရာရှိတာတွေ စစ်ဆေးဖို့အတွက် ဆရာဝန်ရောက်လာလိမ့်မယ်…”

မော်နီတာမရှိတော့ဘူး…အန်ဒါက သူ့ဇက်ပေါ်မှာ စက်အသေးလေး

မရှိတော့တဲ့နေရာကို လိုက်စမ်းကြည့်နေမိတယ်…အခုဆို ငါအိပ်တိုင်းဇက်နားမှာ

ခုနေတော့မှာမဟုတ်ဘူးပဲ…အသားထဲကတစစ်စစ်ဖြစ်နေတော့မှာ မဟုတ်သလို ရေချိုးတိုင်းလဲ အပူရှိန်ဒဏ်တွေ ခံစားရမှာမဟုတ်တော့ဘူး…အဲ့ဒါတွေထက်…

ပီတာငါ့ကိုမုန်းတော့မှာမဟုတ်ဘူး…အိမ်ပြန်ရောက်တာနဲ့ သူ့ကိုပြရမယ်…ငါ့မှာလဲ

မော်နီတာမရှိတော့ဘူးဆိုပြီးတော့ပေါ့...အခုငါလည်း သူ့လို သာမာန်ကလေးပြန်ဖြစ်ပြီ...

ဒါသိပ်ဆိုးလှမှာမဟုတ်ဘူးလို့ မျှော်လင့်ရတာပါပဲ...ငါမော်နီတာတပ်ခဲ့ရတဲ့အချိန်က သူ့ထက်ပိုများနေတာကိုလည်း သူနားလည်ပေးနိုင်မယ် ထင်ပါရဲ့လေ....

ပီတာနဲ့ငါနဲ့က ရန်သူတွေလည်းမဟုတ် သူငယ်ချင်းတွေလည်းမဟုတ်ပါဘူး...

တစ်အိမ်တည်းမှာ အတူတူနေနေတဲ့ ညီအစ်ကိုတွေပါ...သူငါ့ကိုမမုန်းလောက်

ပါဘူးနော်...ဒီအတိုင်း ပစ်ထားရုံလောက်ပဲ လုပ်မှာပါနော်...အဲ့လိုဆိုလည်း သူနဲ့ကစားပေးရမယ့် အချိန်တွေမှာ ငါစာဖတ်လို့ရတာပဲ...မဆိုးပါဘူးလေ...

ဒါပေမယ့်အန်ဒါသိတာပေါ့...ပီတာဘယ်တော့မှသူ့ကိုအဲ့လိုပစ်ထားလိမ့်မှာမဟုတ်ဘူးဆိုတာ...တစ်ခုခုတော့ လုပ်ကိုလုပ်မှာပဲ...စိတ်အခြေအနေမကောင်းတဲ့အချိန်ဆို

ပိုဆိုးလောက်တယ်...ပြီးတော့ ပီတာ့ရဲ့အကြည့်ကို ကြည့်လိုက်တာနဲ့ ဘယ်လိုဖြစ်နေလဲဆိုတာကို အန်ဒါသိတယ်လေ...

အန်ဒါရေ...ငါစန္ဒရားလေ့ကျင့်နေလို့ စာရွက်တွေလာလှန်ပေးစမ်းပါဦး...အော်...

မော်နီတာနဲ့ကောင်လေးက သူ့အစ်ကိုကို မကူညီနိုင်ရှာဘူးပဲ...သိပ်ကိုအလုပ်များ

နေတယ်ပေါ့...အင်းလေ...ဉာဏ်အရမ်းကောင်းပြီး အရမ်းတော်နေတော့ ဒါမျိုးတွေ ဘယ်လုပ်ချင်မလဲ...လူဆိုးတွေကို သတ်တာတို့ အာကာသယာဉ်မှူးလုပ်တာတို့လောက်ပဲ လုပ်ချင်ရှာမှာပေါ့...ရတယ် ရတယ် ငါမင်းရဲ့အကူအညီ မလိုဘူး...ကိုယ့်ဟာကိုယ်လုပ်နိုင်တယ်...မိမစစ်ဖမစစ်လေး...

တတိယမြောက်လေး....

……………………………………………………………………………………...


rate now:

10 Reviews
  • reader Nay Yee Lin 13.11.2019, 15:51 5

    အရမ်းကြိုက်တယ်ရှင့်👀❣️

    reply

  • reader Than Htike zaw 11.11.2019, 16:24 5

    Good good mite tl

    reply

  • reader Michaelharis 04.11.2019, 12:59 5

    It's good

    reply

  • reader Bao Bao 04.11.2019, 10:52 5

    Good good good

    reply

  • reader Khin Mg Htwe 04.11.2019, 07:31 4.9

    Good

    reply

  • reader Wai lin ko 31.10.2019, 15:33 5

    support u 😉

    author Mira June 03.11.2019, 09:13

    Thank you so much pr nor🙄❤️

  • reader Htet Aung 31.10.2019, 05:02 4.8

    Gg

    author Mira June 03.11.2019, 09:13

    Thank you pr🙄❤️

  • reader HsuHsu 29.10.2019, 06:07 5

    .

    author Mira June 03.11.2019, 09:13

    🙄❤️

  • reader Aye Lay 29.10.2019, 05:35 4.8

    good writing

    author Mira June 03.11.2019, 09:14

    Thank you pr🙄❤️

  • reader Yoon Yoon 29.10.2019, 05:13 4.9

    ကောင်းတယ်

    author Mira June 03.11.2019, 09:14

    Thank you pr nor🙄❤️