book

Index 8

အပိုင်း ၂၅

  • Author : KaungWaiYan
  • Genres : Adventure, Action
  • Original Author : Xin Xing Xiao Yao (心星逍遥)


နာကျင်မှုကိုအံကြိတ်ခံရင်း ဂျင်ချန်ကိုခြေထောက်ဖြင့်လှမ်းကန်လိုက်ကာ သူ့ကျန်လက်တစ်ဖက်ကိုရုန်းထွက်လိုက်သည်။ သူ့လက်တစ်ဖက်ကကျိုးသွားပြီဖြစ်ပေမယ့် ကျန်တစ်ဖက်ကတော့ အခြေအနေမဆိုးလှသေး…. 

သူကား လက်တစ်ဖက်ကျိုးနေတာတောင်မှ ပြန်လည်တိုက်ခိုက်နိုင်သေးသည်။ အခုအခြေအနေကဆိုးရွားနေပေမယ့် ကံကောင်းတာက ကဒီယန်မှာအတွေ့အကြုံတွေများသည်။ ထို့ကြောင့် အခြေအနေကို မည်သို့ထိန်းချုပ်သင့်သည်ကို သူသိသည်။


အရှိန်ပြင်းသည့်ခြေကန်ချက်နှင့် လှုပ်ရှုားလာသည့်လက်ကို ဂျင်ချန့်မျက်လုံးထဲမြင်လိုက်သည်မို့ သူတိုက်ရိုက်ပြန်မတိုက်နိုင်သည်ကိုသိလိုက်သည်။ ထို့ကြောင့် မတတ်သာစွာဖြင့် ကဒီယန့်လက်ကိုလွှတ်ပေးလိုက်ပြီး Profound ခြေလှမ်းကိုသုံးကာ ရှေုာင်ထွက်လိုက်သည်။ ကဒီယန့်ကန်ချက်တွေမှလွတ်ရန် ကိုယ်ကိုတစ်ပတ်လည်ကာ ဆုတ်ရင်းရှေုာင်တိမ်းသည်။ တစ်ပြိုင်နက်တည်းမှာပဲ သူ့သူတော်စင်စွမ်းအားတွေကိုစုကာ ကဒီယန့်ကျောကိုရိုက်ချရန်ချိန်ထားလိုက်သည်။


ဂျင်ချန်ဘေးကိုရှေုာင်ထွက်သွားတာနဲ့ ကဒီယန့်သတိထားနေနေရကား သူ့ကျောမှစွမ်းအားကိုခံစားမိသည်နှင့် အနည်းငယ်တောင်တုံ့ဆိုင်းမနေဘဲ ချက်ချင်းရှေုာင်တိမ်းလိုက်သည်။ သူရှေုာင်လိုက်ပေမယ့် ထိတ်လန့်စိတ်ကရှိနေဆဲ။ သူ့ကျောမှဖိအားကအလွတ်ပေးခြင်းမရှိ၇ာ ကဒီယန့်စိုးရိမ်သွားရသည်။


“ဘုန်း”


ကဒီယန့်အတွက် ဂျင်ချန့်ရဲ့လက်နှစ်ဖက်အပြည့်စွမ်းအားတွေကိုရှေုာင်ဖို့ရာ မလျင်လိုက်နိုင်လေဘူး။ ထို့ကြောင့် သူ့ကျောကိုရိုက်ချမိရာက  အသံအကျယ်ကြီးထွက်လာလေတယ်။ ဤသည်က ကဒီယန့်ကိုရှေု့သို့နှစ်လှမ်းလောက် အရှိန်ဖြင့်ရောက်သွားစေတယ်။ သူကား သန်မာသည့်သူတော်စင်ဖြစ်ရကား ချက်ချင်းသူ့ကိုယ်သူစစ်ဆေးလိုက်တယ်။ သူ့မျက်နှာကဖြူဖျော့နေခဲ့ပြီးဖြစ်သလို ဂျင်ချန်ကနဂိုကထိခိုက်ထားသည့်နေရာကိုသာ ထပ်ရိုက်တာဖြစ်တဲ့အပြင် ဂျင်ချန့်စွမ်းအားက သူတော်စင်အဆင့်ကိုးအထွတ်အထိပ်အနေအထားမှာလည်းရှိနေသေးတယ်။ သူကသူတော်စင်တစ်ယောက်ဖြစ်နေပေမယ့် စွမ်းအားလည်းပိုမြင့်ပေမယ့် သူကား ဒဏ်ရာရထားပြီးသားဖြစ်တော့ သူပြင်းပြင်းထန်ထန်ထပ်မံထိခိုက်သွားရပြန်တယ်။ ကဒီယန့်သူ့ကိုယ်တွင်းချီတွေကို ခန္ဓာကိုယ်ကိုလှည့်လည်ကာ ကုသလိုက်သည်။ သူ့ခန္ဓာအစိတ်အပိုင်းကလီစာတွေမှာ သေလုအောင်နာကျင်နေပြီဖြစ်သည်။ 


ကဒီယန်သူ့ကိုယ်သူစစိဆေးနေဆဲမှာ ဂျင်ချန်ဟာသူ့ဘေးကိုရောက်လာပြန်ကာ သူ့ရင်ဘတ်ကိုညာဘက်လက်ဖြင့်တစ်ကြိမ်ထက်မနည်းတိုက်ခိုက်လာပြန်တယ်။ ဂျင်ချန့်လက်သီးအရှိန်ဟာ ငှက်မွှေးကဲ့သို့ပေါ့ပါးကာမြန်ဆန်လှပေမယ့် သက်ရောက်မှုကတော့ပြင်း၏။ အစောပိုင်းကဂျင်ချန်ကိုပြောထားကြသူတွေမှာ ဤသည်ကိုမြင်ပြီးပါးစပ်အဟောင်းသားဖြစ်နေလေတယ်။ 


ကဒီယန်ဂျင်ချန့်ကိုလှည့်ကြည့်လိုက်ရာတွင် သူ့အကြည့်တွေထဲ ဒေါသတွေတရှိန်ထိုးပြည့်နေလေသည်။ သူ့လိုသန်မာတဲ့သူတော်စင်တစ်ယောက်က သူ့ထက်များစွာအဆင့်နိမ့်တဲ့ဂျင်ချန်လိုလူဆီက အရိုက်ခံရသည်မှာ အတော်ကိုခံပြင်းဖို့ကောင်းသည်။ ဂျင်ချန်က သူမျှော်မှန်းထားသည်ထက် များစွာအစွမ်းထက်နေသည်လား… သို့ဆိုလျှင်ရော ဘာအရေးလဲ… သူကား သူတော်စင်တစ်ယောက်ဖြစ်နေပြီလေ။


“ယား…..”


ကဒီယန်ဒေါသအပြည့်ဖြင့်ကြုံးဝါးကာ သူ့လက်ထဲမှာသူတော်စင်စွမ်းအင်တွေကို စုစည်းလိုက်လေတယ်။ ကြီးမားလှတဲ့သူတော်စင်စွမ်းအင်အလုံးကြီးဟာ ဂျင်ချန့်ရင်ဘတ်ကိုဦတည်နေလေတယ်။ ဂျင်ချန်ကပေါ့ပါးတဲ့လက်သီးကိုသုံးမယ်ဆိုရင် သူကလည်းစွမ်းအားအပြည့်ပါတဲ့ လက်သီးနဲ့ဘာလို့ရင်မဆိုင်ရမှာလဲ။


အခြေအနေတွေကတော့ အမြင့်ဆုံးကိုရောက်လို့လာပြီ။ နှစ်ယောက်လုံးရဲ့လက်သီးတွေထိပ်တိုက်တွေ့ရမည့်အစားဂျင်ချန်က ကဒီယန့်ရင်ဘတ်ကိုသာဦးတည်လိုက်လေတယ်။ ကဒီယန့်လက်သီးကလည်းဂျင်ချန့်အင်္ကျီကိုအပေါက်အကျယ်ကြီးဖြစ်သည်အထိ ပြဲသွားစေလောက်အောင် ပြင်းထန်သည့်အသံနှင့်အတူတိုက်ခိုက်မိသွားလေတယ်။ ပြဲသွားသည့်အင်္ကျီအောက်မှာတော့ မိန်းမပျိုလေးတွေစိတ်ကူးယဉ်လောက်သည့် တောင့်တင်းသည့်ခန္ဓာဟာပေါ်ထွက်လာလေတယ်။ သို့သော်ငြားလည်း ထိုခန္ဓာလှလှမှာ ကဒီယန့်၏လက်သီးကြောင့် ညိုမဲစွဲသည့်ဒဏ်ရာကြီးဖြစ်သွားရသည်။


“ဘုန်း…ဘုန်း..ဘုန်း”


ကဒီယန့်တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ဂျင်ချန်မှာ နာကျင်မှုကြောင့်ရှုံ့တွနေလေတယ်။ သူတော်စင်တစ်ယောက်ရဲ့စွမ်းအားကိုတောင့်ခံဖို့ သူ့ခန္ဓာကမဖြစ်နိုင်လေဘူး။ ခက်ခက်ခဲခဲရှေုာင်တိမ်းလိုက်ပေမယ့် အတော်တော့ထိခိုက်မိသွားရသည်။ သို့ပေမယ့် ဂျင်ချန်ကတော့ပြသနာရှိသည်ဟု မထင်ပေ။ စင်စစ် ကဒီယန်က သူတော်စင်တစ်ယောက်မှန်းသူသိပြီးသားပဲလေ။


ဂျင်ချန်ကသူတော်စင်အဆင့်၈ပဲရှိသေးပေမယ့် သူငယ်ငယ်လေးကတည်းက Azuletဓားသိုင်းကိုကျင့်ထားခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်တွင်းမှ အစိတ်အပိုင်းတွေမှာ ပုံမျန်ထက်အဆများစွာသန်မာနေခဲ့သည်။ သို့ပေမယ့် အပြင်ပန်းကကြည့်မည်ဆိုလျှင်တော့ သူကအတော်အားနည်းပုံပေါက်လိမ့်မည်။ ထို့ကြောင့်ဂျင်ချန်ပြင်းပြင်းထန်ထန်ဒဏ်ရာရမသွားခဲ့ သို့သော်ငြား သူတော်စင်တစ်ယောက်၏စွမ်းအားတွေက သူ့ခန္ဓာကိုယ်အပြင်ပိုင်းကိုတော့ ညိုမဲစွဲသွားစေနိုင်သေးသည်ပေ။ 


အခြားတစ်ဖက်မှာလည်း ကဒီယန်ကနဂိုနေရာမှာပဲရပ်နေဆဲ။ သို့ရာတွင် သူ့မျက်နှာမှာတော့ အံ့အားသင့်နေဟန်ပေါ်တယ်။ သူနဂိုခံစားနေရတဲ့နာကျင်မှုတွေအပြင် နောက်ထပ်အသစ်သစ်သောနာကျင်မှုတွေက စတင်ထွက်ပေါ်လာနေတယ်။


ဂျင်ချန်ရဲ့ငှက်မွှေးကဲ့သို့ပေါ့ပါးသည့်လက်သီးက သူ့ဗိုက်ကိုထိုးမိသွားခဲ့တယ်။ ထိုနေရာမှတဆစ်ဆစ်နဲ့အီစိမ့်နေအောင်ကို ထူးထူးဆန်းဆန်းကြီးနာကျင်လာနေတယ်။ ထူးဆန်းတဲ့အားလှိုင်းတွေကလည်း သူ့ခန္ဓာအတွင်းမှာ မငြိမ်မသက်ဖြစ်ကာလှုပ်ရှုားနေပြီး မကြာခင်ပေါက်ကွဲထွက်တော့မယောင်ဖြစ်နေလေပြန်တယ်။ ဆိုးရွားလှတဲ့နာကျင်မှုတွေကြောင့် ကဒီယန်ရူးသွားတော့မည်ထင်သည်။


ကဒီယန့်မျက်နှာမဲမှောင်ကာ သူ့စွမ်းအားတွေကိုသုံးပြီးကာကွယ်ထားလိုက်တယ်။ သူဟာ ဂျင်ချန်ထက်စွမ်းအားများပေမယ့် ဒဏ်ရာကားရသွားခဲ့ပြီးပြီ။ အရမ်းကြီးမပြင်းထန်ပေမယ့် အီစိမ့်နေအောင်နာကျင်နေမှုကြောင့် ဆက်လက်တိုက်ခိုက်ဖို့ရာအတွက် သူ့အတွက်ဖိအားတွေဖြစ်နေလေပြီ။ 


ကဒီယန် ဂျင်ချန့်ကိုမယုံကြည်နိုင်စွာကြည့်နေမိတယ်။ သူထင်ထားခဲ့သည်က ပြိုင်ဘက်ကိုအခုလိုအသာစီးရယူနိုင်ဖို့က သူ့လိုသူတော်စင်သာလုပ်နိုင်မည်ပေါ့။ ဂျင်ချန့်လိုသူတော်စင်အဆင့်၈ကိုမဆိုထားနဲ့ အဆင့်၁၀အထွတ်အထိပ်ကိုတောင်မှ အပြတ်အသတ်နိုင်ခဲ့သေးတဲ့ဟာ… ဒါကသူလက်နက်မသုံးတာနဲ့မဆိုင်ဘူး… သူ့ကိုယ်ပိုင်ခွန်အားကိုက ဂျင်ချန်ထက်အများကြီးသာနေခဲ့ပြီးသား။ 


ထိုအချိန်တွင် ဂျင်ချန်နှင့်သဘောတူထားခဲ့သည်ကို ကဒီယန်သတိရလိုက်သည်။ သို့သော်ငြား ပြန်ပြင်ဖို့နောက်ကျသွားပြီ။ သူသာသူတော်စင်လက်နက်သုံးခဲ့မယ်ဆိုလျှင် ဂျင်ချန်ကိုအသာလေးနိုင်နိုင်သည်။ သူကားလျှာရှည်ကာ မသုံးဟုကတိပေးခဲ့မိသည်။ ယခုမှပြန်ပြင်ကာ လက်နက်ထုတ်သုံး၍လည်းမရတော့။ သူကတိတည်မှဖြစ်မည်။ မဟုတ်လျှင် သူ့ဂုဏ်သိက္ခာကားသုံးရတော့မည်မဟုတ်တော့။ ကြည့်ရှုနေသူတွေဟာလည်းအများကြီးရှိသည်။ ဒါ့အပြင် သူက ကဒီကလန်ရဲ့လက်ရွေးစင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့်သူ့ဂုဏ်သိက္ခာကပိုအရေးကြီးသည်။


ကဒီယန်အသင့်ပြင်မည်ပြင်လိုက်ချိန်တွင် ဂျင်ချန်ကလက်နှစ်ဖက်လုံးအားအပြည့်ထည့်ကာတိုက်ခိုက်လာနှင့်ပြီ။ မခန့်မှန်းနိုင်လောက်အောင် ပုံသေမဟုတ်တဲ့တိုက်ကွက်တွေဟာ ဂျင်ချန့်ဆီမှလျင်လျင်မြန်မြန်ထွက်ပေါ်လာနေသည်။ ကဒီယန့်မျက်လုံးထဲမှာတော့ မီးသီးတွေလင်းလိုက်မှိတ်လိုက်ဖြစ်နေသည်ကို မြင်နေရသလိုပင်။


ကဒီယန် ဂျင်ချန့်တိုက်ခိုက်မှုတွေကို အနီးကပ်တားဆီးနေရသည်။ သူ့လက်တစ်ဖက်ကကျိုးနေတာမို့ အခြားတစ်ဖက်တည်းကိုသာ သုံးနိုင်လေသည်။ သူ့ရဲ့သူတော်စင်စွမ်းအားတွေကြောင့်သာ တားဆီးနိုင်နေခြင်းကို သူလည်းသိသည်။ အခုအချိန်တွင် သူဂျင်ချန့်ကို အထင်မသေးရဲတော့ဘဲ သူနှင့်တန်းတူစွမ်းအားမြင့်သည့်ပြိုင်ဘက်ဟုသာမြင်နေလေသည်။ 


တိုက်ခိုက်နေကြသည့်လူနှစ်ယောက်မှာ တဖြေးဖြေးမြန်ဆန်လာနေတယ်။ တိုက်ပွဲဟာ ပြင်းထန်သထက်ပြင်းထန်လာတယ်။ နှစ်ယောက်လုံးဟာ သေကွင်းသေကွက်ကိုချည်း တိုက်ခိုက်ခံနေရတာမို့ အသည်းအသန်ကိုသတိထားကာရှောင်တိမ်းနေရသည်။ 


ဂျင်ချန်က ပိုသန်မာလာပြီးတော့ ကဒီယန်ကတော့ ခုခံဖို့ခက်သထက်ခက်လာနေတယ်။ သူ့အနေနဲ့ ဂျင်ချန်ရဲ့ လက်သီးတွေကိုတဖျက်ဖျက်နဲ့သာ မြင်နေရပြီမို့ သူ့အကြားအာရုံကိုသာ အားထားပြီးရှောင်ရှားနေရလေတယ်။ 


နောက်ဆုံးမှာတော့ ကဒီယန်သတိတစ်ချက်လွတ်သွားရာ သူ့ပခုံးကိုဂျင်ချန်၏အားပါသည့်ရိုက်ချက်ထိသွားသည်။ ကဒီယန့်လှုပ်ရှုားမှုတွေခဏတာ နှေးကွေးသွားချိန်တွင် ဂျင်ချန်ကတုံ့ဆိုင်းမနေဘဲ သူ့လက်ကျန်အားအင်တွေစုစည်းကာ ကဒီယန့်ရင်ဘတ်ကို အသားကုန်ရိုက်ချလိုက်သည်။ နောက်အဆက်မပြတ်ဆိုသလို တဘုန်းဘုန်းဖြင့် ကဒီယန့်ကိုရှောင်ရှားချိန်မရအောင် နေရာပေါင်းစုံမှရိုက်နှက်လေတော့တယ်။


အတော်ဒဏ်ရာရထားသည့်ကဒီယန့်ပခုံးကိုလည်း ထပ်ခါထပ်ခါရိုက်နှက်သည်။ ဆက်တိုက်ဖြစ်တဲ့ရိုက်နှက်မှုတွေကို ကဒီယန့်သူတော်စင်စွမ်းအားတွေနှင့်တောင် မရှောင်ရှားနိုင်တော့။ ကဒီယန် သွေးတစ်ပွက်အန်ထုတ်လိုက်ရပေပြီ။


ကဒီယန်ကစင်ထောင့်နားရောက်နေသည်ကို သတိထားမိသောဂျင်ချန့်မျက်နှာတွင် လူယုတ်မာအပြုံးပေါ်လာခဲ့သည်။ သူအချိန်ဆွဲမနေဘဲ အတော်ဆိုးဆိုးရွားရွားကိုညိုမဲစွဲကာရောင်ကိုင်းနေပြီဖြစ်တဲ့ ကဒီယန့်ပခုံးကို နောက်တစ်ကြိမ်အားပါပါဖြင့် ရိုက်လိုက်သည်။ ယခုလက်သီးသည် ယခင့်တွေထက်များစွာပြင်းလေရာ ကဒီယန်စင်အောက်သို့ ပုံပျက်ပန်းပျက်ပြုတ်ကျသွားတော့သည်။


ဂျင်ချန်ကတော့ ပြိုင်ပွဲစင်မြင့်ပေါ်မတ်မတ်ရပ်နေကာ အသက်ကိုပြင်းပြင်းရှူနေလေသည်။ သူအတော်ကိုပင်ပန်းသွားရပြီ။ သူ့မှာအားအင်တွေနည်းနည်းလေးတောင်မကျန်တော့ဘူး။ ကဒီယန်သာသတိမလွတ်သွားဘူးဆိုလျှင် စင်အောက်မှာလဲနေ၇မည့်သူက သူဖြစ်လိမ့်မည်။


ပြိုင်ပွဲကွင်းပြင်ကြီးတစ်ခုလု့း အပ်ကျသံပင်မကြားရအောင်ကို တိတ်ဆိတ်နေသည်။ လူအားလုံးမှာ အံ့သြတုန်လှုပ်ဟန်တွေနှင့်သာရှိနေသည်။ သူတော်စင်အဆင့်၈မှာရှိတဲ့သူက ဘယ်လိုဖြစ်ပြီးသူတော်စင်တစ်ယောက်ကိုနိုင်သွားရတာလဲ။  ဒါဘယ်လိုမှမဖြစ်နိုင်တာကြီး… ဒီလိုဖြစ်မယ်လို့ဘယ်သူကတွေးမိခဲ့မှာလဲ…


“အကိုကြီး…”


အသံတစ်ခုကဖောက်ထွက်လာသည်နှင့် ကျွတ်ကျွတ်ညံစေလောက်အောင် ကျယ်လောင်သည့်ငြင်းခုန်သံတွေဟာ နောက်မှလိုက်ပါလာသည်။ ကဒီမောင်နှမနှစ်ယောက်ဟာ လဲကျနေသည့်ကဒီယန်ဆီအပြေးသွားကာ ထွေးပွေ့ထားလိုက်ကြသည်။


ပရိတ်သတ်တွေထံမှလည်း မျိုးစုံသောထင်မြင်ချက်တွေနှင့် ဆူညံနေလေတယ်။


“ဘုရားရေ။ ငါအိပ်မက်မက်နေတာမဟုတ်ဘူးလား… အဆင့်၈ကလူက ဘယ်လိုလုပ်သူတော်စင်ကိုနိုင်သွားတာလဲ။ အဆင့်၁၀အထွတ်အထိပ်သမားတောင် မနိုင်ခဲ့ဘူးလေ”


“ချင်းယန်ရှင်းတန်က အဆင့်၈ရောဟုတ်ရဲ့လားကွာ။ “


“ချင်းယန် ရှင်းတန်ရဲ့ခွန်အားတွေက သူတော်စင်အဆင့်၈လို့ပြောဖို့ခက်တယ်။ ကဒီယန်ကသူတော်စင်လက်နက်မသုံးခဲ့ပေမယ့် ချင်းယန်ရှင်းတန်ထက် အများကြီးသာတာပဲလေ။”


“ကြည့်ရတာ ချင်းယန် ရှင်းတန်က မသမာတဲ့နည်းလမ်းတွေများ သုံးလိုက်သလားပဲ”


အမျိုးမျိုးသော မှတ်ချက်တွေကို ဂျင်ချန်မည်သို့မှမတုံ့ပြန်ဘဲ စင်အောက်သို့ဆင်းကာ ချင်းယန်ဟူဆီသွားလိုက်သည်။


ချင်းယန်ဟူ၏ အလွန်အမင်းအံ့အားသင့်နေတဲ့အကြည့်ကိုမြင်တော့ ဂျင်ချန်ပြုံးလိုက်သည်။ 


“အကိုကြီး ဒီညီငယ်လေးက စိတ်မပျက်စေဘူးမဟုတ်လား။ ကျွန်တော်နိုင်တယ်”


ချင်းယန်ဟူအားရပါးရရယ်ကာ ဂျင်ချန့်ကိုသိုင်းဖက်သည်။

“ညီလေးက တကယ့်ကိုအံ့အားသင့်စရာကောင်းတယ်ကွာ။ သူတော်စင်တစ်ယောက်ကို ရိုက်နှက်နိုင်ခဲ့တယ်။ မင်းအကိုကြီးက မင်းကိုတအားလေးစားသွားပြီ”


ဂျင်ချန်လည်း ချင်းယန်ဟူကိုပြန်ဖက်လိုက်ရင်း သူကျေနပ်စွာပြုံးလိုက်နိုင်ပြီဖြစ်သည်။


“အကိုကြီး ဒီမှာစကားပြောလို့မကောင်းဘူး။ ဒီကအရင်သွားရအောင်”


------


နာက်င္မႈကိုအံႀကိတ္ခံရင္း ဂ်င္ခ်န္ကိုေျခေထာက္ျဖင့္လွမ္းကန္လိုက္ကာ သူ႕က်န္လက္တစ္ဖက္ကို႐ုန္းထြက္လိုက္သည္။ သူ႕လက္တစ္ဖက္ကက်ိဳးသြားၿပီျဖစ္ေပမယ့္ က်န္တစ္ဖက္ကေတာ့ အေျခအေနမဆိုးလွေသး…. 


သူကား လက္တစ္ဖက္က်ိဳးေနတာေတာင္မွ ျပန္လည္တိုက္ခိုက္နိုင္ေသးသည္။ အခုအေျခအေနကဆိုး႐ြားေနေပမယ့္ ကံေကာင္းတာက ကဒီယန္မွာအေတြ႕အႀကဳံေတြမ်ားသည္။ ထို႔ေၾကာင့္ အေျခအေနကို မည္သို႔ထိန္းခ်ဳပ္သင့္သည္ကို သူသိသည္။



အရွိန္ျပင္းသည့္ေျခကန္ခ်က္ႏွင့္ လႈပ္ရႈားလာသည့္လက္ကို ဂ်င္ခ်န့္မ်က္လုံးထဲျမင္လိုက္သည္မို႔ သူတိုက္ရိုက္ျပန္မတိုက္နိုင္သည္ကိုသိလိုက္သည္။ ထို႔ေၾကာင့္ မတတ္သာစြာျဖင့္ ကဒီယန့္လက္ကိုလႊတ္ေပးလိုက္ၿပီး Profound ေျခလွမ္းကိုသုံးကာ ေရႈာင္ထြက္လိုက္သည္။ ကဒီယန့္ကန္ခ်က္ေတြမွလြတ္ရန္ ကိုယ္ကိုတစ္ပတ္လည္ကာ ဆုတ္ရင္းေရႈာင္တိမ္းသည္။ တစ္ၿပိဳင္နက္တည္းမွာပဲ သူ႕သူေတာ္စင္စြမ္းအားေတြကိုစုကာ ကဒီယန့္ေက်ာကိုရိုက္ခ်ရန္ခ်ိန္ထားလိုက္သည္။



ဂ်င္ခ်န္ေဘးကိုေရႈာင္ထြက္သြားတာနဲ႕ ကဒီယန့္သတိထားေနေနရကား သူ႕ေက်ာမွစြမ္းအားကိုခံစားမိသည္ႏွင့္ အနည္းငယ္ေတာင္တုံ႕ဆိုင္းမေနဘဲ ခ်က္ခ်င္းေရႈာင္တိမ္းလိုက္သည္။ သူေရႈာင္လိုက္ေပမယ့္ ထိတ္လန့္စိတ္ကရွိေနဆဲ။ သူ႕ေက်ာမွဖိအားကအလြတ္ေပးျခင္းမရွိ၇ာ ကဒီယန့္စိုးရိမ္သြားရသည္။



“ဘုန္း”



ကဒီယန့္အတြက္ ဂ်င္ခ်န့္ရဲ႕လက္ႏွစ္ဖက္အျပည့္စြမ္းအားေတြကိုေရႈာင္ဖို႔ရာ မလ်င္လိုက္နိုင္ေလဘူး။ ထို႔ေၾကာင့္ သူ႕ေက်ာကိုရိုက္ခ်မိရာက  အသံအက်ယ္ႀကီးထြက္လာေလတယ္။ ဤသည္က ကဒီယန့္ကိုေရႈ႕သို႔ႏွစ္လွမ္းေလာက္ အရွိန္ျဖင့္ေရာက္သြားေစတယ္။ သူကား သန္မာသည့္သူေတာ္စင္ျဖစ္ရကား ခ်က္ခ်င္းသူ႕ကိုယ္သူစစ္ေဆးလိုက္တယ္။ သူ႕မ်က္ႏွာကျဖဴေဖ်ာ့ေနခဲ့ၿပီးျဖစ္သလို ဂ်င္ခ်န္ကနဂိုကထိခိုက္ထားသည့္ေနရာကိုသာ ထပ္ရိုက္တာျဖစ္တဲ့အျပင္ ဂ်င္ခ်န့္စြမ္းအားက သူေတာ္စင္အဆင့္ကိုးအထြတ္အထိပ္အေနအထားမွာလည္းရွိေနေသးတယ္။ သူကသူေတာ္စင္တစ္ေယာက္ျဖစ္ေနေပမယ့္ စြမ္းအားလည္းပိုျမင့္ေပမယ့္ သူကား ဒဏ္ရာရထားၿပီးသားျဖစ္ေတာ့ သူျပင္းျပင္းထန္ထန္ထပ္မံထိခိုက္သြားရျပန္တယ္။ ကဒီယန့္သူ႕ကိုယ္တြင္းခ်ီေတြကို ခႏၶာကိုယ္ကိုလွည့္လည္ကာ ကုသလိုက္သည္။ သူ႕ခႏၶာအစိတ္အပိုင္းကလီစာေတြမွာ ေသလုေအာင္နာက်င္ေနၿပီျဖစ္သည္။ 



ကဒီယန္သူ႕ကိုယ္သူစစိေဆးေနဆဲမွာ ဂ်င္ခ်န္ဟာသူ႕ေဘးကိုေရာက္လာျပန္ကာ သူ႕ရင္ဘတ္ကိုညာဘက္လက္ျဖင့္တစ္ႀကိမ္ထက္မနည္းတိုက္ခိုက္လာျပန္တယ္။ ဂ်င္ခ်န့္လက္သီးအရွိန္ဟာ ငွက္ေမႊးကဲ့သို႔ေပါ့ပါးကာျမန္ဆန္လွေပမယ့္ သက္ေရာက္မႈကေတာ့ျပင္း၏။ အေစာပိုင္းကဂ်င္ခ်န္ကိုေျပာထားၾကသူေတြမွာ ဤသည္ကိုျမင္ၿပီးပါးစပ္အေဟာင္းသားျဖစ္ေနေလတယ္။ 



ကဒီယန္ဂ်င္ခ်န့္ကိုလွည့္ၾကည့္လိုက္ရာတြင္ သူ႕အၾကည့္ေတြထဲ ေဒါသေတြတရွိန္ထိုးျပည့္ေနေလသည္။ သူ႕လိုသန္မာတဲ့သူေတာ္စင္တစ္ေယာက္က သူ႕ထက္မ်ားစြာအဆင့္နိမ့္တဲ့ဂ်င္ခ်န္လိုလူဆီက အရိုက္ခံရသည္မွာ အေတာ္ကိုခံျပင္းဖို႔ေကာင္းသည္။ ဂ်င္ခ်န္က သူေမွ်ာ္မွန္းထားသည္ထက္ မ်ားစြာအစြမ္းထက္ေနသည္လား… သို႔ဆိုလွ်င္ေရာ ဘာအေရးလဲ… သူကား သူေတာ္စင္တစ္ေယာက္ျဖစ္ေနၿပီေလ။



“ယား…..”



ကဒီယန္ေဒါသအျပည့္ျဖင့္ႀကဳံးဝါးကာ သူ႕လက္ထဲမွာသူေတာ္စင္စြမ္းအင္ေတြကို စုစည္းလိုက္ေလတယ္။ ႀကီးမားလွတဲ့သူေတာ္စင္စြမ္းအင္အလုံးႀကီးဟာ ဂ်င္ခ်န့္ရင္ဘတ္ကိုဦတည္ေနေလတယ္။ ဂ်င္ခ်န္ကေပါ့ပါးတဲ့လက္သီးကိုသုံးမယ္ဆိုရင္ သူကလည္းစြမ္းအားအျပည့္ပါတဲ့ လက္သီးနဲ႕ဘာလို႔ရင္မဆိုင္ရမွာလဲ။



အေျခအေနေတြကေတာ့ အျမင့္ဆုံးကိုေရာက္လို႔လာၿပီ။ ႏွစ္ေယာက္လုံးရဲ႕လက္သီးေတြထိပ္တိုက္ေတြ႕ရမည့္အစားဂ်င္ခ်န္က ကဒီယန့္ရင္ဘတ္ကိုသာဦးတည္လိုက္ေလတယ္။ ကဒီယန့္လက္သီးကလည္းဂ်င္ခ်န့္အကၤ်ီကိုအေပါက္အက်ယ္ႀကီးျဖစ္သည္အထိ ၿပဲသြားေစေလာက္ေအာင္ ျပင္းထန္သည့္အသံႏွင့္အတူတိုက္ခိုက္မိသြားေလတယ္။ ၿပဲသြားသည့္အကၤ်ီေအာက္မွာေတာ့ မိန္းမပ်ိဳေလးေတြစိတ္ကူးယဥ္ေလာက္သည့္ ေတာင့္တင္းသည့္ခႏၶာဟာေပၚထြက္လာေလတယ္။ သို႔ေသာ္ျငားလည္း ထိုခႏၶာလွလွမွာ ကဒီယန့္၏လက္သီးေၾကာင့္ ညိုမဲစြဲသည့္ဒဏ္ရာႀကီးျဖစ္သြားရသည္။



“ဘုန္း…ဘုန္း..ဘုန္း”



ကဒီယန့္တိုက္ခိုက္မႈကိုခံလိုက္ရတဲ့ဂ်င္ခ်န္မွာ နာက်င္မႈေၾကာင့္ရႈံ႕တြေနေလတယ္။ သူေတာ္စင္တစ္ေယာက္ရဲ႕စြမ္းအားကိုေတာင့္ခံဖို႔ သူ႕ခႏၶာကမျဖစ္နိုင္ေလဘူး။ ခက္ခက္ခဲခဲေရႈာင္တိမ္းလိုက္ေပမယ့္ အေတာ္ေတာ့ထိခိုက္မိသြားရသည္။ သို႔ေပမယ့္ ဂ်င္ခ်န္ကေတာ့ျပသနာရွိသည္ဟု မထင္ေပ။ စင္စစ္ ကဒီယန္က သူေတာ္စင္တစ္ေယာက္မွန္းသူသိၿပီးသားပဲေလ။



ဂ်င္ခ်န္ကသူေတာ္စင္အဆင့္၈ပဲရွိေသးေပမယ့္ သူငယ္ငယ္ေလးကတည္းက Azuletဓားသိုင္းကိုက်င့္ထားခဲ့သည္။ ထို႔ေၾကာင့္ သူ႕ခႏၶာကိုယ္တြင္းမွ အစိတ္အပိုင္းေတြမွာ ပုံမ်န္ထက္အဆမ်ားစြာသန္မာေနခဲ့သည္။ သို႔ေပမယ့္ အျပင္ပန္းကၾကည့္မည္ဆိုလွ်င္ေတာ့ သူကအေတာ္အားနည္းပုံေပါက္လိမ့္မည္။ ထို႔ေၾကာင့္ဂ်င္ခ်န္ျပင္းျပင္းထန္ထန္ဒဏ္ရာရမသြားခဲ့ သို႔ေသာ္ျငား သူေတာ္စင္တစ္ေယာက္၏စြမ္းအားေတြက သူ႕ခႏၶာကိုယ္အျပင္ပိုင္းကိုေတာ့ ညိုမဲစြဲသြားေစနိုင္ေသးသည္ေပ။ 



အျခားတစ္ဖက္မွာလည္း ကဒီယန္ကနဂိုေနရာမွာပဲရပ္ေနဆဲ။ သို႔ရာတြင္ သူ႕မ်က္ႏွာမွာေတာ့ အံ့အားသင့္ေနဟန္ေပၚတယ္။ သူနဂိုခံစားေနရတဲ့နာက်င္မႈေတြအျပင္ ေနာက္ထပ္အသစ္သစ္ေသာနာက်င္မႈေတြက စတင္ထြက္ေပၚလာေနတယ္။



ဂ်င္ခ်န္ရဲ႕ငွက္ေမႊးကဲ့သို႔ေပါ့ပါးသည့္လက္သီးက သူ႕ဗိုက္ကိုထိုးမိသြားခဲ့တယ္။ ထိုေနရာမွတဆစ္ဆစ္နဲ႕အီစိမ့္ေနေအာင္ကို ထူးထူးဆန္းဆန္းႀကီးနာက်င္လာေနတယ္။ ထူးဆန္းတဲ့အားလွိုင္းေတြကလည္း သူ႕ခႏၶာအတြင္းမွာ မၿငိမ္မသက္ျဖစ္ကာလႈပ္ရႈားေနၿပီး မၾကာခင္ေပါက္ကြဲထြက္ေတာ့မေယာင္ျဖစ္ေနေလျပန္တယ္။ ဆိုး႐ြားလွတဲ့နာက်င္မႈေတြေၾကာင့္ ကဒီယန္႐ူးသြားေတာ့မည္ထင္သည္။



ကဒီယန့္မ်က္ႏွာမဲေမွာင္ကာ သူ႕စြမ္းအားေတြကိုသုံးၿပီးကာကြယ္ထားလိုက္တယ္။ သူဟာ ဂ်င္ခ်န္ထက္စြမ္းအားမ်ားေပမယ့္ ဒဏ္ရာကားရသြားခဲ့ၿပီးၿပီ။ အရမ္းႀကီးမျပင္းထန္ေပမယ့္ အီစိမ့္ေနေအာင္နာက်င္ေနမႈေၾကာင့္ ဆက္လက္တိုက္ခိုက္ဖို႔ရာအတြက္ သူ႕အတြက္ဖိအားေတြျဖစ္ေနေလၿပီ။ 



ကဒီယန္ ဂ်င္ခ်န့္ကိုမယုံၾကည္နိုင္စြာၾကည့္ေနမိတယ္။ သူထင္ထားခဲ့သည္က ၿပိဳင္ဘက္ကိုအခုလိုအသာစီးရယူနိုင္ဖို႔က သူ႕လိုသူေတာ္စင္သာလုပ္နိုင္မည္ေပါ့။ ဂ်င္ခ်န့္လိုသူေတာ္စင္အဆင့္၈ကိုမဆိုထားနဲ႕ အဆင့္၁၀အထြတ္အထိပ္ကိုေတာင္မွ အျပတ္အသတ္နိုင္ခဲ့ေသးတဲ့ဟာ… ဒါကသူလက္နက္မသုံးတာနဲ႕မဆိုင္ဘူး… သူ႕ကိုယ္ပိုင္ခြန္အားကိုက ဂ်င္ခ်န္ထက္အမ်ားႀကီးသာေနခဲ့ၿပီးသား။ 



ထိုအခ်ိန္တြင္ ဂ်င္ခ်န္ႏွင့္သေဘာတူထားခဲ့သည္ကို ကဒီယန္သတိရလိုက္သည္။ သို႔ေသာ္ျငား ျပန္ျပင္ဖို႔ေနာက္က်သြားၿပီ။ သူသာသူေတာ္စင္လက္နက္သုံးခဲ့မယ္ဆိုလွ်င္ ဂ်င္ခ်န္ကိုအသာေလးနိုင္နိုင္သည္။ သူကားလွ်ာရွည္ကာ မသုံးဟုကတိေပးခဲ့မိသည္။ ယခုမွျပန္ျပင္ကာ လက္နက္ထုတ္သုံး၍လည္းမရေတာ့။ သူကတိတည္မွျဖစ္မည္။ မဟုတ္လွ်င္ သူ႕ဂုဏ္သိကၡာကားသုံးရေတာ့မည္မဟုတ္ေတာ့။ ၾကည့္ရႈေနသူေတြဟာလည္းအမ်ားႀကီးရွိသည္။ ဒါ့အျပင္ သူက ကဒီကလန္ရဲ႕လက္ေ႐ြးစင္တစ္ေယာက္ျဖစ္သည္။ ထို႔ေၾကာင့္သူ႕ဂုဏ္သိကၡာကပိုအေရးႀကီးသည္။



ကဒီယန္အသင့္ျပင္မည္ျပင္လိုက္ခ်ိန္တြင္ ဂ်င္ခ်န္ကလက္ႏွစ္ဖက္လုံးအားအျပည့္ထည့္ကာတိုက္ခိုက္လာႏွင့္ၿပီ။ မခန့္မွန္းနိုင္ေလာက္ေအာင္ ပုံေသမဟုတ္တဲ့တိုက္ကြက္ေတြဟာ ဂ်င္ခ်န့္ဆီမွလ်င္လ်င္ျမန္ျမန္ထြက္ေပၚလာေနသည္။ ကဒီယန့္မ်က္လုံးထဲမွာေတာ့ မီးသီးေတြလင္းလိုက္မွိတ္လိုက္ျဖစ္ေနသည္ကို ျမင္ေနရသလိုပင္။



ကဒီယန္ ဂ်င္ခ်န့္တိုက္ခိုက္မႈေတြကို အနီးကပ္တားဆီးေနရသည္။ သူ႕လက္တစ္ဖက္ကက်ိဳးေနတာမို႔ အျခားတစ္ဖက္တည္းကိုသာ သုံးနိုင္ေလသည္။ သူ႕ရဲ႕သူေတာ္စင္စြမ္းအားေတြေၾကာင့္သာ တားဆီးနိုင္ေနျခင္းကို သူလည္းသိသည္။ အခုအခ်ိန္တြင္ သူဂ်င္ခ်န့္ကို အထင္မေသးရဲေတာ့ဘဲ သူႏွင့္တန္းတူစြမ္းအားျမင့္သည့္ၿပိဳင္ဘက္ဟုသာျမင္ေနေလသည္။ 



တိုက္ခိုက္ေနၾကသည့္လူႏွစ္ေယာက္မွာ တေျဖးေျဖးျမန္ဆန္လာေနတယ္။ တိုက္ပြဲဟာ ျပင္းထန္သထက္ျပင္းထန္လာတယ္။ ႏွစ္ေယာက္လုံးဟာ ေသကြင္းေသကြက္ကိုခ်ည္း တိုက္ခိုက္ခံေနရတာမို႔ အသည္းအသန္ကိုသတိထားကာေရွာင္တိမ္းေနရသည္။ 



ဂ်င္ခ်န္က ပိုသန္မာလာၿပီးေတာ့ ကဒီယန္ကေတာ့ ခုခံဖို႔ခက္သထက္ခက္လာေနတယ္။ သူ႕အေနနဲ႕ ဂ်င္ခ်န္ရဲ႕ လက္သီးေတြကိုတဖ်က္ဖ်က္နဲ႕သာ ျမင္ေနရၿပီမို႔ သူ႕အၾကားအာ႐ုံကိုသာ အားထားၿပီးေရွာင္ရွားေနရေလတယ္။ 



ေနာက္ဆုံးမွာေတာ့ ကဒီယန္သတိတစ္ခ်က္လြတ္သြားရာ သူ႕ပခုံးကိုဂ်င္ခ်န္၏အားပါသည့္ရိုက္ခ်က္ထိသြားသည္။ ကဒီယန့္လႈပ္ရႈားမႈေတြခဏတာ ေႏွးေကြးသြားခ်ိန္တြင္ ဂ်င္ခ်န္ကတုံ႕ဆိုင္းမေနဘဲ သူ႕လက္က်န္အားအင္ေတြစုစည္းကာ ကဒီယန့္ရင္ဘတ္ကို အသားကုန္ရိုက္ခ်လိဳက္သည္။ ေနာက္အဆက္မျပတ္ဆိုသလို တဘုန္းဘုန္းျဖင့္ ကဒီယန့္ကိုေရွာင္ရွားခ်ိန္မရေအာင္ ေနရာေပါင္းစုံမွရိုက္ႏွက္ေလေတာ့တယ္။



အေတာ္ဒဏ္ရာရထားသည့္ကဒီယန့္ပခုံးကိုလည္း ထပ္ခါထပ္ခါရိုက္ႏွက္သည္။ ဆက္တိုက္ျဖစ္တဲ့ရိုက္ႏွက္မႈေတြကို ကဒီယန့္သူေတာ္စင္စြမ္းအားေတြႏွင့္ေတာင္ မေရွာင္ရွားနိုင္ေတာ့။ ကဒီယန္ ေသြးတစ္ပြက္အန္ထုတ္လိုက္ရေပၿပီ။



ကဒီယန္ကစင္ေထာင့္နားေရာက္ေနသည္ကို သတိထားမိေသာဂ်င္ခ်န့္မ်က္ႏွာတြင္ လူယုတ္မာအၿပဳံးေပၚလာခဲ့သည္။ သူအခ်ိန္ဆြဲမေနဘဲ အေတာ္ဆိုးဆိုး႐ြား႐ြားကိုညိုမဲစြဲကာေရာင္ကိုင္းေနၿပီျဖစ္တဲ့ ကဒီယန့္ပခုံးကို ေနာက္တစ္ႀကိမ္အားပါပါျဖင့္ ရိုက္လိုက္သည္။ ယခုလက္သီးသည္ ယခင့္ေတြထက္မ်ားစြာျပင္းေလရာ ကဒီယန္စင္ေအာက္သို႔ ပုံပ်က္ပန္းပ်က္ျပဳတ္က်သြားေတာ့သည္။



ဂ်င္ခ်န္ကေတာ့ ၿပိဳင္ပြဲစင္ျမင့္ေပၚမတ္မတ္ရပ္ေနကာ အသက္ကိုျပင္းျပင္းရႉေနေလသည္။ သူအေတာ္ကိုပင္ပန္းသြားရၿပီ။ သူ႕မွာအားအင္ေတြနည္းနည္းေလးေတာင္မက်န္ေတာ့ဘူး။ ကဒီယန္သာသတိမလြတ္သြားဘူးဆိုလွ်င္ စင္ေအာက္မွာလဲေန၇မည့္သူက သူျဖစ္လိမ့္မည္။



ၿပိဳင္ပြဲကြင္းျပင္ႀကီးတစ္ခုလု႔း အပ္က်သံပင္မၾကားရေအာင္ကို တိတ္ဆိတ္ေနသည္။ လူအားလုံးမွာ အံ့ၾသတုန္လႈပ္ဟန္ေတြႏွင့္သာရွိေနသည္။ သူေတာ္စင္အဆင့္၈မွာရွိတဲ့သူက ဘယ္လိုျဖစ္ၿပီးသူေတာ္စင္တစ္ေယာက္ကိုနိုင္သြားရတာလဲ။  ဒါဘယ္လိုမွမျဖစ္နိုင္တာႀကီး… ဒီလိုျဖစ္မယ္လို႔ဘယ္သူကေတြးမိခဲ့မွာလဲ…



“အကိုႀကီး…”



အသံတစ္ခုကေဖာက္ထြက္လာသည္ႏွင့္ ကြၽတ္ကြၽတ္ညံေစေလာက္ေအာင္ က်ယ္ေလာင္သည့္ျငင္းခုန္သံေတြဟာ ေနာက္မွလိုက္ပါလာသည္။ ကဒီေမာင္ႏွမႏွစ္ေယာက္ဟာ လဲက်ေနသည့္ကဒီယန္ဆီအေျပးသြားကာ ေထြးေပြ႕ထားလိုက္ၾကသည္။



ပရိတ္သတ္ေတြထံမွလည္း မ်ိဳးစုံေသာထင္ျမင္ခ်က္ေတြႏွင့္ ဆူညံေနေလတယ္။



“ဘုရားေရ။ ငါအိပ္မက္မက္ေနတာမဟုတ္ဘူးလား… အဆင့္၈ကလူက ဘယ္လိုလုပ္သူေတာ္စင္ကိုနိုင္သြားတာလဲ။ အဆင့္၁၀အထြတ္အထိပ္သမားေတာင္ မနိုင္ခဲ့ဘူးေလ”



“ခ်င္းယန္ရွင္းတန္က အဆင့္၈ေရာဟုတ္ရဲ႕လားကြာ။ “



“ခ်င္းယန္ ရွင္းတန္ရဲ႕ခြန္အားေတြက သူေတာ္စင္အဆင့္၈လို႔ေျပာဖို႔ခက္တယ္။ ကဒီယန္ကသူေတာ္စင္လက္နက္မသုံးခဲ့ေပမယ့္ ခ်င္းယန္ရွင္းတန္ထက္ အမ်ားႀကီးသာတာပဲေလ။”



“ၾကည့္ရတာ ခ်င္းယန္ ရွင္းတန္က မသမာတဲ့နည္းလမ္းေတြမ်ား သုံးလိုက္သလားပဲ”



အမ်ိဳးမ်ိဳးေသာ မွတ္ခ်က္ေတြကို ဂ်င္ခ်န္မည္သို႔မွမတုံ႕ျပန္ဘဲ စင္ေအာက္သို႔ဆင္းကာ ခ်င္းယန္ဟူဆီသြားလိုက္သည္။



ခ်င္းယန္ဟူ၏ အလြန္အမင္းအံ့အားသင့္ေနတဲ့အၾကည့္ကိုျမင္ေတာ့ ဂ်င္ခ်န္ၿပဳံးလိုက္သည္။ 



“အကိုႀကီး ဒီညီငယ္ေလးက စိတ္မပ်က္ေစဘူးမဟုတ္လား။ ကြၽန္ေတာ္နိုင္တယ္”



ခ်င္းယန္ဟူအားရပါးရရယ္ကာ ဂ်င္ခ်န့္ကိုသိုင္းဖက္သည္။


“ညီေလးက တကယ့္ကိုအံ့အားသင့္စရာေကာင္းတယ္ကြာ။ သူေတာ္စင္တစ္ေယာက္ကို ရိုက္ႏွက္နိုင္ခဲ့တယ္။ မင္းအကိုႀကီးက မင္းကိုတအားေလးစားသြားၿပီ”



ဂ်င္ခ်န္လည္း ခ်င္းယန္ဟူကိုျပန္ဖက္လိုက္ရင္း သူေက်နပ္စြာၿပဳံးလိုက္နိုင္ၿပီျဖစ္သည္။



“အကိုႀကီး ဒီမွာစကားေျပာလို႔မေကာင္းဘူး။ ဒီကအရင္သြားရေအာင္”



------




rate now:

1 Reviews
  • reader Pann Khatt Waii 13.12.2019, 12:16 5

    reply