ဓားကိုလက်၌ကိုင်ထားရင်း ချင်းယန်ဟူ၏ သတ္တိတွေက သူ့ကိုတွန်းအားဖြစ်နေစေတယ်။ သူ့ပြိုင်ဘက်က သူတော်စင်လက်နက်သွန်းလုပ်နိုင်နေတဲ့ သူတော်စင်တစ်ယောက်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ သူကလည်း အရမ်းအားမနည်းလှပါဘူး။
“ချင်းယန်ဟူ မင်းရဲ့သာမန်ဓားလေးက ငါ့ကိုယှဉ်နိုင်မယ်ထင်နေတာလား။ ဆုတောင်းနေလိုက်။ အခု သူတော်စင်တစ်ယောက်ရဲ့စွမ်းအားကို မင်းသိအောင်ငါပြမယ်။”
ရွှေရောင်ဓားကြီးကိုလက်နှစ်ဖက်ဖြင့်သယ်ကာ ချင်းယန်ဟူအား လျင်မြန်စွာ ခုတ်ပိုင်းလိုက်သည်။ ဓားကသိပ်မလေးလှသည်မို့ အားဖြင့်လွှဲလိုက်နိုင်သည်။။ ဓားဟာ မျက်တောင်တစ်ခတ်အတွင်းမှာ ချင်းယန်ဟူထံ တိုး၀င်သွားသည်။
ကဒီယန်၏သူတော်စင်လက်နက်ကိုသာ ချင်းယန်ဟူအာရုံစိုက်နေခဲ့သည်မို့ သူ့ကိုမထိခင်မှာ လျင်မြန်စွာရှောင်လိုက်နိုင်သည်။ဓားဟာ သူ့ဘေးမှကပ်ဖြတ်သွားပြီး အ၀တ်အစားတွေကိုသာထိသွားခဲ့သည်။
သူတော်စင်ဖြစ်သွားပြီးတဲ့နောက်မှာ ကဒီယန်ကယခင်ကထက် သိသိသာသာခွန်အားတွေ တိုးလာခဲ့တယ်။ ချင်းယန်ဟူ သူ့ကိုယှဉ်နိုင်ဖို့ရာ မဖြစ်နိုင်လေဘူး။ အခုပထမအချက်မှာတင် ဘယ်လောက်အန္တရာယ်များမှန်း ချင်းယန်ဟူ သိလိုက်ရပြီ။
“ဟ”
ကဒီယန်ခဏလေးတောင် တုံ့ဆိုင်းမနေဘဲ နောက်တစ်ကြိမ်သူ့ဓားကို ဝေ့ယမ်းလိုက်ပြန်သည်။ တိုက်ခိုက်မှုက ချင်းယန်ဟူနှင့် အတော်နီးကပ်လာနေပြီ။ ချင်းယန်ဟူ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ချီစွမ်းအင်တွေဖြင့် ကာကွယ်ထားလိုက်သည်။ ကဒီယန်ကလည်း သူ့ရွှေရောင်ဓားဖြင့် ချင်းယန်ဟူကိုခုတ်ပိုင်းပြန်သည်။
ထိုရွှေရောင်ဓားဟာ မည်မျှသန်မာသည်ကိုတွေ့မြင်ပြီးတဲ့ ချင်းယန်ဟူမှာ ကူကယ်ရာမဲ့စွာဖြင့် သူ့ရဲ့ဓားဖြင့်သာ ခုခံလိုက်ရတော့သည်။ ချင်းယန်ဟူ မျှော်လင့်ထားသည်ထက် သူတော်စင်လက်နက်ကများစွာမြန်နေသည်။ သူနည်းနည်းလေးသာနှေးသွားခဲ့မယ်ဆိုလျှင် သူ့ခေါင်းပြတ်သွားလောက်ပေပြီ။ နောက်ဓားချက်အဝေ့ကို သူမခုခံနိုင်တော့ဘဲ အမြန်ရှောင်ပြေးလိုက်ရသည်။
“ဘုန်း…”
ချင်းယန်ဟူ ခုန်ရှောင်ပြီးတဲ့နောက် ရွှေရောင်ဓားဟာ ယခင်သူရပ်ခဲ့သည့်နေရာပေါ် ခုတ်ပိုင်းမိသွား၏။ ပြင်းထန်သည့်စွမ်းအားးတွေကြောင့် ထိုနေရာတွင် နက်ရှိုင်းသည့်အက်ကွဲရာကြီး ဖြစ်သွားခဲ့ကာ အရပ်လေးမျက်နှာသို့ပါ အနည်းငယ်အက်သွားစေသည်။
ကဒီယန်သူ့ဓားကို အရှိန်ထိန်းလိုက်ချိန်တွင် ချင်းယန်ဟူ သူ့ဓားဖြင့် ကဒီယန်ကိုလွှဲချလိုက်သည်။
“ဟမ့်”
ကဒီယန်နှာခေါင်းရှုံ့ကာ အထင်းသေးစွာဖြင့် လက်တွေဝေ့ယမ်းလိုက်သည်။ သူတော်စင်လက်နက်မှ အလင်းရောင်တွေဖြာထွက်လာကာ ချင်းယန်ဟူ၏ဓားနှင့် ရင်ဆိုင်လိုက်သည်။
ဓားနှစ်ချောင်းထိတွေ့မိ၇ာမှ ချင်းယန်ဟူ၏ဓားမှာ အက်ကွဲသံအကျယ်ကြီးထွက်လာကာ လက်ထဲမှလွတ်ထွက်သွားရသည်မှာ သူမခုခံနိုင်တော့သဖြင့်သာ။ ချင်းယန်ဟူ၏ပါးစပ်မှ သွေးတွေထွက်လာတာကိုကြည့်ခြင်းအားဖြင့် ဓားမှဆိုးကျိုးကအတော်များမှန်းသိနိုင်သည်။
ချက်ချင်းပဲ ကဒီယန် ချင်းယန်ဟူ့ရင်ဘတ်ကို အားဖြင့်ကန်ကာ တဖန်တက်နင်းလိုက်ပြန်သည်။ သူ့ခွန်အားတွေဟာ သန်မာတဲ့ချင်းယန်ဟူလိုလူကိုတောင် လွင့်ထွက်ကာ စင်ပေါ်သို့ပြန်မကျမှီ လေထဲ၌အတန်ကြာနေလိုက်ရစေသည်။
ချင်းယန်ဟူအန်လိုက်ရပြီး သူ့မျက်နှာကတော့ အံ့သြသင့်ကာ ဖြူဖျော့နေလေတယ်။
“အကိုကြီး။ “
ဂျင်ချန်အော်ဟစ်လိုက်သည် ။သူ့အမူအယာကလည်းပြောင်းလဲလို့နေပြီ။ ချင်းယန်ဟူပြုတ်ကျလာမည့်နေရာကို ဂျင်ချန်အပြေးသွားရန် လေထဲတွင်ခုန်လိုက်သည်။ ချင်းယန်ဟူမြေပြင်ပေါ်ပြုတ်မကျခင် ဂျင်ချန်လှမ်းဖမ်းပွေ့လိုက်နိုင်သည်။
“အ “
မြေပေါ်ရောက်တော့ ချင်းယန်ဟူ သွေးအန်လိုက်ရပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။ သူတော်စင်တစ်ယောက်ရဲ့စွမ်းအားကို ချင်းယန်ဟူလို သူတော်စင်အထွတ်အထိပ်အဆင့်ကတောင်မှ မယှဉ်နိုင်ခဲ့ဘူး။ သူအခု အတွင်းဒဏ်ရာတွေတော်တော်ရထားပြီ။
“အကိုကြီး။ ဒဏ်ရာတွေက အတော်ပြင်းထန်လား”
ဂျင်ချန် ချင်းယန်ဟူကို သူ့ကိုယ်သူဒောသဖြစ်ဖြစ်နှင့်စိုးရိမ်စွာမေးလိုက်သည်။
စင်မြင့်ပေါ်မှာ ဝံ့ကြွားစွာရပ်နေသည့်ကဒီယန်အား ချင်းယန်ဟူမုန်းတီးစွာကြည့်ရင်း ခေါင်းခါပြလိုက်သည်။
“ငါအဆင်ပြေပါတယ်။ ဒီကောင် သူတော်စင်ဖြစ်နေပြီမှန်း ငါမထင်ထားလိုက်မိဘူး။ အခုအတိုင်းဆို မင်းအကိုကြီးက ဒီကောင်နဲ့ဆက်မပြိုင်နိုင်တော့ဘူး။ “
ချင်းယန်ဟူဒေါသထွက်နေပေမယ့် မတတ်နိုင်တော့ပေ။
“ကျွန်တော်တောင်းပန်ပါတယ် အကိုကြီး။ ကျွန်တော်ကြောင့် ဒီလိုဖြစ်ရတာပါ”
များပြားလှတဲ့ဒဏ်ရာတွေကြောင့် ဖြူဖျော့နေတဲ့ ချင်းယန်ဟူကိုကြည့်ပြိး ဂျင်ချန်အတော်၀မ်းနည်းပြီးခံစားသွားရတယ်။
ဂျင်ချန့်စကားကိုကြားတော့ ချင်းယန်ဟူ မျက်မှောင်ကျုံ့ကာ ဒေါသထွက်စွာပြောသည်။
“ညီငယ်လေး။ မင်းဘာစကားပြောလိုက်တာလဲ။ ငါ့ကိုမင်းအကိုမှန်းရော သတိ၇သေးရဲ့လား”
သူ့မျက်နှာမှာ စိတ်ပျက်မှုတွေ၊အားမလိုအားမရဖြစ်မှုတွေနှင့် သက်ပြင်းချရင်းပြောလာသည်။
“ဒါပေမယ့် မင်းအကိုကြီးက အသုံးမကျပါဘူး။ အခုအချိန်ထိ ငါသူတော်စင်အဆင့်ကို မေ၇ာက်သေးဘူး။ ဒါကြောင့်မို့ ကဒီယန်ကမျက်လုံးထဲတောင် မထည့်ခဲ့တာပဲ။’
ချင်းယန်ဟူရဲ့စကားတွေဟာ ဂျင်ချန့်ကိုအတော်ခံစားသွားရစေသည်။ ကဒီယန်ကိုတစ်ချက်လှည့်ကြည့်လိုက်တဲ့အခိုက်မှာ သူ့မျက်လုံးထဲ အေးစက်မှုတွေစက္ကန့်ပိုင်းလောက် ဖြတ်သန်းသွားသည်။ ခွဲခြားပြလို့မ၇နိုင်တဲ့ အထင်သေးမှုတွေဟာ သူ့အကြည့်ထဲပါနေခဲ့တယ်။ သို့ပေမယ့် သူချက်ချင်ခံစားချက်မဲ့စွာပြောလိုက်တယ်။
“အကိုကြီး ခဏလောက်နားနေပါဦး။ ဒီညီလေးက လက်တုံ့ပြန်ပေးမယ်။ “
ထိုသို့ပြောပြီးသည်နှင့် ဂျင်ချန် ပြိုင်ပွဲစင်မြင့်ကိုဦးတည်လိုက်သည်။
ချင်းယန်ဟူ့အမူအယာချက်ချင်းပြောင်းသွားကာ ခေါင်းတွင်တွင်ခါရင်း ဂျင်ချန့်ကိုလှမ်းဆွဲသည်။
“လုံး၀ မလုပ်ရဘူး။ ညီငယ်လေး မင်းကသူ့ပြိုင်ဘက်မဟုတ်ဘူးကွ”
ဂျင်ချန် ချင်းယန်ဟူအား တောင်းပန်သလိုပြုံးပြလိုက်ပြီးပြောလိုက်တယ်။
“အကိုကြီး။ ကျွန်တော့်ကို ယုံပါ”
သူ့မျက်နှာဟာ အေးစက်နေကာ ချင်းယန်ဟူရဲ့လက်တွေကိုဖယ်လိုက်ပြီး စင်မြင့်ပေါ်တက်လိုက်သည်။
“ဘုရားသခင်။ ဒီကောင် ဘာလုပ်မလို့လဲ”
“သူ ကဒီယန်နဲ့ပြိုင်မလို့တဲ့လား။ ဘု၇ားရေ…. ဒီကောင်ရူးသွားပြီလား”
“သူက အခုမှ သူတော်စင်အဆင့်၈ပဲရှိသေးတာလေ။ သူတော်စင်တစ်ယောက်ကို ယှဉ်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”
ဂျင်ချန် စင်မြင့်ပေါ်ခြေချလိုက်သည်နှင့် ပရိတ်သတ်ထဲကလူတွေဟာ ကဒီယန်ကမင်း၇ဲ့ပြိုင်ဘက် မဟုတ်ဘူးလို့ အော်ဟစ်သတိပေးချင်စိတ်တွေပေါက်လာကြတယ်။
“… တကယ်ကိုအသုံးမကျတဲ့ ဦးနှောက်ပဲ။ သူတော်စင်တစ်ယောက်ကို သူတော်စင်အဆင့်၁၀ကလူတောင် မနိုင်ဘူးဆိုတာ မင်းမတွေ့ခဲ့ဘူးလား။ ဒါတောင် ဘယ်လိုစိတ်နဲ့တက်လာရဲသေးတာလဲ”
စာကြည့်တိုက်မှာ ဂျင်ချန့်ဘေးထိုင်ခဲ့တဲ့ ကောင်မလေးဟာ ဂျင်ချန်စင်ပေါ်တက်သွားသည်ကို စိုးရိမ်စွာကြည့်နေလေတယ်။
ဂျင်ချန်စင်ပေါ်ရောက်သည်အထိ ကဒီယန်ကမင်သေသေနဲ့ပဲကြည့်နေလေတယ်။ ပြီးမှ ခပ်ညစ်ညစ်ရယ်ကာ ဆွလေတယ်။
“ဘာဖြစ်တာလဲ။ ချင်းယန် ရှင်းတန် မင်းငါ့ကိုနိုင်မယ်ထင်တယ်ပေါ့”
ကဒီယန် ဘယ်တုန်းကမှ ဂျင်ချန်ကိုပြိုင်ဘက်တစ်ယောက်လို့ မထင်ခဲ့ဖူးဘူး။ သူကအခု အားကြီးတဲ့ သူတော်စင်တစ်ယောက်ဖြစ်နေတော့ ပိုဆိုးသည်။
ဂျင်ချန် အေးစက်စက်သာ ပြန်ဖြေတယ်။
“ဘာလဲ ငါပြိုင်လို့မရဘူးလား”
ခဏကြက်သေသေပြီးနောက် ကဒီယန်ယုတ်မာသည့်အတွေးဖြင့် ရယ်လိုက်သည်။
“ဒါပေါ့။ ရတာပေါ့”
အခုက ဂျင်ချန့်ကိုရက်ရက်စက်စက် ပြန်အနိုင်ယူရမယ့်အချိန်ပဲ။ လူသစ်ပြိုင်ပွဲနေ့က ဒီကောင်က သူ့ညီမကို ဆိုးဆိုးရွားရွားအရှက်ခွဲခဲ့တယ်။ အခု သူ့အလှည့်ပဲ။
ကဒီလျှံရော ကဒီယန်ရောအတွက် ကဒီကွင်က အရမ်းချစ်ရတဲ့ညီမလေးပဲ။ ကဒီကွင်ကြောင့်ပဲ သူတို့တွေဂျင်ချန်ကို ကြည့်မရဖြစ်ခဲ့ရတယ်။
ဂျင်ချန် တစ်လှမ်းချင်းတက်သွားကာ ချင်းယန်ဟူ့ဓားကို ကောက်လိုက်တယ်။ သူ့လက်ထဲကဓားအလေးချိန်ကြောင့် ဂျင်ချန်မျက်မှောင်ကျုံ့လိုက်သည်။ ဓားတစ်ချောင်းက ပေါင်၁၀၀ထက်ပိုမလေးသင့်ဘူး။ အခုဒီဓားက ပေါင်၁၀၀မပြည့်ပေမယ့် ထိုနီးပါးရှိ တယ်။သူတော်စင်အဆင့်၈မဟုတ်ရင်တောင်မှ ဒီဓားကိုအသုံးပြုဖို့သိပ်မလွယ်ဘူး။
သူ့အရင်ဘ၀မှာဆို ဂျင်ချန်ဓားကိုကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တယ်။ အထူးသဖြင့် …. ဘလိတ်ဓားပေါ့ ။ ဒီလိုဓားမျိုးကိုတော့ သူနာမည်ကြီးဖို့အတွက် ဓားရေးပြဖို့ကိုသာ သုံးဖြစ်လိမ့်မယ်။ သို့ပေမယ့် ဓားတစ်ချောင်းကို လက်နှစ်ဖက်နဲ့ကိုင်ပြီး တိုက်ခိုက်ဖို့ကတော့ မဟုတ်သေးဘူး။ အရမ်းလေးလွန်းတဲ့အတွက် သူ့ခွန်အားတွေအတော်ကုန်လိမ့်မယ်။ ရှက်ဖို့ကောင်းတာက အနားမှာ အခြားဓားလည်းမရှိတော့ဘူး။
ခဏလောက်တွေဝေနေပြီးတဲ့နောက် ဂျင်ချန် ဒီဓားကြီးကိုပစ်ချလိုက်ပြီး လက်ဗလာနဲ့တိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ အနည်းဆုံးတော့ သူ့မှာ လျင်မြန်မှုတွေ၊ခွန်အားတွေရှိပါသေးတယ်။
စင်မြင့်အလယ်ကိုလျှောက်သွားလိုက်ကာ ဂျင်ချန် ကဒီယန်ကို မင်သေသေဖြင့်ကြည့်ကာ သူ့လက်သီးတွေကိုဆုပ်ရင်း အသင့်အနေအထားပြင်ထားလိုက်သည်။
“မင်းအရင်စ။ ငါမင်းကို လက်ဗလာနဲ့ ခုခံမယ်”
ကဒီယန် မျက်ခုံးတွေကျုံ့လိုက်သည်။ ဂျင်ချန် သူ့ကိုအထင်မကြီးမှန်း သိပ်သိသာနေတယ်။ လက်ဗလာနဲ့တောင် တိုက်ရဲသည်တဲ့။ သူတော်စင်အဆင့်၈က လူတစ်ယောက်က လက်နက်သွန်းလုပ်နိုင်နေပြီဖြစ်တဲ့ သူတော်စင်တစ်ယောက်ကို လက်ဗလာနဲ့တိုက်တယ်ဆိုတာ သူတော်စင်တွေကို ရှုံ့ချလိုက်သလိုပဲ။
ဂျင်ချန်ကို အထင်သေးစွာကြည့်ရင်း ပြောလိုက်သည်။
“ချင်းယန် ရှင်းတန်…. မင်းအတော် မောက်မာတာပဲ”
ကဒီယန့်လက်ထဲက ရွှေရောင်ဓားပျောက်ကွယ်သွားလေတယ်။
“ငါ မင်းကိုအနိုင်ကျင့်တယ်လို့ မပြောနဲ့။ လာစမ်း….. ငါက လက်နက်မပါလည်း မင်းလောက်တော့အေးဆေးပဲ”
ဒီစကားကြားတော့ ဂျင်ချန် နတ်ဆိုးဆန်ဆန်ပြုံးသည်။ ဘာစကားတစ်ခွန်းမှ ပြန်မပြောဘဲ ကဒီယန့်ဆီအရှိန် နှင့်ပြေးသွားလိုက်သည်။ သူ့လက်သီးတွေထဲမှာ သူတော်စင်အဆင့်၈စွမ်းအားတွေက ထင်းထွက်နေကာ လေထဲကိုဖြတ်ပြီး ကဒီယန့်ခေါင်းကိုဦးတည်လိုက်သည်။
ကဒီယန်ကတော့ ပျင်းရိစွာသာစောင့်နေလေတယ်။ သူ့လက်သီးနှင့်ပြန်လည်ခုခံဖို့ပြင်လိုက်ချိန်တွင် ထိုလက်သီးမှ ရွှေရောင်စွမ်းအားတွေကို ခံစားလို့ရနေလေတယ်။ သူတော်စင်လက်နက်သွန်းလုပ်နိုင်တဲ့ သူတော်စင်တွေသာ ထိုသို့ပြုလုပ်နိုင်တာဖြစ်သည်။
လက်သီးနှစ်ခုမဆုံမိခင်မှာ ဂျင်ချန် လက်သီးဆုပ်ထားရာမှ
ဖြေချကာ သူ့လက်ကိုပျော့ပြောင်းစေလိုက်သည်။
အသာအယာပဲ ကဒီယန့်လက်သီးကို ရှောင်လိုက်လေတယ်။ ထိုက်ကျိအတွင်းအားသုံးလိုက်တော့ ကဒီယန့်ကိုသတိလက်လွတ်ခဏဖြစ်သွားစေသည်။ ထိုခဏမှာ ဂျင်ချန်လက်မောင်းတွေဟာ မထင်ထားသည့့့်နေရာမှပြန်၀င်လာကာ ကဒီယန့်လက်ကိုလိမ်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ကဒီယန့်လက်မှစွမ်းအင်တွေ ပျောက်ကွယ်သွားကာ ဂျင်ချန်က လက်မောင်းကိုလိမ်ချိုးလိုက်လေတယ်။
“အား…..”
အရိုးးကျိုးသံအကျယ်ကြီးက လူတိုင်းကိုထိတ်လန့်စေတယ်။ နာကျင်မှုကပြင်းလွန်းလို့ ကဒီယန်ရင်ခေါင်းသံဖြင့် အော်ဟစ်လိုက်လေတယ်။ သူ့မျက်နှာဟာလည်း အသေကောင်လို ဖြူဖျော့နေခဲ့ပြီ။
သူ့ညာဘက်လက်ကျိုးသွားခဲ့ပြီးတာတောင် ဂျင်ချန်ကမရပ်သေးဘူး။ သူ့လက်မောင်းနောက်တစ်ဖက်ကိုဆွဲလိမ်ကာ ချိုးလိုက်ပြန်တယ်။
“အား…..”
ဒီတစ်ခါမှာတော့ ကဒီယန်အသည်းအသန်အော်ဟစ်လိုက်ရတော့တယ်။ သူ့လက်နှစ်ဖက်လုံးရဲ့နာကျင်မှုက အတော်ဆိုးရွားလှတယ်။ သူငယ်ငယ်တုန်းက ဒဏ်ရာအနည်းငယ်ရခဲ့ဖူးတယ်။ အဲ့ဒိအချိန်က သူအသည်းအသန်ငိုကျွေးခဲ့ရတာကို အခုထိမှတ်မိဆဲ။ သူ့မျက်နှာဟာ သွေးမရှိတော့သလို ဖြူစုတ်နေပြီး နှဖူးမှာဆို ချွေးတွေစီးကျလို့နေလေတယ်။
အော်သံတွေကြားရလို့ကြည့်လိုက်ကြတဲ့ ပရိတ်သတ်တွေဟာ ထင်ထားသည်နှင့် ပြောင်းပြန်ဖြစ်နေတဲ့ အခြေအနေကြောင့် ရှော့ရသွားကြတယ်။ လူတိုင်းဟာ ဂျင်ချန့်ကိုထူးထူးဆန်းဆန်းကြည့်နေကြပြီး မယုံနိုင်ဖြစ်နေကြတယ်။
“ညီငယ်လေးက တကယ်အံ့သြဖို့ကောင်းတာပဲ။ ကြည့်လိုက်ရုံနဲ့ကို ကဒီယန်ဆိုးဆိုးရွားရွားထိခိုက်သွားတာ သေချာတယ်။ကဒီယန်ကသူတော်စင်လက်နက်ကို မသုံးဘူးဆိုပေမယ့် သူကသူတော်စင်ပဲလေ။ သူ့ခွန်အားက ငါ့ထက်အများကြီးသာတယ်”
ချင်းယန်ဟူ ခပ်တိုးတိုးရေရွတ်ရင်း ဂျင်ချန့်ကို ငေးကြည့်နေပါတော့တယ်။
------------
ဓားကိုလက္၌ကိုင္ထားရင္း ခ်င္းယန္ဟူ၏ သတၱိေတြက သူ႕ကိုတြန္းအားျဖစ္ေနေစတယ္။ သူ႕ၿပိဳင္ဘက္က သူေတာ္စင္လက္နက္သြန္းလုပ္နိုင္ေနတဲ့ သူေတာ္စင္တစ္ေယာက္။ ဘယ္လိုပဲျဖစ္ျဖစ္ပါ သူကလည္း အရမ္းအားမနည္းလွပါဘူး။
“ခ်င္းယန္ဟူ မင္းရဲ႕သာမန္ဓားေလးက ငါ့ကိုယွဥ္နိုင္မယ္ထင္ေနတာလား။ ဆုေတာင္းေနလိုက္။ အခု သူေတာ္စင္တစ္ေယာက္ရဲ႕စြမ္းအားကို မင္းသိေအာင္ငါျပမယ္။”
ေ႐ႊေရာင္ဓားႀကီးကိုလက္ႏွစ္ဖက္ျဖင့္သယ္ကာ ခ်င္းယန္ဟူအား လ်င္ျမန္စြာ ခုတ္ပိုင္းလိုက္သည္။ ဓားကသိပ္မေလးလွသည္မို႔ အားျဖင့္လႊဲလိုက္နိုင္သည္။။ ဓားဟာ မ်က္ေတာင္တစ္ခတ္အတြင္းမွာ ခ်င္းယန္ဟူထံ တိုး၀င္သြားသည္။
ကဒီယန္၏သူေတာ္စင္လက္နက္ကိုသာ ခ်င္းယန္ဟူအာ႐ုံစိုက္ေနခဲ့သည္မို႔ သူ႕ကိုမထိခင္မွာ လ်င္ျမန္စြာေရွာင္လိုက္နိုင္သည္။ဓားဟာ သူ႕ေဘးမွကပ္ျဖတ္သြားၿပီး အ၀တ္အစားေတြကိုသာထိသြားခဲ့သည္။
သူေတာ္စင္ျဖစ္သြားၿပီးတဲ့ေနာက္မွာ ကဒီယန္ကယခင္ကထက္ သိသိသာသာခြန္အားေတြ တိုးလာခဲ့တယ္။ ခ်င္းယန္ဟူ သူ႕ကိုယွဥ္နိုင္ဖို႔ရာ မျဖစ္နိုင္ေလဘူး။ အခုပထမအခ်က္မွာတင္ ဘယ္ေလာက္အႏၲရာယ္မ်ားမွန္း ခ်င္းယန္ဟူ သိလိုက္ရၿပီ။
“ဟ”
ကဒီယန္ခဏေလးေတာင္ တုံ႕ဆိုင္းမေနဘဲ ေနာက္တစ္ႀကိမ္သူ႕ဓားကို ေဝ့ယမ္းလိုက္ျပန္သည္။ တိုက္ခိုက္မႈက ခ်င္းယန္ဟူႏွင့္ အေတာ္နီးကပ္လာေနၿပီ။ ခ်င္းယန္ဟူ သူ႕ခႏၶာကိုယ္တစ္ခုလုံးကို ခ်ီစြမ္းအင္ေတြျဖင့္ ကာကြယ္ထားလိုက္သည္။ ကဒီယန္ကလည္း သူ႕ေ႐ႊေရာင္ဓားျဖင့္ ခ်င္းယန္ဟူကိုခုတ္ပိုင္းျပန္သည္။
ထိုေ႐ႊေရာင္ဓားဟာ မည္မွ်သန္မာသည္ကိုေတြ႕ျမင္ၿပီးတဲ့ ခ်င္းယန္ဟူမွာ ကူကယ္ရာမဲ့စြာျဖင့္ သူ႕ရဲ႕ဓားျဖင့္သာ ခုခံလိုက္ရေတာ့သည္။ ခ်င္းယန္ဟူ ေမွ်ာ္လင့္ထားသည္ထက္ သူေတာ္စင္လက္နက္ကမ်ားစြာျမန္ေနသည္။ သူနည္းနည္းေလးသာေႏွးသြားခဲ့မယ္ဆိုလွ်င္ သူ႕ေခါင္းျပတ္သြားေလာက္ေပၿပီ။ ေနာက္ဓားခ်က္အေဝ့ကို သူမခုခံနိုင္ေတာ့ဘဲ အျမန္ေရွာင္ေျပးလိုက္ရသည္။
“ဘုန္း…”
ခ်င္းယန္ဟူ ခုန္ေရွာင္ၿပီးတဲ့ေနာက္ ေ႐ႊေရာင္ဓားဟာ ယခင္သူရပ္ခဲ့သည့္ေနရာေပၚ ခုတ္ပိုင္းမိသြား၏။ ျပင္းထန္သည့္စြမ္းအားးေတြေၾကာင့္ ထိုေနရာတြင္ နက္ရွိုင္းသည့္အက္ကြဲရာႀကီး ျဖစ္သြားခဲ့ကာ အရပ္ေလးမ်က္ႏွာသို႔ပါ အနည္းငယ္အက္သြားေစသည္။
ကဒီယန္သူ႕ဓားကို အရွိန္ထိန္းလိုက္ခ်ိန္တြင္ ခ်င္းယန္ဟူ သူ႕ဓားျဖင့္ ကဒီယန္ကိုလႊဲခ်လိဳက္သည္။
“ဟမ့္”
ကဒီယန္ႏွာေခါင္းရႈံ႕ကာ အထင္းေသးစြာျဖင့္ လက္ေတြေဝ့ယမ္းလိုက္သည္။ သူေတာ္စင္လက္နက္မွ အလင္းေရာင္ေတြျဖာထြက္လာကာ ခ်င္းယန္ဟူ၏ဓားႏွင့္ ရင္ဆိုင္လိုက္သည္။
ဓားႏွစ္ေခ်ာင္းထိေတြ႕မိ၇ာမွ ခ်င္းယန္ဟူ၏ဓားမွာ အက္ကြဲသံအက်ယ္ႀကီးထြက္လာကာ လက္ထဲမွလြတ္ထြက္သြားရသည္မွာ သူမခုခံနိုင္ေတာ့သျဖင့္သာ။ ခ်င္းယန္ဟူ၏ပါးစပ္မွ ေသြးေတြထြက္လာတာကိုၾကည့္ျခင္းအားျဖင့္ ဓားမွဆိုးက်ိဳးကအေတာ္မ်ားမွန္းသိနိုင္သည္။
ခ်က္ခ်င္းပဲ ကဒီယန္ ခ်င္းယန္ဟူ႕ရင္ဘတ္ကို အားျဖင့္ကန္ကာ တဖန္တက္နင္းလိုက္ျပန္သည္။ သူ႕ခြန္အားေတြဟာ သန္မာတဲ့ခ်င္းယန္ဟူလိုလူကိုေတာင္ လြင့္ထြက္ကာ စင္ေပၚသို႔ျပန္မက်မွီ ေလထဲ၌အတန္ၾကာေနလိုက္ရေစသည္။
ခ်င္းယန္ဟူအန္လိုက္ရၿပီး သူ႕မ်က္ႏွာကေတာ့ အံ့ၾသသင့္ကာ ျဖဴေဖ်ာ့ေနေလတယ္။
“အကိုႀကီး။ “
ဂ်င္ခ်န္ေအာ္ဟစ္လိုက္သည္ ။သူ႕အမူအယာကလည္းေျပာင္းလဲလို႔ေနၿပီ။ ခ်င္းယန္ဟူျပဳတ္က်လာမည့္ေနရာကို ဂ်င္ခ်န္အေျပးသြားရန္ ေလထဲတြင္ခုန္လိုက္သည္။ ခ်င္းယန္ဟူေျမျပင္ေပၚျပဳတ္မက်ခင္ ဂ်င္ခ်န္လွမ္းဖမ္းေပြ႕လိုက္နိုင္သည္။
“အ “
ေျမေပၚေရာက္ေတာ့ ခ်င္းယန္ဟူ ေသြးအန္လိုက္ရၿပီး ျပင္းျပင္းထန္ထန္ ေခ်ာင္းဆိုးေတာ့သည္။ သူေတာ္စင္တစ္ေယာက္ရဲ႕စြမ္းအားကို ခ်င္းယန္ဟူလို သူေတာ္စင္အထြတ္အထိပ္အဆင့္ကေတာင္မွ မယွဥ္နိုင္ခဲ့ဘူး။ သူအခု အတြင္းဒဏ္ရာေတြေတာ္ေတာ္ရထားၿပီ။
“အကိုႀကီး။ ဒဏ္ရာေတြက အေတာ္ျပင္းထန္လား”
ဂ်င္ခ်န္ ခ်င္းယန္ဟူကို သူ႕ကိုယ္သူေဒာသျဖစ္ျဖစ္ႏွင့္စိုးရိမ္စြာေမးလိုက္သည္။
စင္ျမင့္ေပၚမွာ ဝံ့ႂကြားစြာရပ္ေနသည့္ကဒီယန္အား ခ်င္းယန္ဟူမုန္းတီးစြာၾကည့္ရင္း ေခါင္းခါျပလိုက္သည္။
“ငါအဆင္ေျပပါတယ္။ ဒီေကာင္ သူေတာ္စင္ျဖစ္ေနၿပီမွန္း ငါမထင္ထားလိုက္မိဘူး။ အခုအတိုင္းဆို မင္းအကိုႀကီးက ဒီေကာင္နဲ႕ဆက္မၿပိဳင္နိုင္ေတာ့ဘူး။ “
ခ်င္းယန္ဟူေဒါသထြက္ေနေပမယ့္ မတတ္နိုင္ေတာ့ေပ။
“ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အကိုႀကီး။ ကြၽန္ေတာ္ေၾကာင့္ ဒီလိုျဖစ္ရတာပါ”
မ်ားျပားလွတဲ့ဒဏ္ရာေတြေၾကာင့္ ျဖဴေဖ်ာ့ေနတဲ့ ခ်င္းယန္ဟူကိုၾကည့္ၿပိး ဂ်င္ခ်န္အေတာ္၀မ္းနည္းၿပီးခံစားသြားရတယ္။
ဂ်င္ခ်န့္စကားကိုၾကားေတာ့ ခ်င္းယန္ဟူ မ်က္ေမွာင္က်ဳံ႕ကာ ေဒါသထြက္စြာေျပာသည္။
“ညီငယ္ေလး။ မင္းဘာစကားေျပာလိုက္တာလဲ။ ငါ့ကိုမင္းအကိုမွန္းေရာ သတိ၇ေသးရဲ႕လား”
သူ႕မ်က္ႏွာမွာ စိတ္ပ်က္မႈေတြ၊အားမလိုအားမရျဖစ္မႈေတြႏွင့္ သက္ျပင္းခ်ရင္းေျပာလာသည္။
“ဒါေပမယ့္ မင္းအကိုႀကီးက အသုံးမက်ပါဘူး။ အခုအခ်ိန္ထိ ငါသူေတာ္စင္အဆင့္ကို ေမ၇ာက္ေသးဘူး။ ဒါေၾကာင့္မို႔ ကဒီယန္ကမ်က္လုံးထဲေတာင္ မထည့္ခဲ့တာပဲ။’
ခ်င္းယန္ဟူရဲ႕စကားေတြဟာ ဂ်င္ခ်န့္ကိုအေတာ္ခံစားသြားရေစသည္။ ကဒီယန္ကိုတစ္ခ်က္လွည့္ၾကည့္လိုက္တဲ့အခိုက္မွာ သူ႕မ်က္လုံးထဲ ေအးစက္မႈေတြစကၠန့္ပိုင္းေလာက္ ျဖတ္သန္းသြားသည္။ ခြဲျခားျပလို႔မ၇နိုင္တဲ့ အထင္ေသးမႈေတြဟာ သူ႕အၾကည့္ထဲပါေနခဲ့တယ္။ သို႔ေပမယ့္ သူခ်က္ခ်င္ခံစားခ်က္မဲ့စြာေျပာလိုက္တယ္။
“အကိုႀကီး ခဏေလာက္နားေနပါဦး။ ဒီညီေလးက လက္တုံ႕ျပန္ေပးမယ္။ “
ထိုသို႔ေျပာၿပီးသည္ႏွင့္ ဂ်င္ခ်န္ ၿပိဳင္ပြဲစင္ျမင့္ကိုဦးတည္လိုက္သည္။
ခ်င္းယန္ဟူ႕အမူအယာခ်က္ခ်င္းေျပာင္းသြားကာ ေခါင္းတြင္တြင္ခါရင္း ဂ်င္ခ်န့္ကိုလွမ္းဆြဲသည္။
“လုံး၀ မလုပ္ရဘူး။ ညီငယ္ေလး မင္းကသူ႕ၿပိဳင္ဘက္မဟုတ္ဘူးကြ”
ဂ်င္ခ်န္ ခ်င္းယန္ဟူအား ေတာင္းပန္သလိုၿပဳံးျပလိုက္ၿပီးေျပာလိုက္တယ္။
“အကိုႀကီး။ ကြၽန္ေတာ့္ကို ယုံပါ”
သူ႕မ်က္ႏွာဟာ ေအးစက္ေနကာ ခ်င္းယန္ဟူရဲ႕လက္ေတြကိုဖယ္လိုက္ၿပီး စင္ျမင့္ေပၚတက္လိုက္သည္။
“ဘုရားသခင္။ ဒီေကာင္ ဘာလုပ္မလို႔လဲ”
“သူ ကဒီယန္နဲ႕ၿပိဳင္မလို႔တဲ့လား။ ဘု၇ားေရ…. ဒီေကာင္႐ူးသြားၿပီလား”
“သူက အခုမွ သူေတာ္စင္အဆင့္၈ပဲရွိေသးတာေလ။ သူေတာ္စင္တစ္ေယာက္ကို ယွဥ္ဖို႔ဆိုတာ ဘယ္လိုျဖစ္နိုင္မွာလဲ”
ဂ်င္ခ်န္ စင္ျမင့္ေပၚေျခခ်လိဳက္သည္ႏွင့္ ပရိတ္သတ္ထဲကလူေတြဟာ ကဒီယန္ကမင္း၇ဲ့ၿပိဳင္ဘက္ မဟုတ္ဘူးလို႔ ေအာ္ဟစ္သတိေပးခ်င္စိတ္ေတြေပါက္လာၾကတယ္။
“… တကယ္ကိုအသုံးမက်တဲ့ ဦးေႏွာက္ပဲ။ သူေတာ္စင္တစ္ေယာက္ကို သူေတာ္စင္အဆင့္၁၀ကလူေတာင္ မနိုင္ဘူးဆိုတာ မင္းမေတြ႕ခဲ့ဘူးလား။ ဒါေတာင္ ဘယ္လိုစိတ္နဲ႕တက္လာရဲေသးတာလဲ”
စာၾကည့္တိုက္မွာ ဂ်င္ခ်န့္ေဘးထိုင္ခဲ့တဲ့ ေကာင္မေလးဟာ ဂ်င္ခ်န္စင္ေပၚတက္သြားသည္ကို စိုးရိမ္စြာၾကည့္ေနေလတယ္။
ဂ်င္ခ်န္စင္ေပၚေရာက္သည္အထိ ကဒီယန္ကမင္ေသေသနဲ႕ပဲၾကည့္ေနေလတယ္။ ၿပီးမွ ခပ္ညစ္ညစ္ရယ္ကာ ဆြေလတယ္။
“ဘာျဖစ္တာလဲ။ ခ်င္းယန္ ရွင္းတန္ မင္းငါ့ကိုနိုင္မယ္ထင္တယ္ေပါ့”
ကဒီယန္ ဘယ္တုန္းကမွ ဂ်င္ခ်န္ကိုၿပိဳင္ဘက္တစ္ေယာက္လို႔ မထင္ခဲ့ဖူးဘူး။ သူကအခု အားႀကီးတဲ့ သူေတာ္စင္တစ္ေယာက္ျဖစ္ေနေတာ့ ပိုဆိုးသည္။
ဂ်င္ခ်န္ ေအးစက္စက္သာ ျပန္ေျဖတယ္။
“ဘာလဲ ငါၿပိဳင္လို႔မရဘူးလား”
ခဏၾကက္ေသေသၿပီးေနာက္ ကဒီယန္ယုတ္မာသည့္အေတြးျဖင့္ ရယ္လိုက္သည္။
“ဒါေပါ့။ ရတာေပါ့”
အခုက ဂ်င္ခ်န့္ကိုရက္ရက္စက္စက္ ျပန္အနိုင္ယူရမယ့္အခ်ိန္ပဲ။ လူသစ္ၿပိဳင္ပြဲေန႕က ဒီေကာင္က သူ႕ညီမကို ဆိုးဆိုး႐ြား႐ြားအရွက္ခြဲခဲ့တယ္။ အခု သူ႕အလွည့္ပဲ။
ကဒီလွ်ံေရာ ကဒီယန္ေရာအတြက္ ကဒီကြင္က အရမ္းခ်စ္ရတဲ့ညီမေလးပဲ။ ကဒီကြင္ေၾကာင့္ပဲ သူတို႔ေတြဂ်င္ခ်န္ကို ၾကည့္မရျဖစ္ခဲ့ရတယ္။
ဂ်င္ခ်န္ တစ္လွမ္းခ်င္းတက္သြားကာ ခ်င္းယန္ဟူ႕ဓားကို ေကာက္လိုက္တယ္။ သူ႕လက္ထဲကဓားအေလးခ်ိန္ေၾကာင့္ ဂ်င္ခ်န္မ်က္ေမွာင္က်ဳံ႕လိုက္သည္။ ဓားတစ္ေခ်ာင္းက ေပါင္၁၀၀ထက္ပိုမေလးသင့္ဘူး။ အခုဒီဓားက ေပါင္၁၀၀မျပည့္ေပမယ့္ ထိုနီးပါးရွိ တယ္။သူေတာ္စင္အဆင့္၈မဟုတ္ရင္ေတာင္မွ ဒီဓားကိုအသုံးျပဳဖို႔သိပ္မလြယ္ဘူး။
သူ႕အရင္ဘ၀မွာဆို ဂ်င္ခ်န္ဓားကိုကြၽမ္းကြၽမ္းက်င္က်င္ သုံးနိုင္တယ္။ အထူးသျဖင့္ …. ဘလိတ္ဓားေပါ့ ။ ဒီလိုဓားမ်ိဳးကိုေတာ့ သူနာမည္ႀကီးဖို႔အတြက္ ဓားေရးျပဖို႔ကိုသာ သုံးျဖစ္လိမ့္မယ္။ သို႔ေပမယ့္ ဓားတစ္ေခ်ာင္းကို လက္ႏွစ္ဖက္နဲ႕ကိုင္ၿပီး တိုက္ခိုက္ဖို႔ကေတာ့ မဟုတ္ေသးဘူး။ အရမ္းေလးလြန္းတဲ့အတြက္ သူ႕ခြန္အားေတြအေတာ္ကုန္လိမ့္မယ္။ ရွက္ဖို႔ေကာင္းတာက အနားမွာ အျခားဓားလည္းမရွိေတာ့ဘူး။
ခဏေလာက္ေတြေဝေနၿပီးတဲ့ေနာက္ ဂ်င္ခ်န္ ဒီဓားႀကီးကိုပစ္ခ်လိဳက္ၿပီး လက္ဗလာနဲ႕တိုက္ဖို႔ဆုံးျဖတ္လိုက္တယ္။ အနည္းဆုံးေတာ့ သူ႕မွာ လ်င္ျမန္မႈေတြ၊ခြန္အားေတြရွိပါေသးတယ္။
စင္ျမင့္အလယ္ကိုေလွ်ာက္သြားလိုက္ကာ ဂ်င္ခ်န္ ကဒီယန္ကို မင္ေသေသျဖင့္ၾကည့္ကာ သူ႕လက္သီးေတြကိုဆုပ္ရင္း အသင့္အေနအထားျပင္ထားလိုက္သည္။
“မင္းအရင္စ။ ငါမင္းကို လက္ဗလာနဲ႕ ခုခံမယ္”
ကဒီယန္ မ်က္ခုံးေတြက်ဳံ႕လိုက္သည္။ ဂ်င္ခ်န္ သူ႕ကိုအထင္မႀကီးမွန္း သိပ္သိသာေနတယ္။ လက္ဗလာနဲ႕ေတာင္ တိုက္ရဲသည္တဲ့။ သူေတာ္စင္အဆင့္၈က လူတစ္ေယာက္က လက္နက္သြန္းလုပ္နိုင္ေနၿပီျဖစ္တဲ့ သူေတာ္စင္တစ္ေယာက္ကို လက္ဗလာနဲ႕တိုက္တယ္ဆိုတာ သူေတာ္စင္ေတြကို ရႈံ႕ခ်လိဳက္သလိုပဲ။
ဂ်င္ခ်န္ကို အထင္ေသးစြာၾကည့္ရင္း ေျပာလိုက္သည္။
“ခ်င္းယန္ ရွင္းတန္…. မင္းအေတာ္ ေမာက္မာတာပဲ”
ကဒီယန့္လက္ထဲက ေ႐ႊေရာင္ဓားေပ်ာက္ကြယ္သြားေလတယ္။
“ငါ မင္းကိုအနိုင္က်င့္တယ္လို႔ မေျပာနဲ႕။ လာစမ္း….. ငါက လက္နက္မပါလည္း မင္းေလာက္ေတာ့ေအးေဆးပဲ”
ဒီစကားၾကားေတာ့ ဂ်င္ခ်န္ နတ္ဆိုးဆန္ဆန္ၿပဳံးသည္။ ဘာစကားတစ္ခြန္းမွ ျပန္မေျပာဘဲ ကဒီယန့္ဆီအရွိန္ ႏွင့္ေျပးသြားလိုက္သည္။ သူ႕လက္သီးေတြထဲမွာ သူေတာ္စင္အဆင့္၈စြမ္းအားေတြက ထင္းထြက္ေနကာ ေလထဲကိုျဖတ္ၿပီး ကဒီယန့္ေခါင္းကိုဦးတည္လိုက္သည္။
ကဒီယန္ကေတာ့ ပ်င္းရိစြာသာေစာင့္ေနေလတယ္။ သူ႕လက္သီးႏွင့္ျပန္လည္ခုခံဖို႔ျပင္လိုက္ခ်ိန္တြင္ ထိုလက္သီးမွ ေ႐ႊေရာင္စြမ္းအားေတြကို ခံစားလို႔ရေနေလတယ္။ သူေတာ္စင္လက္နက္သြန္းလုပ္နိုင္တဲ့ သူေတာ္စင္ေတြသာ ထိုသို႔ျပဳလုပ္နိုင္တာျဖစ္သည္။
လက္သီးႏွစ္ခုမဆုံမိခင္မွာ ဂ်င္ခ်န္ လက္သီးဆုပ္ထားရာမွ
ေျဖခ်ကာ သူ႕လက္ကိုေပ်ာ့ေျပာင္းေစလိုက္သည္။
အသာအယာပဲ ကဒီယန့္လက္သီးကို ေရွာင္လိုက္ေလတယ္။ ထိုက္က်ိအတြင္းအားသုံးလိုက္ေတာ့ ကဒီယန့္ကိုသတိလက္လြတ္ခဏျဖစ္သြားေစသည္။ ထိုခဏမွာ ဂ်င္ခ်န္လက္ေမာင္းေတြဟာ မထင္ထားသည့့့္ေနရာမွျပန္၀င္လာကာ ကဒီယန့္လက္ကိုလိမ္လိုက္သည္။ လွ်ပ္တစ္ျပက္အတြင္းမွာ ကဒီယန့္လက္မွစြမ္းအင္ေတြ ေပ်ာက္ကြယ္သြားကာ ဂ်င္ခ်န္က လက္ေမာင္းကိုလိမ္ခ်ိဳးလိုက္ေလတယ္။
“အား…..”
အရိုးးက်ိဳးသံအက်ယ္ႀကီးက လူတိုင္းကိုထိတ္လန့္ေစတယ္။ နာက်င္မႈကျပင္းလြန္းလို႔ ကဒီယန္ရင္ေခါင္းသံျဖင့္ ေအာ္ဟစ္လိုက္ေလတယ္။ သူ႕မ်က္ႏွာဟာလည္း အေသေကာင္လို ျဖဴေဖ်ာ့ေနခဲ့ၿပီ။
သူ႕ညာဘက္လက္က်ိဳးသြားခဲ့ၿပီးတာေတာင္ ဂ်င္ခ်န္ကမရပ္ေသးဘူး။ သူ႕လက္ေမာင္းေနာက္တစ္ဖက္ကိုဆြဲလိမ္ကာ ခ်ိဳးလိုက္ျပန္တယ္။
“အား…..”
ဒီတစ္ခါမွာေတာ့ ကဒီယန္အသည္းအသန္ေအာ္ဟစ္လိုက္ရေတာ့တယ္။ သူ႕လက္ႏွစ္ဖက္လုံးရဲ႕နာက်င္မႈက အေတာ္ဆိုး႐ြားလွတယ္။ သူငယ္ငယ္တုန္းက ဒဏ္ရာအနည္းငယ္ရခဲ့ဖူးတယ္။ အဲ့ဒိအခ်ိန္က သူအသည္းအသန္ငိုေကြၽးခဲ့ရတာကို အခုထိမွတ္မိဆဲ။ သူ႕မ်က္ႏွာဟာ ေသြးမရွိေတာ့သလို ျဖဴစုတ္ေနၿပီး ႏွဖူးမွာဆို ေခြၽးေတြစီးက်လိဳ႕ေနေလတယ္။
ေအာ္သံေတြၾကားရလို႔ၾကည့္လိုက္ၾကတဲ့ ပရိတ္သတ္ေတြဟာ ထင္ထားသည္ႏွင့္ ေျပာင္းျပန္ျဖစ္ေနတဲ့ အေျခအေနေၾကာင့္ ေရွာ့ရသြားၾကတယ္။ လူတိုင္းဟာ ဂ်င္ခ်န့္ကိုထူးထူးဆန္းဆန္းၾကည့္ေနၾကၿပီး မယုံနိုင္ျဖစ္ေနၾကတယ္။
“ညီငယ္ေလးက တကယ္အံ့ၾသဖို႔ေကာင္းတာပဲ။ ၾကည့္လိုက္႐ုံနဲ႕ကို ကဒီယန္ဆိုးဆိုး႐ြား႐ြားထိခိုက္သြားတာ ေသခ်ာတယ္။ကဒီယန္ကသူေတာ္စင္လက္နက္ကို မသုံးဘူးဆိုေပမယ့္ သူကသူေတာ္စင္ပဲေလ။ သူ႕ခြန္အားက ငါ့ထက္အမ်ားႀကီးသာတယ္”
ခ်င္းယန္ဟူ ခပ္တိုးတိုးေရ႐ြတ္ရင္း ဂ်င္ခ်န့္ကို ေငးၾကည့္ေနပါေတာ့တယ္။
------------