book

Index 6

အပိုင်း ၂၃

  • Author : KaungWaiYan
  • Genres : Adventure, Action
  • Original Author : Xin Xing Xiao Yao (心星逍遥)


“ဖုန်း….”

မြေပြင်သို့ပြုတ်ကျသံ အကျယ်ကြီးထွက်လာ၏။ ကဒီလျှံ့မျက်နှာဟာ နာကျင်မှုကြောင့်ဖြူစွတ်နေကာ သွေးအချို့ကိုအန်ထုတ်လိုက်ရလေတယ်။ ဒဏ်ရာတွေကနေ များစွာသောနာကျင်မှုတွေကို သူစတင်ပြီးခံစားနေရလေပြီ။


“ညီငယ်လေး…”


“အကိုကြီး…”


ကဒီယန်နှင့် ကဒီကွင်တို့ ကဒီလျှံ့ဘေးအပြေးရောက်သွားကြသည်။ ကဒီလျှံအားထိန်းပွေ့ထားပေးရင်း ကဒီလျှံ့ပါးစပ်က သွေးစီးကြောင်းကိုသာ စိုးရိမ်စွာကြည့်နေလေတယ်။


“ညီငယ်လေး။မင်းအဆင်ပြေရဲ့လား။ "

ကဒီယန်ကမေးသည်။

သူ့မျက်နှာအမူအရာကတော့ အလွန်စိတ်ရှုပ်ထွေးနေဟန်ပါပဲ။ ပထမအကြိမ်တုန်းက ရှုံးခဲ့သည်က သတိလက်လွတ်ဖြစ်သွားခဲ့သည်ပဲလေ… ဒါပေမယ့် အခုတစ်ခေါက်မှာ ကဒီလျှံကအားကုန်သုံးနိုင်နေပါလျက်နှင့်…. သူတော်စင်အဆင့်ကိုးရဲ့  စွမ်းအားအကုန်သုံးနိုင်ပါနေလျက်နှင့် ဘာကြောင့် ရှုံးရပြန်သည်လဲ


“အကိုကြီး.. ဘယ်လိုနေလဲ။ အရမ်းနားနေလား” 

ကဒီကွင်ရဲ့အမေးမှာ စိုးရိမ်သံတွေပြည့်နေတယ်။


မောင်နှမနှစ်ယောက်ရဲ့အကူအညီဖြင့် ကဒီလျှံထရပ်လိုက်သည်။ သူ့ခေါင်းကိုဖြည်းညှင်းစွာ ခါရင်းပြောသည်။


“အကိုကြီးနဲ့ ညီမသုံး… ငါဘာမှမဖြစ်ပါဘူး။ အပေါ်ယံဒဏ်ရာလောက်ပဲ ရတာပါ”


စိတ်မပူဖို့ရာပြောနေတဲ့ ကဒီလျှံ့အသံကိုက စိတ်ပူရအောင်ကိုအားနည်းနေသည်။


ကဒီလျှံရဲ့ဖြူဖျော့နေတဲ့မျက်နှာကိုကြည့်ပြီး ကဒီယန်ဒေါသတွေဆူပွက်လာသည်။ ခန့်ညားစွာရပ်နေတဲ့ဂျင်ချန်ကို မုန်းတီးစွာသူလှည့်ကြည့်လိုက်သည်။ 


“ညီမသုံး မင်းအကိုနှစ်ကို ဂရုစိုက်ထား။ငါ ဒီမောက်မာတဲ့အကောင်ကို သင်ခန်းစာပေးလိုက်မယ်။”


မောင်နှမနှစ်ယောက်အားထားရစ်ကာ ကဒီယန်စင်မြင့်ပေါ်သို့ လျှင်မြန်စွာတက်လိုက်သည်။


“အကိုကြီး… မလုပ်နဲ့”


"အကိုကြီး ထားလိုက်ပါ” 


ကဒီလျှံနှင့်ကဒီကွင်တို့ ကဒီယန်ကို ပြေးတားပေမယ့် သူတို့နောက်ကျသွားခဲ့သဖြင့် သက်ပြင်းသာချမိတော့သည်။ ကဒီယန် နိုင်နိုင်ရှုံးရှုံး ကဒီကလန်က အကယ်ဒမီမှာသိက္ခာအတော်ကျသွားလိမ့်မည်။ ဒီပြိုင်ပွဲဟာ တရားမျှမျှတတယှဉ်ပြိုင်ခဲ့ကျတာ။ သူတို့ရှုံးခဲ့တယ်ဆိုရင်တောင်မှ မျက်နှာမပျက်သင့်ပေဘူး။ ဒါပေမယ့်အခုတော့ ကဒီယန်က တိုက်ခိုက်ဖို့လုပ်နေပြီ။ အခြေအနေကပြောင်းသွားပြိ။ အကယ်၍ လူသစ်လေးကို အတန်းကြီးစီနီယာက အနိုင်ကျင့်တယ်ဆိုတဲ့ သတင်းသာ ပျံ့သွားခဲ့မယ်ဆိုရင်… သူတို့မောင်နှမသုံးယောက်တော့ အကယ်ဒမီတစ်ခုလုံးရဲ့  လှောင်ပြောင်တာကိုခံရတော့မည်။


စင်ပေါ်ခုန်တက်လာသည့် ကဒီယန်အားဂျင်ချန်စိုက်ကြည့်လိုက်သည်။


“မင်းရဲ့ညီအတွက် ငါ့ကိုလက်စားချေတော့မယ်ပေါ့”


ဒေါသဖြစ်စွာဖြင့် ဂျင်ချန်အား စေ့စေ့ကြည့်ရင်းကနေ ကဒီယန်ပြန်ပြောလိုက်သည်။


“ချင်းယန် ရှင်းတန် မင်းတကယ်သန်မာပါတယ်။ ဒါပေမယ့် မင်းကငါ့ညီကိုဒဏ်ရာရအောင် လုပ်လိုက်တယ်။ ငါမင်းကိုတစ်ခုခုပြန်မလုပ်ရသေးဘဲ မင်းထွက်မသွားရဘူး”


စင်အောက်မှာရှိနေသမျှ ပရိတ်သတ်တွေဟာ နှဖူးကျောတွေရှုံ့သွားတဲ့အထိ မျက်မှောင်ကျုံ့လိုက်ကြတယ်။ ကဒီယန့်အပေါ် သူတို့ရဲ့အမြင်က ပြောင်းသွားရပြီ။


“ကဒီယန် ဒါဘာအဓိပ္ပါယ်လဲ။ မင်းက ချင်းယန်ကလန်ကို မျက်လုံးထဲမထည့်တော့ဘူးလား”


လေးနက်သည့်အသံဖြင့် လူတစ်ယောက်ဟာ စင်ပေါ်တက်လာသည်။ ဂျင်ချန်စိတ်သက်သာရာရသွားရသည်မှာ ထိုသူကား သူ့အကိုချင်းယန်ဟူ ဖြစ်နေသောကြောင့်ပေ။


ချင်းယန်ဟူ ကဒီယန်အား စေ့စေ့ကြည့်ကာပြောသည်။


“မင်းငါ့ညီကို ဒုက္ခပေးချင်ရင် ငါ့ကိုအရင်နိုင်အောင်လုပ်”


သူ့ရှေ့မှာရပ်နေတဲ့ ချင်းယန်ဟူရဲ့စကားကိုကြားတော့ ဂျင်ချန်ရင်ထဲနွေးသွားရသည်။ 


“အကိုကြီး ပြန်ဆင်းသွားလိုက်ပါ။ ကျွန်တော် ရင်ဆိုင်နိုင်ပါတယ်”


ချင်းယန်ဟူခေါင်းခါသည်။


“မရဘူး မင်းမနိုင်နိုင်ဘူး။ ကဒီယန်က သူတော်စင်အထွတ်အထိပ်အဆင့်ကိုရောက်နေပြီ။ မင်းရဲ့သူတော်စင်အဆင့်ကနိမ့်သေးတယ်။ အကိုကြီးက မင်းကိုကူညီမယ်”


ခဏမျှတုံ့ဆိုင်းပြီးနောက် ဂျင်ချန်စကားအချို့ပြောကာ ခေါင်းညိတ်လိုက်သည်။


“ဒါဆို အကိုကြီး ဂရုစိုက်ပါ”


`ဤသို့ဆိုပြီးနောက် ဂျင်ချန်စင်ပေါ်က ဆင်းသွားသည်။


ဂျင်ချန်စင်ပေါ်ကဆင်းသွားသည်ကို ကဒီယန်လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။


“ချင်းယန်ဟူ မင်းအရင်ပြောတာနော်။ ဒုက္ခရောက်မှ ငါ့ကိုအပြစ်မတင်နဲ့”


“ဟမ့် ဒါတွေပြောဖို့စောပါသေးတယ်။ ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်ဆိုတာ စောင့်ကြည့်ရမှာပေါ့”


သူနဲ့ကဒီယန်တို့နှစ်ယောက်လု့း သူတော်စင်အထွတ်အထိပ်အဆင့်ကို ရောက်နေတာကြာလှပြီဖြစ်သည်။ ကဒီယန် သူ့သူတော်စင်စွမ်းအားကို လက်နက်အဖြစ်မသွန်းလုပ်နိုင်သေးသ၍ သူတို့ရဲ့အဆင့်ကအတူတူပဲဖြစ်သည်။ 


ချင်းယန်ဟူကို ကဒီယန်ကတော့ အထင်သေးစွာသာ ကြည့်နေ၏။ ညာဘက်လက်ကိုမြှောက်လိုက်စဉ်မှာ များပြားလှတဲ့ ရွှေရောင်စွမ်းအားတွေ သူ့လက်ထံလာစုကာ ရွှေရောင်ဓားတစ်လက်အဖြစ်ပြောင်းသွားသည်။ ထိုရွှေရောင်ဓားဟာ အတော်ပင်ကြီးသလို ငါးပေနီးပါးရှည်သည်။ အပြားကပင် အတော်ကြီးလှ၏။ လက်ကိုင်ကိုထိန်းကာဖြင့် ထိုဓားအား ကဒီယန်လက်နှစ်ဖက်ဖြင့် ကိုင်ထားရသည်။


 ဂျင်ချန်စိုးရိမ်စွာ မျက်မှောင် ကျုံ့လိုက်မိသည်။ ချင်းယန်စံအိမ်မှာ သူတော်စင်လက်နက်တွေမြင်ခဲ့ဖူးသည်။ ဒါကြောင့် ဤသည်က ကဒီယန်၏သူတော်စင်လက်နက်ဖြစ်ကြောင်း ပြောနိုင်သည်။ သူ့အနေနဲ့ ဒီကမ္ဘာကိုရောက်ပြီးကတည်းကနေ အခုမှသူတော်စင်လက်နက် အသုံးပြုသည်ကို မြင်ဖူးတာဖြစ်တယ်။ သူစိတ်မလှုပ်ရှုားဘဲ ဘယ်နေမလဲ။ 


ရွှေရောင်ဓားကြီးပေါ်လာသည်ကို ကြည့်ပြီး ပရိတ်သတ်တွေထဲဆူညံသွားလေတယ်။ 


“သူတော်စင်လက်နက် သူသွန်းလုပ်နိုင်သွားပြီလား…”


“ဒါဆို သူသူတော်စင်ဖြစ် သွားပြီပေါ့


“ကဒီယန်သာ သူတော်စင်အဆင့်ဆို ချင်းယန်ဟူတော့ သေပြီပဲ”


သူတော်စင်အထွတ်အထိပ်အဆင့်နှင့် သူတော်စင်ကသိပ်မကွာပေမယ့် ဖြတ်ကျော်ဖို့ရာတော့ခက်သည်။ ခါဂဲအကယ်ဒမီမှာ သူတော်စင်အဆင့်စီနီယာတွေအများကြီးရှိသည်။ သို့ပေမယ့် လူတိုင်းလက်နက်မသွန်းလုပ်နိုင်ပေ။ ထိုသို့သွန်းလုပ်နိုင်ဖို့ရာလည်း အတော့်ကိုခက်ခဲပင်ပန်းစွာဖြတ်ကျော်ခဲ့ရသည်ချည်းသာဖြစ်သည်။ ထန်ယွမ်တိုက်ကြီးအတွင်းမှာတောင် လက်နက်သွန်းလုပ်သည့်အဆင့်မရောက်ပဲ သေသွားရသူတွေအများကြီးပင်။ 


တစ်စုံတစ်ယောက်ဟာ သူတော်စင်အဆင့်ေ၇ာက်သွားပြီဆိုလျှင် ထိုသူ၏ခွန်အားမှာအတော်လေး များပြားသွားပေလိမ့်မည်။ သူတော်စင်လက်နက်ဆိုသည်မှာ လက်နက်ကြီးသက်သက်မဟုတ်ပေ။ သုံးစွဲသူ၏စွမ်းရည်တွေကို တစ်ဖက်သား၏ခွန်အားတွေထက်သာလွန်အောင် ထောက်ပံ့ပေးသေးသည်။ 


ကဒီယန်ရဲ့လက်နက်ကိုကြည့်ရင်း ချင်းယန်ဟူ၏ မျက်နှာမှာ သက်တောင့်သက်သာမရှိတော့ပေ။ ကဒီယန်ကသူတော်စင်အဆင့်ေ၇ာက်သွားပြီဆိုရင် ကောင်းကင်ကိုတောင် လှုံ့ဆော်နိုင်နေပြီဖြစ်သည်။ သူတော်စင်အထွတ်အထိပ်အဆင့်ကလူတစ်ယောက်က  သူ့ပြိုင်ဘက်မဟုတ်တော့ပေ။ 


“အကိုကြီးက သူတော်စင်လက်နက် သွန်းလုပ်နိုင်သွားပြီလား…”


စင်အောက်က ကဒီမောင်နှမနှစ်ယောက်လည်း အံ့အားသင့်နေလေတယ်။ ကဒီကွင်အံ့အားသင့်စွာဖြင့် ကဒီယန် သူ့လက်နက်ကိုဝေ့ယမ်းနေသည်အား တအံ့တသြကြည့်နေမိသည်။ 


သူတော်စင်လက်နက်အားကြည့်ရင်း ကဒီလျှံမျက်နှာမှာ အားကျသည့်အရိပ်အယောင်တွေရှိနေသည်။ သူ့အကိုက သူမရောက်နိုင်သေးတဲ့အဆင့်ကို ရောက်သွားခဲ့ပြီပဲ။


သူတော်စင်လက်နက်ကိုကိုင်ထားသည့်ကဒီယန်ဟာ ယုံကြည်မှုအလွန်ရှိနေလေတယ်။ 


ချင်းယန်ဟူ၏မျက်နှာကတော့ တဖြည်းဖြည်းမဲမှောင်လို့နေလေပြီ။ ဖိအားတွေက ချင်းယန်ဟူကိုအတော်ဒုက္ခပေးနေပြီ။


“ဟား…ဟား..ဟားးးး…. ချင်းယန်ဟူ .. မင်းအခုကြောက်နေပြီလား။ မြေပြင်မှာ ဒူးသုံးကြိမ်ထောက်ပြီး ခခယယတောင်းပန်မယ်ဆိုရင် ငါခွင့်လွတ်ပေးမယ်။  အဲ့လိုမှမဟုတ်ရင်တော့ ဟွန့် ငါ့အဆိုးမဆိုနဲ့” 


ကဒီယန်ဟာအရူးတစ်ယောက်လိုရယ်မောနေလေတယ်။ 


ချင်းယန်ဟူရဲ့မျက်နှာဟာ ပိုပြီးအ၇ုပ်ဆိုးသွားတယ်။ သူချက်ချင်းဒေါသသဖြင့်ပြန်ပြောသည်။


“အိပ်မက်သာမက်နေလိုက်။ ကဒီယန် မင်းဘာသာသူတော်စင်ပဲဖြစ်နေဖြစ်နေ ငါချင်းယန်ဟူက သေတောင်ကြောက်မှာမဟုတ်ဘူး”


ကဒီယန် ချင်းယန်ဟူအား အမြင်ကတ်စွာကြည့်သည်။ 


“ချင်းယန်ဟူ မင်းငါ့နဲ့တိုက်ခိုက်ဖို့ ဘာလက်နက်ကိုသုံးမှာလဲ”


ချင်းယန်ဟူ ကဒီယန်အားအံကြိတ်ကာကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှ မီး၀င်းဝင်းတောက်လျက်ရှိသည်။ 


“ဒီမှာ မင်းဓား”


ထိုအခချိန်တွင် လူအုပ်ထဲမှ ဓားတစ်ချောင်းအား ချင်းယန်ဟူဆီပစ်ပေးလိုက်သည်။


ချင်းယန်ဟူ ထိုဓားအားဆွဲဖမ်းလိုက်သည်။ ဒီဓားဟာမပေါ့သလို အရမ်းလည်းမရှည်လှဘူး။ ငွေဓားဟာ အလင်းရောင်အောက်မှာ အရပ်လေးမျက်နှာလုံးကို တဖျက်ဖျက်လက်နေစေတယ်။ အရောင်ကိုဖယ်လိုက်ရင်တောင် ကဒီယန့်ဓားနှင့် ချင်းယန်ဟူဓားဟာ အနည်းငယ်ကွာခြားနေသေးတယ်။

-----


“ဖုန္း….”


ေျမျပင္သို႔ျပဳတ္က်သံ အက်ယ္ႀကီးထြက္လာ၏။ ကဒီလွ်ံ႕မ်က္ႏွာဟာ နာက်င္မႈေၾကာင့္ျဖဴစြတ္ေနကာ ေသြးအခ်ိဳ႕ကိုအန္ထုတ္လိုက္ရေလတယ္။ ဒဏ္ရာေတြကေန မ်ားစြာေသာနာက်င္မႈေတြကို သူစတင္ၿပီးခံစားေနရေလၿပီ။



“ညီငယ္ေလး…”



“အကိုႀကီး…”



ကဒီယန္ႏွင့္ ကဒီကြင္တို႔ ကဒီလွ်ံ႕ေဘးအေျပးေရာက္သြားၾကသည္။ ကဒီလွ်ံအားထိန္းေပြ႕ထားေပးရင္း ကဒီလွ်ံ႕ပါးစပ္က ေသြးစီးေၾကာင္းကိုသာ စိုးရိမ္စြာၾကည့္ေနေလတယ္။



“ညီငယ္ေလး။မင္းအဆင္ေျပရဲ႕လား။ "


ကဒီယန္ကေမးသည္။


သူ႕မ်က္ႏွာအမူအရာကေတာ့ အလြန္စိတ္ရႈပ္ေထြးေနဟန္ပါပဲ။ ပထမအႀကိမ္တုန္းက ရႈံးခဲ့သည္က သတိလက္လြတ္ျဖစ္သြားခဲ့သည္ပဲေလ… ဒါေပမယ့္ အခုတစ္ေခါက္မွာ ကဒီလွ်ံကအားကုန္သုံးနိုင္ေနပါလ်က္ႏွင့္…. သူေတာ္စင္အဆင့္ကိုးရဲ႕  စြမ္းအားအကုန္သုံးနိုင္ပါေနလ်က္ႏွင့္ ဘာေၾကာင့္ ရႈံးရျပန္သည္လဲ



“အကိုႀကီး.. ဘယ္လိုေနလဲ။ အရမ္းနားေနလား” 


ကဒီကြင္ရဲ႕အေမးမွာ စိုးရိမ္သံေတြျပည့္ေနတယ္။



ေမာင္ႏွမႏွစ္ေယာက္ရဲ႕အကူအညီျဖင့္ ကဒီလွ်ံထရပ္လိုက္သည္။ သူ႕ေခါင္းကိုျဖည္းညွင္းစြာ ခါရင္းေျပာသည္။



“အကိုႀကီးနဲ႕ ညီမသုံး… ငါဘာမွမျဖစ္ပါဘူး။ အေပၚယံဒဏ္ရာေလာက္ပဲ ရတာပါ”



စိတ္မပူဖို႔ရာေျပာေနတဲ့ ကဒီလွ်ံ႕အသံကိုက စိတ္ပူရေအာင္ကိုအားနည္းေနသည္။



ကဒီလွ်ံရဲ႕ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာကိုၾကည့္ၿပီး ကဒီယန္ေဒါသေတြဆူပြက္လာသည္။ ခန့္ညားစြာရပ္ေနတဲ့ဂ်င္ခ်န္ကို မုန္းတီးစြာသူလွည့္ၾကည့္လိုက္သည္။ 



“ညီမသုံး မင္းအကိုႏွစ္ကို ဂ႐ုစိုက္ထား။ငါ ဒီေမာက္မာတဲ့အေကာင္ကို သင္ခန္းစာေပးလိုက္မယ္။”



ေမာင္ႏွမႏွစ္ေယာက္အားထားရစ္ကာ ကဒီယန္စင္ျမင့္ေပၚသို႔ လွ်င္ျမန္စြာတက္လိုက္သည္။



“အကိုႀကီး… မလုပ္နဲ႕”



"အကိုႀကီး ထားလိုက္ပါ” 



ကဒီလွ်ံႏွင့္ကဒီကြင္တို႔ ကဒီယန္ကို ေျပးတားေပမယ့္ သူတို႔ေနာက္က်သြားခဲ့သျဖင့္ သက္ျပင္းသာခ်မိေတာ့သည္။ ကဒီယန္ နိုင္နိုင္ရႈံးရႈံး ကဒီကလန္က အကယ္ဒမီမွာသိကၡာအေတာ္က်သြားလိမ့္မည္။ ဒီၿပိဳင္ပြဲဟာ တရားမွ်မွ်တတယွဥ္ၿပိဳင္ခဲ့က်တာ။ သူတို႔ရႈံးခဲ့တယ္ဆိုရင္ေတာင္မွ မ်က္ႏွာမပ်က္သင့္ေပဘူး။ ဒါေပမယ့္အခုေတာ့ ကဒီယန္က တိုက္ခိုက္ဖို႔လုပ္ေနၿပီ။ အေျခအေနကေျပာင္းသြားၿပိ။ အကယ္၍ လူသစ္ေလးကို အတန္းႀကီးစီနီယာက အနိုင္က်င့္တယ္ဆိုတဲ့ သတင္းသာ ပ်ံ့သြားခဲ့မယ္ဆိုရင္… သူတို႔ေမာင္ႏွမသုံးေယာက္ေတာ့ အကယ္ဒမီတစ္ခုလုံးရဲ႕  ေလွာင္ေျပာင္တာကိုခံရေတာ့မည္။



စင္ေပၚခုန္တက္လာသည့္ ကဒီယန္အားဂ်င္ခ်န္စိုက္ၾကည့္လိုက္သည္။



“မင္းရဲ႕ညီအတြက္ ငါ့ကိုလက္စားေခ်ေတာ့မယ္ေပါ့”



ေဒါသျဖစ္စြာျဖင့္ ဂ်င္ခ်န္အား ေစ့ေစ့ၾကည့္ရင္းကေန ကဒီယန္ျပန္ေျပာလိုက္သည္။



“ခ်င္းယန္ ရွင္းတန္ မင္းတကယ္သန္မာပါတယ္။ ဒါေပမယ့္ မင္းကငါ့ညီကိုဒဏ္ရာရေအာင္ လုပ္လိုက္တယ္။ ငါမင္းကိုတစ္ခုခုျပန္မလုပ္ရေသးဘဲ မင္းထြက္မသြားရဘူး”



စင္ေအာက္မွာရွိေနသမွ် ပရိတ္သတ္ေတြဟာ ႏွဖူးေက်ာေတြရႈံ႕သြားတဲ့အထိ မ်က္ေမွာင္က်ဳံ႕လိုက္ၾကတယ္။ ကဒီယန့္အေပၚ သူတို႔ရဲ႕အျမင္က ေျပာင္းသြားရၿပီ။



“ကဒီယန္ ဒါဘာအဓိပၸါယ္လဲ။ မင္းက ခ်င္းယန္ကလန္ကို မ်က္လုံးထဲမထည့္ေတာ့ဘူးလား”



ေလးနက္သည့္အသံျဖင့္ လူတစ္ေယာက္ဟာ စင္ေပၚတက္လာသည္။ ဂ်င္ခ်န္စိတ္သက္သာရာရသြားရသည္မွာ ထိုသူကား သူ႕အကိုခ်င္းယန္ဟူ ျဖစ္ေနေသာေၾကာင့္ေပ။



ခ်င္းယန္ဟူ ကဒီယန္အား ေစ့ေစ့ၾကည့္ကာေျပာသည္။



“မင္းငါ့ညီကို ဒုကၡေပးခ်င္ရင္ ငါ့ကိုအရင္နိုင္ေအာင္လုပ္”



သူ႕ေရွ႕မွာရပ္ေနတဲ့ ခ်င္းယန္ဟူရဲ႕စကားကိုၾကားေတာ့ ဂ်င္ခ်န္ရင္ထဲေႏြးသြားရသည္။ 



“အကိုႀကီး ျပန္ဆင္းသြားလိုက္ပါ။ ကြၽန္ေတာ္ ရင္ဆိုင္နိုင္ပါတယ္”



ခ်င္းယန္ဟူေခါင္းခါသည္။



“မရဘူး မင္းမနိုင္နိုင္ဘူး။ ကဒီယန္က သူေတာ္စင္အထြတ္အထိပ္အဆင့္ကိုေရာက္ေနၿပီ။ မင္းရဲ႕သူေတာ္စင္အဆင့္ကနိမ့္ေသးတယ္။ အကိုႀကီးက မင္းကိုကူညီမယ္”



ခဏမွ်တုံ႕ဆိုင္းၿပီးေနာက္ ဂ်င္ခ်န္စကားအခ်ိဳ႕ေျပာကာ ေခါင္းညိတ္လိုက္သည္။



“ဒါဆို အကိုႀကီး ဂ႐ုစိုက္ပါ”



`ဤသို႔ဆိုၿပီးေနာက္ ဂ်င္ခ်န္စင္ေပၚက ဆင္းသြားသည္။



ဂ်င္ခ်န္စင္ေပၚကဆင္းသြားသည္ကို ကဒီယန္ေလွာင္ေျပာင္သည့္အၾကည့္ျဖင့္ ၾကည့္လိုက္သည္။



“ခ်င္းယန္ဟူ မင္းအရင္ေျပာတာေနာ္။ ဒုကၡေရာက္မွ ငါ့ကိုအျပစ္မတင္နဲ႕”



“ဟမ့္ ဒါေတြေျပာဖို႔ေစာပါေသးတယ္။ ဘယ္သူနိုင္မယ္ ဘယ္သူရႈံးမယ္ဆိုတာ ေစာင့္ၾကည့္ရမွာေပါ့”



သူနဲ႕ကဒီယန္တို႔ႏွစ္ေယာက္လု႔း သူေတာ္စင္အထြတ္အထိပ္အဆင့္ကို ေရာက္ေနတာၾကာလွၿပီျဖစ္သည္။ ကဒီယန္ သူ႕သူေတာ္စင္စြမ္းအားကို လက္နက္အျဖစ္မသြန္းလုပ္နိုင္ေသးသ၍ သူတို႔ရဲ႕အဆင့္ကအတူတူပဲျဖစ္သည္။ 



ခ်င္းယန္ဟူကို ကဒီယန္ကေတာ့ အထင္ေသးစြာသာ ၾကည့္ေန၏။ ညာဘက္လက္ကိုျမႇောက္လိုက္စဥ္မွာ မ်ားျပားလွတဲ့ ေ႐ႊေရာင္စြမ္းအားေတြ သူ႕လက္ထံလာစုကာ ေ႐ႊေရာင္ဓားတစ္လက္အျဖစ္ေျပာင္းသြားသည္။ ထိုေ႐ႊေရာင္ဓားဟာ အေတာ္ပင္ႀကီးသလို ငါးေပနီးပါးရွည္သည္။ အျပားကပင္ အေတာ္ႀကီးလွ၏။ လက္ကိုင္ကိုထိန္းကာျဖင့္ ထိုဓားအား ကဒီယန္လက္ႏွစ္ဖက္ျဖင့္ ကိုင္ထားရသည္။



 ဂ်င္ခ်န္စိုးရိမ္စြာ မ်က္ေမွာင္ က်ဳံ႕လိုက္မိသည္။ ခ်င္းယန္စံအိမ္မွာ သူေတာ္စင္လက္နက္ေတြျမင္ခဲ့ဖူးသည္။ ဒါေၾကာင့္ ဤသည္က ကဒီယန္၏သူေတာ္စင္လက္နက္ျဖစ္ေၾကာင္း ေျပာနိုင္သည္။ သူ႕အေနနဲ႕ ဒီကမာၻကိုေရာက္ၿပီးကတည္းကေန အခုမွသူေတာ္စင္လက္နက္ အသုံးျပဳသည္ကို ျမင္ဖူးတာျဖစ္တယ္။ သူစိတ္မလႈပ္ရႈားဘဲ ဘယ္ေနမလဲ။ 



ေ႐ႊေရာင္ဓားႀကီးေပၚလာသည္ကို ၾကည့္ၿပီး ပရိတ္သတ္ေတြထဲဆူညံသြားေလတယ္။ 



“သူေတာ္စင္လက္နက္ သူသြန္းလုပ္နိုင္သြားၿပီလား…”



“ဒါဆို သူသူေတာ္စင္ျဖစ္ သြားၿပီေပါ့



“ကဒီယန္သာ သူေတာ္စင္အဆင့္ဆို ခ်င္းယန္ဟူေတာ့ ေသၿပီပဲ”



သူေတာ္စင္အထြတ္အထိပ္အဆင့္ႏွင့္ သူေတာ္စင္ကသိပ္မကြာေပမယ့္ ျဖတ္ေက်ာ္ဖို႔ရာေတာ့ခက္သည္။ ခါဂဲအကယ္ဒမီမွာ သူေတာ္စင္အဆင့္စီနီယာေတြအမ်ားႀကီးရွိသည္။ သို႔ေပမယ့္ လူတိုင္းလက္နက္မသြန္းလုပ္နိုင္ေပ။ ထိုသို႔သြန္းလုပ္နိုင္ဖို႔ရာလည္း အေတာ့္ကိုခက္ခဲပင္ပန္းစြာျဖတ္ေက်ာ္ခဲ့ရသည္ခ်ည္းသာျဖစ္သည္။ ထန္ယြမ္တိုက္ႀကီးအတြင္းမွာေတာင္ လက္နက္သြန္းလုပ္သည့္အဆင့္မေရာက္ပဲ ေသသြားရသူေတြအမ်ားႀကီးပင္။ 



တစ္စုံတစ္ေယာက္ဟာ သူေတာ္စင္အဆင့္ေ၇ာက္သြားၿပီဆိုလွ်င္ ထိုသူ၏ခြန္အားမွာအေတာ္ေလး မ်ားျပားသြားေပလိမ့္မည္။ သူေတာ္စင္လက္နက္ဆိုသည္မွာ လက္နက္ႀကီးသက္သက္မဟုတ္ေပ။ သုံးစြဲသူ၏စြမ္းရည္ေတြကို တစ္ဖက္သား၏ခြန္အားေတြထက္သာလြန္ေအာင္ ေထာက္ပံ့ေပးေသးသည္။ 



ကဒီယန္ရဲ႕လက္နက္ကိုၾကည့္ရင္း ခ်င္းယန္ဟူ၏ မ်က္ႏွာမွာ သက္ေတာင့္သက္သာမရွိေတာ့ေပ။ ကဒီယန္ကသူေတာ္စင္အဆင့္ေ၇ာက္သြားၿပီဆိုရင္ ေကာင္းကင္ကိုေတာင္ လႈံ႕ေဆာ္နိုင္ေနၿပီျဖစ္သည္။ သူေတာ္စင္အထြတ္အထိပ္အဆင့္ကလူတစ္ေယာက္က  သူ႕ၿပိဳင္ဘက္မဟုတ္ေတာ့ေပ။ 



“အကိုႀကီးက သူေတာ္စင္လက္နက္ သြန္းလုပ္နိုင္သြားၿပီလား…”



စင္ေအာက္က ကဒီေမာင္ႏွမႏွစ္ေယာက္လည္း အံ့အားသင့္ေနေလတယ္။ ကဒီကြင္အံ့အားသင့္စြာျဖင့္ ကဒီယန္ သူ႕လက္နက္ကိုေဝ့ယမ္းေနသည္အား တအံ့တၾသၾကည့္ေနမိသည္။ 



သူေတာ္စင္လက္နက္အားၾကည့္ရင္း ကဒီလွ်ံမ်က္ႏွာမွာ အားက်သည့္အရိပ္အေယာင္ေတြရွိေနသည္။ သူ႕အကိုက သူမေရာက္နိုင္ေသးတဲ့အဆင့္ကို ေရာက္သြားခဲ့ၿပီပဲ။



သူေတာ္စင္လက္နက္ကိုကိုင္ထားသည့္ကဒီယန္ဟာ ယုံၾကည္မႈအလြန္ရွိေနေလတယ္။ 



ခ်င္းယန္ဟူ၏မ်က္ႏွာကေတာ့ တျဖည္းျဖည္းမဲေမွာင္လို႔ေနေလၿပီ။ ဖိအားေတြက ခ်င္းယန္ဟူကိုအေတာ္ဒုကၡေပးေနၿပီ။



“ဟား…ဟား..ဟားးးး…. ခ်င္းယန္ဟူ .. မင္းအခုေၾကာက္ေနၿပီလား။ ေျမျပင္မွာ ဒူးသုံးႀကိမ္ေထာက္ၿပီး ခခယယေတာင္းပန္မယ္ဆိုရင္ ငါခြင့္လြတ္ေပးမယ္။  အဲ့လိုမွမဟုတ္ရင္ေတာ့ ဟြန့္ ငါ့အဆိုးမဆိုနဲ႕” 



ကဒီယန္ဟာအ႐ူးတစ္ေယာက္လိုရယ္ေမာေနေလတယ္။ 



ခ်င္းယန္ဟူရဲ႕မ်က္ႏွာဟာ ပိုၿပီးအ၇ုပ္ဆိုးသြားတယ္။ သူခ်က္ခ်င္းေဒါသသျဖင့္ျပန္ေျပာသည္။



“အိပ္မက္သာမက္ေနလိုက္။ ကဒီယန္ မင္းဘာသာသူေတာ္စင္ပဲျဖစ္ေနျဖစ္ေန ငါခ်င္းယန္ဟူက ေသေတာင္ေၾကာက္မွာမဟုတ္ဘူး”



ကဒီယန္ ခ်င္းယန္ဟူအား အျမင္ကတ္စြာၾကည့္သည္။ 



“ခ်င္းယန္ဟူ မင္းငါ့နဲ႕တိုက္ခိုက္ဖို႔ ဘာလက္နက္ကိုသုံးမွာလဲ”



ခ်င္းယန္ဟူ ကဒီယန္အားအံႀကိတ္ကာၾကည့္လိုက္သည္။ သူ႕မ်က္လုံးထဲမွ မီး၀င္းဝင္းေတာက္လ်က္ရွိသည္။ 



“ဒီမွာ မင္းဓား”



ထိုအခခ်ိန္တြင္ လူအုပ္ထဲမွ ဓားတစ္ေခ်ာင္းအား ခ်င္းယန္ဟူဆီပစ္ေပးလိုက္သည္။



ခ်င္းယန္ဟူ ထိုဓားအားဆြဲဖမ္းလိုက္သည္။ ဒီဓားဟာမေပါ့သလို အရမ္းလည္းမရွည္လွဘူး။ ေငြဓားဟာ အလင္းေရာင္ေအာက္မွာ အရပ္ေလးမ်က္ႏွာလုံးကို တဖ်က္ဖ်က္လက္ေနေစတယ္။ အေရာင္ကိုဖယ္လိုက္ရင္ေတာင္ ကဒီယန့္ဓားႏွင့္ ခ်င္းယန္ဟူဓားဟာ အနည္းငယ္ကြာျခားေနေသးတယ္။


-----




rate now:

1 Reviews
  • reader Pann Khatt Waii 13.12.2019, 12:15 5

    reply