book

Index 5

အပိုင်း ၂၂

  • Author : KaungWaiYan
  • Genres : Adventure, Action
  • Original Author : Xin Xing Xiao Yao (心星逍遥)


သူ့ပစ်မှတ်ကိုထုနှက်ဖို့အတွက် အရမ်းကိုကပ်လွန်းနေသည်ကိုသိလိုက်ရတဲ့အခါ သူနောင်တသေးသေးလေးရလိုက်သည်။ သို့ပေမယ့် သူချက်ချင်းပဲကျောဘက်ကိုသွားလိုက်ပြီး ဂျင်ခန့်ကိုကန်လိုက်သည်။  


လျှပ်တပြက်အချိန်မှာပဲ ဂျင်ချန်ဘာမှပြန်မလုပ်ဘဲ ၁၀ကွက်အကြောပေးခြင်းဟာ ပြီးသွားခဲ့ပါပြီ။ လှုပ်ရှုားမှုတိုင်းကို ကဒီလျှံဟာအရှောင်ပဲခံနေရလေတယ်။ ဒါပေမယ့် ကြည့်ရှုနေတဲ့သူတွေအတွက်မှာတော့ ဂျင်ချန်ဟာ သူ့အရေပြားနှင့်ထိခါနီးမှသာ ရှောင်တိမ်းသည်ကိုတွေ့၇ပေတယ်။ ဒါကြောင့်မို့ ကြည့်နေကြရင်း သူတို့တွေမှာ ချွေးစေးတွေပင်ပျံလို့ပါပဲ။ အထူးသဖြင့် ချင်းယန်ဟူ… သူ့မှာ ဂျင်ချန့်အတွက် ရင်တထိတ်ထိတ်ဖြစ်နေရတယ်။ 


ကဒိလျှံရဲ့တိုက်ခိုက်မှုတွေက အတော်မြန်ပေမယ့် ၁၀ကြိမ်လုံးမှာ သူဂျင်ချန်ရဲ့ အင်္ကျီလေးကိုတောင်ထိအောင်မတိုက်နိုင်ခဲ့ဘူး။ ကဒီလျှံမယုံကြည်နိုင်နေသလို ဒေါသကြောင့်မျက်နှာတွေပါ နီမြန်းလာလေတယ်။


နောက်ဆုံးမှာတော့ ကဒီလျှံရဲ့လက်သီးကိုရင်ဆိုင်ဖို့ ဂျင်ချန်ဆုံးဖြတ်လိုက်တယ်။


“၁၀ကြိမ်ပြီးသွားပြီ။ အခု ငါ့အလည့်ပဲ”


ကဒီလျှံဆက်ပြောမှာကိုမစောင့်နေဘဲ ကန်ချက်တစ်ချက်သာလွှတ်လိုက်လေတယ်။


သူ့ခြေထောက်မှာသုံးထားသည့်အမြန်နှုန်းမှာ အလွန်ကိုပြင်းလှသည်မို့ ကဒီလျှံမှာရှောင်ဖို့အခွင့်အရေး မရလိုက်လေဘူး။ သို့ပေမယ့် ကန်ချက်ကိုကာဖို့ သူ့လက်တွေကိုအသုံးပြုလိုက်ပေမယ့် ဂျင်ချန့်ခြေထောက်မှာ လက်တွေကိုဖြတ်၍ ကဒီလျှံရဲ့ရင်ဘတ်ဆီရောက်လာလေတယ်။ 


“ဒုံး…. ဒုံး…. ဒုံး”


ဂျင်ချန်ရဲ့ခြေထောက်က သုံးထားတဲ့အားက ကဒီလျှံကိုနောက်ကိုအရှိန်ဖြင့် အတော်လွင့်သွားစေသည်။ ကဒီလျှံမှာ ဂျင်ချန်ကို မယုံနိုင်စွာသာ ရပ်ကြည့်နေဖြစ်သည်။ ဂျင်ချန်က သူတော်စင်အဆင့်၈ပဲရှိသေးတာတောင်မှ သူ့ခွန်အားက မျှော်လင့်ထားတာထက် အတော့်ကိုများနေသေးတယ်။ အဲ့ဒိခွန်အားကို ကဒီလျှံတောင်မှ တောင့်ခံဖို့ရာမဖြစ်နိုင်လေဘူး။


နောက်ဆုံးသူတို့ယှဉ်ပြိုင်ခဲ့စဉ်က ကဒီလျှံအတွက် ဂျင်ချန့်ကိုပြန်တိုက်ဖို့ အခွင့်အရေးမရခဲ့ဘူး။ ထို့ကြောင့် သူ ဂျင်ချန့်ခွန်အားအစစ်အမှန်ကို နားမလည်ခဲ့ဘူး။ ယခုတိုက်ပွဲမှသာ ဂျင်ချန်ဟာ သူ့ထက်ခွန်အားအရာမှာ များစွာသာသည့်အကြောင်း နားလည်လိုက်ရလေတယ်။ 


ဖြစ်နိုင်တာကတော့ ဂျင်ချန်က ပြိုင်ပွဲကိုမြန်မြန်အဆုံးသတ်ချင်နေပုံပါပဲ။ သူက ကဒီလျှံကိုခုခံဖို့ရာအချိန်မပေးတော့ဘဲ လက်ဝါးတစ်ချက်ဟာ ကဒီလျှံ့ရင်ဘတ်ဆီရောက်လာပြန်တယ်။ 


ကဒီလျှံမတ်မတ်ရပ်နိုင်ဖို့မနည်းကြိုးစားလိုက်ရသည်။ သူ့မျက်နှာကား အတော်အရုပ်ဆိုးနေလေပြီ။ ဂျင်ချန့်ခေါင်းကိုရွယ်ထားတဲ့လက်သီးဟာ ဂျင်ချန်ရဲ့လက်သီးကိုကာကွယ်ရင်းသာ အသုံးပြုလိုက်ရလေတယ်။


ဂျင်ချန်တစ်ချက်ရယ်လိုက်ပြီး ကဒီလျှံကိုပခုံးမှကိုင်ကာ ဆွဲယူလိုက်တယ်။ထိုသူ့ခန္ဓာအား နောက်လက်တစ်ဖက်ဖြင့်ထပ်ကိုင်ကာ အားနည်းနည်းထည့်ပြီး အဝေးကို ပျံသန်းစေလိုက်သည်။ 


သူ့အရင်ဘ၀မှာတုန်းကဖြင့် မွန်ဂိုတွေထံမှာ ပညာသင်ခဲ့ဖူးပါ၏။ သို့ပေကြောင့်လည်း နပန်းသတ်ခြင်းလိုပညာရပ်မျိုးတွင် သူအတော် တော်ပါ၏။ သူအကြိမ်များစွာလေ့ကျင့်ခဲ့သည်မို့ အတွေ့အကြုံတွေမှာလည်း အတော်ပင်များလေသည်။ 


အကြောင်းတွေက သူ့မှတ်ဥာဏ်မှာချိုးကပ်နေပြီဆိုပေမယ့် သူကားဓားရေးပြရုံသက်သက်ထက် များစွာအသုံး၀င်သည့် တိုက်ခိုက်ရေးပညာရေးတွေကိုလည်း လေ့လာထားခဲ့သည်။ သူ့အနေနှင့် တစ်စုံတစ်ခုကိုမမှတ်မိလျှင်တောင်မှ အခြားတစ်ခုကိုတော့ဖြင့် သူ့မှတ်ဥာဏ်ကညှစ်ထုတ်ပေးပါလိမ့်မည်တည့်..


ကဒီလျှံ၏ခန္ဓာမူကား လေထဲသို့ ငှက်မွှေးနှယ် လွင့်၍သွားသည်။ ၄ ၊၅မီတာလောက်အထိပျံသန်းပြီးတော့မှ ပြိုင်ပွဲကွင်းပြင်သို့ ပြန်လည်သက်ဆင်းလာတော့သည်။


“ဖုန်း…..”


ဂျင်ချန်ကအရမ်းအားနည်းတာမဟုတ်လား….. အခု ဒီအားနည်းတဲ့ခန္ဓာကိုယ်လေးက ဒီလောက်အထိလုပ်လိုက်နိုင်တယ်…. အလားတူပဲ ပရိတ်သတ်တွေလည်း အရမ်းထိတ်လန့်ကုန်ကြရကာ ဂျင်ချန်နှင့်ပတ်သတ်သည့်ထင်မြင်ချက်တွေကိုသာ တစ်ယောက်တစ်ပေါက်ပေးနေကြတော့တယ်။ စင်ပေါ်ကပုံရိပ်တစ်ခုကိုငေးကြည့်ရင်း အနာဂတ်မှာ ဂျင်ချန်ဟာ မည်သို့သောသူဖြစ်လာမည်ကို မမှန်းဆနိုင်ကြတော့ပေ။ 


ကဒီလျှံနှင့်ကဒီယန်တို့မှာတော့ အလွန်အရုပ်ဆ်ုးနေလေပြီ။ ရလဒ်ကဒီလိုဖြစ်လာမည်သို့ မှန်းခဲ့သည်မဟုတ်။ 


“ဟမ့်။ ချင်းယန် ရှင်းတန် မင်းကအားနည်းနည်းတော့ရှိသားပဲ” အသံခပ်တိုးတိုးဖြင့်ကဒီယန်ကပြောသည်။ 


ကဒီလျှံခက်ခက်ခဲခဲမတ်တပ်ပြန်ရပ်ကာ ဂျင်ချန်အားသတ်ဖြတ်တော့မလို ကြည့်နေပြန်သည်။


“အား……….”


ကဒီလျှံကျယ်လောင်စွာမာန်သွင်းလိုက်လျှင် သူတော်စင်အဆင့်၉စွမ်းအားတွေက သူ့လက်ဝါးနှစ်ဖက်မှာစုဝေးလာသည်။ သူ ဂျင်ချန့်ဆီလျင်မြန်စွာပြေးသွားကာ လက်နှစ်ဖက်လုံးဖြင့် ဂျင်ချန့်ရင်ဘတ်အား အားကုန်ရိုက်ချလိုက်သည်။ 


ဂျင်ချန့်မျက်နှာမှာတော့ လှောင်ပြောင်နေဟန်ကထင်းနေဆဲ။ သူသည်လည်း သူ့သူတော်စင်စွမ်းအားတွေကို လက်နှစ်ဖက်မှာ စုစည်းကာ ကဒီလျှံ့လက်တွေနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ 


“ဖုန်း….”


လက်တွေဆုံမိသည့်အခိုက်အသံအကျယ်ကြီးထွက်ပေါ်လာသည်။တဖန်ပြန်ပြောင်းကာ  တစ်ယောက်ရင်ဘက်တစ်ယောက်ရိုက်မိကြရာ နှစ်ယောက်လုံးနောက်ဆုတ်လိုက်၇သည်။ 


ဂျင်ချန်ကား ရပ်တန့်မည့်ဟန်မရှိပြီ။ သူ့ခြေထောက်အားကျွမ်းကျင်စွာသုံးပြီး တိုက်ခိုက်ဖို့ရာပြင်လိုက်ပြန်သည်။ ဂျင်ချန်ချက်ချင်းမြေပေါ်လှဲချကာ ခြေထောက်တွေကတော့ ကဒီလျှံအားထိထိမိမိကန်ထုတ်လိုက်သည်။ 


ကဒီလျှံအကန်မခံရခင်က ထိုကန်ချက်အားသိလိုက်ပေမယ့် ရှောင်ဖို့ရန်ကားမဖြစ်ပြီ။ ကဒီလျှံ သူ့ဗိုက်အကန်ခံရပြီး နောက်တစ်ကြိမ်လေထဲသို့ ပျံတက်သွားရပြန်သည်။


---------------------


သူ႕ပစ္မွတ္ကိုထုႏွက္ဖို႔အတြက္ အရမ္းကိုကပ္လြန္းေနသည္ကိုသိလိုက္ရတဲ့အခါ သူေနာင္တေသးေသးေလးရလိုက္သည္။ သို႔ေပမယ့္ သူခ်က္ခ်င္းပဲေက်ာဘက္ကိုသြားလိုက္ၿပီး ဂ်င္ခန့္ကိုကန္လိုက္သည္။  



လွ်ပ္တျပက္အခ်ိန္မွာပဲ ဂ်င္ခ်န္ဘာမွျပန္မလုပ္ဘဲ ၁၀ကြက္အေၾကာေပးျခင္းဟာ ၿပီးသြားခဲ့ပါၿပီ။ လႈပ္ရႈားမႈတိုင္းကို ကဒီလွ်ံဟာအေရွာင္ပဲခံေနရေလတယ္။ ဒါေပမယ့္ ၾကည့္ရႈေနတဲ့သူေတြအတြက္မွာေတာ့ ဂ်င္ခ်န္ဟာ သူ႕အေရျပားႏွင့္ထိခါနီးမွသာ ေရွာင္တိမ္းသည္ကိုေတြ႕၇ေပတယ္။ ဒါေၾကာင့္မို႔ ၾကည့္ေနၾကရင္း သူတို႔ေတြမွာ ေခြၽးေစးေတြပင္ပ်ံလို႔ပါပဲ။ အထူးသျဖင့္ ခ်င္းယန္ဟူ… သူ႕မွာ ဂ်င္ခ်န့္အတြက္ ရင္တထိတ္ထိတ္ျဖစ္ေနရတယ္။ 



ကဒိလွ်ံရဲ႕တိုက္ခိုက္မႈေတြက အေတာ္ျမန္ေပမယ့္ ၁၀ႀကိမ္လုံးမွာ သူဂ်င္ခ်န္ရဲ႕ အကၤ်ီေလးကိုေတာင္ထိေအာင္မတိုက္နိုင္ခဲ့ဘူး။ ကဒီလွ်ံမယုံၾကည္နိုင္ေနသလို ေဒါသေၾကာင့္မ်က္ႏွာေတြပါ နီျမန္းလာေလတယ္။



ေနာက္ဆုံးမွာေတာ့ ကဒီလွ်ံရဲ႕လက္သီးကိုရင္ဆိုင္ဖို႔ ဂ်င္ခ်န္ဆုံးျဖတ္လိုက္တယ္။



“၁၀ႀကိမ္ၿပီးသြားၿပီ။ အခု ငါ့အလည့္ပဲ”



ကဒီလွ်ံဆက္ေျပာမွာကိုမေစာင့္ေနဘဲ ကန္ခ်က္တစ္ခ်က္သာလႊတ္လိုက္ေလတယ္။



သူ႕ေျခေထာက္မွာသုံးထားသည့္အျမန္ႏႈန္းမွာ အလြန္ကိုျပင္းလွသည္မို႔ ကဒီလွ်ံမွာေရွာင္ဖို႔အခြင့္အေရး မရလိုက္ေလဘူး။ သို႔ေပမယ့္ ကန္ခ်က္ကိုကာဖို႔ သူ႕လက္ေတြကိုအသုံးျပဳလိုက္ေပမယ့္ ဂ်င္ခ်န့္ေျခေထာက္မွာ လက္ေတြကိုျဖတ္၍ ကဒီလွ်ံရဲ႕ရင္ဘတ္ဆီေရာက္လာေလတယ္။ 



“ဒုံး…. ဒုံး…. ဒုံး”



ဂ်င္ခ်န္ရဲ႕ေျခေထာက္က သုံးထားတဲ့အားက ကဒီလွ်ံကိုေနာက္ကိုအရွိန္ျဖင့္ အေတာ္လြင့္သြားေစသည္။ ကဒီလွ်ံမွာ ဂ်င္ခ်န္ကို မယုံနိုင္စြာသာ ရပ္ၾကည့္ေနျဖစ္သည္။ ဂ်င္ခ်န္က သူေတာ္စင္အဆင့္၈ပဲရွိေသးတာေတာင္မွ သူ႕ခြန္အားက ေမွ်ာ္လင့္ထားတာထက္ အေတာ့္ကိုမ်ားေနေသးတယ္။ အဲ့ဒိခြန္အားကို ကဒီလွ်ံေတာင္မွ ေတာင့္ခံဖို႔ရာမျဖစ္နိုင္ေလဘူး။



ေနာက္ဆုံးသူတို႔ယွဥ္ၿပိဳင္ခဲ့စဥ္က ကဒီလွ်ံအတြက္ ဂ်င္ခ်န့္ကိုျပန္တိုက္ဖို႔ အခြင့္အေရးမရခဲ့ဘူး။ ထို႔ေၾကာင့္ သူ ဂ်င္ခ်န့္ခြန္အားအစစ္အမွန္ကို နားမလည္ခဲ့ဘူး။ ယခုတိုက္ပြဲမွသာ ဂ်င္ခ်န္ဟာ သူ႕ထက္ခြန္အားအရာမွာ မ်ားစြာသာသည့္အေၾကာင္း နားလည္လိုက္ရေလတယ္။ 



ျဖစ္နိုင္တာကေတာ့ ဂ်င္ခ်န္က ၿပိဳင္ပြဲကိုျမန္ျမန္အဆုံးသတ္ခ်င္ေနပုံပါပဲ။ သူက ကဒီလွ်ံကိုခုခံဖို႔ရာအခ်ိန္မေပးေတာ့ဘဲ လက္ဝါးတစ္ခ်က္ဟာ ကဒီလွ်ံ႕ရင္ဘတ္ဆီေရာက္လာျပန္တယ္။ 



ကဒီလွ်ံမတ္မတ္ရပ္နိုင္ဖို႔မနည္းႀကိဳးစားလိုက္ရသည္။ သူ႕မ်က္ႏွာကား အေတာ္အ႐ုပ္ဆိုးေနေလၿပီ။ ဂ်င္ခ်န့္ေခါင္းကို႐ြယ္ထားတဲ့လက္သီးဟာ ဂ်င္ခ်န္ရဲ႕လက္သီးကိုကာကြယ္ရင္းသာ အသုံးျပဳလိုက္ရေလတယ္။



ဂ်င္ခ်န္တစ္ခ်က္ရယ္လိုက္ၿပီး ကဒီလွ်ံကိုပခုံးမွကိုင္ကာ ဆြဲယူလိုက္တယ္။ထိုသူ႕ခႏၶာအား ေနာက္လက္တစ္ဖက္ျဖင့္ထပ္ကိုင္ကာ အားနည္းနည္းထည့္ၿပီး အေဝးကို ပ်ံသန္းေစလိုက္သည္။ 



သူ႕အရင္ဘ၀မွာတုန္းကျဖင့္ မြန္ဂိုေတြထံမွာ ပညာသင္ခဲ့ဖူးပါ၏။ သို႔ေပေၾကာင့္လည္း နပန္းသတ္ျခင္းလိုပညာရပ္မ်ိဳးတြင္ သူအေတာ္ ေတာ္ပါ၏။ သူအႀကိမ္မ်ားစြာေလ့က်င့္ခဲ့သည္မို႔ အေတြ႕အႀကဳံေတြမွာလည္း အေတာ္ပင္မ်ားေလသည္။ 



အေၾကာင္းေတြက သူ႕မွတ္ဥာဏ္မွာခ်ိဳးကပ္ေနၿပီဆိုေပမယ့္ သူကားဓားေရးျပ႐ုံသက္သက္ထက္ မ်ားစြာအသုံး၀င္သည့္ တိုက္ခိုက္ေရးပညာေရးေတြကိုလည္း ေလ့လာထားခဲ့သည္။ သူ႕အေနႏွင့္ တစ္စုံတစ္ခုကိုမမွတ္မိလွ်င္ေတာင္မွ အျခားတစ္ခုကိုေတာ့ျဖင့္ သူ႕မွတ္ဥာဏ္ကညွစ္ထုတ္ေပးပါလိမ့္မည္တည့္..



ကဒီလွ်ံ၏ခႏၶာမူကား ေလထဲသို႔ ငွက္ေမႊးႏွယ္ လြင့္၍သြားသည္။ ၄ ၊၅မီတာေလာက္အထိပ်ံသန္းၿပီးေတာ့မွ ၿပိဳင္ပြဲကြင္းျပင္သို႔ ျပန္လည္သက္ဆင္းလာေတာ့သည္။



“ဖုန္း…..”



ဂ်င္ခ်န္ကအရမ္းအားနည္းတာမဟုတ္လား….. အခု ဒီအားနည္းတဲ့ခႏၶာကိုယ္ေလးက ဒီေလာက္အထိလုပ္လိုက္နိုင္တယ္…. အလားတူပဲ ပရိတ္သတ္ေတြလည္း အရမ္းထိတ္လန့္ကုန္ၾကရကာ ဂ်င္ခ်န္ႏွင့္ပတ္သတ္သည့္ထင္ျမင္ခ်က္ေတြကိုသာ တစ္ေယာက္တစ္ေပါက္ေပးေနၾကေတာ့တယ္။ စင္ေပၚကပုံရိပ္တစ္ခုကိုေငးၾကည့္ရင္း အနာဂတ္မွာ ဂ်င္ခ်န္ဟာ မည္သို႔ေသာသူျဖစ္လာမည္ကို မမွန္းဆနိုင္ၾကေတာ့ေပ။ 



ကဒီလွ်ံႏွင့္ကဒီယန္တို႔မွာေတာ့ အလြန္အ႐ုပ္ဆ္ုးေနေလၿပီ။ ရလဒ္ကဒီလိုျဖစ္လာမည္သို႔ မွန္းခဲ့သည္မဟုတ္။ 



“ဟမ့္။ ခ်င္းယန္ ရွင္းတန္ မင္းကအားနည္းနည္းေတာ့ရွိသားပဲ” အသံခပ္တိုးတိုးျဖင့္ကဒီယန္ကေျပာသည္။ 



ကဒီလွ်ံခက္ခက္ခဲခဲမတ္တပ္ျပန္ရပ္ကာ ဂ်င္ခ်န္အားသတ္ျဖတ္ေတာ့မလို ၾကည့္ေနျပန္သည္။



“အား……….”



ကဒီလွ်ံက်ယ္ေလာင္စြာမာန္သြင္းလိုက္လွ်င္ သူေတာ္စင္အဆင့္၉စြမ္းအားေတြက သူ႕လက္ဝါးႏွစ္ဖက္မွာစုေဝးလာသည္။ သူ ဂ်င္ခ်န့္ဆီလ်င္ျမန္စြာေျပးသြားကာ လက္ႏွစ္ဖက္လုံးျဖင့္ ဂ်င္ခ်န့္ရင္ဘတ္အား အားကုန္ရိုက္ခ်လိဳက္သည္။ 



ဂ်င္ခ်န့္မ်က္ႏွာမွာေတာ့ ေလွာင္ေျပာင္ေနဟန္ကထင္းေနဆဲ။ သူသည္လည္း သူ႕သူေတာ္စင္စြမ္းအားေတြကို လက္ႏွစ္ဖက္မွာ စုစည္းကာ ကဒီလွ်ံ႕လက္ေတြႏွင့္ ထိပ္တိုက္ရင္ဆိုင္လိုက္သည္။ 



“ဖုန္း….”



လက္ေတြဆုံမိသည့္အခိုက္အသံအက်ယ္ႀကီးထြက္ေပၚလာသည္။တဖန္ျပန္ေျပာင္းကာ  တစ္ေယာက္ရင္ဘက္တစ္ေယာက္ရိုက္မိၾကရာ ႏွစ္ေယာက္လုံးေနာက္ဆုတ္လိုက္၇သည္။ 



ဂ်င္ခ်န္ကား ရပ္တန့္မည့္ဟန္မရွိၿပီ။ သူ႕ေျခေထာက္အားကြၽမ္းက်င္စြာသုံးၿပီး တိုက္ခိုက္ဖို႔ရာျပင္လိုက္ျပန္သည္။ ဂ်င္ခ်န္ခ်က္ခ်င္းေျမေပၚလွဲခ်ကာ ေျခေထာက္ေတြကေတာ့ ကဒီလွ်ံအားထိထိမိမိကန္ထုတ္လိုက္သည္။ 



ကဒီလွ်ံအကန္မခံရခင္က ထိုကန္ခ်က္အားသိလိုက္ေပမယ့္ ေရွာင္ဖို႔ရန္ကားမျဖစ္ၿပီ။ ကဒီလွ်ံ သူ႕ဗိုက္အကန္ခံရၿပီး ေနာက္တစ္ႀကိမ္ေလထဲသို႔ ပ်ံတက္သြားရျပန္သည္။



---------------------




rate now:

1 Reviews
  • reader Pann Khatt Waii 13.12.2019, 12:15 4.9

    reply