book

Index 4

အပိုင်း ၂၁

  • Author : KaungWaiYan
  • Genres : Adventure, Action
  • Original Author : Xin Xing Xiao Yao (心星逍遥)

ဓားနတ်ဘုရား ဂျင်ချန်

Book 2

အပိုင်း ၂၁

Tran by- xian yu


ကဒီလျှံရဲ့စိန်ခေါ်တဲ့စကားက ဂျင်ချန်ကိုဒေါပွစေသည်။ ကဒီလျှံကိုအထင်သေးစွာကြည့်နေလျက် သူပြန်ပြောလိုက်သည်။

“အရင်ရက်က ငါမင်းကိုအနိုင်ယူခဲ့ပြီးပြီ။ အခုမင်းက ငါ့ကိုစိန်ခေါ်ရဲသေးတယ်ပေါ့”

အရင်ဘ၀ကသူသုံးနေကျလေသံအတိုင်း အခုဂျင်ချန်ရဲ့လေသံမှာ အထင်သေးမှုတွေအပြည့်ပါနေတယ်။ သူကမတော်တဆဖြစ်ပြီးပြန်မွေးဖွားလာခဲ့တာတောင်မှ အချို့အကျင့်တွေကတော့ရှိနေဆဲပဲ။


ဂျင်ချန်ပြောတာကိုကြားရပြီးတဲ့အခါ ကဒီလျှံရဲ့မျက်နှာဟာ သေလုအောင်ဖြူဖျော့သွားသည်။ သူ့မျက်လုံးထဲမှာ ဒေါသတွေပေါ်ထွက်လာနေပေမယ့် သူစာကြည့်တိုက်ရဲ့စည်းကမ်းတွေကိုတော့ မချိုးဖောက်ရဲသေးပေ။ ဒါ့အပြင် ဂျင်ချန်ရဲ့တိုက်ခိုက်တာကိုခံထားရသည်မှာလဲ သိပ်မကြာသေးဘူးမဟုတ်လား….


ကဒီလျှံရဲ့ဘေးမှာရပ်နေတဲ့ ကဒီကွင်တောင်မှဒေါသတွေထွက်နေတယ်။ ဂျင်ချန်ကိုစိုက်ကြည့်ရင်း သူမလှောင်လိုက်သည်။

“ဟမ့် နင်ငါ့အကို စိန်ခေါ်တာကိုလက်မခံရဲဘူးမဟုတ်လား။ နင်ယောင်္ကျားမှ ဟုတ်ရဲ့လား”

ကဒီကွင်ပြောတာကိုကြားမှ ကဒီလျှံ့မျက်နှာတောက်ပလာကာ စိတ်သက်စာရာရသွားသလို ခံစားလိုက်ရသည်။

“ဟုတ်တယ်။ ငါစိန်ခေါ်တာကိုလက်မခံ၇င် မင်းကသူရဲဘောကြောင်လို့ပဲ။ ချင်းယန် ရှင်းတန် ငါမင်းကိုတိုက်ခိုက်ရေးကွင်းပြင်မှာစောင့်နေမယ်။ မင်းကိုယ်မင်းငကြောက်လို့ထင်ရင် မလာခဲ့နဲ့။ ညီမသုံး တိုက်ခိုက်ရေးကွင်းပြင်ကိုသွားရအောင်”


အဲ့ဒိနောက်မှာတော့ ကဒီလျှံဟာ ဂျင်ချန်ကိုတစ်ချက်စူးခနဲကြည့်လိုက်ပြီး စာကြည့်တိုက်ကနေ ထွက်သွားတော့သည်။

“ဟမ့် ချင်းယန် ရှင်းတန် နင်လာတာကောင်းမယ်။ နင်ကငကြောက်ဆိုရင်တောင် လူသိအောင်တော့မပြသင့်ဘူး” ကဒီကွင်ကအော်ပြောကာ သူမအကိုနောက်ပြေးလိုက်သွားတော့သည်။ 


“ချင်းယန် ရှင်းတန်ဆိုတာ လူသစ်ပြိုင်ပွဲမှာ ပထမရသွားတဲ့ကောင်မဟုတ်လား” 


“ကြည့်ရတာတော့ ဟုတ်မယ်ထင်တယ်။ ငါကြားတာတော့ ချင်းယန် ရှင်းတန်က သူတော်စင်အဆင့်၈ပဲရှိသေးတာတဲ့ ဒါမယ့်ကွာ သူကသူတော်စင်အဆင့်၉တွေကိုတောင် အနိုင်ယူပစ်တာ။ ဘယ်လောက်မိုက်လဲ”


ကဒီကွင်တို့ထွက်သွားပြီးတဲ့နောက် စာကြ့ည့်တိုက်ထဲမှာ ဂျင်ချန့်အကြောင်းကိုသာပြောနေကြလေတယ်။ 


ဂျင်ချန့်ဘေးနားမှာ ထိုင်နေတဲ့မိန်းမလှလေးတောင်မှ သူ့ကိုအရမ်းအံ့သြနေတဲ့အမူအယာဖြင့်ကြည့်နေတယ်။ သူမမျက်လုံးတွေက စိတ်လှုပ်ရှုားစွာ တဖျက်ဖျက်ခတ်နေတယ်။ သူမတကယ်မမျှော်လင့်မိခဲ့ဘူး ဒီကောင်က ကျောင်းသားသစ်ဘုရင်ဆုရခဲ့တာတဲ့လား….


အရုပ်ဆိုးတဲ့မျက်နှာအမူအယာဖြင့် ဂျင်ချန် သူ့လက်ထဲကစာအုပ်ကိုဖျစ်ညှစ်ထားသည်။ ကဒီကလန်ကအသုံးမကျတဲ့မောင်နှမနှစ်ယောက်က သူ့ကိုလာရှုပ်နေတယ်။ သူစာဘယ်လိုဆက်ဖတ်နိုင်တော့မလဲ။ ထပ်တွေးရရင် ဒီလိုစိန်ခေါ်ခံရမှတော့ ဂျင်ချန်လက်မခံလို့ဘယ်ရပါတော့မလဲ။ သူကသူ့ဂုဏ်သိက္ခာကိုသိပ်ဂရုမစိုက်ပါဘူး။ ဒါပေမယ့် သူကချင်းယန်ကလန်ကလူဖြစ်နေတယ်။ သူ့အကိုကအနားမှာမရှိပေမယ့် သူ ချင်းယန်ဟူကိုတော့ ငကြောက်ညီတစ်ယောက်မရစေချင်ပါဘူး။ 


ထိုင်ခုံကနေဖြည်းညင်းစွာထရပ်လိုက်ရင်း စားပွဲပေါ်ကသူဖတ်ဖို့ယူထားတဲ့စာအုပ်တွေကိုကောက်ယူလိုက်တယ်။ စာအုပ်စင်မှာ သပ်သပ်ရပ်ရပ်နှင့်စနစ်တကျပြန်စီလိုက်ပြီးတဲ့နောက် သူစာကြည့်တိုက်ကနေထွက်သွားဖို့ပြင်လိုက်သည်။ အဲ့ဒိအချိန်မှာတစ်ခန်းလုံးက ဂျင်ချန်ရဲ့လှုပ်ရှုားမှုသေးသေးလေးကိုတောင် အလွတ်မပေးဘဲကြည့်နေကြတယ်။


“ဟေ့ ချင်းယန် ရှင်းတန်” 

ဂျှင်ချန်စာကြည့်တိုက် ဂိတ်ဝရောက်တဲ့အချိန်မှာ သူ့ဘေးကမိန်းမလှလေးသူ့ကို လှမ်းခေါ်လိုက်သံကိုကြားလိုက်ရသည်။ သူအံ့အားသင့်စွာဖြင့် ကောင်မလေးကိုကြည့်လိုက်သည်။


“ဘာလဲ”


ဂျင်ချန့်အသံနေအသံထားနဲ့စကားကိုကြားတော့ ကောင်မလေးကဘာမှမပြောသေးခင် နှုတ်ခမ်းစူလိုက်သည်။

“ချင်းယန် ရှင်းတန် နင်လေ့ကျင့်ရေးကွင်းထဲကိုသွားပြီးတော့ စိန်ခေါ်တာကိုလက်ခံမလို့လား”


“ဟုတ်တယ်”


“နင်သွားဖို့မလိုပါဘူး။ စာကြည့်တိုက်က ဆူညံအောင်လုပ်တာကို တားမြစ်ထားတယ်။ နင်လုပ်ရမှာက ဒီအကြောင်းကို ကျောင်းအုပ်ကြီးကို သွားပြောလိုက်ဖို့ပဲ။ အဲ့ဒါဆိုရင် သူတို့နှစ်ယောက် သေချာပေါက်အပြစ်ပေးခံရမှာ။ ဒီခါဂဲအကယ်ဒမီမှာ ဘယ်သူမှကျောင်းအုပ်ကြီးကို အထွန့်မတက်ရဲဘူး”


သူမပြောတာတွေကြားတော့ ဂျင်ချန် ဒီကောင်မလေးကိုတောက်ပစွာကြည့်လိုက်မိသည်။ ခပ်ပေါ့ပေါ့ရယ်လျက်ကပဲ 

“သူတို့က စိန်ခေါ်နေမှတော့ ငါကလက်မခံလို့ ဘယ်ဖြစ်မလဲ” ဟုပြန်ပြောကာ စာကြည့်တိုက်ကနေထွက်သွားတော့တယ်။

ဂျင်ချန့်ပုံရိပ်ပျောက်သွားသည်ကိုကြည့်နေပြီးမှ သူမမျက်လုံးတွေ တလက်လက်တောက်ပလာလေတယ်။ ခဏလောက်တုံ့ဆိုင်းနေပြီးတော့ သူမထိုင်နေခဲ့တဲ့စားပွဲဆီပြန်သွားကာ စာအုပ်ိကိုယူလိုက်ပြီး စင်ပေါ်စနစ်တကျပြန်ထားလိုက်တယ်။ နောက် စာကြည့်တိုက်ဂိတ်၀ဆီမြန်မြန်ပြေးသွားကာ ပြိုင်ပွဲကွင်းပြင်ဆီထွက်သွားတော့တယ်။


ကောင်မလေးထွက်သွားပြီးတဲ့နောက် စာကြည့်တိုက်တစ်ခုလုံးခဏလောက် ငြိမ်ကျသွားသည်။ နောက် ရုတ်တရက် အသံကျယ်ကြီးတစ်ခုထွက်လာသည်။ 


“ဒါစိတ်၀င်စားစရာကောင်းတဲ့ပွဲပဲ။ သူတော်စင်အဆင့်၈ပဲရှိသေးတဲ့လူသစ်လေးက အဆင့်၉ကလူကိုတိုက်မယ့်ပွဲ၊ သွားမကြည့်တဲ့သူက ရူးနေလို့ပဲဖြစ်မှာ” 


ကျောင်း၀တ်စုံ၀တ်ထားတဲ့ ဆယ်ကျော်သက်ကောင်လေးက စာကြည့်တိုက်ထဲကနေအမြန်ပြေးထွက်သွားတယ်။

ဒီလူတွေထွက်သွားပြီးတဲ့နောက် ကျန်တဲ့ကျောင်းသူ၊ကျောင်းသားတွေဟာ သူတို့ယူထားတဲ့စာအုပ်တွေကို စင်တွေပေါ် စနစ်တကျပြန်ထားပြီး ပြိုင်ပွဲကွင်းပြင်ဆီအမြန်ပြေးသွားတော့တယ်။


အားကစားကွင်းရဲ့ထောင့်တစ်နေရာတွင် ပြိုင်ပွဲကွင်းပြင်ရှိသည်။ စက်ဝိုင်းပုံစင်မြင့်၅ခုရှိကာ တစ်ခုဆီကိုမီတာ၂၀ကျယ်၀န်းသည်။ ပြိုင်ပွဲကွင်းကသိပ်မကြီးတာမို့ ပွဲကြည့်ပရိတ်သတ်၁၀၀လောက်သာ ဆန့်နိုင်သည်။ သို့ပေမယ့် လူသစ်ပြိုင်ပွဲ့ပြီးခဲ့တာမကြာသေးသည်မို့ ပြင်ဆင်ထားလျက်သားဖြစ်သည်။ 

ဂျင်ချန် ပြိုင်ပွဲကွင်းပြင်ကိုရောက်တော့ စင်မြင့်တစ်ခုပေါ်မှာ လက်ပိုက်ကာရပ်နေတဲ့ ကဒီလျှံကိုတန်းမြင်လိုက်သည်။ စင်အောက်မှာတော့ ဆူညံစာံတွတ်ထိုးနေတဲ့ကျောင်းသားတွေရှိသည်။

ဂျင်ချန်ရောက်လာတာမြင်တော့ စင်မြင့်ပေါ်ရပ်နေတဲ့ ကဒီလျှံကလှောင်သည်။


“မင်းလိုငကြောက်ကို ငါကမလာရဲဘူးတောင် ထင်နေတာကွ”


“ဟမ့်”

ဂျင်ချန် နှာမှုတ်ကာ စင်မြင့်ပေါ်ခုန်တက်လိုက်သည်။ လက်ပိုက်ကာရပ်နေလိုက်ပြီးအထင်သေးတဲ့အကြည့်နှင့် ကဒီလျှံအားအေးစက်စွာပြောလိုက်သည်။


“ငါ့ကိုလာတိုက်။ ငါမင်းကို၁၀ကွက် အကြောပေးမယ်။ အဲ့၁၀ကွက်အတွင်း ငါလုံးဝြပန်မတိုက်ဘူး”


ဂျင်ချန်ပြောတာကိုကြားရသည့်ပရိတ်သတ်တွေသည် အံ့သြလွန်းလို့အော်ဟစ်မိမတတ်ဖြစ်သွားရသည်။ ထိုလူတွေထဲတွင် စီနီယာကျောင်းသားတွေလည်းပါ၀င်သည်။ သူတို့တွေခဏလောက်ငြိမ်နေပြီး  ဂျင်ချန့်အကြောင်းကိုခပ်တိုးတိုးဆွေးနွေးကြတော့သည်။ သူတို့ထင်ခဲ့တာက ပြိုင်ပွဲမှာကဒီလျှံရှုံးသွားခဲ့သည်က ဒီကောင်နမော်နမဲ့နိုင်သွားလို့ပေါ့…..

ကဒီလျှံမျက်နှာဟာ ဒေါသကြောင့်နီရဲတက်လာသည်။ ဒီချင်းယန် ရှင်းတန်ဟာ သူ့ကိုပြိုင်ဘက်တစ်ယောက်အနေဖြင့်တောင် မမြင်ပါလား….


“ချင်းယန် ရှင်းတန် မင်းကငါထင်ထားတာထက်ကို အရှက်မရှိတာပဲ”


ကဒီလျှံအော်ပြောလိုက်သည်။ 

ဂျင်ချန်ကတော့ ထူးမခြားနားစွာကြည့်ရင်းပြောသည်။


“ကဒီလျှံမင်းငါ့ကိုတိုက်ချင်တာဆို မြန်မြန်လာတိုက်လေ။ ငါ့မှာအချိန်မရှိဘူး”


“ဟမ့်”


ကဒီလျှံနှာမှုတ်ကာ ဆက်ပြောသည်။

“ဘာတွေအလျင်လိုနေတာလဲ။ လာကြည့်တဲ့သူတွေပြည့်တဲ့အထိ စောင့်လိုက်ပါဦး။ ဒါမှ ငါမင်းကိုနိုင်တဲ့အခါ မျက်မြင်သက်သေတွေရှိမှာ”


သူဘာလို့ဒီလိုပြောရသလဲဆိုတော့ လူသစ်ပြိုင်ပွဲမှာသူရှုံးသွားတုန်းက ဂျင်ချန်ကခဏလေးနဲ့သူ့ကိုအနိုင်ယူလိုက်တာလေ… သူ့ဖင်ကိုကန်ချက်တစ်ချက်တည်း သုံးပြီးအနိုင်ယူခဲ့တာ။ သူ့အတွက်တော့ အဲ့ဒိကန်ချက်ကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ ကဒီလျှံအမြင်မှာတော့ သူရှုံးခဲ့တာက သူနမော်နမဖြစ်သွားခဲ့လို့ပဲ။ သူ့အလှည့်မှာတော့ ဂျင်ချန့်ကိုရက်ရက်စက်စက်အနိုင်ယူပြီး ဂုဏ်သိက္ခာတွေပြန်ဆယ်ရမယ်။ 

တဖြေးဖြေးကွင်းပြင်ထဲမှာလူတွေပြည့်လာသည်။ တိုးပွားလာသည့်ဦးရေဟာ ရပ်သွားမည့်ဟန်တော့မရှိ။ အပြင်မှာတော့ ပြိုင်ပွဲကွင်းဆီလာနေတဲ့လူအုပ်ကြီးတွေရှိသည်။ ဒီပြိုင်ပွဲကို ကဒီလျှံကတ၇ား၀င်ကြေငြာထားခဲ့သည်ကိုး….


အချိန်အနည်းငယ်ကြာပြီးနောက်မှာ ပြိုင်ပွဲကွင်းပြင်တွင် အနည်းဆုံးလူ၂၀၀နီးပါးရှိနေပြီဖြစ်တယ်။ လူတွေအားလုံးဟာ စိတ်လှုပ်ရှုားစွာစောင့်မျှော်နေကြတယ်။ အဲ့ဒိလူတွေထဲမှာ ကဒီလျှံရဲ့အကို ကဒီယန်လည်းပါတယ်။ သူ့ဘေးမှာတော့လူအနည်းငယ်ဝိုင်းကာရပ်နေတယ်။ 


“ညီလေး မင်းလုပ်နိုင်ပါတယ်။ အကိုကြီးစောင့်ကြည့်နေမယ်”

ရုတ်တရက် ရင်းနှိးတဲ့အသံတစ်သံဟာ လူအုပ်ကြီးရဲ့ဆူညံသံတွေကိုဖြတ်ပြီးထွက်လာတယ်။ 

ဂျင်ချန်လိုက်ရှာကြည့်တဲ့အခါမှာတော့ သူ့အကိုကြီး ချင်းယန်ဟူ ကကွင်းထဲမှာရပ်ပြီးသူ့ကိုအားပေးနေတာတွေ့၇တယ်။

ဂျင်ချန်ပြုံးကာခေါင်းငြိမ့်ပြလိုက်တယ်။ 


အဲ့ဒိအချိန်မှာ အသံအကျယ်ကြီးတစ်သံထွက်လာပြန်တယ်။

“လာ လာ ဘယ်သူနိုင်မယ်ဆိုတာ ငါတို့လောင်းကြရအောင်။ ဘယ်သူလောင်းရဲကြလဲ”


“ကဒီလျှံ့ကို ရွှေ၁၀ပြားလောင်းတယ်”


“ငါက ချင်းယန် ရှင်းတန်ကို ရွှေပြား၂၀လောင်းတယ်”


“ငါ ကဒီလျှံကိုရွှေပြား၅၀လောင်းတယ်”


ကဒီလျှံနဲ့ဂျင်ချန်တို့ကို ဘယ်သူနိုင်မယ်ဆိုပြီးလောင်းတဲ့သူတွေများလာတယ်။ အများစုဟာ မြင့်မြတ်တဲ့မိသားစုတွေကမို့ အတော်လောင်းနိုင်ကြတယ်။ ကဒီလျှံကိုလောင်းကြတဲ့သူတွေက ၈၀ရာခိုင်နှုန်းလောက်ရှိပြီး ဂျင်ချန်ကိုလောင်းတဲ့သူတွေကတော့ ၂၀ရာခိုင်နှုန်းပဲရှိတယ်။


“purple coin၁၀ပြား ချင်းယန်ရှင်းတန်ဘက်ကလောင်းတယ်”


ငွေတွေတင်ထားတဲ့စားပွဲကိုလက်ဝါးဖြင့် ရိုက်ချလိုက်ရင်း ချင်းယန်ဟူလောင်းလိုက်သည်။


“ချင်းယန် ရှင်းတန်ဘက်ကို purple coin ၁၀ပြားလောင်းတယ်”


နှုးညံ့တဲ့အသံလေးထွက်လာကာ ဂျင်ချန်ဘက်ကိုလောင်းလိုက်သည်ကို အားလုံးမြင်လိုက်ကြရသည်. သူမဟာ သေချာပေါက်မြင့်မြတ်သည့် မိသားစုမှဖြစ်ရမည်ကို သိနိုင်သည်။ လူတွေနားမလည်နိုင်ကြသည်က ဒီမိန်းမလှလေးက ဘယ်လိုကြောင့်ဂျင်ချန်ဘက်ကလောင်းရတာလဲ ဆိုတာကိုပါပဲ။

စင်မြင့်ပေါ်ကဂျင်ချန်က ကဒီလျှံကိုကြည့်ရင်းပြောလိုက်သည်။ 

“ငါတို့ အခုစလို့ရပြီလား”


ကဒီလျှံရဲ့မျက်နှာဟာ ယုံကြည်မှုတွေပြည့်နေတယ်။ သူလှောင်ကာပြောလာသည်။


“ချင်းယန် ရှင်းတန် မင်းငါ့ကို ၁၀ကွက်အကြောပေးမယ်လို့ပြောခဲ့တယ်နော်။ မင်းစကားမင်းမှတ်မိတယ်မလား”


“မြင့်မြတ်တဲ့စိတ်ထားရှိသူတစ်ယောက်အနေနဲ့ သူ့ပါးစပ်ကထွက်သမျှက ကတိပဲ။ ငါမင်းကို၁၀ကွက်အကြောပေးမှာပါ”

“ဘယ်လောက် မာန်တက်နေလိုက်သလဲ”


ဂျင်ချန်ပြောတဲ့စကားကို သူသေချာမသိပါဘူး။ ဒါပေမယ့် ဘာကိုဆိုလိုသလဲဆိုတာကိုတော့ သူသဘောပေါက်လိုက်တယ်။ 

သူဘာစကားမှမပြောတော့ဘဲ ဂျင်ချန်ကိုစတိုက်လိုက်တယ်။ သူ့ကို၁၀ကွက်အကြောပေးထားတဲ့ဟာ သူကဘာလို့အားအများကြီး မသုံးရမှာလဲ။


ကဒီလျှံ ဂျင်ချန့်ဆီကိုပြေးသွားကာ လက်ထီးဖြင့်ထိုးချလိုက်သည်။ လေသံလေးတစ်ချက်တောင်မကြားရတဲ့အထိ လက်သီးကလျင်မြန်စွာ၀င်သွားသည်။ မျက်နှာနားနီးကပ်လာတဲ့လက်သီးကို ကပ်သီးလေးရှောင်လိုက်သည်မို့ ဂျင်ချန်ခြေတစ်လှမ်း နောက်ဆုတ်သွားရသည်။ ဒီလက်သီးချက်က သူ့ကိုခြေတစ်လှမ်းသာနောက်ဆုတ်စေဖို့လုံလောက်သည်။


“အရမ်းနီိးနေပြီ။ ဒီ့ထက်နည်းနည်းပဲအားပြင်းလိုက်ရင်ကွာ….”


“ဒီချင်းယန် ရှင်းတန်က အားသိပ်မရှိပါဘူးကွာ။ တိုက်ပွဲစစချင်းမှာကို သူကအထိုးခံရတော့မလို့။ သူသာမရှောင်နိင်ခဲ့ဘူးဆိုရင် ဒဏ်၇ာရပြီးအနိုင်အရှုံးကကွဲပြားသွားမှာ”


“ဒီချင်းယန် ရှင်းတန်က ကံသိပ်ကောင်းနေတာ”


ကွင်းပြင်ထဲကလူအများစုကတော့ ဂျင်ချန် ကဒီလျှံရဲ့လက်သီးကိုရှောင်နိုင်လိုက်သည်မှာ ကံကောင်းမှုကြောင့်ဟုထင်နေသည်။

လူတစ်ချို့ကသာ ဒါဟာကံကောင်းမှုမဟုတ်မှန်း ရိပ်မိကြကာ ဂျင်ချန်အား စိတ်၀င်တစားကြည့်လိုက်ကြသည်။


-------------------

ဓားနတ္ဘုရား ဂ်င္ခ်န္


Book 2


အပိုင္း ၂၁


Tran by- xian yu



ကဒီလွ်ံရဲ႕စိန္ေခၚတဲ့စကားက ဂ်င္ခ်န္ကိုေဒါပြေစသည္။ ကဒီလွ်ံကိုအထင္ေသးစြာၾကည့္ေနလ်က္ သူျပန္ေျပာလိုက္သည္။


“အရင္ရက္က ငါမင္းကိုအနိုင္ယူခဲ့ၿပီးၿပီ။ အခုမင္းက ငါ့ကိုစိန္ေခၚရဲေသးတယ္ေပါ့”


အရင္ဘ၀ကသူသုံးေနက်ေလသံအတိုင္း အခုဂ်င္ခ်န္ရဲ႕ေလသံမွာ အထင္ေသးမႈေတြအျပည့္ပါေနတယ္။ သူကမေတာ္တဆျဖစ္ၿပီးျပန္ေမြးဖြားလာခဲ့တာေတာင္မွ အခ်ိဳ႕အက်င့္ေတြကေတာ့ရွိေနဆဲပဲ။



ဂ်င္ခ်န္ေျပာတာကိုၾကားရၿပီးတဲ့အခါ ကဒီလွ်ံရဲ႕မ်က္ႏွာဟာ ေသလုေအာင္ျဖဴေဖ်ာ့သြားသည္။ သူ႕မ်က္လုံးထဲမွာ ေဒါသေတြေပၚထြက္လာေနေပမယ့္ သူစာၾကည့္တိုက္ရဲ႕စည္းကမ္းေတြကိုေတာ့ မခ်ိဳးေဖာက္ရဲေသးေပ။ ဒါ့အျပင္ ဂ်င္ခ်န္ရဲ႕တိုက္ခိုက္တာကိုခံထားရသည္မွာလဲ သိပ္မၾကာေသးဘူးမဟုတ္လား….



ကဒီလွ်ံရဲ႕ေဘးမွာရပ္ေနတဲ့ ကဒီကြင္ေတာင္မွေဒါသေတြထြက္ေနတယ္။ ဂ်င္ခ်န္ကိုစိုက္ၾကည့္ရင္း သူမေလွာင္လိုက္သည္။


“ဟမ့္ နင္ငါ့အကို စိန္ေခၚတာကိုလက္မခံရဲဘူးမဟုတ္လား။ နင္ေယာကၤ်ားမွ ဟုတ္ရဲ႕လား”


ကဒီကြင္ေျပာတာကိုၾကားမွ ကဒီလွ်ံ႕မ်က္ႏွာေတာက္ပလာကာ စိတ္သက္စာရာရသြားသလို ခံစားလိုက္ရသည္။


“ဟုတ္တယ္။ ငါစိန္ေခၚတာကိုလက္မခံ၇င္ မင္းကသူရဲေဘာေၾကာင္လို႔ပဲ။ ခ်င္းယန္ ရွင္းတန္ ငါမင္းကိုတိုက္ခိုက္ေရးကြင္းျပင္မွာေစာင့္ေနမယ္။ မင္းကိုယ္မင္းငေၾကာက္လို႔ထင္ရင္ မလာခဲ့နဲ႕။ ညီမသုံး တိုက္ခိုက္ေရးကြင္းျပင္ကိုသြားရေအာင္”



အဲ့ဒိေနာက္မွာေတာ့ ကဒီလွ်ံဟာ ဂ်င္ခ်န္ကိုတစ္ခ်က္စူးခနဲၾကည့္လိုက္ၿပီး စာၾကည့္တိုက္ကေန ထြက္သြားေတာ့သည္။


“ဟမ့္ ခ်င္းယန္ ရွင္းတန္ နင္လာတာေကာင္းမယ္။ နင္ကငေၾကာက္ဆိုရင္ေတာင္ လူသိေအာင္ေတာ့မျပသင့္ဘူး” ကဒီကြင္ကေအာ္ေျပာကာ သူမအကိုေနာက္ေျပးလိုက္သြားေတာ့သည္။ 



“ခ်င္းယန္ ရွင္းတန္ဆိုတာ လူသစ္ၿပိဳင္ပြဲမွာ ပထမရသြားတဲ့ေကာင္မဟုတ္လား” 



“ၾကည့္ရတာေတာ့ ဟုတ္မယ္ထင္တယ္။ ငါၾကားတာေတာ့ ခ်င္းယန္ ရွင္းတန္က သူေတာ္စင္အဆင့္၈ပဲရွိေသးတာတဲ့ ဒါမယ့္ကြာ သူကသူေတာ္စင္အဆင့္၉ေတြကိုေတာင္ အနိုင္ယူပစ္တာ။ ဘယ္ေလာက္မိုက္လဲ”



ကဒီကြင္တို႔ထြက္သြားၿပီးတဲ့ေနာက္ စာၾက့ည့္တိုက္ထဲမွာ ဂ်င္ခ်န့္အေၾကာင္းကိုသာေျပာေနၾကေလတယ္။ 



ဂ်င္ခ်န့္ေဘးနားမွာ ထိုင္ေနတဲ့မိန္းမလွေလးေတာင္မွ သူ႕ကိုအရမ္းအံ့ၾသေနတဲ့အမူအယာျဖင့္ၾကည့္ေနတယ္။ သူမမ်က္လုံးေတြက စိတ္လႈပ္ရႈားစြာ တဖ်က္ဖ်က္ခတ္ေနတယ္။ သူမတကယ္မေမွ်ာ္လင့္မိခဲ့ဘူး ဒီေကာင္က ေက်ာင္းသားသစ္ဘုရင္ဆုရခဲ့တာတဲ့လား….



အ႐ုပ္ဆိုးတဲ့မ်က္ႏွာအမူအယာျဖင့္ ဂ်င္ခ်န္ သူ႕လက္ထဲကစာအုပ္ကိုဖ်စ္ညွစ္ထားသည္။ ကဒီကလန္ကအသုံးမက်တဲ့ေမာင္ႏွမႏွစ္ေယာက္က သူ႕ကိုလာရႈပ္ေနတယ္။ သူစာဘယ္လိုဆက္ဖတ္နိုင္ေတာ့မလဲ။ ထပ္ေတြးရရင္ ဒီလိုစိန္ေခၚခံရမွေတာ့ ဂ်င္ခ်န္လက္မခံလို႔ဘယ္ရပါေတာ့မလဲ။ သူကသူ႕ဂုဏ္သိကၡာကိုသိပ္ဂ႐ုမစိုက္ပါဘူး။ ဒါေပမယ့္ သူကခ်င္းယန္ကလန္ကလူျဖစ္ေနတယ္။ သူ႕အကိုကအနားမွာမရွိေပမယ့္ သူ ခ်င္းယန္ဟူကိုေတာ့ ငေၾကာက္ညီတစ္ေယာက္မရေစခ်င္ပါဘူး။ 



ထိုင္ခုံကေနျဖည္းညင္းစြာထရပ္လိုက္ရင္း စားပြဲေပၚကသူဖတ္ဖို႔ယူထားတဲ့စာအုပ္ေတြကိုေကာက္ယူလိုက္တယ္။ စာအုပ္စင္မွာ သပ္သပ္ရပ္ရပ္ႏွင့္စနစ္တက်ျပန္စီလိုက္ၿပီးတဲ့ေနာက္ သူစာၾကည့္တိုက္ကေနထြက္သြားဖို႔ျပင္လိုက္သည္။ အဲ့ဒိအခ်ိန္မွာတစ္ခန္းလုံးက ဂ်င္ခ်န္ရဲ႕လႈပ္ရႈားမႈေသးေသးေလးကိုေတာင္ အလြတ္မေပးဘဲၾကည့္ေနၾကတယ္။



“ေဟ့ ခ်င္းယန္ ရွင္းတန္” 


ဂွ်င္ခ်န္စာၾကည့္တိုက္ ဂိတ္ဝေရာက္တဲ့အခ်ိန္မွာ သူ႕ေဘးကမိန္းမလွေလးသူ႕ကို လွမ္းေခၚလိုက္သံကိုၾကားလိုက္ရသည္။ သူအံ့အားသင့္စြာျဖင့္ ေကာင္မေလးကိုၾကည့္လိုက္သည္။



“ဘာလဲ”



ဂ်င္ခ်န့္အသံေနအသံထားနဲ႕စကားကိုၾကားေတာ့ ေကာင္မေလးကဘာမွမေျပာေသးခင္ ႏႈတ္ခမ္းစူလိုက္သည္။


“ခ်င္းယန္ ရွင္းတန္ နင္ေလ့က်င့္ေရးကြင္းထဲကိုသြားၿပီးေတာ့ စိန္ေခၚတာကိုလက္ခံမလို႔လား”



“ဟုတ္တယ္”



“နင္သြားဖို႔မလိုပါဘူး။ စာၾကည့္တိုက္က ဆူညံေအာင္လုပ္တာကို တားျမစ္ထားတယ္။ နင္လုပ္ရမွာက ဒီအေၾကာင္းကို ေက်ာင္းအုပ္ႀကီးကို သြားေျပာလိုက္ဖို႔ပဲ။ အဲ့ဒါဆိုရင္ သူတို႔ႏွစ္ေယာက္ ေသခ်ာေပါက္အျပစ္ေပးခံရမွာ။ ဒီခါဂဲအကယ္ဒမီမွာ ဘယ္သူမွေက်ာင္းအုပ္ႀကီးကို အထြန့္မတက္ရဲဘူး”



သူမေျပာတာေတြၾကားေတာ့ ဂ်င္ခ်န္ ဒီေကာင္မေလးကိုေတာက္ပစြာၾကည့္လိုက္မိသည္။ ခပ္ေပါ့ေပါ့ရယ္လ်က္ကပဲ 


“သူတို႔က စိန္ေခၚေနမွေတာ့ ငါကလက္မခံလို႔ ဘယ္ျဖစ္မလဲ” ဟုျပန္ေျပာကာ စာၾကည့္တိုက္ကေနထြက္သြားေတာ့တယ္။


ဂ်င္ခ်န့္ပုံရိပ္ေပ်ာက္သြားသည္ကိုၾကည့္ေနၿပီးမွ သူမမ်က္လုံးေတြ တလက္လက္ေတာက္ပလာေလတယ္။ ခဏေလာက္တုံ႕ဆိုင္းေနၿပီးေတာ့ သူမထိုင္ေနခဲ့တဲ့စားပြဲဆီျပန္သြားကာ စာအုပ္ိကိုယူလိုက္ၿပီး စင္ေပၚစနစ္တက်ျပန္ထားလိုက္တယ္။ ေနာက္ စာၾကည့္တိုက္ဂိတ္၀ဆီျမန္ျမန္ေျပးသြားကာ ၿပိဳင္ပြဲကြင္းျပင္ဆီထြက္သြားေတာ့တယ္။



ေကာင္မေလးထြက္သြားၿပီးတဲ့ေနာက္ စာၾကည့္တိုက္တစ္ခုလုံးခဏေလာက္ ၿငိမ္က်သြားသည္။ ေနာက္ ႐ုတ္တရက္ အသံက်ယ္ႀကီးတစ္ခုထြက္လာသည္။ 



“ဒါစိတ္၀င္စားစရာေကာင္းတဲ့ပြဲပဲ။ သူေတာ္စင္အဆင့္၈ပဲရွိေသးတဲ့လူသစ္ေလးက အဆင့္၉ကလူကိုတိုက္မယ့္ပြဲ၊ သြားမၾကည့္တဲ့သူက ႐ူးေနလို႔ပဲျဖစ္မွာ” 



ေက်ာင္း၀တ္စုံ၀တ္ထားတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးက စာၾကည့္တိုက္ထဲကေနအျမန္ေျပးထြက္သြားတယ္။


ဒီလူေတြထြက္သြားၿပီးတဲ့ေနာက္ က်န္တဲ့ေက်ာင္းသူ၊ေက်ာင္းသားေတြဟာ သူတို႔ယူထားတဲ့စာအုပ္ေတြကို စင္ေတြေပၚ စနစ္တက်ျပန္ထားၿပီး ၿပိဳင္ပြဲကြင္းျပင္ဆီအျမန္ေျပးသြားေတာ့တယ္။



အားကစားကြင္းရဲ႕ေထာင့္တစ္ေနရာတြင္ ၿပိဳင္ပြဲကြင္းျပင္ရွိသည္။ စက္ဝိုင္းပုံစင္ျမင့္၅ခုရွိကာ တစ္ခုဆီကိုမီတာ၂၀က်ယ္၀န္းသည္။ ၿပိဳင္ပြဲကြင္းကသိပ္မႀကီးတာမို႔ ပြဲၾကည့္ပရိတ္သတ္၁၀၀ေလာက္သာ ဆန့္နိုင္သည္။ သို႔ေပမယ့္ လူသစ္ၿပိဳင္ပြဲ႕ၿပီးခဲ့တာမၾကာေသးသည္မို႔ ျပင္ဆင္ထားလ်က္သားျဖစ္သည္။ 


ဂ်င္ခ်န္ ၿပိဳင္ပြဲကြင္းျပင္ကိုေရာက္ေတာ့ စင္ျမင့္တစ္ခုေပၚမွာ လက္ပိုက္ကာရပ္ေနတဲ့ ကဒီလွ်ံကိုတန္းျမင္လိုက္သည္။ စင္ေအာက္မွာေတာ့ ဆူညံစာံတြတ္ထိုးေနတဲ့ေက်ာင္းသားေတြရွိသည္။


ဂ်င္ခ်န္ေရာက္လာတာျမင္ေတာ့ စင္ျမင့္ေပၚရပ္ေနတဲ့ ကဒီလွ်ံကေလွာင္သည္။



“မင္းလိုငေၾကာက္ကို ငါကမလာရဲဘူးေတာင္ ထင္ေနတာကြ”



“ဟမ့္”


ဂ်င္ခ်န္ ႏွာမႈတ္ကာ စင္ျမင့္ေပၚခုန္တက္လိုက္သည္။ လက္ပိုက္ကာရပ္ေနလိုက္ၿပီးအထင္ေသးတဲ့အၾကည့္ႏွင့္ ကဒီလွ်ံအားေအးစက္စြာေျပာလိုက္သည္။



“ငါ့ကိုလာတိုက္။ ငါမင္းကို၁၀ကြက္ အေၾကာေပးမယ္။ အဲ့၁၀ကြက္အတြင္း ငါလုံးျဝပန္မတိုက္ဘူး”



ဂ်င္ခ်န္ေျပာတာကိုၾကားရသည့္ပရိတ္သတ္ေတြသည္ အံ့ၾသလြန္းလို႔ေအာ္ဟစ္မိမတတ္ျဖစ္သြားရသည္။ ထိုလူေတြထဲတြင္ စီနီယာေက်ာင္းသားေတြလည္းပါ၀င္သည္။ သူတို႔ေတြခဏေလာက္ၿငိမ္ေနၿပီး  ဂ်င္ခ်န့္အေၾကာင္းကိုခပ္တိုးတိုးေဆြးေႏြးၾကေတာ့သည္။ သူတို႔ထင္ခဲ့တာက ၿပိဳင္ပြဲမွာကဒီလွ်ံရႈံးသြားခဲ့သည္က ဒီေကာင္နေမာ္နမဲ့နိုင္သြားလို႔ေပါ့…..


ကဒီလွ်ံမ်က္ႏွာဟာ ေဒါသေၾကာင့္နီရဲတက္လာသည္။ ဒီခ်င္းယန္ ရွင္းတန္ဟာ သူ႕ကိုၿပိဳင္ဘက္တစ္ေယာက္အေနျဖင့္ေတာင္ မျမင္ပါလား….



“ခ်င္းယန္ ရွင္းတန္ မင္းကငါထင္ထားတာထက္ကို အရွက္မရွိတာပဲ”



ကဒီလွ်ံေအာ္ေျပာလိုက္သည္။ 


ဂ်င္ခ်န္ကေတာ့ ထူးမျခားနားစြာၾကည့္ရင္းေျပာသည္။



“ကဒီလွ်ံမင္းငါ့ကိုတိုက္ခ်င္တာဆို ျမန္ျမန္လာတိုက္ေလ။ ငါ့မွာအခ်ိန္မရွိဘူး”



“ဟမ့္”



ကဒီလွ်ံႏွာမႈတ္ကာ ဆက္ေျပာသည္။


“ဘာေတြအလ်င္လိုေနတာလဲ။ လာၾကည့္တဲ့သူေတြျပည့္တဲ့အထိ ေစာင့္လိုက္ပါဦး။ ဒါမွ ငါမင္းကိုနိုင္တဲ့အခါ မ်က္ျမင္သက္ေသေတြရွိမွာ”



သူဘာလို႔ဒီလိုေျပာရသလဲဆိုေတာ့ လူသစ္ၿပိဳင္ပြဲမွာသူရႈံးသြားတုန္းက ဂ်င္ခ်န္ကခဏေလးနဲ႕သူ႕ကိုအနိုင္ယူလိုက္တာေလ… သူ႕ဖင္ကိုကန္ခ်က္တစ္ခ်က္တည္း သုံးၿပီးအနိုင္ယူခဲ့တာ။ သူ႕အတြက္ေတာ့ အဲ့ဒိကန္ခ်က္ကို ဘယ္ေတာ့မွေမ့မွာမဟုတ္ဘူး။ ကဒီလွ်ံအျမင္မွာေတာ့ သူရႈံးခဲ့တာက သူနေမာ္နမျဖစ္သြားခဲ့လို႔ပဲ။ သူ႕အလွည့္မွာေတာ့ ဂ်င္ခ်န့္ကိုရက္ရက္စက္စက္အနိုင္ယူၿပီး ဂုဏ္သိကၡာေတြျပန္ဆယ္ရမယ္။ 


တေျဖးေျဖးကြင္းျပင္ထဲမွာလူေတြျပည့္လာသည္။ တိုးပြားလာသည့္ဦးေရဟာ ရပ္သြားမည့္ဟန္ေတာ့မရွိ။ အျပင္မွာေတာ့ ၿပိဳင္ပြဲကြင္းဆီလာေနတဲ့လူအုပ္ႀကီးေတြရွိသည္။ ဒီၿပိဳင္ပြဲကို ကဒီလွ်ံကတ၇ား၀င္ေၾကျငာထားခဲ့သည္ကိုး….



အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္မွာ ၿပိဳင္ပြဲကြင္းျပင္တြင္ အနည္းဆုံးလူ၂၀၀နီးပါးရွိေနၿပီျဖစ္တယ္။ လူေတြအားလုံးဟာ စိတ္လႈပ္ရႈားစြာေစာင့္ေမွ်ာ္ေနၾကတယ္။ အဲ့ဒိလူေတြထဲမွာ ကဒီလွ်ံရဲ႕အကို ကဒီယန္လည္းပါတယ္။ သူ႕ေဘးမွာေတာ့လူအနည္းငယ္ဝိုင္းကာရပ္ေနတယ္။ 



“ညီေလး မင္းလုပ္နိုင္ပါတယ္။ အကိုႀကီးေစာင့္ၾကည့္ေနမယ္”


႐ုတ္တရက္ ရင္းႏွိးတဲ့အသံတစ္သံဟာ လူအုပ္ႀကီးရဲ႕ဆူညံသံေတြကိုျဖတ္ၿပီးထြက္လာတယ္။ 


ဂ်င္ခ်န္လိုက္ရွာၾကည့္တဲ့အခါမွာေတာ့ သူ႕အကိုႀကီး ခ်င္းယန္ဟူ ကကြင္းထဲမွာရပ္ၿပီးသူ႕ကိုအားေပးေနတာေတြ႕၇တယ္။


ဂ်င္ခ်န္ၿပဳံးကာေခါင္းၿငိမ့္ျပလိုက္တယ္။ 



အဲ့ဒိအခ်ိန္မွာ အသံအက်ယ္ႀကီးတစ္သံထြက္လာျပန္တယ္။


“လာ လာ ဘယ္သူနိုင္မယ္ဆိုတာ ငါတို႔ေလာင္းၾကရေအာင္။ ဘယ္သူေလာင္းရဲၾကလဲ”



“ကဒီလွ်ံ႕ကို ေ႐ႊ၁၀ျပားေလာင္းတယ္”



“ငါက ခ်င္းယန္ ရွင္းတန္ကို ေ႐ႊျပား၂၀ေလာင္းတယ္”



“ငါ ကဒီလွ်ံကိုေ႐ႊျပား၅၀ေလာင္းတယ္”



ကဒီလွ်ံနဲ႕ဂ်င္ခ်န္တို႔ကို ဘယ္သူနိုင္မယ္ဆိုၿပီးေလာင္းတဲ့သူေတြမ်ားလာတယ္။ အမ်ားစုဟာ ျမင့္ျမတ္တဲ့မိသားစုေတြကမို႔ အေတာ္ေလာင္းနိုင္ၾကတယ္။ ကဒီလွ်ံကိုေလာင္းၾကတဲ့သူေတြက ၈၀ရာခိုင္ႏႈန္းေလာက္ရွိၿပီး ဂ်င္ခ်န္ကိုေလာင္းတဲ့သူေတြကေတာ့ ၂၀ရာခိုင္ႏႈန္းပဲရွိတယ္။



“purple coin၁၀ျပား ခ်င္းယန္ရွင္းတန္ဘက္ကေလာင္းတယ္”



ေငြေတြတင္ထားတဲ့စားပြဲကိုလက္ဝါးျဖင့္ ရိုက္ခ်လိဳက္ရင္း ခ်င္းယန္ဟူေလာင္းလိုက္သည္။



“ခ်င္းယန္ ရွင္းတန္ဘက္ကို purple coin ၁၀ျပားေလာင္းတယ္”



ႏႈးညံ့တဲ့အသံေလးထြက္လာကာ ဂ်င္ခ်န္ဘက္ကိုေလာင္းလိုက္သည္ကို အားလုံးျမင္လိုက္ၾကရသည္. သူမဟာ ေသခ်ာေပါက္ျမင့္ျမတ္သည့္ မိသားစုမွျဖစ္ရမည္ကို သိနိုင္သည္။ လူေတြနားမလည္နိုင္ၾကသည္က ဒီမိန္းမလွေလးက ဘယ္လိုေၾကာင့္ဂ်င္ခ်န္ဘက္ကေလာင္းရတာလဲ ဆိုတာကိုပါပဲ။


စင္ျမင့္ေပၚကဂ်င္ခ်န္က ကဒီလွ်ံကိုၾကည့္ရင္းေျပာလိုက္သည္။ 


“ငါတို႔ အခုစလို႔ရၿပီလား”



ကဒီလွ်ံရဲ႕မ်က္ႏွာဟာ ယုံၾကည္မႈေတြျပည့္ေနတယ္။ သူေလွာင္ကာေျပာလာသည္။



“ခ်င္းယန္ ရွင္းတန္ မင္းငါ့ကို ၁၀ကြက္အေၾကာေပးမယ္လို႔ေျပာခဲ့တယ္ေနာ္။ မင္းစကားမင္းမွတ္မိတယ္မလား”



“ျမင့္ျမတ္တဲ့စိတ္ထားရွိသူတစ္ေယာက္အေနနဲ႕ သူ႕ပါးစပ္ကထြက္သမွ်က ကတိပဲ။ ငါမင္းကို၁၀ကြက္အေၾကာေပးမွာပါ”


“ဘယ္ေလာက္ မာန္တက္ေနလိုက္သလဲ”



ဂ်င္ခ်န္ေျပာတဲ့စကားကို သူေသခ်ာမသိပါဘူး။ ဒါေပမယ့္ ဘာကိုဆိုလိုသလဲဆိုတာကိုေတာ့ သူသေဘာေပါက္လိုက္တယ္။ 


သူဘာစကားမွမေျပာေတာ့ဘဲ ဂ်င္ခ်န္ကိုစတိုက္လိုက္တယ္။ သူ႕ကို၁၀ကြက္အေၾကာေပးထားတဲ့ဟာ သူကဘာလို႔အားအမ်ားႀကီး မသုံးရမွာလဲ။



ကဒီလွ်ံ ဂ်င္ခ်န့္ဆီကိုေျပးသြားကာ လက္ထီးျဖင့္ထိုးခ်လိဳက္သည္။ ေလသံေလးတစ္ခ်က္ေတာင္မၾကားရတဲ့အထိ လက္သီးကလ်င္ျမန္စြာ၀င္သြားသည္။ မ်က္ႏွာနားနီးကပ္လာတဲ့လက္သီးကို ကပ္သီးေလးေရွာင္လိုက္သည္မို႔ ဂ်င္ခ်န္ေျခတစ္လွမ္း ေနာက္ဆုတ္သြားရသည္။ ဒီလက္သီးခ်က္က သူ႕ကိုေျခတစ္လွမ္းသာေနာက္ဆုတ္ေစဖို႔လုံေလာက္သည္။



“အရမ္းနီိးေနၿပီ။ ဒီ့ထက္နည္းနည္းပဲအားျပင္းလိုက္ရင္ကြာ….”



“ဒီခ်င္းယန္ ရွင္းတန္က အားသိပ္မရွိပါဘူးကြာ။ တိုက္ပြဲစစခ်င္းမွာကို သူကအထိုးခံရေတာ့မလို႔။ သူသာမေရွာင္နိင္ခဲ့ဘူးဆိုရင္ ဒဏ္၇ာရၿပီးအနိုင္အရႈံးကကြဲျပားသြားမွာ”



“ဒီခ်င္းယန္ ရွင္းတန္က ကံသိပ္ေကာင္းေနတာ”



ကြင္းျပင္ထဲကလူအမ်ားစုကေတာ့ ဂ်င္ခ်န္ ကဒီလွ်ံရဲ႕လက္သီးကိုေရွာင္နိုင္လိုက္သည္မွာ ကံေကာင္းမႈေၾကာင့္ဟုထင္ေနသည္။


လူတစ္ခ်ိဳ႕ကသာ ဒါဟာကံေကာင္းမႈမဟုတ္မွန္း ရိပ္မိၾကကာ ဂ်င္ခ်န္အား စိတ္၀င္တစားၾကည့္လိုက္ၾကသည္။



-------------------




rate now:

1 Reviews
  • reader Pann Khatt Waii 13.12.2019, 12:15 5

    reply