book

Index 3

Book 1 အပိုင်း ၃

  • Author : KaungWaiYan
  • Genres : Adventure, Action
  • Original Author : Xin Xing Xiao Yao (心星逍遥)

ဓားနတ်ဘုရား ဂျင်ချန်


အပိုင်း(၃) ကိုယ်ခန္ဓာသန့်စင်ခြင်း

Translated by Little Sword


ရှင်းတန် သူ၏သေးငယ်သော ခန္ဓာကိုယ်လေးအား ကြည့်နေလေသည်။ တစ်နှစ်ဆိုသော

အချိန်ကာလအတွင်း သူ အရင်ဘ၀က ဖြစ်ခဲ့သည့်အကြောင်းအရာများကိုသာ ပြန်မြင်ယောင်

နေသည်။ အရာအားလုံးက မနေ့ကဖြစ်ခဲ့သလို သူ့မျက်လုံးထဲတွင်ပြန်မြင်ယောင်နေသည်။ ထိုမှတ်ဥာဏ်များက သူ့ စိတ်ဝိညာဉ်၏ အနက်ဆုံးအပိုင်းတွင် ကိန်းအောင်းနေကြသည်။ ထိုအကြောင်း အရာများကို သူမေ့ပြစ်၍မရပေ။ သူနားလည်လိုက်သည်က သူ့ကို ဂျင်ချန်ဟု ခေါ်ကြသည်။ သူသေဆုံးပြီးနောက် သူ့ရဲ့မှတ်ဥာဏ်နဲ့ စိတ်ဝိညာဉ်က သူနဲ့အတူပြန်လည် ၀င်စားခဲ့ ခြင်းဖြစ်သည်။


သူက ပြန်လည်၀င်စားခြင်းနှင့် အတူမှတ်ဥာဏ်များ အားလုံးပါလာခဲ့သည့်အပြင် မွေးပြီးချင်းချင်း စကားဘယ်လိုပြောရမလည်းနားလည်သည်။ သူ့ပတ်၀န်းကျင်ရှိလူများ၏ ပြောကြားချက်အရ သူဘယ်အိမ်မှာရောက်နေသည်ဆိုတာကိုလည်း သိသည်။ ပြီးတော့အရေးအကြီးဆုံးက သူအရင်ဘ၀က ကမ္ဘာနဲ့ အခုဘ၀ ကမ္ဘာနဲ့မတူတော့ခြင်းဖြစ်သည်။ ယခုကမ္ဘာကို ဂျင်ချန်တစ်ခါ မှမကြားဖူးချေ။


ဂျင်ချန်ရောက်နေသော စံအိမ်တော်သည် ချင်းရန်အိမ်တော်ဖြစ်ပြီးထို အိမ်တော်သည် လူ့အာမြို့၏ အကြီးမားဆုံး စံအိမ်လေးခု အနက်တစ်ခုဖြစ်သည်။ သူကဖခင်က ချင်းရန် ကလန်ခေါင်းဆောင် ချင်းရန်ဘေ ဖြစ်သည်။ သူ့အမေ နာမည်က ဘီရန်တန်ဖြစ်ပြီး သူ့အဖေရဲ့ လေးယောက်မြောက် မိန်းမဖြစ်သည်။ သို့သော်သူမသည် အရမ်းအာဏာ မရှိသောလည်း အလင်းသူတော်စင် ဆိုသော ဂုဏ်ကြောင့်လွှမ်းမိုးမှုတော့ရှိသည်။ ဂျင်ချန် အလင်းသူတော်စင်ဆိုတာ ဘာမှန်းနားမလည်သော်လည်း အလင်းသူတော်စင်ဆိုသော ဂုဏ်ပုဒ်ကြောင့် သူ့အမေအား ကလန်အတွင်း လူတွေလေးစားကြခြင်းဖြစ်ကြောင်းသိသည်။


ဂျင်ချန် ကိုယ်တိုင်ကလည်း ကလန်အတွင်းတွင် လေးယောက်မြောက်သခင်လေးဆိုသော ဂုဏ်ထူးရှိလေသည်။ သူ့တွင် အကိုနှစ်ယောက်နှင့် အမတစ်ယောက်ရှိသည်။ ပထမအကိုသည် ချန်းရန်ဟူ ဖြစ်ပြီး အမကတော့ ချန်းရန်မင်းယု ဖြစ်သည်။ ဒုတိယအကိုကတော့ ချန်းယန်ကီဖြစ်သည်။ 

အကြီးဆုံးက ချန်ရန်မင်းယု အသက်၄နှစ် ထိုနောက် ချန်းရန်ကီကတော့ ဂျင်ချန်ထက် အသက် ၂နှစ်ကြီးလေသည်။ သူတို့အပြင် ကလန် အတွင်းတွင် တခြားကလေးများလည်း ရှိလေသည်။


ထိုအချိန်မှာပဲ အိမ်တော်ထိန်းကြီးက ဂျင်ချန်အား “သခင်လေး အမေကစောင့်နေတယ်။ မှောင်လည်းမှောင်လာလို့ပြန်ကြရအောင်” ဟုညင်သာစွာပြောလိုက်သည်။

ဂျင်ချန် သတိပြန်၀င်လာပြီးကောင်းကင်ကို ကြည့်လိုက်ရာ မှောင်ရိပ်သန်းနေမှန်း သိလိုက်သည်။ ဂျင်ချန်က ထိုနေရာတွင် တစ်နေ့လုံးမှတ်တပ်ရပ်နေ ခြင်းဖြစ်သည်။ “ကောင်းပြီ ချန်းဘီ ငါတို့ပြန်ကြစို့”


ချန်းဘီက ချန်းရင်ကလန်၏ အိမ်တော်ထိန်းဖြစ်ပြီး ကလန်ထဲတွင် အဆင့်မြင့်ထဲတွင်ပါသည်။ သူက ကလန်တစ်ခုလုံး၏ ကိစ္စများအား အစစ အရာရာ လုပ်ဆောင်ပေးသောကြောင့် ကလန်ထဲတွင် လူတိုင်းက သူ့အားလေးကြလေသည်။


ချန်းဘီ၏မျက်နှာတွင် အပြုံးလေးပေါ်လာသည်။ သူက ဂျင်ချန်ကို အရမ်းမျှော်လင့်ထားသည်။ ဂျင်ချန်က တစ်နှစ်သားအရွယ်မျှသာ ရှိသေးသော်လည်း လမ်းလျှောက်ရာတွင် အခြားသူများ၏ အကူအညီကို မလိုပေ။ ဂျင်ချန်က ၈လသားအရွယ်နဲ့ စကားပြောတတ်အောင် သင်ကြားနိုင်ရုံသာမက တခြားသူများနှင့်လည်း အပြန်အလှန်ပြောနိုင်သည်။ ဒီနှစ်ခုကိုလုပ်ဆောင်နိုင်တာနဲ့ တင်သူ့ကို ပါရမီရှင် အဖြစ်သတ်မှတ်ထားကြပြီးသူ ဘယ်လိုကြီးပြင်းလာမလည်းဆိုတာ အားလုံးကစောင့်ကြည့်နေကြသည်။


ညအချိန်တွင် ဂျင်ချန်သူအမေနဲ့အတူ ထမင်းစားခန်းအတွင်းတွင် ထမင်းစားလေသည်။ ထမင်းစားခန်းအတွင်း တွင်ကလန်ခေါင်းဆောင်နှင့် သူ့မိန်းမများ ကလေးများသာ ထမင်းစားခွင့်ရှိလေသည်။ 

ဂျင်ချန်နှင့်သူ့အမေ ထမင်းစားခန်းအတွင်းသို့ရောက်သော အခါ မိန်းမလှလေးသုံးယောက်ရောက်နှင့်နေသည်။

သူတို့မအားလုံးသည် အသက်၂၀ခန့်သာရှိကြပြီးကလေး ကိုယ်စီချီထားကြသည်။ကလေးတစ်ယောက်က မိန်းကလေးဖြစ်ပြီးနောက်တစ်ယောက်က ယောက်ကျားလေးဖြစ်သည်။ ထိုယောက်ကျားလေးသည် အသက် ၃နှစ်၀န်းကျင်ဖြစ်ပြီး တတိယသခင်လေး ချန်းရန်ကီဖြစ်သည်။ 

ချန်းရန်ကီသည် ဂျင်ချန်အားမြင်သည်နှင့် မုန်းတီးစွာ ရန်စောင်နေသည်။ မိန်းမပျိုလေးယောက် လုံးကလည်း ဒါကိုသတိပြုမိသည်။ သို့သော်လည်း ကလေးတွေကြားက ကိစ္စဖြစ်သဖြင့် ကြီးမလာနိုင်ဟု ယူဆကြပြီး ဘယ်လိုမှ မမှတ်ယူကြပေ။


ဂျင်ချန်က ချန်းရန်မင်းယုကိုသာ နှုတ်ဆက်လိုက်ပြီး သူ့အမနဲ့အတူ ထမင်းစား စားပွဲတွင်ထိုင်လိုက်သည်။ 

ဘီရန်တန်က ဂျင်ချန်အား ညင်သာစွာပြောလိုက်သည် “ရှင်းအာ မင်းရဲ့ အန်တီတွေကို နှုတ်ဆက်လိုက်ဦးလေ”


သူရွေးချယ်စရာမရှိပဲ ထိုမိန်းမပျိုတွေကို ကြည့်ကာ “မင်္ဂလာပါ ပထမ အန်တီ ဒုတိယအန်တီနှင့် တတ်ိယအန်တီ……။ ဒုတိယအမနဲ့ တတိယ အကို”။ ဂျင်ချန်စကားစပြောတတ်ကတည်းက သူ့အမေက အခြေခံယဉ်ကျေးမှုတွေကိုသင်ပေးထားသည်။ ဂျင်ချန်ကလည်းမငြင်းဆန်ပေ။


အမျိုးသမီး၃ယောက်က ဂျန်ချန်အားပြုံးပြရင်း “ညီမရန်အာ ရဲ့သား ရှင်းတန်က အသက်အရွယ်နှင့် အမျှပိုပြီး ထက်မြက်လာတယ်။ သူအသက်တစ်နှစ်ပဲ ရှိသေးတယ်ဆိုတာကိုတောင် ယုံဖို့ခက်တယ်။ ငါအမှန်အကန်ကို မနာလိုဖြစ်မိတယ် နင့်မှာ ဒီလို ထက်မြက်တဲ့သားလေးရှိတာ” ထိုစကားကိုပြောသော အမျိုးသမီးသည် ဒုတိယမြောက်ဇနီးဖြစ်သူ ချင်းရန်မင်းယု ၏အမေဖြစ်သည်။


“ရှင်းတန်က ပါရမီရှင်ကလေးတစ်ယောက်ပဲ ၆လအရွယ်မှာ လမ်းလျှောက်နိုင်တယ်၊ ပြီးတော့ ၈လအရွယ်မှာ စကားပြောနိုင်ဖို့ဆိုတာ သာမာန်ကလေးတွေလုပ်န်ိုင်တဲ့အရာတော့မဟုတ်ဘူး။ နောက်ထပ်နှစ်နှစ်နေရင် စစ်ဆေးမယ် သူတော်စင်စွမ်းအား စစ်ဆေးပွဲကြရင် သူဘယ်လောက် 

တောင် ငါတို့ကို အံ့သြခိုင်းမလည်းမသိဘူး။”ပြောလိုက်သောသူက ပထမ ဇနီး လင်းလောင်ဖြစ်သည်။


လင်းလောင် စကားပြောပြီးအချန်တွင် “ငါသဘောတူတယ်။ သူအသက်၃နှစ်ကြရင်ငါတို့ကို ဘယ်လောက်တောင် အံ့သြမှုတွေပေးနိုင်မလည်းမသိဘူး။” အသက်၃၀ နှစ်အရွယ် လူတစ်ယောက် ထမင်းစားခန်းထဲ၀င်လာလေသည်။


“ယောကျာ်း”


“အဖေ!”

ချက်ချင်းဆိုသလို ထမင်းစားခန်းထဲရှိ လူ၇ယောက်လုံး မတ်တပ်ရပ်ပြီးကြိုဆိုလိုက်သည်။ ထိုလူက

ချင်းရန်ကလန်ခေါင်းဆောင် ချင်းရန်ဘေဖြစ်သည်။


ချင်းရန်ဘေ ကပြုံး၍ ထမင်းစားဝိုင်းတွင် ၀င်ထိုင်လိုက်ပြီး ဂျင်ချန်အား ကြည့်ကာမေးလိုက်သည်။ “ရှင်းအာ ဒိမှာနေရ ထိုင်ရတာ ပျေ်ာရဲ့လား”


ဂျင်ချန် ခေါင်းငြိမ့်လိုက်ပြီး “ဟုတ်ကဲ့”


“ရှင်းအာ မင်းအခန်းထဲမှာပဲ တခါးပိတ်မနေနဲ့ အပြင်လေးဘာလေး လျှောက်သွားဦး”ဟု ချင်းရန်ဘေ

ကပြောလိုက်သည်။


ကျွန်တော်သိတယ်အဖေ …..ဂျန်ချန်ပြန်ဖြေလိုက်သည်။

ချင်းရန်ဘေက ဂျင်းချန်၏ ထက်မြက်လွန်းသော ဥာဏ်ရည်ဥာဏ်သွေးကို အရမ်းသဘောကျနေသည်။


မိသားစု မိတ်ဆုံစားပွဲအား လျင်မြန်စွာ အဆုံးသတ်လိုက်သည်။ ထို့နောက် ဂျင်ချန်သည် သူ့အခန်းသို့တစ်ယောက်တည်းပြန်သွားသည်။ သူ့ရဲ့အသက်အရွယ်အရ အမေနဲ့ တစ်ခန်းထဲ အိပ်သင့်သော်လည်း ဂျင်ချန်က သူ့အတွက်တစ်ခန်းသတ်သတ်တောင်းထားလေသည်။


ညအချိန်တွင် ဂျင်ချန်သည် သူအိပ်ယာ ပေါ်တွင် တမင်ခွေထိုင် လိုက်ပြီး သူ့လက်နှစ်ဖက်အား ဒူးပေါ်တွင်တင်ထားလေသည်။ ဒူးပေါ်ရှိသူ့လက်လက်ဝါး နှစ်ခုက သူ့မျက်နှာ ဖက်သို့လှည့်ထားလေသည်။ အဇူရာဓားကျင့်စဉ် ၏ပထမစည်းမျဉ်းစည်းကမ်းအား တိတ်ဆိတ်စွာကျင့် နေလိုက်သည်။

အဇူရာဓားကျင့်စဉ်သည် ဂျင်ချန်၏ အရင်ဘ၀က နှစ်၂၀တာလေ့ကျင့် ခဲ့သော သူ့၏ အကောင်း

ဆုံးကျင့်စဉ်ဖြစ်လေသည်။ ဤကျင့်စဉ်သည် အလွန်ရှားပါးပြီး စနစ်ကျလွန်းသည်။ ပြီးတော့ အင်အားကြီးမားတဲ့ နည်းစနစ်အများအပြားလည်းပါ၀င်သည်။


အဇူရာဓားကျင့်စဉ်သည် ဂျင်ချန်ငယ်ငယ်က ကစားရင်းမတော်တစ ချောက်ကမ်းပါးထဲ ပြုတ်ကျပြီးရခဲ့

ခြင်းဖြစ်သည်။ ထိုကျင့်စဉ်ကိုရပြီး ၁၀ကြာသောအခါ သူအောင်မြင်စွာကျင့်နိုင်ခဲ့ပြီးတောင်ပေါ်သို့ပြန်

လည်ခုန်ထွက်လာနိုင်ခဲ့လေသည်။ 

ဂျင်ချန်သည် မိဘမဲ့ကလေးဖြစ်ပြီး သူ့အဖိုးက သူ့အားစောင့်ရှောက်ထားခြင်းဖြစ်သည်။ ၁၀နှစ်တာ ချောက်ထဲတွင် ပိတ်မိပြီးလျှင် သူပြန်ထွက်လာနိုင်ကာ သူငယ်စဉ်က နေခဲ့သော ကျေးရွာလေးအား ပြန်သွားကြည့်လေသည်။ သူ့အဖိုးကသေဆုံးသွားပြီ ဖြစ်သောကြောင့် ဂျင်ချန် ကိုယ့်ဘာသာ စွန့်စားခန်းဖွင့်ခဲ့ခြင်းဖြစ်သည်။

ဂျင်ချန် အရင်ဘဝရော အခုဘ၀ကိုပါလက်ခံခဲ့သည်။ သူအခုဆိုလျင် တစ်နှစ်ခွဲ့ခန် ခန္ဓာကိုယ်အား သန့်စင်ပြီးနောက် စွမ်းအားတချို့ပြန်လည် ရရှိနေပြီဖြစ်သည်။




rate now:

1 Reviews
  • reader Pann Khatt Waii 25.11.2019, 07:21 5

    😄

    reply