book

Index 2

Book 1 အပိုင်း ၂

  • Author : KaungWaiYan
  • Genres : Adventure, Action
  • Original Author : Xin Xing Xiao Yao (心星逍遥)

ဓားနတ်ဘုရား ဂျင်ချန်


အပိုင်း(၂) ချင်းရန်ရှင်းတန်

Translated by Little Sword


ရုတ်တရက် ဂျင်ချန်လက်ထဲရှိ ဓားသည်အလိုအလျှောက် သူ့ဘာသာထိမ်းချုပ်ပြီး မမျှော်လင့်ပဲ ဓားက

ဒူဂူးကွင်းဘီ စီအလင်း၏အလျင်ကဲ့သို့ ပျံသန်းသွားသည်။ ဓားရှည်၏ အမြန်နှုန်းသည် စိတ်ကူးလို့မရအောင် မြန်ဆန်ပြီး ဒူဂူးကွင်းဘီ သူ့လည်ပင်းကိုဓားထိုးဖောက်သွားမှသာ ဒူဂူးကွင်းဘီ သူ့ကိုဓားထိုးမိမှန်း သိခွင့်ရလိုက်သည်။ ထိုဓားတွင် အလွန်ထူးဆန်းပြီး ပြင်းထန်လွန်းတဲ့ ဓားချီတွေ ပါ၀င်နေခြင်းဖြစ်သည်။ ဒူဂူးကွင်းဘီ၏ပြူးကျယ်စွာ ဖွင့်လျက်ရှိသော မျက်လုံးတို့သည် အလွင်တရာ ကြောက်ရွံသွားကြောင်း အတိုင်းသားဖော်ပြနေသည်။ ထိုဓားချက်ပြီးနောက် ဓားရှည်သည် လေအတွင်း ခဏပျံသန်းပြီးနောက် ဂျင်ချန်၏လက်အတွင်းသို့ပြန်လည်ရောက် ရှိလာလေသည်။


ဒူဂူးကွင်းဘီ မျက်လုံးကြီးပြူးလျက် ဓားအားမယုံကြည်စွာ စိုက်ကြည်နေသည်။ ထိုကဲ့သို့သောထူးဆန်းမှုကို သူကိုတောင် မြင်တွေခဲ့ရသည်မဟုတ်လား။ သူတစ်စုံတစ်ခုကို ပြောဖို့ ပါးစပ်ကို ဖွင့်လိုက်ပေမယ့် ဓားကသူ့လည်ပင်းကို ထိုးဖောက်ပြီးဖြစ်နေလေသည်။ သူ့၏နောက်ဆုံး အကြည့်တွင် မယုံကြည်ခြင်း ကြောက်ရွံ့ခြင်းတို့ ရောယှက်နေပြီး မြေပြင်သို့ဖြေးညင်းစွာ ဒူးထောက်ကျသည်။ ထာ၀ရသူမတ်တပ်ပြန်ရပ်နိုင်တော့မည် မဟုတ်ပေ။


ဂျင်ချန် သူ့ဓားကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ရင်း ဒူဂူးကွင်းဘီ၏အလောင်းကို ကြည့်နေသည်။ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ ဓားနတ်ဘုရားအဆင့်သို့ သူတက်လှမ်းလာနိုင်လိပ်မယ်လို့ သူမထင်ထားချေ။ ဒါပေမယ့် သူကိုယ်တိုင်ကလည်း သေဖို့အင်မတန်နီးကပ်နေပြီဖြစ်သည်။ ဂျင်ချန်သက်ပြင်းတစ်ချက် ချလိုက်ပြီးသူ၏ မျက်လုံးများသည် မှေးစင်းလာလေသည်။ သူ့ရဲ့အဆင့်တက် မှုက သူ့ခန္ဓာကိုယ်အား စွမ်းအားတွေထောက်ပံ့ပေးသော်လည်း သေခြင်းတရား၏လက်ကနေ လွတ်အောင်တော့ မစွမ်းနိုင်ပေ။

နောက်ဆုံးမှာတော့ ဂျင်ချန်သည် ဒူဂူးကွင်းဘီသွားရာလမ်းသို့ ကောက်ကောက်ပါအောင်လိုက် သွားရလေတော့သည်။


ဂျင်ချန် နဲ့ ဒူဂူးကွင်းဘီသေဆုံးသွားပြီးနောက် ဓားပုံသဏ္ဍာန်တောင်ကြီးသည် စတင်တုန်ခါလာ ပြီးအလွန်ကျယ်လောင်သော အသံကြီးမည်ဟည်းလာလေသည်။ ထိုတောင်ကြီးနှစ်တောင်ရှိ မရေမတွက်န်ိင်သော ကျောက်တုံးများသည် အရပ်လေးမျက်နာသို့ တဟုန်ထိုးလိမ့်ဆင်းလာကြသည်။ ကောင်းကင်ကလည်း အစိမ်းရောင်နှင့် ခရမ်းရောင်များ တောက်ပလာကာ ပတ်၀န်းကျင်တစ်ခုလုံး ဆေးရေးပန်ချီချယ်သ ထားသကဲ့သို့ အလွန်လှပလေသည်။ ထိုကဲ့သို့သော်မြင်ကွင်းကို ဂျင်ချန်ကော် ဒူဂူးကွင်းဘီကော်မြင်တွေ့ခွင့်မရသွားကြချေ။

………………………………………………………………………………....

အင်မတန်ခန်းနားတင့်တယ်သော စံအိမ်၀န်းကြီးအတွင်း၍ သားနားသော အဆောင်တစ်ခု၏ အပြင်၍ လူတစ်စု မတ်တပ်ရပ်နေကြသည်။ လူလတ်ပိုင်းအရွယ်ရှိလူတစ်ယောက်က အဆောင်ရှေ့တွင် စိုးရိမ်ပူပန်စွာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေလေသည်။ သူကအသက်၃၀လောက်ရှိပြီး သူ့ကိုကြည်ရတာ နန်းဆန်သောအရှိန်အဝါရှိလေသည်။ သူကခန့်ညားပြီး သူ၀တ်ဆင်ထားသော ရွှေရောင်လိုင်းပါသည် ၀တ်ရုံကသူ့ရဲ့ ဥပတိရုပ်ကို ပိုမိုခန့်ညားစေသည်။


ထိုအဆောင်၏အပြင်တွင် လူအယောက်၃၀ခန့်မတ်တပ် ရပ်နေကြပြီး သူတို့မျက်နှာတွင် စိတ်လှုပ်ရှားမှုကို အထင်းသားတွေ့မြင်နိုင်သည်။ ထိုလူအုပ်စုအတွင်း၍ အသက်အကြီးဆုံးလူများမှာ အသက်၆၀ ၇၀၀န်းကျင့်ရှိသည်။ တခြားသူများက အသက်၃၀ ကျော်၀န်းကျင်များဖြစ်ကြပြီး ထိုသူများမှာ ကျားကဲ့သို့ သန်မာကြလေသည်။ ထိုသူများကို ကြည့်ခြင်းဖြင့် သာမာန်သူများမဟုတ်ကြောင်းခန့်မှန်းနိုင်လေသည်။


ထိုအဆောင်၏အတွင်း၍ အမျိုးသမီးတစ်ယောက် နာကျင်စွာအော်သံကိုကြားလိုက်ရသည်။ 

“သခင်မအားစိုက်ထာပါ ကလေးကအပြင်ထွက်ခါနီးပြီ ကျွန်မထပ်ပြောမယ် အားနည်းနည်းပိုထည့်ပါ ကလေးကအပြင်ထွက်ခါနီးပြီး” လက်သည်၏အသံများကလည်း ထွက်ပေါ်လျက် ရှိသည်။ ထိုလက်သည်မှာ အသက်ကြီးနေပြီဖြစ်ကြောင်း သူမ၏အသံကို နားထောင်ရုံနဲ့ သိနိုင်လေသည်။


အဆောင်၏အပြင်ဘက်တွင် ထိုလူငယ်မှာ အလွင်အမင်းဆိုးရိမ်လျက် ရှိနေပြီး “အာ… ဒါကအခုထိတောင် မမွေးနိုင်သေးတာ တစ်ရက်နဲ့ တစ်ညရှိပြီ ရင်အာ ဘာပြသာနာများတက်လည်းမသိဘူး။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ရင်းအာ ဒုက္ခရောက်မှာ ငါအရမ်းဆိုးရိမ်တယ်” ထိုလူငယ်၏ အသံမှာ အလွင်အမင်း ဆိုးရိမ်လျက်ရှိကြောင်းထင် ရှားလေသည်။


“သခင်ကြီး အရမ်းကြီးမစိုးရိမ်ပါနဲ့ သခင်မ ရင်းအာ သေချာပေါက်အဆင်ပြေမှာပါ။ သခင်မ ရင်းအာ ကသူတော်စင်မာစတာ အဆင့်ရောက်ပြီးသားလေ” ဟုအဖြူရောင်ဆံပင်များနှင့် အဖိုးကြီးက၀င်ပြောလေသည်။ သို့သော်လည်း သူ့မျက်၀န်းများက စိုးရိမ်မှုကို ဖုံးကွယ်မထားနိုင်ချေ။


ထိုလူများ အဆောင်အပြင်တွင် နှစ်နာရီခန့်ကြာအောင်စောင့်ပြီးနောက် အဆောင်အတွင်းမှ စိတ်လှုပ်ရှားစွာ အော်လိုက်သည့်အသံကိုကြားလိုက်ရသည်။ “သခင်ကြီး.. သခင်ကြီး …သခင်မရင်းအာ ကလေးမွေးပြီ။ သခင်မကော် ကလေးကော် ဘေးကင်းကြတယ်။ ကလေးကယောကျာ်းလေးပါ။”


ထိုအသံကိုကြားပြီးနောက် စိတ်ပူစွာစောင့်နေသော ထိုလူငယ်သည် အလွင်ပျော်ရွင်သွားသည်။ သူ့မျက်နှာတွင် စိုးရိမ်ပူပန်မှုအစား ပျော်ရွင်မှုကအစားထိုးသွားပြီး သူမည်မျှပျော်သွားကြောင်းဖော်ပြရန် စကားလုံးပင်ရှာ၍တွေ့ မည်မဟုတ်ပေ။ သူက တခါးအားတွင်းဖွင့်လိုက်ပြီး ထိုနေရာအားတစ်ခါ မှမရောက် ဖူးသကဲ့သို့ပြေး၀င်သွားသည်။ သူ၏အမြန်နှုန်းမှာ သာမာန်လူများ လုပ်ပြဖို့ မဖြစ်နိုင်ပေ။


ထိုလူငယ်သည် အိပ်ယာဘေး သို့ဖြတ်ခနဲဆို ပေါ်လာပြီး ထိုင်ချလိုက်သည့်။ ထို့နောက်ဆိုးရိမ်ပူပန်စွာဖြင့် ရင်းအာ မင်းဘယ်လိုနေသေးလည်း အားလုံး အဆင်ပြေလား”’ သူ့အမူအရာ သည်စိတ်လှုပ်ရှားနေသည်မှလွဲ၍ သူ့အသံက ညင်သာပြီး စိုးရိမ်သည့်ဟန် ပေါ်နေသည်။


အိပ်ယာ၏အထက်၍ အသက်၂၀ခန့် ရှိသောမိန်ကလေးတစ်ယောက် လဲလျှောင်းနေသည်။ သူမ၏အသွင် အပြင်သည် အလွန်အင်မတန် ချောမောလှပပြီး တစ်တိုင်းပြည်လုံး သူမအတွက် တိုက်ပွဲများပင်ဖြစ်ပွား သွားနိုင်လေသည်။ သူမ၏မျက်နှာသည် အလွင်မောပန်းနေဟန် ပေါ်လွင်ပြီး ဖြူဖတ်ဖြူရော့ဖြစ်နေသည်။ ဒါတောင်မှ နတ်သမီးလေးအလားချောမောလှပမှုက ပျောက်မသွားချေ။ ထိုအမျိုးသမီးက သူမဘေးနားရှိ ထို 

လူအားကြည့်ကာ “ယောကျာ်း ကျွန်မအဆင်ပြေပါတယ်။ ကျေးဇူးပြု၍ ကလေးကိုသာ ပြပေးပါ”


“အိုဟုတ်သားပဲ…. ရင်းအာအဆင်ပြေရင် အရာအားလုံးဖြစ်စေရမယ်” ထိုလူက ပြုံးလိုက်

ပြီး အနှီးဖြင့်ထုပ်ထားသော ကလေးအားကြည့်လိုက်သည်။ သူတစ်ခုခုပြောဟန်ပြင်လိုက်စဉ် မီးဖွားပေး

သောအမျိုးသမီးကနေ မွေးကင်းစ ကလေးလေးအား ချီထားရင်း “ငိုလိုက် ကလေး ငိုလေ……

ကလေးက ဘာလိုမငိုတာလည်းမသိ ကျွန်မကလေးမွေးပေးလာတာ အယောက်၉၀၀ 

ကျော်တော့မယ် ဒီလိ်ု မွေးမွေးချင်းမငိုတဲ့ ကလေးကို ပထမဆုံးတွေ့ဖူးတာပဲ”


သူမစကားပြောနေစဉ် အပြင်၍စောင့်နေသော လူစုကြီးသည် အခန်းတံခါး

ကိုဖွင့်၍ ၀င်ခဲ့ကြလေသည်။ သူတို့တစ်ယောက်ချင်းစီက ပြုံး၍ အိပ်ယာထက်

ရှိအမျိုးသမီးအား ဝိုင်းဂုဏ်ပြုကြသည်။

ရင်းအာ၏ ယောကျာ်းကပြုံး၍ “ရင်းအာ မင်းအရင်အနားယူသင့်တယ် ငါကလေးကို အခုပဲသွားယူချည်မယ်”ဟုဆိုကာ လက်သည်စီသို့ လျှောက်သွားလိုက်သည်။ “ဘာဖြစ်တာလည်း ကလေးမှာ ပြသာနာ 

ရှိလို့လား ?” သူကအသံကိုနှိမ်၍မေးလိုက်သည်။ အချို့ကလေးများသည်

မွေးကတည်းက ရောဂါ များရှိတတ်သည်။ ထိုအခြေအနေမျိုးသည် 

တစ်ခါတစ်ရံဖြစ်တတ်သည်။ ထို့ကြောင့်သူ မွေးကင်းစကလေးတွင် ရောဂါ

ပါလာမည်ကို စိုးရိမ်မိသည်။


သူ့မေးခွင်းကိုကြားလိုက်ရသော အခါ မီးဖွားသည်က ရိုသေလေးစားစွာပြန်ဖြေလိုက်လေသည် “သခင်ကြီး…… သခင်လေးမှာ ဘာပြသာနာမှ မရှိပေမယ့် ကျွန်မရဲ့ ၁၀နှစ်တာ မီးဖွားမှုအတွေ့အကြုံ 

အရ မွေးကင်းစ ကလေးတိုင်းက ငိုကြပါတယ်။ ဒါပေမယ့် သခင်လေးကတော့ အသံလေး တစ်ချက်

တောင်မထွက်ပါဘူး။ ဒါဟာ အတော်ထူးဆန်းတယ်လို့ပြောလို့ရမယ်”


ထိုသူက မွေးကင်းစကလေးအား ကြည့်ရင်း တစ်ချက်စဉ်းစားသွားသည်။ ထိုကလေးငယ်၏ မျက်၀န်းတို့က တောက်ပနေပြီး အညစ်အကြေးတစ်စက်

မှမရှိချေ။ ကလေးက အလွန်ချစ်စရာ ကောင်းပြီးသူ့တွင် မည်သည့်ပြသာနာ 

မှမရှိကြောင်းသိသာသည်။ သို့သော် ထိုကလေး၏ မျက်၀န်းများတွင်း၍ မျက်စံ

သည် အနက်ရောင်တောက်နေပြီး မည်သည့် အဆင်းအစက်ကလေး

မျှမရှိချေ။ ထိုလူသည် မယုံကြည်နိုင်စွာ ကြည့်ရင်းခေါင်းအား ခါရမ်းမိသည်။ ထို့သူက ကလေး၏ ဗိုက်ပေါ်တွင်လက်ကလေး တင်လိုက်

ရာသူ့လက်ကနေ အဝါရောင် အလင်းတန်းကလေး ထွက်လာလေသည်။


ထိုလူ၏ လှုပ်ရှားမှုအားကြည့်ရင်း မီးဖွားပေးသည် အမျိုးသမီးသည် စိတ်မသက်

မသာခံစားလိုက်ရသည်။ သူမက အားလုံးတွင် အဆင့်အနိုမ့်ဆုံး လက်သည်ဖြစ်

သည်။ အကယ်၍ကလေးတွင် ပြသာနာတစ်စုံတစ်ရာ ရှိပါက ထိုလူ သူမကို

အပြစ်တင်လျှင် သူမဘယ်လိုမှငြင်းဆန်ရန်အင်အား ရှိမည်မဟုတ်ပေ။


ထိုလူငယ်က သူ့လက်အား လျင်မြန်စွာပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက်စိတ်

အေးလက်အေး ဖြစ်သွားသည့်ပုံစံဖြင့် “ကလေးက ဘေးကင်းပါတယ်။ ငါပြသာနာ

လေးတစ်ခုတောင်ရှာလို့မရဘူး” သူကလေးအား လက်သည်လက်ထဲကနေ ယူလိုက်လေသည်။


ထိုအရာကို ကြားလိုက်ရသောအခါ လက်သည်က နှလုံးခုန်မြန်နေရာကနေ ပုံမှန်

ပြန်ဖြစ်သွားသည်။ ပြီးနောက် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်ပြီး “သခင်ကြီးပြော

တာမှန်တယ်။ ဒါကကလေးရဲ့ အနာဂတ်ကို ရည်ညွန်းတာဖြစ်နိုင်တယ်။ 

သခင်လေးက သင်မာလာပြီး တစ်ဦးချင်းယှဉ်ပြိုင်မှုတွေမှာ ပြိုင်ဘက်ကင်း

မှာသေချာတယ်။”


သခင်ကြီးက လက်သည်၏စကားအားနားထောင်၍ ကျေနပ်စွာ ရယ်လိုက်ကာ

“ဟုတ်တယ် ဟုတ်တယ်….ငါမှာမျှော်လင့်လို့တော့ရပြီ။ ကဲ့တစ်ယောက်ယောက် 

လာပြီး အဘွားဟောင်ကို ရွှေဒင်းဂါး တစ်ရာချီးမြင့်လိုက်”


လက်သည်၏မျက်နှာသည် အရမ်းရမ်း ပျော်ရွင်သွားပြီး “သခင်ကြီးကို အရမ်းအရမ်း ကျေးဇူးတင်ပါတယ်”


သခင်ကြီးက ကလေးအား သူ့အမေရှိရာ စီသို့ခေါ်သွားပြီး ပြုံး၍ “ရင်းအား ကြည့်..

ငါတို့ကလေး ဘယ်တောင်ချစ်ဖို့ကောင်းလိုက်လည်း”


ရင်းအာက ကလေးအား ကြင်နာစွာ နဖူးလေးကို နမ်းလိုက်သည်။ ပြီးနောက်

ပျော်ရွင်စွာပြောလိုက်သည် “ယောကျာ်း ငါတို့ကလေးမမွေးခင်ကပြောထား 

တဲ့အတိုင်းကလေးနာမည်ကို ချင်းရန်ရှင်းတန်လို့ခေါ်ကြရအောင်”


ယောကျားဖြစ်သူက ရယ်ရင်း “ကောင်းပါတယ် ဒါဆို ငါကလေးကို ချင်းရန်ရှင်းတန်

လို့နာမည် မည့်လိုက်တော့မယ်၊ ဒီနေ့ ဧည့်သည်အားလုံးကို ခေါ်ပြီး ငါ့သားအတွက် စားပွဲ 

သောက်ပွဲကြီးကျင်းပရမယ်။ ငါတို့ကောင်းကောင်း အောင်ပွဲခံကြရအောင်”……..


မျက်စိတစ်မှိတ်ဆိုသော အချိန်ကာလအတွင်း တစ်နှစ်ပြည့်သွားလေသည်။ ရေကန်ငယ်လေး ရှေ့တွင်

ကလေးတစ်ယောက်ခံစားချက် ကင်းမဲ့စွာမတ်တပ်ရပ်နေသည်။ သူ့မျက်လုံးနှစ်ခုလုံးက ရေကန်

အလယ်ရှိ ကျောက်တုံးအား စိုက်ကြည့်နေလေသည်။ ထိုကောင်လေး သည်မြတ်မြတ်သော အ၀တ်

များကို ၀တ်ထားသော်လည်း စိတ်ရှုပ်ထွေးနေသည့် အမှုအရာက တစ်နှစ်သားအရွယ်ကောင်လေး 

၏မျက်နှာတွင်အထင်းသား တွေ့နိုင်လေသည်။


ထိုကလေးသည် ချင်းရန်ရှင်းတန်ဖြစ်သည်။ ထိုအချိန်တွင် ချင်းရန်ရှင်းတန်၏ စိတ်ထဲတွင် အတွေး

ပေါင်းစုံ ပြေးလွှားနေသည်။ ဇာတ်ကားကြည့်ရသကဲ့ သို့ ဓားပုံသဏ္ဍာန်တောင်ကြီးနှင့် ဓားကြီး

နှစ်ချောင်း၏ ပုံရိပ်များ အသက်၂၀အရွယ်ကောင်လေး တစ်ယောက်၏ ပုံစံများ၊ အသက်တစ်ရာခန့် ရှိ

ပြီဖြစ်သော ဒူဂူးကွင်းဘီ၏ တိုက်ပွဲ၀င်နေသည့် ပုံရိပ်များက ထပ်ကာထပ်ကာ လည်ပတ်နေသည်။ နောက်ဆုံးမှာတော့ သူသေဆုံးသွားပြီး ဓားနတ်ဘုရား အဆင့်သို့ရောက်ရှိသွားပုံတွေ ပြီးတော့ သူမှတ်မိသေးသည်မှာ ဒူဂူးကွင်းဘီ၏လည်ပင်ကို ဓားထုတ်ချင်းပေါက်သွားတာတို့ဖြစ်သည်။




rate now:

1 Reviews
  • reader Pann Khatt Waii 25.11.2019, 07:19 5

    😄

    reply