book

Index 1

Book 1 အပိုင်း ၁

  • Author : KaungWaiYan
  • Genres : Adventure, Action
  • Original Author : Xin Xing Xiao Yao (心星逍遥)

ဓားနတ်ဘုရား ဂျင်ချန်

အပိုင်း(၁): ဂျင်ချန်
ပင်လယ်ကြီးသဖွယ် အုံ့ဆိုင်းလျက်ရှိသောတိမ်တိုက်များအောက် တွင်ဓားပုံသဏ္ဍာန်တောင်ကြီးနှစ်ခုက မျက်နှာချင်းဆိုင် ထီးထီးကြီးရပ်တည်လျက်ရှိသည်။ တစ်တောင်ချင်းစီသည် ပေတစ်သောင်းခန့်မျှမြင့်မားပြီး တစ်တောင်နှင့်တစ်တောင် မီတာတစ်ရာခန့်ဝေးကွာသည်။

ဓားပုံသဏ္ဍာန်တောင်ကြီးနှစ်တောင်သည် အလွန်အင်မတန်မတ်စောက်ပြီး နတ်ဘုရားနှစ်ပါးက သူတို့ဓားနှစ်လက်အား ကမ္ဘာ အလယ်မှာ ထိုးစိုက်ထားသကဲ့သို့ရှိသည်။ ဘယ်လိုပဲကြည့်ကြည့် လူတွေလုံး၀ တက်လို့ရမည့်ပုံမပေါ်ပေ။

ထိုတောင်ကြီးတွေ၏ ထိပ်ဆုံး၍ မြူများအုံ ဆိုင်းလျက်ရှိသော်လည်း တစ်ဖက်တစ်ချက်စီတွင် လူနှစ်ယောက်မတ်တပ် ရပ်နေသည်ကို မသဲမကွဲတွေ့နိုင်သည်။ ထိုလူနှစ်ယောက်သည် ကျောက်တုံးတွေသဖွယ် အင်မတန် တည်ငြိမ်ပြီး ခံစားချက် ကင်းမဲ့စွာ အပြင်းအထန်တိုက်ခတ်လျက် ရှိသော လေပြင်းကြီးများကြားထဲတွင်ရပ်လျက်ရှိသည်။ ကောင်းကင်ကိုဖြတ် ၍တိုက်ခတ်နေသော လေပြင်းများကြားတွင်သူတို့၏ အ၀တ်များသာလျင် လူးလွင့်လျက်ရှိသည်။ 
ထိုလူနှစ်ယောက်တွင် တစ်ယောက်သည် လူငယ်လေးဖြစ်ပြီး အသက်၂၀ပင်ပြည့်သေးဟန် မရှိပေ။ ထိုလူငယ်လေးသည် အင်မတန် ချောမောပြီး သူ၏ရုပ်ရည်သွင်ပြင်သည် အပြစ်အနာအစာလုံး၀မရှိချေ။ သူ၏မျက်လုံးများက ထက်မြက်ဆူးရှလွန်းပြီး တစ်ယောက်ယောက်က ထိုမျက်၀န်းအားစိုက်ကြည့်မိလျှင် သူတို့၏ဝိညာဉ်များ နှုတ်ယူခံလိုက်ရသည်ဟု ခံစားမိမည်ဖြစ်သည်။
ထိုလူငယ်၏ အနက်ရောင်ဆံပင်များက ခါးလောက်အထိရှိပြီး စည်းနှောင်ထားခြင်း မရှိသဖြင့် လေထဲတွင်လူးလားလွင့်ပြန်လျက်ရှိသည်။ သူ၏ နောက်ကျောတွင် ဓားတစ်လက်အား အဖြူရောင်အ၀တ်စနဲ့ ရစ်ပတ်ထားသည်။ ထိုဓား၏ ကိုယ်ပေါ်တွင်လက်ရာမြောက်စွာ ထုဆစ်ရေးသားထားသည်က “အလင်းတန်း”။ ပိုပြီးထူးဆန်းတာက ထိုလူငယ်နဲ့ ဓားသည်မည်သည့် ကြိုးမျှစက်နွယ်ထားခြင်း မရှိပဲ ဓားကနောက်ကျောတွင် အလိုအလျှောက်လေပေါ်တွင် ပေါ်နေခြင်းဖြစ်သည်။
ထိုလူငယ်၏ နာမည်က ဂျင်ချန် တစ်မိုးအောက်တွင် ထိုနာမည်နှင့် ဓားနတ်ဘုရား ဆိုရင် သူ့ကိုပြောတာပဲဖြစ်ပါလိပ်မယ်။ သူသည် ဓားမြန်သိုင်းတွင် ပြည့်စုံသော အဆင့်သို့ ရောက်နေပြီး လောကတစ်ခွင်တွင် ဓားဝိဇ္ဇာအဖြစ်သတ်မှတ် ခံထားရသည်။ အသက်၂၀ခန့်သာ ရှိသေးသော်လည်း အထွက်အထိပ်သို့ ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ဂျင်ချန်၏အကြောင်းအား ဂျန်ဂူးလောက တစ်ခုလုံးမည်သူမှ မသိကြချေ။ သူက မိဘမဲ့ကလေးတစ်ယောက်ဖြစ်ပြီး မည်သည့်ဂိုဏ်း မည်သည့်ကလန် ကိုမှမ၀င်ခဲ့ချေ။ ထို့ကြောင့်သူ့အကြောင်းအားမည်သူမှမသိကြပေ။ သူ၏ နောက်ကြောင်းသည် ဖုံးကွယ်ထားပြီး အဆင့်မြင့်သိုင်းပညာနှင့် အနုလက်ရာဓားသိုင်းတို့ကို မည်သည့်နေရာတွင် သင်ကြားခဲ့သည်ဆိုခြင်းမှာ ထူဆန်း၍ စိတ်၀င်စားဖွယ်ကောင်းလှပေသည်။

ဓားပုံသဏ္ဍာန်တောင်၏ မျက်နှာချင်းဆိုင် ဓားပုံသဏ္ဍာန်တောင်တွင် အနက်ရောင် ၀တ်ရုံ၀တ်ဆင်ထားသော လူတစ်ယောက်မတ်တပ်ရပ်လျက်ရှိသည်။ ထိုအဖိုးအိုသည် အသက်၅၀ ၆၀ခန့် ရှိမည်ထင်ရပြီးသူ၏ ဆံပင်တို့အား ကြိုးကြာငှက် လည်ပင်းကဲ့သို စည်းနှောင်ထားလေသည်။ ထိုအဖိုးအို၏ မျက်၀န်းအစုံတို့သည် အသက်ရှိနေသော ဝိညာဉ်တစ်ခုကဲ့သို့ တောက်ပနေပြီး ထိုနေရာတစ်ခုလုံးအားတောက်ပသွားသယောင်ထင်ရသည်။ သူအကြည့်တို့က ဓားတစ်စင်းကဲ့သို့ ရှထက်လွန်းပြီး မည်သူမျှသူနဲ့ အကြည့်ချင်းဆုံချင်ကြမည်မထင်ပါ။ သူ့လက်ထဲတွင် အနက်ရောင်ဓားတစ်လက်ရှိနေပြီး ထူးဆန်းတာက ထိုဓားကြီးတွင် အသွာမရှိခြင်းဖြစ်သည်။

ထိုအဖိုးအိုသည် ဂျန်ဂူးလောကတွင် လွန်ခဲ့သောနှစ်တစ်ရာခန့်က ပျောက်ကွယ် သွားသော ဒဏ္ဍာရီသဖွယ်နာမည်ကြီးလှသော ဒူဂူးကွင်းဘီ ဖြစ်သည်။ ထိုနာမည်သည် သူ၏သိုင်းလောက နာမည်သာဖြစ်ပြီးသူရဲ့ မူရင်းနာမည်အား မည်သူမှမသိကြချေ။ လွင်ခဲ့သော နှစ်တစ်ရာခန့်က ပြိုင်ဘက်ကင်း သိုင်းပညာရှင်မှန် သမျှကိုသူကအနိုင်ယူခဲ့သည်။ ယခုအချိန်တွင် သူအကြောင်းအား သိသောသူ အလွန်နည်းသွားပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာခန့် ပြိုင်ဘက်ကင်းဖြစ်ခဲ့ ဒူဂူးကွင်းဘီသည် ယခုအချိန်တွင် မည်မျှ အားကြီးသန်မာလာမည်ကို မည်သူမှမသိကြချေ။

တိတ်ဆိပ်စွာ ဒူဂူးကွင်းဘီက သူ့ရှေ့တွင် အသက်၂၀ခန့်မျှ ရှိသေးသော ဂျင်ချန် အားအကဲခတ်နေ၏။ သူ၏မျက်လုံးများက ဓားသွားများသဖွယ်ဆူးရှလွန်းပြီး အကြည့်ချင်းဆုံလျင် ကျောပင်ချမ်းစေနိုင်သည်။

“ဂျင်ချန် မင်းကအသက်အရမ်းငယ်သေးပေမယ့် သန့်မာမှုကတော့ ငါထက်လုံး၀ မလျော့ဘူး။ မင်းရဲ့ ဓားနဲ့ပတ်သတ်ပြီးနားလည်သဘောပေါက်မှုက ငါတောင် အဲ့အဆင့်ရောက်ဖို့ စိတ်ကူးပဲရင်လို့ရတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ မင်းကငါ့ရဲ့ ချစ်တပည့်လေးကိုသတ်လိုက်တယ်။ ဒီတော့ငါ့အတွက်ကလဲ့စားချေ ဖို့ပဲကျန်တော့တယ်။ ဘာကိစ္စပဲ ရှိရှိငါ့ရဲ့ တပည့်အတွက် တရားမျှတမှုကို ပြန်ရှာရမယ်” ဟု ဒူဂူးကွင်းဘီက အသံရှကြီးနဲ့ ပြောလိုက်သည်။

ဂျင်ချန်၏မျက်နာက တည်ငြိမ်စွာပဲ ဒူဂူးကွင်းဘီအား ပြန်လည်စိုက်ကြည့်နေသည်။ သူ၏၀တ်ရုံဖြူက လေ၍လူးလွင့်နေပြီး သူ့ရဲ့ဆံပင် တွေကပြေပျက်စွာကျောနောက်တွင် လျောကျနေသည်။
“ဒီကိစ္စမှာ ငါ့ကိုအပြစ်တင်လို့မရဘူး။ ခင်များရဲ့ တပည့်က ကျုပ်ကို ပထမစပြီး ရန်စခဲ့တာ။ အပြစ်တင်မယ်ဆို သူ့ရဲ့ညံ့ဖျင်းမှုကိုသာ အပြစ်တင် ဒါကြောင့်လည်း ကျုပ်ဓားအောက်မှာ အသက်ဆုံးရှုံးခဲ့ရတာ ဂုဏ်တောင်ယူသင့်သေးတယ်။” ဂျင်ချန် ပါးစပ်ကနေ တစ်လုံးချင်းပြောလိုက်သည်။

ဒေါသထွက်စွာ ရယ်လိုက်ပြီး ဒူဂူးကွင်းဘီပြောလိုက်သည် “ စကေးညံ့လို့ ဟုတ်လား။ ကောင်းမည်လေ ဒါဆိုဒီနေ့ မင်းဘယ်လောက်တော်လည်းကြည့်ရသေးတာပေါ့။ မင်းရဲ့ အလင်းတန်းဓားနဲ့ ဒီအဖိုးကြီးကို ဘယ်လိုသတ်မလည်း ပြစမ်းပါ။”

စကားပြောပြီးလျင် ဒူဂူးကွင်းဘီက သူရဲ့ ကောင်းကင်ဓားကြီးအား ဝေ့ယမ်းလိုက်ရာ အင်မတန်မားပြင်းသော ဓားချီ အလင်းတန်းကြီးက ဂျင်ချန်စီ အရှိန်နဲ့ပြေး၀င်သွားလေသည်။

ဂျင်ချန်က တည်ငြိမ်စွာ သူ၏အလင်းတန်းဓားအား လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ အလင်းတန်းဓားက ၁.၃ မီတာရှည်ပြီး လက်နှစ်လုံးခန့် အနံကျယ်သည်။ အလင်းတန်း ဓားမှထွက်ပေါ်လာသော ဓားချီသည် ဒူဂူးကွင်းဘီ ၏ဓားချီထက် ပိုမိုကြမ်းတမ်းစွာ ထွက်လာပြီး သာမာန်မျက်လုံးဖြင့် မမြင်နိုင်လောက်သော အလျင်ဖြင့် ဒူဂူးကွင်းဘီ စီပြန်၀င်လာသည်။
“ဘန်း……..!”
ဓားချီအလင်းတန်းနှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး အနားရှိကျောက်တုံးများကျေမွသွားသည်။ ကြီးမားသော ချီလှိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး အနီးအနားရှိ မြူများနှင့် တိမ်များကင်းစင်သွားသည်။

ချက်ချင်းဆိုသလိုပင် ဂျင်ချန် နှင့်ဒူဂူးကွင်းဘီ သူတို့နှစ်ယောက်ရပ်လျက်ရှိသော တောင်ထွက်နှစ်ခုစီကနေ တစ်ဦးစီသို့ပျံသန်းလာကြသည်။ တောင်ထွက်နှစ်ခု၏ အလည်တွင် တွေ့ဆုံပြီး အပြန်အလန်တိုက်ခိုက်ကြရာ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲကြီးတစ်ခုဖြစ်ပေါ်လာတော့သည်။

သူတို့နှစ်ဦး ၏အပြန်အလှန်တ်ိုက်ခိုက်မှုက အလွန်တရာ လျင်မြန်ပြီး ဓားနှစ်လက်ထိခိုက်မှုမှထွက်ပေါ်လာသော အသံတို့က အဆုံးမရှိဆူညံနေသည်။ ထက်မြက်ဆူးရှသော ဓားချီများက အရပ်လေးမျက်နှာ တွင်ထိမှန်ကုန်ပြီး တောင်နှစ်ခုတွင် အပေါက်ကြီးများဖြစ်ပေါ်လာသည်။ မရေမတွက်နိ်ုင်သော ကျောက်တုံးများကြေမွကုန်ကြပြီး မိတာထောင်ပေါင်းများစွာကို လွင့်စင်သွားကြသည်။

ခဏဆိုသောအချိန်အတွင်းမှာပင် ဂျင်ချန်နှင့်ဒူဂူးကွင်းဘီ တို့့ အချက်ရေရာကျော်အောင်တိုက်ခိုက်ပြီးသွားလေသည်။ ထို့နောက်သူတို့နှစ်ယောက်လုံး သက်ဆိုင်ရာ တောင်ထွက်တွေစီသို့ပြန်လည် ဆုတ်ခွာ လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး၏ ၀တ်စုံများသည် ဓားချက်များကြောင့် ရစရာပင် မရှိတော့ချေ။
တစ်ယောက်နှင့်တစ်ယောက်မောပန်းစွာ စိုက်ကြည့်လိုက်ကြပြီး ဒူဂူးကွင်းဘီက “ဘယ်လိုတောင်မြန်လိုက်တဲ့ ဓားလည်း ဓါကြောင့်မို့လည်း ဂျန်ဂူးတစ်ခုလုံး မင်းဓားကို မခြေဖျက်နိုင်တာကိုး…..ဒီအဖိုးကြီးကိုတောင် အခက်အခဲတွေ့စေတယ်…….ဒူဂူးကွင်းဘီ ခဏရပ်လိုက်ပြီး ဆက်ပြောလေသည်။ “ ဒီအတိုင်းဆို အရှုံးအနိုင်သဲကွဲမှာ မဟုတ်ဘူး.. ငါတို့ရဲ့ အကြမ်းဆုံး ဓားကွက်ချင်းယှဉ်ပြီး အရှူံးအနိုင်ဆုံးဖြတ်မယ်” ဟုဆိုကာ ဒူဂူးကွင်းဘီက ပေါက်ကွဲသံကြီးနဲ့ သူ့ရဲ့ဓားမည်းကြီးအား ကောင်းကင်သို့ ထိုးခွဲပစ်တင်လိုက်သည်။

ဂျင်ချန်ကလည်း ကြီးမားသော စွမ်းအားကြီးဖြင့် ဓာချက်အားဝေ့ရမ်းထုတ်လိုက်သည်။

သူတို့နှစ်ယောက်ထုတ်လိုက်သော စွမ်းအားက ကမ္ဘာမြေကြီးအား တုန်လှုပ်သွားစေနိုင်ပြီး ထိုနေရာတောင်ကျောတစ်ခုလုံးကို ဓားချီများဖြင့် ပြည့်သွားစေသည်။ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲကြီးစတင်လေပြီ။ နားစည်ပေါက်ကွဲလု မတတ် အသံကြီးများ လေတိုးသံကြီးများကလည်း ဝိညာဉ်ထောင် ပေါင်းများစွာ ဝိုင်းအော်နေသကဲ့သို့ ကျက်သီးထဖွယ်ကောင်းလှပေ သည်။ အောက်မှာ တောထဲက မရေမတွက်နိုင်သော တိရိစ္ဆာများသည် ကြောက်ရွံစွာ ညီးတွားကြပြီး မြေပြင်ပေါ်သို့ဒူးများ ထောက်ကျသွားကြလေသည်။
သူတို့နှစ်ယောက်၏ တိုက်ပွဲသည် အထွက်အထိပ်ကို ရောက်လာပြီး နောက်ဆုံးစွမ်းအားအပြင်းဆုံးတိုက်ကွက်ကို ထုတ်လိုက်ကြသည်။

“ချချချချတ်!” “ချတ်ချတ်!”
တောင်နှင့် မလှမ်းမကမ်းရှိသစ်ပင်များသည် သူတို့နှစ်ယောက်၏ စွမ်းအားများအား ခံနိုင်ရည်မရှိပဲ အပိုင်းပိုင်း ပြတ်ကုန်ပြီး လေထဲသို့လွင့်စင်ကုန်ကြသည်။

ထိုစဉ် ဂျင်ချန်နှင့် .ဒူဂူးကွင်းဘီ တို့စွမ်းအားများအား ပိုမိုမြှင့်တင်လိုက်ရာ သူတို့ပတ်၀င်းကျင် တွင်ချီ လှိုင်းကြီးများ တလှိုင်းပြီးတစ်လှိုင်းလိမ်ထွက်လာသည်။ အနီးအနားရှိသစ်ပင်ကြီးငယ်များ အကုန်အပိုင်းပိုင်းဖြစ်ကာ လေထဲသို့လွင့်ပျံကုန်ကြသည်။
တစ်ချိန်ထဲမှာပင် ချန်ဂျင် ခန္ဓာကိုယ်အား အလင်းတန်းဓားမှ ထွက်လာသော အဖြူရောင် အလင်းတန်းကြီးက လွှမ်းခြုံသွားပြီး .ဒူဂူးကွင်းဘီ အားလည်းသူ၏ ဓားမည်းကြီးကနေ အနက်ရောင်အလင်းတန်းကြီးလွမ်းခြုံသွားတော့သည်။

“ယင်….!”
သူတို့လူနှစ်ယောက်လုံး၏ စွမ်းအားများသည် လုံး၀အထွက်အထိပ်သို့ရောက်လာ ပြီး ရုတ်တရက်အလွန်ကျယ်လောင်သော ဟိန်းသံကြီးက မိုးကြိုးချိန်းသံအလား နားစည်များကွဲမတတ်ထွက်ပေါ်လာလေသည်။ အလွန်လှပသော အဖြူရောင်အလင်းတန်းကြီးနှင့် အနက်ရောင်အလင်းတန်းကြီးတို့က အလွန်လျင်မြန်သောနှုန်းဖြင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ထို့နောက် ဘာသံမကြားရအောင်တိတ်ဆိတ်သွားသည်။ အရာရာအားလုံးပြန်လည် ငြိမ်သက်သွားပြီး ဂျင်ချန်နှင့် ဒူဂူးကွင်းဘီတို့အသီးသီး သူတို့၏ တောင်ထွက်များစီသို့ အင်မတန်အားနည်းသော မျက်နှာထားနှင့်ပြန် ရောက်လာကြသည်။ ဂျင်ချန်၏ ရင်ဘတ်တွင် သွေးများစီးကျလာသည်။ သူ၏အင်္ကျီအား ထုတ်ချင်းပေါက်ပြီး အဖြူရောင်၀တ်ရုံတစ်ခု လုံးသွေးများလွှမ်းသွားသည်။ ဒူဂူးကွင်းဘီ ဓားက ဂျင်ချန်၏ နှလုံးသားအား ထုတ်ချင်းပေါက်သွားခြင်းဖြစ်သည်။
ဒူဂူးကွင်းဘီ ကတော့သူရဲ့ ညာလက်တစ်ခုလုံး ပြတ်သွားလေသည်။ သူနောက်ထပ် ဓားထပ်ကိုင်၍ ရတော့မည်မဟုတ်ပေ။ သူ၏ကောင်းကင် ဓားကြီးက ဂျင်ချန်၏နှလုံးသားအားထိုး ဖောက်ပြီး တောင်အောက်မီတာထောင်ပေါင်းများစွာ သို့ကျသွားလေသည်။

“ဟား ဟားဟား…ဟား’ ရုတ်တရက် ဒူဂူးကွင်းဘီ ရယ်မောလိုက်သည် “ဂျင်ချန်မင်းက အရည်အချင်းတော့ ရှိပါတယ်။ ဒီလောက် နှစ်အများကြီးကြာမှ ငါ့ကို ဆုံးရှုံးမှုရဲ့အရာသာကို ခံစားစေခဲ့တယ်။ ဒါပေမယ့် မင်းရဲ့စွမ်းအင် ကငါ့ထက် အားနည်းတဲ့အတွက် မင်းအသက်ငါ့လက်ထဲ့မှာ ကုန်ဆုံးခဲ့ရတယ်။”

ဂျင်ချန်သူ ၏အသက်စွမ်းအားများ တဖြေးဖြေးကုန်ဆုံးလာသည်ဟု ခံစားလိုက်ရပြီးသူ မျက်လုံးအား ဖြေးညင်းစွာမှိတ်လိုက်သည်။ သေဆုံးခြင်းက အရေးကြီးတဲ့ ကိစ္စမဟုတ်ဟု နှလုံးသွင်းရင်း သူ့ကိုယ်သူ ငြိမ်းချမ်းအောင်လုပ် လိုက်သည်။ ဂျန်ဂူးမှာ နှစ်ပေါင်းများစွာ ကျင်လည်ပြီးနောက် သူလူပေါင်းများစွာကို သတ်ခဲ့သည်။ သေဆုံးခြင်းတရားက သူ့အတွက် အထူးအဆန်းမဟုတ်ပေ။ သူတစ်ခုတည်းသောနှောင်တက ဓားလမ်းကြောင်းပေါ်တွင်အဆုံးအထိ မလျှောက်လှမ်းခဲ့ရခြင်းပင်ဖြစ်သည်။
ဂျင်ချန်သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ပြီးနောက်ထူးဆန်းသော ခံစားချက်တစ်ခု သူ့စိတ်ထဲတွင်ပေါ်လာသည်။ ယခုလို နောက်ဆုံးအချိန်၍ ဂျင်ချန်၏ နှလုံးသားသည် ဓားနဲ့တသားထဲ ကျသွားသည်။ သူက ဓား။ ဓားကသူ။ ဓားနှင့်သူ့ကြားတွင် မည်သည့် ခြားနားချက်မျှမရှိတော့ပေ။ ထိုအချိန်တွင် ဓားသည် သူ့ ဝိညာဉ်၏ အစိတ်အပိုင်းဖြစ်လာသည်။

ထိုအချိန်မှာပင် စွမ်းအားကြီးမားသော ကမ္ဘာစွမ်းအားများသည် ကောင်းကင်မှ ဆင်းသက်လာပြီး ဂျင်ချန် ၏စိတ်ထဲသို့ စီး၀င်ကုန်ကြလေသည်။ ထို့နောက် သူ၏စိတ်စွမ်းအားများနှင့် လိုက်လျောညီထွေစွာပေါင်းစပ် သွားလေသည်။ ဂျင်ချန်သူ၏ စိတ်၀ညာဉ် စွမ်းအားမြင့်မားလာသည်ကို ခံစားလိုက်ရပြီး သူဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာသွားတော့သည်။ ထိုအချိန်၍ ဂျင်ချန်သည် သူ၏စိတ်အတွင်း၍ မီတာထောင်ပေါင်များစွာ အားမြင်နိုင်ပြီး ခြင်တစ်ကောင်ကိုပင် အသေးစိတ်မြင်၍ရသည်။

တစ်နည်းလမ်းလမ်းဖြင့် သူ၏သေဆုံးခြင်းနှင့် စွမ်အားအဆင့်မြင့်လာမှု ဆက်စပ်ခြင်းပေလော……



rate now:

3 Reviews
  • reader NayMinThartaw 30.11.2019, 13:49 4.6

    Ohhhhhhhhhh..hi ho

    reply

  • reader Pann Khatt Waii 25.11.2019, 07:19 4.7

    🥰

    reply

  • reader ငတက်ပြား 25.11.2019, 07:02 5

    ကြိုက်တယ်ဗျို့

    reply