Chapter 7. မင်းသိလား ကိုယ့်ကိုကိုယ် အထင်ကြီးမှုက ဘဝကို နားလည်ခြင်းရဲ့ တစိတ်တပိုင်းပဲ ပီးတော့ ဘဝကို အပြည့်အဝ ပျော်ရွှင်ခြင်းပဲ သူမက သူ့ကိုကြည့်လိုက်တယ် မင်ဂအတွက်မင်းထွက်ပေါက်ကို ရှာသင့်နေပီ သားရေ
Ezio က ရေရွတ်လိုက်တယ် ကျွန်တော့်မှာ ထွက်ပေါက်တွေ အများကြီး ရှိပါတယ်
ငါဆိုလိုချင်တာက မိန်းမပျက်တွေက လွဲရင်ပေါ့ လို့ သူ့အမေ က ဒဲ့ ပြန်ချေပတယ်
အမေ ဒါပေမယ့် Maria ရဲ့ တခုထဲသော အဖြေကတော့ ပုခုံးကို တွန့်ပီး နှုတ်ခမ်းတွေကို ရှုံ့တွလိုက်ခြင်းပါ
Leonardo လို လူတစ်ယောက်ကို သူငယ်ချင်း အဖြစ် ပေါင်းနိုင်ရင် မင်းအတွက်ကောင်းလိမ့်မယ် ငါထင်တာတော့ သူက သူ့အနာဂတ်အတွက် ရေရေရာရာရှိတယ်
ဒီအမြင်နဲ့ သား အမေနဲ့ သဘောထား ကွဲလွဲပါတယ်
လူပါးမဝ စမ်းပါနဲ့
Leonardo က သေတ္တာနှစ်လုံး သယ်ပီး အတွင်းခန်းထဲ ဝင်လာတာနဲ့ သူတို့ စကားစ ပြတ်သွားတယ်သူက တခုကို မြေကြီးပေါ်မှာ ချလိုက်တယ် တဆိတ်လောက် အဲ့ တခုကို သယ်ပေးပါလား လို့ သူက Ezio ကို တောင်းဆိုလိုက်တယ်
ငါ Agniolo ကိုမေးမယ် ဒါပေမယ့်သူကနေခဲ့ပီး ဆိုင်စောင့်မှ ဖြစ်မယ် ပီးတော့ သူက ဒီလိုအလုပ်မျိုးအတွက် အားရှိမှာမဟုတ်ဘူးလို့ ငါထင်တယ်
Ezio က သေတ္တာကို မဖို့ ခါးကုန်းလိုက်တယ် ပီးတော့ သေတ္တာကတော်တော်လေးတာပဲ ဆိုပီး အံ့သြသွားတယ် သူအဲ့တာကို လွတ်ကျလုနီးနီးတောင်ဖြစ်သွားတယ်
ဂရုစိုက်ပါ လို့ Leonardo က သတိပေးတယ် အဲ့ထဲက ပန်းချီတွေက ကြေမွလွယ်တယ်ပီးတော့ မင်းအမေက ငါ့ဆီကနေ အဲ့တာတွေကို စျေးကောင်းပေးဝယ်ထားတာ
ငါတို့ သွားကြမလား Maria ကပြောတယ် ငါ အဲ့တာတွေကို နေရာချဖို့ မစောင့်နိုင်တော့ဘူး ငါရွေးထားတဲ့ နေရာတွေကို မင်းသဘောကျမယ်လို့ ငါထင်တယ် သူမက Leonardo ကို ထပ်ပြောတယ် Ezio က ဒီလိုအနုပညာရှင်ပေါက်စက ဒီလိုလေးလေးစားစား ဆက်ဆံမှုမျိုးနဲ့ ထိုက်တန်ရဲ့လားဆိုပီး စိတ်ထဲမှာ စနိုးစနှောင့်ဖြစ်သွားတယ်
သူတို့လမ်းလျှောက်နေတုန်း Leonardo က ဖော်ဖော်ရွေရွေ စကားစမြည်ပြောခဲ့တယ် Ezio ကတော့ အဲ့လူရဲ့ ဆွဲဆောင်နိုင်စွမ်းရည်ကို အနိုင်ရမှာမဟုတ်ဘူးဆိုတာပဲ ရှာတွေ့လိုက်ရပါတယ် ပီးတော့ အခုထိ သူနဲ့ ပတ်သတ်ပီး သဘာဝ အလျောက်စိတ်မငြိမ်တဲ့ အမူအရာ ကိုပြတဲ့ တစုံတခု သူ့လက်ချောင်းတွေပေါ်ကိုတောင် သူတင်လို့မရနိုင်လောက်တဲ့ တစုံတခုကို သူရှာတွေ့ခဲ့တယ် အအေးမိတာလား ? ဂရုဏာကြောင့် ဖြစ်တဲ့ ခံစားမှုဲ့
ား သူ့ခေါင်းပေါ်က တိမ်စိုင်တွေကြောင့်ဖြစ်နိုင်ပါတယ် တခြား အနုပညာရှင်တွေလိုပေါ့ ဒါပေမယ့် Ezio စိတ်ထဲမှာ အဲ့လူကို အလိုအလျောက် ချက်ချင်း လေးစားသွားပါတယ်
ဒါဆို Ezio မင်း ဘာတွေလုပ်လဲ ? Leonardo က သူ့ကိုမေးတယ်
သူက သူ့အဖေအတွက် အလုပ်လုပ်တယ်လို့ Maria က ပြန်ဖြေတယ်
အော် ငွေအရင်းရှင်တစ်ယောက်ပဲ ကောင်းတာပေါ့ မင်းက ငွေအရင်းရင်တွေအတွက်မှန်ကန်တဲ့ မြို့မှာ မွေးဖွားလာတာပဲ
အနုပညာရှင်တွေ အတွက်လဲ မှန်ကန်တဲ့ မြို့တစ်မြို့ပါ လို့ Ezio က ပြောတယ် ချမ်းသာတဲ့ ဖောက်သည်တွေ အတွက်ရောပေါ့
ငါတို့တွေ အများကြီးရှိတာဘဲ လို့ Leonardo က ညည်းတွားပီး ပြောတယ် လူတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုက်ဖို့ ခက်တယ် အဲ့တာကြောင့်လဲ ငါ မင်းအမေ အပေါ် ကျေးဇူးကြွေးရှိနေတာပေါ့ စိတ်မရှိပါနဲ့ သူမမှာ မျက်စိအမြင်ရှိတယ်ပဲပြောရမယ်
မင်း ပန်းချီဆွဲတာ စိတ်ဝင်စားလား လို့ Ezio က မေးတယ် သူ စတူဒီယိုထဲမှာ မြင်ရတဲ့ အမျိုးအစားတွေကိုတွေကို ပြန်မြင်ယောင်ရင်းပေါ့
Leonardo က အဓိပ္ပာယ်များစွာနဲ့ ကြည့်လိုက်တယ် အဲ့တာ ခက်ခဲတဲ့ မေးခွန်းပဲ အမှန်အတိုင်းပြောရရင် ငါတခုခုကို အခြေချဖို့ရှာဖွေနေတာ ခုတော့ငါတွေ့ပီ ငါပုံဆွဲရတာကို ကြိုက်တယ် ငါလုပ်နိုင်တယ်ဆိုတာကိုလဲ ငါသိတယ် ဒါပေမယ့် တနည်းအားဖြင့် ငါဒီကို မရောက်ခင် ငါ အဆုံးကို မြင်နိုင်တယ်ဆိုတာကို ငါသိခဲ့တယ် ပီးတော့ တခါတလေ ပြီးဆုံးအောင် လုပ်ဖို့ ကြိုးစားခဲ့ရတယ် ငါ တွန်းချခံခဲ့ရတယ် ဒါပေမယ့် ဒါ အကြန် မဟုတ်သေးဘူး တခါတလေ ငါ့ အလုပ်ကြောင့် ငါ စားစရာလဲ မရှိဘူး ရည်မှန်းချက်လဲ ပျောက်တယ် အဲ့တာ အဓိပ္ပာယ်ရောရှိရဲ့လား
မင်းကိုယ်မင်း ယုံကြည်မှုပိုရှိသင့်တယ် Leonardo လို့ Maria ကပြောတယ်
ကျေးဇူးတင်ပါတယ် ဒါပေမယ့် ဘဝ အတွက် အာမခံချက်ပေးနိုင်မယ့် အလုပ်တခုရှာရင်ကောင်းမယ်လို့လဲ တွေးမိတယ် ငါဘဝ အကြောင်း နားလည်ချင်တယ် ဘလိုတွေ လောကကြီးလည်ပတ်နေလဲ အရာအားလူံး ဘလို လည်ပတ်နေလဲ ဆိုတာကိုပေါ့
အဲ့တာဆို မင်းက လူတစ်ရာထဲက တစ်ယောက်ပဲ Ezio ကပြောတယ်
ငါသာဖြစ်နိုင်ရင် ငါ ဘာကို စူးစမ်းရှာဖွေမလဲ ဆိုတာ ငါသိတယ် ဗိသုကာတို့ ခန္ဓာဗေဒတို့ စက်ပစ္စည်းတို့တောင် ဖြစ်နိုင်တယ် ငါက ကမ္ဘာကြီးကို စုတ်တံနဲ့ ပုံမဖော်ချင်ဘူး ငါ ပြောင်းလဲချင်တယ်
အီဇီယိုထက် ပိုပြီး အထင်ကြီးနေတယ်ဆိုတာ သူက သိပ်ကို ထိခိုက်စေခဲ့တယ် ။ အကယ် ၍ တစ်စုံတစ်ရာ မကြွားဝါပါဘူး ။ အကယ် ၍ သူက သူ့အထဲမှာ တူညီတဲ့ အိုင်ဒီယာတွေကို နှိပ်စက် ပစ်သတ်ဖို့ အကြံအစည်တွေကို မြင်ခဲ့တယ် ။
တခြားတခု လို့ Ezio က တွေးခဲ့တယ် သူက သူပါဝင်ခဲ့တဲ့ သီချင်းနဲ့ ပိုင်ဆိုင်မှု အားလုံးကို ငါတို့ကို ပြောလိမ့်မယ်လို့ မထင်ဘူး
မင်း ဒါကို အောက်ခနချပီး နားချင်လား Ezio လို့ Leonardo ကမေးခဲ့တယ် အဲ့တာမင်း အတွက်တော်တော်လေးနေမှာဘဲ
Ezio က သွားတွေကြိတ်လိုက်တယ် မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် ငါတို့ရောက်တော့မှာဘဲ
သူတို့ Palazzo Auditore ကိုရောက်တဲ့ အခါ သူ်လာတဲ့ သေတ္တာကို အဝင်ခန်းမကြီးထဲကိုသယ်လာပီး အောက်ကို ဖြေးဖြေးချလိုက်တယ် သူ့ ကြွက်သားတွေလဲ ကိုက်ခဲနေပီ ပီးတော့ သူ အနာက နဲနဲပိုသက်သာသွားတယ်ဆိုတာ သူဝန်ခံမှာ မဟုတ်ပါဘူး သူ့ကိုယ်သူတောင်မှပေါ့
ကျေးဇူးပါ Ezio လို့ သူ့အမေက ပြောခဲ့တယ် မင်းမပါဘဲ ဒါတွေကို ဘလိုမှ စီမံ ခန့်ခွဲနိုင်မှာမဟုတ်ဘူး ပန်းချီတွေကိုချိတ်တဲ့နေရာမှာ အမေတို့ကို လာပီ ကူညီပေးဦးမလား
ကျေးဇူးတင်ပါတယ် အမေ အဲ့တာကတော့ အမေတို့ နှစ်ယောက်ပံ လုပ်လိုက်တာ ပိုကောင်းမယ်ထင်တယ်
Leonardo က သူ့လက်တွေကို ဆန့်ထုတ်လိုက်တယ် တွေ့ရတာဝမ်းသာပါတယ် Ezio ထပ်တွေ့နိုင်ဦးမယ်လို့လဲ မျှော်လင့်ပါတယ်
ငါရောပါပဲ
Leonardo ကိုကူဖို့ အစေခံထဲက တစ်ယောက်ကို ခေါ်ပေးပါဦး လို့ Maria က သူ့ကိုပြောလိုက်တယ်
မခေါ်ပါနဲ့ လို့ Leonardo က ပြောတယ် ငါ တ်ယောက်ထဲ လုပ်ရတာကို ပိုသဘောကျတယ် တစ်ယောက်ယောက် ဒီသေတ္တာတွေကို ခွဲလိုက်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ သူ့ဒူးခေါင်းတွေကို ကွေးလိုက်တယ် သူက Ezio အောက်ချလိုက်တဲ့ သေတ္တာကို လက်မောင်းနားထိ ပင့်တင့်လိုက်တယ် ငါတို့စကြတော့မလား သူက Maria ကို ပြောတယ်
ဒီလမ်းပါ လို့ Maria က ပြောတယ် တာ့တာ Ezio ညနေ ညစာစားမှ တွေ့မယ်' လာ Leonardo
Ezio က သူတို့ ဟောခန်းထဲက ထွက်သွားတာကို စောင့်ကြည့်နေခဲ့တယ် ဒီ Leonardo က လေးစားစရာကောင်းတဲ့ လူတစ်ယောက်ပါ