book

Index 6

Chapter 6

  • Author : Eller
  • Genres : Adventure, Action
  • Original Author : Corey May

.                     Chapter 6.    .                 နောက်နေ့ မနက်မှာ Ezio နောက်ကျမှ အိပ်ယာက နိုးခဲ့တယ် ဒါပေမယ့် သူ့အဖေက သူ့အတွက် ရုတ်တရက် လုပ်ငန်းမရှိဘူး ဆိုတာနဲ့ တင် သူ့အတွက် စိတ်သက်သာရာရခဲ့တယ်  ပန်းပွင့်တွေ အရောင်လွင့်စပြုနေတဲ့ ချယ်ရီပင်တွေ အတွက် ရေလောင်းပေါင်းသင်နေတဲ့ သူ့အမေကို တွေ့ရဖို့ ဥယျာဥ်ထဲကို ရှာခဲ့တယ်

သူ့အမေက သူ့ကို မြင်မြင်ချင်း ပြုံးလိုက်တယ် ပီးတော့ သူ့ကို လက်ယက်ခေါ်ခဲ့တယ် Maria Auditore က အသက်လေးဆယ်မှာတောင် အရပ်ရှည်ပီး ဂုဏ်သရေရှိတဲ့ အမျိုးသမီး တစ်ယောက်ပါ သူမ ၏ ဖြူစင် သောမူစလင်ဦးထုပ်အောက်မှ ဆံပင်ရှည်သည် မိသားစု ၏ အနက်ရောင်နှင့် ရွှေရောင်အရောင်များဖြင့် တည်းဖြတ်ထားသည်

         Ezio ! Buon’ giorno’ ( အီတလီ ဘာသာစကား အားဖြင့်  ကောင်းသော နံနက်ခင်းပါ )

          မိခင်

        မင်း အခြေအနေ ဘယ်လိုလဲ ပိုကောင်းလာမယ်လို့တော့ ငါထင်တာပဲ သူမက သူ့ခေါင်းပေါ်က အနာတွေကို ညင်ညင်သာသာလေးထိလိုက်တယ်

      ကျွန်တော်အဆင်ပြေပါတယ်

       မင်းအဖေက မင်း တော်တော်ကြာကြာ အနားယူသင့်တယ်လို့ပြောတာဘဲ

      ကျွန်တော် အနားယူဖို့မလိုပါဘူး မေမေ

      ကောင်းပီ ဒီနေ့မနက် မင်းအတွက် ဘယ်ဟာကမှ စိတ်ဝင်စားဖို့ကောင်းမှာ မဟုတ်ဘူး မင်းအဖေက ငါမင်းကို ဂရုစိြက်ပေးဖို့ တောင်းဆိုပီးသား ငါမင်း ဘာလိုနေလဲဆိုတာလဲ သိတယ်

      အမေ ဘာကို ဆိုလိုတာလဲ သားမသိဘူး

     မင်းငါ့ကို မညာချင်စမ်းပါနဲ့ Ezio  မင်း Vieri နဲ့ ရန်ဖြစ်တဲ့ အကြောင်းတွေ ငါသိတယ်

       သူက သားတို့ မိသားစုအကြောင်း မဟုတ်တဲ့ သတင်းတွေ ဖြန့်နေတဲ့ သူပဲ သူ့ကို အပြစ်မပေးဘဲ လွှစ်မထားနိုင်ဘူး

        Vieri ရဲ့ ဖိအားတွေအောက်မှာ နေရတာ သူ့အဖေ အဖမ်းခံရထဲကပဲ လို့ သူမက စဥ်းစဥ်းစားစားတွေးလိုက်တယ် ‘Francesco de’ Pazzi  မှာ အများကြီးရှိနိုင်တယ် ဒါပေမယ့် မှူးမတ်တစ်ယောက်ကို သတ်ဖို့ လုပ်ကြံမှုမှာ ပါဝင်ပတ်သတ်လိမ့်မယ်လို့ တွေးတောင် မတွေးဖူးဘူး

       သူ့မှာ ဘာတွေ ဖြစ်လာနိုင်လဲ

        အမှုစစ်ဆေးတာတွေရှိမှာပေါ့ ငါထင်တာတော့ ငါတို့ရဲ့ကိုယ်ပိုင် Duke Lorenzo ပြန်လာရင် မင်းအဖေက အဓိက မျက်မြင်သတ်သေ ဖြစ်လိမ့်မယ်

          Ezio က ဂနာမငြိမ်ကြည့်လိုက်တယ်

          စိတ်မပူပါနဲ့ မင်းကြောက်စရာမရှိပါဘူးပီးတော့ ငါက မင်းမကြိုက်တာကို လုပ်ဖို့ အတင်းအကြပ်တောင်းဆိုမှာ မဟုတ်ဘူး  တကယ်တော့ ငါမင်းကို ငါသွားရမယ့် ခရီးမှာ ငါနဲ့လိုက်စေချင်တာ   အဲ့ခရီးက ကြာမှာတော့မဟုတ်ဘူး ပီးတော့ မင်း ဒီခရီးမှာ ပျော်မယ်ထင်တာဘဲ

             အမေ့ကို ကူညီရမှာ ဝမ်းသာပါတယ် မေမေ

        ဒါဆို လိုက်ခဲ့ ခရီး မဝေးပါဘူး

         သူတို့က palazzo ကို ခြေလျင်သွားခဲ့ကြတယ် ပီးတော့ florence ရဲ့ အနုပညာရှင်တော်တော်များများမှာ သူတို့ရဲ့ အလုပ်ရုံတွေနဲ့ စတူဒီယိုတွေရှိတဲ့နေရာအနီးက ကွာတားလေးဆီသို့ဘုရားကျောင်းတွေရဲ့ လမ်းညွှနိအတိုင်း လမ်းလျှောက်ခဲ့ကြတယ်  Botticelli ကို ရယူပြီးတဲ့  Verrocchioeနဲ့  လင်းလက်နေတဲ့ ကြာ် Alessandro di Morian  Filipepi တို့လိုပဲ ၊ အကြီးအကျယ် ၊ အလုပ်ရှုပ်နေတဲ့ နေရာတွေ ၊ လက်ထောက်တွေနဲ့ apprentics တွေ ၊ အရောင်တွေနဲ့ ရောနှောနေတဲ့ ဝက်တွေ ၊ အခြားသူတွေ နှိမ့်ချသူတွေလဲ ရှိပါတယ်

       အဲ့တာကတော့ Maria ရပ်နားပီး ခေါက်ခဲ့တဲ့ တံခါးတွေထဲက တခုပါ အဲ့တာက ဆံပင်ဖုတ်သိုက် မုတ်ဆိတ်မွှေးထူထူ နဲ့ ကောင်းကောင်း ဝတ်စားထားတဲ့ ချောမောတဲ့ လူငယ်လေး ( အားကစားသမားနဲ့လဲ တူပါသေးတယ် ) က တံခါူကို ဖွင့်လိုက်တယ် သူက Ezio ထက် ခြောက်နှစ် ခုနစ်နှစ်လောက်ပိုကြီးမယ်ထင်ရပါတယ်

            Madonna Auditore ! ကြိုဆိုပါတယ်   ငါ မင်းလညမယ်လို့ မျှော်လင့်ထားပီး သားပါ

            Leonardo , buon’ giorno ( အီတလီစကားဖြင့် ကောင်းသော နံနက်ခင်းပါ ) နှစ်ယောက်လုံး နှုတ်ဆက်တဲ့ အနမ်းနမ်းလိုက်ကြပါတယ် ဒီ အနုပညာရှင်နဲ့ အမေ ကောင်းကောင်း သိလောက်တယ် လို့ Ezio က တွေးလိုက်တယ် ဒါပေမယ့် ဒီ လူရဲ့ ပုံစံကိုတော့ သူကြိုက်ပါတယ်

ဒါ ငါ့သားပါ Ezio လို့ ခေါ်တယ် Maria က ဆက်ပြောတယ်

        အနုပညာရှင်  က ဦး ညွှတ်လိုက်တယ်  Leonardo da Vinci ,’ သူကပြောတယ်     ဂုဏ်ပြုပါတယ် မစ္စတာ

      မာစတာ

       ခုထိတော့ မဟုတ်သေးပါဘူး  Leonardo က ပြုံးလိုက်တယ် ဒါပေမယ့် ငါ ဘာတွေ တွေးနေတာပါလိမ့် အထဲ ဝင်ခဲ့ပါ   ဒီမှာ ထိုင်စောင့်   ငါမင်းအတွက် ပန်းချီတွေ သွားယူနေတုန်း ငါ့လက်ထောက်ကို ဝိုင် သွားရှာခိုင်းထားမယ်

           စတူဒီရိုက မကျယ်ပါဘူး ဒါပေမယ့် အထဲမှာရှုပ်ပွနေတာတွေက နဂိုကျဥ်းနေတာကို ပို ကျဥ်းသွားစေတယ် စားပွဲတွေက ငှက်တွေရဲ့ အရိုးတွေ နို့တိုက်သတ္တဝါတွေရဲ့ အရိုးတွေနဲ့ ပုံဖော်ထားတယ်

ရေကရားတွေကတော့ ကိုယ်အဂါ နဲ့ ဆိုင်တဲ့ အရောင်အဆင်းမဲ့တဲ့ အရည်တွေနဲ့ ဖြည့်ထားတယ် Ezio ကတော့ အဲ့တာတွေကို နားလည်ဖို့ အခက်တွေ့နေခဲ့ပါတယ်     အနောက်က ဘုတ်အလုပ်ရုံ တစ်ခုဟာ သစ်သားမှာ စူးစမ်းလေ့လာတဲ့ အဆောက်အအုံ ပန်းချီလက်ရာအချို့ကို ကျင်းပခဲ့ပါတယ် ။ ပြီးတော့ အပြင်အဆင်တွေက ရှင်းရှင်းလင်းလင်း အဓိပ္ပာယ်မရှိတဲ့ အရာတွေကို ဖော်ပြခဲ့ပါတယ် ။ Ezio နဲ့ Maria က သူတို့ကိ်သူတို့ သက်တောင့်သက်သာနေလိုက်တယ

        

 ိုင်ပုလင်းတွေနဲ့ ကိတ်မုန့်သေးသေးလေးတွေပါတဲ့ ဗန်းကို ကိုင်ထားတဲ့ ခပ်ချောချော လူငယ်တစ်ယောက် အတွင်းအခန်းထဲက ထွက်လာပါတယ် သူက သူတို့ကို ရှက်ပြုံးလေးနဲ့ ဧည့်ခံပီး ထွက်သွားပါတယ်

            Leonardo က အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ

           Madre မပြောခင်ထဲက ကျွန်တော် အနုပညာ ကိုနဲနဲ ကြည့်တတ်ပါတယ်  Ezio က သူက သူ့အဖေခြေရာ နင်းရမယ်ဆိုတာ ကို တွေးမိတယ် ဒါတောင်မှ florentine banker တစ်ယောက်ရဲ့ ဇာတ်ကောင်မှာ ထိုင်နေမယ်လို့ သူသိခဲ့တဲ့ reak နဲ့ adventurous streak ရှိခဲ့တယ် ။ ဘယ်ကိစ္စမှာမဆို သူက အကြီးတစ်ယောက် အနေနဲ့ သူ့ကိုယ်သူ လူကြီးတစ်ယောက်လို ပြုမူဆက်ဆံခဲ့ရတယ်  အနုပညာရှင်တစ်ယောက် အနုပညာကို ခံစားရတဲ့ လူတစ်ယောက်မဟုတ်ဘဲ နဲ့ပေါ့         

          


rate now: