Chapter 5. မင်း သူ့ကို အဲ့လိုပြောစရာမလိုဘူး လို့ Duccio က စိတ်ဆိုးတဲ့လေသံနဲ့ပြောတယ် အနည်းဆုံးတော့ သူမက သူမရဲ့ အဆင်းက မင်းရဲ့ လုံးလုံး တုတ်တုတ် ညီမထက်တော့ ပိုပီး ကျက်သရေရှိတယ်ကွ ဒါပေမယ့် သူက သီလရှင်လောက် ခြောက်တဲ့ အပေါက်ကြီး ရှိတယ် သနားပါတယ် ငါသူမကို တခု နှစ်ခုလောက်တော့ သင်ပေးနိုင်ပါတယ်လ ဒါပေမယ့် အဲ့မှာ ထပ်ပီး
Ezio က သူ့ကို အေးစက်စက် အဆက်ဖြတ်ခဲ့တယ် မင်း သူမ အသည်းကို ခွဲခဲ့ပီး ပီဘဲ Duccio ရယ်
ငါခွဲခဲ့လို့လား ရှက်စရာဘဲ
ဒါ ငါဘာလို့ မင်းလက်ကို ချိုးချင်နေရလဲ ဆိုတာဘဲ
ကောင်မလေးက ဒါကို အော်ပီး ထွက်ပြေးခဲ့တယ်. Ezio က Duccio ရဲ့ အကျယ်ကြီး အော်ငိုတာကို ကြားခဲ့ရတယ် သူဟာ အရင်က အချိန်တွေတုန်းကခက်ခဲတဲ့ အချိန်တွေနဲ့ ထိုင်နေခဲ့တဲ့ စတိုးဆိုင်ခန်းကို အတင်းအဓမ္မ လုခဲ့တယ် ။ Duccio ရဲ့ အကျယ်ကြီးအော်တာက မျက်ရည်တွေသို့ မပြောင်းခင် ကျောက်တုံးကို ဆန့်ကျင်ပီး လက်ဖျံကို တွန်းခဲ့တယ်
ရပ်လိုက် Ezio ! ငါမင်းကို တောင်းပန်ပါတယ် ငါက ငါ့အဖေရဲ့ တဦးတည်းသောသားပါ
Ezio က သူ့ကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပီး သူ့ကို လွှတ်ပေးလိုက်တယ် Duccio မြေကြီးပေါ်ကို ကျသွားပီး လိမ့်သွားတယ် သူ့ အတွင်းကြေလက်မောင်းတွေကို သူနာပြုလုပ်ပေးရင်း တအီအီ ညည်းတွားနေတယ် သူ့ရဲ့ အဝတ်အစားကောင်းကောင်ူလေးတွေ စုတ်ပြဲပီး တွန့်ကြေ ညစ်ပတ်နေတယ်
မင်းက ဒီ တွန်းအားတွေနဲ့ မထိုက်တန်ဘူးလို့ Ezio က သူ့ကိုပြောတယ်
ဒါပေမယ့် မင်းလက်မောင်းတွေနဲ့ ပတ်သတ်ပီး ငါ့အမြင်ကို ပြောင်းလဲစေချင်ရင် Claudia ရဲ့အဝေးမှာ နေပါ ငါ့အဝေးမှာရောဘဲ
ဒီဖြစ်ရပ်ပီးနောက် Ezio က အိမ်ရံ့ အဝေးကို လမ်းလျှောက်သွားခဲ့တယ် လယ်ကွင်းတွေကို မရောက်ခင် မြစ်ကမ်းတလျှောက်ငေးရင်း နဲ့ပေါ့ သူပြန်ရောက်တဲ့ အခါ အရိပ်တွေက ရှည်နေတယ် ပီးတော့ သူ့စိတ်ကလဲ ပိုပြီး ငြိမ်သက်နေပါတယ် အဲ့တာက သူ့ကို ဘယ်တော့မှ ယောက်ကျားတစ်ယောက်ဖြစ်စေမှာ မဟုတ်ဘူး သူ တယောက်ထဲ ပြောနေတယ် သူ့ဒေါသတွေက သူ့ကို အမြဲ လုံးလုံးလျားလျား အုပ်စိုးနေသရွေ့ပေါ့
အိမ်တံခါးကို ပိတ်ပီး အဖိုးတန်တဲ့နေ့တွေရဲ့ မနက်ကထဲက မမြင်ရသေးတဲ့သူ့ညီလေးကို သူကြည့်လိုက်တယ် သူက ကလေးလေးကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်တယ် Ciao,Petruccio မင်း ဘာတွေ ဖြစ်နေတာလဲ မင်းရဲ့ ကျောင်းဆရာကို ဖိနပ်ပေးပီးပီလား ထားပါ စကားမစပ် မင်း အိပ်ချိန်ကျော်သွားပီမလား
မမိုက်မဲစမ်းပါနဲ့ ငါ လက်တွေ့မှာ အသက်ကြီးလာပါပီကွ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ငါ မင်း အစွမ်းအစတွေရဲ့ ထိုးနှက်မှုကို ခံခဲ့ရတယ် ညီအကို နှစ်ယောက်လုံး စပ်ဖြဲဖြဲလုပ်နေကြတယ်
Petruccio က လှီးထားတဲ့ သစ်တော်သား သေတ္တာကြီးကို သူ့ရင်ဘတ်နား ကပ်ထားတယ် အဲ့တာက ပွင့်သွားပီးတော့ အထဲမှာ လက်တဆုပ်စာ အဖြူရောင် အညိုရောင် ငှက်မွှေးတွေကို Ezio က သတိထားမိခဲ့တယ် အဲ့တာတွေက လင်းယုန်ငှက်မွှေးတွေဆိုပီး ကောင်လေးက ရှင်းပြခဲ့တယ် သူက အနီးအနားက အဆောက်အအုံရဲ့ မျှော်စင်ထိပ်ကို လက်ညိုးထိုးပြခဲ့တယ် အဲ့မှာ ငှက်သိုက်အဟောင်းတခု ရှိတယ် အကောင်ပေါက်လေးတွေက အမွှေးအတောင်စုံပီး ထွက်သွားကြကုန်ပီ ကျောက်ဆစ်ပြတင်းထဲမှာ ဖမ်းမိထားတဲ့ ထပ် ငှက်မွှေးတွေကို ငါမြင်ရတယ် Petruccio က သူ့အကို ကို အသနားခံနေတဲ့ ပုံစံနဲ့ ကြည့်လိုက်တယ်
Ezio မင်း ငါ့အတွက် နဲနဲ ထပ်ပီး သွားယူပေးမလား ?ကောင်းပီ မင်း လိုချင်သေးလို့လား
Petruccio ကခေါင်းငုံ့လိုက်တယ် ဒါ လျှို့ဝှက်ချက်ပဲလို့ သူပြန်ပြောတယ်
ငါမင်းအတွက် အဲ့တာတွေ ယူပေးရင် မင်းအထဲဝင်မှာလာ? ညည့်နက်နေပီ
ဟုတ်
ကတိပေးလား
ကတိပေးပါတယ်
ကောင်းပီလေ Ezio ကတွေးနေတယ် ဒီနေ့ claudia ကို အကြိုက်ဆုံးပဲ ။ petruccio အတွက် တစ်ယောက်မှ မလုပ်သင့်တာ အကြောင်းမရှိဘူး ။
မျှော်စင်ပေါ်တက်ရတာ သတိကြီးကြီးထားရတယ် အဲ့က ကျောက်တုံးတွေက ချောနေပီး ကျောက်တုံးတွေကြားက အဆက်တွေကြားမှာ ဆုပ်ကိုင်ထားရတာတွေနဲ့ ခြေထိန်းတွေကို အာရုံစိုက်နေရတဲ့ အတွက်ကြောင့်ပါ အပေါ်ကို ပိုပိုပြီး မြင့်လာလေလေ အလှဆင်ထားတဲ့ ပုံသွန်းထားတာတွေက အကူအညီ ဖြစ်လေလေပါ အဆုံးမှာတော့ အံ့ကိုရောက်ဖို့ နာရီဝက်လောက်ကြာခဲ့ပါတယ် ဒါပေမယ့် သူက နောက်ထပ် ငှက်မွှေး ၁၅ ခုလောက်ပို ယူခဲ့တယ် ( သူမြင်ရသလောက်ပေါ့ ) ပီးတော့ Petruccio ကိုပေးလိုက်တယ်
မင်း တခုနဲ့ လွဲသွားတယ် Petruccio က ပြောတယ် လက်ညှိုးလေးထိုးရင်းပေါ့
အိပ်ယာ လို့ သူ့အကိုက အော်ပြောတယ်
Petruccio ထွက်ပြေးခဲ့တယ်
Ezio က သူတို့ အမေ လက်ဆောင်ကို ကြိုက်ပါစေလို့ မျှော်လင့်ခဲ့ပါတယ်
Petruccio ရဲ့ လျှို့ဝှက်ချက်တွေကို နားလည်ရဖို့ အချိန်တွေ အများကြီး မစဥ်းစားရပါဘူး
သူ့ဘာသူ အိမ်ထဲ ဝင်ရင်း ပြုံးလိုက်ပါတယ်