book

Index 2

Chapter 2

  • Author : Eller
  • Genres : Adventure, Action
  • Original Author : Corey May

  1.                       Chapter 2
     
                “ အဲ့တာ အဓိပ္ပာယ်မရှိတာပဲ မင်းတခုခု ကြံစည်ထားတာ ငါသိတယ် ပြီးတော့ ငါ့ညီလေး သူ့ကိုယ်သူ ဘလိုစောင့်ရှောက်ရမလဲဆိုတာ သိလောက်ပြီအထင်နဲ့ ငါမင်းနဲ့တွေ့ရအောင် လာတွေ့တာ ဒါပေမယ့် မင်းနောက်ထပ်နှစ်ခုလောက် သင်ယူဖို့ ကျန်နေသေးတယ်"
           "ဖီဒါရီကို အော်ဒီတိုရေး" က "အော်ဒီတိုရေး" မွေးချင်းတွေထဲမှာ အကြီးဆုံးဖြစ်ပီးတော့ အက်ဇီအိုရဲ့ စီနီယာ ဖြစ်တယ် ပြီးတော့ သူကလလူကောင်ကြီး ပီး အသောက်အစားဖက် နဲ့ အချစ်ရေးဖကိမှာ နဲ့ တိုက်ပွဲ ဖက်တွေမှာ စိတ်အားထက်သန်တဲ့ လူတစ်ယောက်ပါ သူကလတိုက်ရေးခိုက်ရာအလွန်တော်တဲ့ သူတစ်ယောက်ဖြစ်တယ် အဲ့တိုက်ပွဲမှာ နှစ်ယောက်အတူတိုက်ခဲ့ကြတယ် 
                    အက်ဇီအိုယာတိုက်ခိုက်အပြီးမှာ သူ့ဝတ်စုံကို ပြန်အဝတ်မှာ သူ့အကိုက "နေပါဦး" လို့ပြောလိုက်တယ် သူက "ဘာလို့လဲ သူတို့ ပြေးပီပဲ" လို့ ပြန်ပြောတယ် 
                    " ငြိမ်နေပါ" ဆိုပီး သူ့အကိုက သူ့ရဲ့ မျက်ခုံးထိပ်ဖြားကအနာကို သာသာလေး ထိလိုက်တယ်
                     "ခြစ်မိရုံလေးတင်ပါ"
                      "မဟုတ်ဘူးအဲ့ထက်ပိုတယ်" သူ့အကိုကပြောပီး လေးလေးနက်နက် သဘောထားနဲ့ " မင်းကို ဆရာဝန်နဲ့ ပြရင်ကောင်းမယ်" လို့ပြောလိုက်တယ်
                     "အက်ဇီရို"က "ဆရာဝန်နဲ့ ပြဖို့ အချိန်မရှိဘူး ပီးတော့ ..... " စကားခနရပ်ပီး " ကျွန်တော့်မှာ ပြစရာပိုက်ဆံမရှိဘူး" 
                    " အာ ငါထင်ပါတယ် ဝိုင်တွေနဲ့ မိန်းမတွေအပေါ် ပိုက်ဆံဖြုန်းလိုက်ပြန်ပီ မလား" လို့ပြောပီး ပခုံးကို ဖွဖွလေး ရိုက်လိုက်သည် 
                  " အဲ့လိုကြီးလဲမဟုတ်ပါဘူးဗျာ" လို့ သူပြန်ပြောတယ် သို့သော် သူ့ကိုယ်သူ လိမ်နေပါတယ် 
                    သူ့ အကိုကရယ်ပီး "ဟုတ်ပါပီ ငါယုံပါတယ်" ဘေးပတ်လည်မှာ ဒဏ်ရာရသောသူ ၃/၄ ဦး ရှိနေတယ် အရမ်းအဆိုးကြီးတော့မဟုတ်ပေ
                 "ကဲ ငါတို့ရဲ့ ရန်သူတွေဆီမှာ ငွေတွေ ဘာတွေများ ပါလာမလား ကြည့်ရအောင် "ဒါရီကို" ကပြောလိုက်တယ် အဲ့နောက် "မင်း သူတို့ကို မနှိုးနဲ့တော့ သူတို့ ပစ္စည်းတွေကို ရမှာမဟုတ်ဘူး ဆိုတာ ငါလောင်းရဲတယ်
                "ကြည့်ကြသေးတာပေါ့" လို့ အက်ဇီရို က ပြောတယ် ခနကြာတော့ သူတို့နှစ်ယောက်လုံး အိတ်ကပ်ဖောင်းအောင် များပြားလွန်းလှတဲ့ ငွေ ပမာဏ ထွက်လာတယ် သူ့အကို ကိုကြည့်ပီး ငွေအိတ်ကို တချွင်ချွင်မြည်အောင် လှုပ်ပြလိုက်တယ်
                "တော်လောက်ပီ" အက်ဒီကိုက ပြောလိုက်တယ် "သူတို့ကို ထားခဲ့လိုက်တော့ ငါတို့ သူခိုးတွေမဟုတ်ဘူး ပီးကျ အဲ့အနားကို ငါသိပ်သဘောမကျဘူး ငါတို့မင်းကိြ ဆရာဝန် မြန်မြန်ပြမှ ရမယ်" 
                 "အက်ဇီရို" က ခေါင်းဆတ်ပြပီးသူတို့ တိုက်ပွဲ နိုင်ခဲ့တဲ့ ကွင်းပြင်ကြီး ကို လှည့်ကြည့်နေပြန်တယ် "ဖက်ဒါရီကို" က စိတ်မရှည်တော့ဘဲ ပခုံးကို ကိုင်ပီး "လာစမ်းပါ" အက်ဇီရို ဟာ အနာတွေကြောင့် နာသွားတယ် "တောင်းပန်ပါတယ် အက်ဇီရို ငါ ဆရာဝန်ဆီ အမြန်ရောက်ချင်နေလို့ပါ"
                  ထိုနေရရသည် မဝေးပါ သို့သော် အက်ဇီရိုသည် မောပန်းထားတယ် နောက်ဆုံးမှာ သူတို့ နှစ်ယောက် ကိရိယာတန်းတွေ ဖန်ပုလင်းတွေတင်ထားတဲ့ အနက်ရောင် စားပွဲကြီး တွေ မျက်နှာကျက်ပေါ်မှ တွဲကျနေတဲ့ အပင်ခြောက်တွေရှိတဲ့ ဆရာဝန်တစ်ယောက်ခွဲစိတ်ခန်း လုပ်နေတဲ့ အခန်းလေးတခုထဲကို ရောက်သွားတယ်
                    ဆရာဝန် ဆီ ညသန်းခေါင်ကြီး ရောက်လာတဲ့ အတွက် ဆရာဝန်က ကျေနပ်နေပုံတော့မရပေ သို့သော် ဖယောင်းတိုင် တခုကို ယူပီး အက်ဇီရိုရဲ့ အနာကို ကြည့်ပေးလိုက်တယ် "ဟမ်" လို့ သူက ရေရွတ်လိုက်တယ် " မင်းဒီတခါတော့ ဒုက္ခကောင်းကောင်းတွေ့ပီး မင်းတို့တွေ တယောက်နဲ့ တယောက် မတိုက်ခိုက်ဘဲ မနေနိုင်ကြဘူးလား"
              " မေးခွန်းကောင်း တခုပါ ဆရာ" ဖာရက်ဒီကိုက ပြောလိုက်တယ်
                " ငါသိပီ" လို့ ဆရာဝန်က ချက်ချင်း ပြန်ပြောလိုက်တယ် 
                " ဒီအနာက ဘာမှ မဟုတ်ပါဘူး" အက်ဇီရိုက ပြန်ပြောတယ် 
                "သူ့ကို တတ်နိုင်သလောက် ကုပေးပါ ဆရာရယ် အဲ့ မျက်နှာလေးကပဲ သူ့မှာ အဖိုးတန်တာရှိတာ " သူ့အကိုက ဟာသအနေနဲ့ ပြောလိုက်တယ်
              "ဟေး fuck " အက်ဇီရိုက သူ့အကိုကို လက်ခလယ်ထောင်ပြလိုက်တယ်
              ဆရာဝန်ကတော့ သူတို့ကို ဂရုမစိုက်ဘဲ အနာကို သန့်စင်ဖို့ လုပ်နေတယ် ထို့နောက် သူ့ပုလင်းထဲက ဆေးရည်အချိုကို အက်ဇီရိုရဲ့ အနာပေါ် လောင်းချလိုက်တယ် အက်ဇီရို သူရဲ့ ထိုင်ခုံကနေ ထွက်ပြေးလုနီးပါး နာကျင်သွားတယ် အဲ့နောက် အနာ သန့်စင်သွားတော့ ဆရာဝန်ကအပ်တစ်ချောင်းကိုယူပီး ကြိုး ထိုးလိုက်တယ် 
            " ကဲ ဒါ နဲနဲတော့ နာမယ်" လို့ပြောလိုက်တယ် 
             အနာကို ချုပ်ပီး ပတ်တီးစီးပီးတော့ အက်ဇီရိုက ခေါင်းပေါင်းပေါင်းထားတဲ့ ကုလားနဲ့ တူနေတော့ ဆရာဝန်ကဘပြုံးမိတယ် " ၃ ကျပ် ကျတယ်" နောက် ချုပ်ရိုး ဖြည်မှ ၃ ကျပ်ထပ်ပေးပါ မင်းခေါင်းကိုက်လိမ့်မယ် အနားယူနေတာကောင်းတယ် ပီးတော့ သိပ်စိတ်မပူပါနဲ့ အနာက ထင်သလောက်မဆိုးပါဘူး အမာရွတ်မကျန်ဘူး မင်းအရင်ကလို ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေမှာပါ "
                  လမ်းပေါ်ပြန်ရောက်တာနဲ့ ဖက်ဒါရီကို ကသူ့ညီကို ပခုံးဖက်လိုက်တယ် အဲ့နောက် ဝိုင်ပုလင်းကို ထုတ်ပေးပီး "စိတ်မပူပါနဲ့ ဒါ ငါတို့ အဖေရဲ့ ဝိုင်ပါ ကျန်းမာရေးအတွက်ကောင်းတယ် "
                   နှစ်ယောက်လူံးသောက်ပီးတော့ "ညတောင်ရောက်နေပီပဲ " လို့ ဖက်ဒါရီကိုက ပြောလိုက်တယ်
                  " အမှန်က အဖေနဲ့ အမေကို ပျော်စေချင်တာပါ"လို့ အက်ဇီရိုက ခဏရပ်ထားတယ် သူ့အကို ပြုံးနေတာကိုမြင်၍ "နေပါဦး" ရယ်ပြီး ပြောလိုက်တယ် "သူတို့ပျော်ရပါတယ်"
                 "ကဲ အခု နည်းနည်း စားသောက်ထားလောက်တော့ မင်း အိမ်ပြန်မရောက်ခင် ဘာမှ မဖြစ်လောက်ပါဘူး" လို့ ဗီဒါရီကို က ပြောတယ် နောက်ကျနေပီ ဒါပေမယ့် ဒီနားမှာ မနက်စာ စားချိန်မရောက်ခင်အထိ ဖွင့်တဲ့ ဆိုင်တဆိုင်ရှိတယ် " ပီးတော့ မင်း ချိစ်ကြိုက်လား" 
                 " ဘယ်လိုထင်လို့လဲ"
                "တစ်နာရီကြာသော် ငါးကင်နဲ့ အမဲသားကင်တို့ကို အရက်နဲ့ စားသောက်ပီးသောအခါ အက်ဇီရိုသည် အားအင်များ ပြန်ဖြည့်ကာ ဒဏ်ရာရနေသည်ဟုပင် မခံစာူရတော့ပေ 
                  "ကဲ အိမ်ပြန်ကြစို့ ညီလေး" အမေ ငါတို့ဘယ်ရောက်နေလဲ လို့ မျှော်နေတော့မှာဘဲ ပီးကျ နင်က ဘဏ်နဲ့ ပတ်သတ်ပီး သူအားကိုးတဲ့ သူပဲ ငါကတော့ အဖေငါ့ကိုနိုင်ငံရေးဘက်ဘာလို့ရောက်စေချင်တာလဲမသိဘူး ဖီဒါရီကိုကပြောတယ်နိုင်ငံရေးဘက်လား ဆက်ကပ်ဘက်လား မင်းရွေးတဲ့ ဘက်ပေါ့ ဘာများကွာသွားလို့လဲ ဖီတာရီဂိုက သူ့ကိုအဖေက မိသားစုစီးပွားရေးအတွက်ပိုအားသာနေကြောင်ပြောချင်နေသည်ကို အက်ဇီအို သိသည် သူ့အကိုသာဘဏ်အလုပ်လုပ်လျှင် ပျင်း၍သေသွားပေလိမ့်မည် သို့သော် သူ့စိတ်ထဲတွင်လည်းသူ့အကိုလိုဘဲတွေးနေမိတယ် ဒါပေမဲ့လဲဘဝကတိုတောင်းလို့ လွတ်လွတ်လပ်လပ်နေသင့်တယ်လို့လည်းတွေးနေသေးတယ် ပြောရင်းဆိုရင်းသူ့အကိုကငါတို့ဒဏ်ပေးမခံချင်ရင်မြန်မြန်သွားမှဖြစ်မယ် သူစိတ်ပူနေလောက်ပြီ 
           "မပူလောက်ပါဘူး ငါတို့ကိုယ့်ကိုယ်ကို စောင့်ရှောက်တတ်ပြီဆိုတာသူသိနေတာဘဲ" သူ့အကိုကသူ့ကိုကြည့်၍ ဒါမဲ့လည်းငါတို့မြန်မြန်သွားတာကောင်းလိမ့်မယ်ထင်တယ်..သူ့အကိုက "အလောင်းကစားမလုပ်ချင်ဘူးလား ပြိုင်ပွဲ တပွဲလောက်ပြိုင်ရအောင် "
                 "ဘယ်ထိလဲ"
                 "ဆန်တာထရိနိတ"ခေါင်မိုး ထိပဲ ဆိုကြပါတော့ အဲ့တာက ငါတို့အိမ်နဲ့လဲ နီးတယ် ဒါပေမယ့် တခုတော့ရှိတယ်
              "ဘာများလဲ"
                " ငါတို့က လမ်းကသွားမှာ မဟုတ်ဘူး။တိုက်ခေါင်မိုးတွေပေါ်က ခိုးသွားမှာ"                                       "သွားမယ်လေ" ဆိုပြီး ဖရက်ထရစ်ဇီကိုနဲ့ သူ့ညီ အီဇီယိုတို့ ပြိုင်ပြေးကြလေရော။ အီဇီယိုတိုက်ခေါင်မိုးပေါ်ရောက်တဲ့ အချိန်မှာ သူ့အကိုက တော်တော်ဝေးဝေးရောက်နေပြီ။သူလဲ စိတ်အားတက်ကြွစွာနဲ့အကိုနောက်လိုက်လေပါတယ်။အဲ့အချိန်မှာ အမှောင်လွှမ်းနေတဲ့ချောက်ကြီး တစ်ခုထဲကိုသူ့အကို ခုန်သွားတာကိုမြင်တော့ အပေါက်ဝအထိသွားပြီး ငုံ့ကြည့်လိုက်တယ်။ လုံးဝမှောင်မဲနေပြီး၈လွှာလောက်နက်နေတယ်။သို့သော်လည်း ရှိသမျှ ဝီရိယ အကုန်စုပြီး ကောက်ခုန်လိုက်တယ်။အမှားကြီး မှားပြီ ထင်တဲ့ အချိန်မှာဘဲ ကြမ်းပြင်ကိုတွေ့ပြီး လှိမ့်လိုက်ကာညင်ညင်သာသာကျသွားတယ်။
         "မင်းတတ်စရာတွေ အများကြီးရှိသေးတယ်"လို့သူ့အကိုကပြောပြီး ခေါင်းတိုင်တွေကြားကခုန်ဖြတ်သွားတယ်။ သူ့အကိုနောက်လိုက်ရင်းနဲ့ လမ်းပျောက်သွားပြီး ဘုရားကျောင်းရှိတဲ့ ဟင်းလင်းပြင် စီရောက်သွားရော။အဲ့မှာ တိုက်တစ်တိုက်နဲ့ တစ်တိုက်က သာမန်ထက် နှစ်ဆလောက်ပိုဝေးနေပေမဲ့လည်း မှီတယ်ဆိုပြီး ခုန်လိုက်တာ လေထဲရောက်မှ မမှီနိုင်မှန်းသိ၍ ငါဒီမှာဘဲပြုတ်ကျပြီး သေရတော့မှာလား။မိန်းကလေးတစ်ယောက်ကို နမ်းတောင်မနမ်းဖူးသေးဘူး ဆိုပြီး အတွေးဝင်လာရော အဲ့အချိန်မှာဘဲ ခြေထောက်နဲ့ တိုက်ခေါင်မိုးနဲ့ ရိုက်ခတ်သံကို ကြားပြီး ဘေးကဂုဏ်ယူစွာ ပြုံးနေတဲ့အကို ကိုတွေ့ကာ အကိုက "မဆိုးပါဘူး" ဆိုပြီး အားပေးလေသည်။ အီဇီယိုက သူရောက်နေတဲ့ ဘုရားကျောင်းကို သတိထားမိတဲ့အချိန်မှာ သူ့ရဲ့ကောင်မလေး ခရစ်တီးနား ရှိတဲ့အိမ်ကြီးဘက်ကို မျက်နှာမူမိတယ်။အဲ့အချိန်မှာ သူ့အကိုက.....
       "မင်းဘာတွေကြံစည်နေတာလဲ။ကောင်မလေးအေးဆေးအိပ်ပါစေ။"
        " ခရစ်တီးနားထသင့်ပြီ"
  အီဇီယိုဟာ ခရစ်တီးနားကို အချိန်တိုမျှသာတွေ့ဖူးသော်လည်း သူငယ်ချင်းအရင်းခေါက်ခေါက်တမျှ ဖြစ်နေပါပြီ။ ဖက်ဒရစ်ကိုနဲ့ သူ့ဟာစျေးထဲတွင် သူ့ညီမ အတွက်မွေးနေ့လက်ဆောင်ပေးဖို့ အလှပြင်ပစ္စည်းတွေရှာနေတဲ့ အချိန်မှာဘဲ ကောင်မလေး ချောချောလေးတစ်ယောက်ကို တွေ့လိုက်တယ်။
        "အိုး...... ကောင်မလေးက ချောလိုက်တာ "
        " အဲ့တာဆို စကားသွားပြောလေ" 
        "ဟင်    ဘာသွားပြောရမှာလဲ"
        " ဒီမှာငါ့ညီ ယောက်ျားလေးအများစုက ချောတဲ့ မိန်းကလေးတွေအနားဆို မကပ်ရဲကြဘူး၊ရှိန်ကြတယ် ဘာလဲ အဲ့ကောင်မလေးတွေကလဲ အကပ်ခံချင်တာပေါ့။ စကားပြောချင်တာပေါ့။မင်းက ရုပ်ဆိုးတဲ့ အထဲမှာမှ မပါတာ သွားပြောလိုက်ပါ" ဆိုပြီး သူ့ညီကို တိုက်တွန်းတော့ သွားပြောလေတယ်...
         " နင်ဘာလိုချင်လို့လဲ" ဆိုပြီး ကောင်မလေးက အရင်မေးလိုက်ရော၊ အဲ့အချိန်မှာ အီဇီယိုဟာကြောင်သွားပြီး...
         " နာ ....  နာမည်လေး သိချင်လို့ပါ" ဆိုပြီး မေးလိုက်တယ်။ အဲ့တော့ ခရစ်တီးနားက "နင်သိစရာမလိုဘူး" လို့ပြောပြီး လှည့်ထွက်သွားတယ်။ "ဟဲ့ ဟဲ့ နေပါဦး" ငါနင့်ကို စတောင်မကြောင်ရသေးဘူး" အနာက်ကအော်ပြောလေတော့ ခရစ်တီးနား ပြုံးမိသွားတယ်။သို့သော်လည်း နောက်မကြည့်ဘဲ ဆက်လျှောက်သွားတယ်။ အီဇီယိုလည်း သူ့နောက်လိုက်သွားတော့ သူ့ရဲ့ ကြီးမားတဲ့အိမ်ကြီးကို ရောက်သွားရော။အိမ်အပေါက်ဝမှာ လူတစ်ယောက်ရပ်စောင့်နေတာတွေ့ တယ်။ အဲ့လူက ပီဇီရိုဖြစ်ပြီး ခရစ်တီးနားကိုပြန်ပေးဆွဲ ဖို့ကြံစည်နေတဲ့အချိန်မှာဘဲအီဇီယိုရောက်လာပြီးသူ့ကိုကာကွယ်ပေးခဲ့တယ်။ ပီဇီယိုပြေးသွားတော့.... 
       "ကျေးဇူးပါ ငါ့ကိုကာကွယ်ပေးခဲ့တဲ့အတွက်....  ငါ့နာမည်ကခရစ်တီးနားပါ" ဆိုပြီးပြောတော့ အဲ့မှာတင် ခင်သွားကြတာပေါ့။ 
        သူ့အကိုက အီဇီယိုကိုရှာပြီး သွားနေကြအတိုင်း တိုက်ခေါင်မိုးတွေပေါ်ကပြေးလွှားပြီး အိမ်ပြန်သွားကြပေါ့။ အီဇီယိုက ခရစ်တီးနားကို တွေ့မလို့သွားပြီးဘုရားကျောင်းနားရောက်တဲ့ အချိန်မှာ ပီဇီယို နဲ့ သူ့ကိုယ်ရံတော်တွေကို တွေ့လို့ ပုန်းနေကြတယ်။
         "မင်းတို့ ဒီမှာရှိတာ ငါသိတယ်" ဆိုပြီးကြုံးဝါးနေတဲ့ ပီဇီယိုဟာ အီဇီယိုနဲ့ ၂ ပေ ၃ ပေ လောက်သာခွာပြီး ဘေးကဖြတ်သွားလေတယ် အရိပ်ထဲမှာ ပုန်းနေတဲ့ အီဇီယိုကို မတွေ့၍ ထွက်သွားတော့မှ အီဇီယိုက ပုန်းရာမှ ထွက်လာပြီး ခရစ်တီးနားစီရောက်လာလေသည်။
          " ခရစ်တီးနား ငါရောက်ပြီ"
          " ဟာ    အီဇီယို မြန်မြန်တက်လာ" ဟုဆိုကာ ပြတင်းပေါက်ကနေဝင်လာပြီး နမ်းကြလေသည်။ အီဇီယိုရဲ့ ဒဏ်ရာတွေကိုတွေ့တဲ့အခါ  
          " ဟာ    ဒဏ်ရာတွေပါလား  ဘယ်လို့ဖြစ်လာတာလဲ"   
          " ဘာမှ မဖြစ်ပါဘူး ဒီလိုပါဘဲ" ဆိုပြီး အင်္ကျီ ချွတ်၍ဆေးထည့်ပေးလိုက်တယ်။
အဲ့မှာဘဲ ချစ်တင်းနှောဖြစ်သွားကြတာပေါ့။
          နောက်နေ့မနက်ရောက်တော့ ကောင်မလေးရဲ့ ကောင်မလေးရဲ့ အဖေက သူတို့နှစ်ယောက်အိပ်နေတာ မြင်ပြီး အစောင့်တွေကိုခေါ်ကာ ဖမ်းဖို့ကြိုးစားကြသည်။ဒါပေမဲ့ အီဇီယိုက ပိုလျင်တော့ လွတ်သွားရော။ အလွန်ကွာဝေးတဲ့ နေရာရောက်မှ ခဏနားတယ်။ ခရစ်တီးနားရဲ့ အဖေက အာဏာကြီးတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ အတွက် သူ့ကို မြင်သွားလို့ မျက်နှာကို သိရင် မိသားစု အဆင်မပြေဖြစ်မှာသေချာတယ်ဆိုပီးတွေးမိတယ် အိမ်ပြန်ရောကပီး သူ့အကို ကိုတွေ့တော့သူ့အကိုက "မင်းပြသနာ တက်တော့မယ်ဆိုပီး ပြောလေရော"


rate now: